
ရည္းစားထားတုိင္း ခဏေလးနဲ႔ျပတ္တာ ဘာလို႔လဲသိလား
တခ်ိဳ႕ေတြ ရွိပါ တယ္။ ရည္းစား တစ္ေယာက္ ရလိုက္ ပါတယ္။ တစ္ပတ္ အတြင္း ျပတ္သြား သူေတြ။ ႏွစ္ရက္ေလာက္နဲ႔ လမ္းခြဲ ခံရသူေတြ ရွိပါတယ္။ ဒီလိုျဖစ္တဲ့ အခါ သင့္အတြက္ မေကာင္းသလို သင့္ပတ္ဝန္းက်င္က လူေတြ ကလည္း သင့္ကို အထင္လြဲႏိုင္ ပါတယ္။ ဒါေၾကာင့္ အခ်ိန္ခဏေလးနဲ႔ ရည္းစားနဲ႔ျပတ္သူေတြ မွားတတ္တဲ့ အမွား (၅) ခုကို ေရွာင္ရွားႏုိင္ဖို႔ ေဖာ္ျပ ပါရေစ။
၁။ အတင္းတြယ္ကပ္ျခင္း
သင့္ကိုယ္သင္ ယံုၾကည္ခ်က္ မရွိတာမို႔ တစ္ခုခုမွား လုိက္တာနဲ႔ သူမ်ားထား သြားမလား ဆိုတဲ့ စိတ္က အျမဲၾကီးစိုးေနတတ္ ပါတယ္။ ဒါေၾကာင့္ သူ႕ကို အတင္းတြယ္ကပ္ေနမိ တတ္ပါတယ္။ ကိုယ္လုပ္စရာရွိတာကို အာရံုစိုက္ လုပ္ျပီး ခ်စ္ရသူကို အတင္းတြယ္ကပ္ တာမ်ိဳးေရွာင္ေပးပါ။
၂။ သဝန္တိုလြန္းတာ
သဝန္တိုတာ၊ တစ္ယူသန္လြန္းတာေတြက ဆြဲေဆာင္မႈ က်ေစတဲ့ အရာေတြပါ။ ဒါေတြကို မလုပ္နဲ႔။ ငါမၾကိဳက္ဘူး။ ငါမပါဘဲ ဘယ္မွမသြားရဘူးစတဲ့ ငါစြဲမ်ားတဲ့ လူတစ္ေယာက္ကို ဘယ္သူမွ ၾကာၾကာခ်စ္ႏုိင္မွာမဟုတ္ပါဘူး။
သင့္ခ်စ္သူက ေကာင္ေလးတစ္ေယာက္ သို႔မဟုတ္ ေကာင္မေလးတစ္ေယာက္နဲ႔ စကားေျပာလုိက္ တာနဲ႔ ျပႆနာ ရွာတတ္လား ျပန္ဆန္းစစ္ ၾကည့္ပါ။
၃။ ေဒါသၾကီးတာ
ျပႆနာတစ္ခုခု တက္တာနဲ႔ ေသြးေဆာင့္ တက္လာျပီး ကိုယ့္အနားမွာ ရွိတဲ့ ပစၥည္းေတြကို ပစ္ေပါက္တတ္တယ္။ သင့္ခ်စ္သူကို ကိုယ္ထိ လက္ေရာက္ လုပ္တတ္ တယ္။ စိတ္ေအးေအးမထားဘဲ ေအာ္ၾကီးဟစ္က်ယ္ေျပာ တတ္တဲ့ အက်င့္ရွိလား ျပန္စဥ္းစားပါ။
၄။ ခဏခဏ ဆက္သြယ္တယ္
သင္က သင့္ခ်စ္သူကို အရူးအမူး ခ်စ္ေနျပီ ဆိုတာကို သူ႕ဆီမွာ သိေစခ်င္ တာနဲ႔ အခ်ိန္တုိင္း ဖုနး္္ဆက္ေနတယ္။ အခ်ိန္တိုင္း ေတြ႕ခ်င္ေန တယ္။
ဒါေတြက အစပိုင္းမွာ ရုိမန္႔တစ္္ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သင့္ခ်စ္သူ အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစသလို သင့္ကို ရိုးသြားေစ ပါတယ္။ ဒါေၾကာင့္ ကိုယ့္အလုပ္ကိုယ္ အာရံုစိုက္ ျပီးမွ သူ႕ကို ဆက္သြယ္ ပါ။
၅။ ဆရာၾကီးလုပ္တာ
ဘာကိစၥပဲ လုပ္လုပ္ သင္ပဲ သိတယ္။ သင္ပဲ မွန္တယ္။ သင္ပဲ တတ္တယ္ဆိုတဲ့ စိတ္နဲ႔ အျခားလူေတြကို ဆရာလုပ္တာပါ။ ဘယ္သူမွ ကိုယ့္ကို ဆရာၾကီးလုပ္တာ မၾကိဳက္ပါဘူး။
အခ်စ္ေရး တစ္ခုဆိုတာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္မႈနဲ႔ အတူ မွန္ကန္တဲ့ ဆက္သြယ္မႈေတြနဲ႔ တည္ေဆာက္ ရတာပါ။ သင့္ဆီမွာ အေပၚက ေျပာခဲ့တဲ့ အက်င့္ေတြ ရွိရင္ ျပန္ျပင္ေပးပါေနာ္။
May Olive
Unicode
