
ၾကက္ေၾကာ္နဲ႔ Fast food အျမဲ စားသူေတြဟာ သာမန္သူထက္ အသက္ပိုတိုႏိုင္
ေန႔စဥ္ ၾကက္ေၾကာ္ ဒါမွမဟုတ္ Fast Food ပုံမွန္စားသုံးသူေတြဟာ ကင္ဆာအျပင္ တျခားေရာဂါေတြေၾကာင့္ သက္တမ္းပိုတိုႏိုင္တယ္လို႔ ေလ့လာခ်က္တရပ္မွာ ေဖာ္ျပထား ပါတယ္။
အေမရိကန္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ အဆိုပါ ေလ့လာခ်က္မွာ ေန႔တိုင္းနီးပါး ၾကက္ေၾကာ္စားသူေတြဟာ မစားတဲ့ သူေတြထက္ ၁၃ ရာခိုင္ႏႈန္း ေသဆုံးႏိုင္ေျခ ပိုျမင့္ေနတယ္လို႔ ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ေန႔စဥ္ ငါးေၾကာ္နဲ႔ တျခား ပင္လယ္စာအေၾကာ္ေတြ စားသုံးမႈေၾကာင့္ ေသဆုံးႏိုင္ေျခက တျခားသူေတြ ထက္ ၇ ရာခိုင္ႏႈန္း ပိုမ်ားေနျပန္ပါတယ္။ “အဆင္သင့္ရေနတဲ့ အေၾကာ္ေတြဆိုတာ အေမရိကားနဲ႔ တျခားႏိုင္ငံေတြမွာ စားေနက် အစားအစာေတြပါ။
ဒါေပမဲ့လည္း ေရရွည္ ျပန္ၾကည့္ရင္ ဒီအစားအစာေတြက အႏၲရာယ္ ရွိပါတယ္” လို႔ သုေတသနေခါင္းေဆာင္ Wei Bao က ဆိုပါတယ္။
ယခု ေလ့လာေတြ႕ရွိခ်က္ဟာ ယခင္ ေလ့လာခဲ့သမွ် မွတ္တမ္းေတြကိုပါ အေျခခံ ေလ့လာခဲ့ၾကပါတယ္။ အရင္ ေလ့လာခ်က္ေတြမွာ အေၾကာ္ေတြနဲ႔ အဆင့္ ၂ ဆီးခ်ိဳ ၊ ႏွလုံးေရာဂါေတြ ဆက္စပ္ေနတယ္ဆိုတာ ေလ့လာ ေတြ႕ရွိထားၿပီးသားပါ။
၂၀၁၇ ခုႏွစ္ ေလ့လာခ်က္မွာလည္း တပတ္ကို အာလူးေခ်ာင္းေၾကာ္ ၂ ႀကိမ္၊ ဒါမွမဟုတ္ ၂ ႀကိမ္ထက္ ပိုစားသူေတြဟာ ပုံမွန္ထက္ ၂ ဆနီးပါး အသက္တိုႏိုင္တယ္လို႔ ဆိုပါတယ္။ လက္ေထာက္ ပေရာ္ဖက္ဆာ Wei