ရည်းစားထားတိုင်း ခဏလေးနဲ့ပြတ်တာ ဘာလို့လဲသိလား
တချို့တွေ ရှိပါ တယ်။ ရည်းစား တစ်ယောက် ရလိုက် ပါတယ်။ တစ်ပတ် အတွင်း ပြတ်သွား သူတွေ။ နှစ်ရက်လောက်နဲ့ လမ်းခွဲ ခံရသူတွေ ရှိပါတယ်။ ဒီလိုဖြစ်တဲ့ အခါ သင့်အတွက် မကောင်းသလို သင့်ပတ်ဝန်းကျင်က လူတွေ ကလည်း သင့်ကို အထင်လွဲနိုင် ပါတယ်။ ဒါကြောင့် အချိန်ခဏလေးနဲ့ ရည်းစားနဲ့ပြတ်သူတွေ မှားတတ်တဲ့ အမှား (၅) ခုကို ရှောင်ရှားနိုင်ဖို့ ဖော်ပြ ပါရစေ။
၁။ အတင်းတွယ်ကပ်ခြင်း
သင့်ကိုယ်သင် ယုံကြည်ချက် မရှိတာမို့ တစ်ခုခုမှား လိုက်တာနဲ့ သူများထား သွားမလား ဆိုတဲ့ စိတ်က အမြဲကြီးစိုးနေတတ် ပါတယ်။ ဒါကြောင့် သူ့ကို အတင်းတွယ်ကပ်နေမိ တတ်ပါတယ်။ ကိုယ်လုပ်စရာရှိတာကို အာရုံစိုက် လုပ်ပြီး ချစ်ရသူကို အတင်းတွယ်ကပ် တာမျိုးရှောင်ပေးပါ။
၂။ သဝန်တိုလွန်းတာ
သဝန်တိုတာ၊ တစ်ယူသန်လွန်းတာတွေက ဆွဲဆောင်မှု ကျစေတဲ့ အရာတွေပါ။ ဒါတွေကို မလုပ်နဲ့။ ငါမကြိုက်ဘူး။ ငါမပါဘဲ ဘယ်မှမသွားရဘူးစတဲ့ ငါစွဲများတဲ့ လူတစ်ယောက်ကို ဘယ်သူမှ ကြာကြာချစ်နိုင်မှာမဟုတ်ပါဘူး။
သင့်ချစ်သူက ကောင်လေးတစ်ယောက် သို့မဟုတ် ကောင်မလေးတစ်ယောက်နဲ့ စကားပြောလိုက် တာနဲ့ ပြဿနာ ရှာတတ်လား ပြန်ဆန်းစစ် ကြည့်ပါ။
၃။ ဒေါသကြီးတာ
ပြဿနာတစ်ခုခု တက်တာနဲ့ သွေးဆောင့် တက်လာပြီး ကိုယ့်အနားမှာ ရှိတဲ့ ပစ္စည်းတွေကို ပစ်ပေါက်တတ်တယ်။ သင့်ချစ်သူကို ကိုယ်ထိ လက်ရောက် လုပ်တတ် တယ်။ စိတ်အေးအေးမထားဘဲ အော်ကြီးဟစ်ကျယ်ပြော တတ်တဲ့ အကျင့်ရှိလား ပြန်စဉ်းစားပါ။
၄။ ခဏခဏ ဆက်သွယ်တယ်
သင်က သင့်ချစ်သူကို အရူးအမူး ချစ်နေပြီ ဆိုတာကို သူ့ဆီမှာ သိစေချင် တာနဲ့ အချိန်တိုင်း ဖုန်း်ဆက်နေတယ်။ အချိန်တိုင်း တွေ့ချင်နေ တယ်။
ဒါတွေက အစပိုင်းမှာ ရိုမန့်တစ်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ သင့်ချစ်သူ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလို သင့်ကို ရိုးသွားစေ ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်ကိုယ် အာရုံစိုက် ပြီးမှ သူ့ကို ဆက်သွယ် ပါ။
၅။ ဆရာကြီးလုပ်တာ
ဘာကိစ္စပဲ လုပ်လုပ် သင်ပဲ သိတယ်။ သင်ပဲ မှန်တယ်။ သင်ပဲ တတ်တယ်ဆိုတဲ့ စိတ်နဲ့ အခြားလူတွေကို ဆရာလုပ်တာပါ။ ဘယ်သူမှ ကိုယ့်ကို ဆရာကြီးလုပ်တာ မကြိုက်ပါဘူး။
အချစ်ရေး တစ်ခုဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုနဲ့ အတူ မှန်ကန်တဲ့ ဆက်သွယ်မှုတွေနဲ့ တည်ဆောက် ရတာပါ။ သင့်ဆီမှာ အပေါ်က ပြောခဲ့တဲ့ အကျင့်တွေ ရှိရင် ပြန်ပြင်ပေးပါနော်။
May Olive
No Comments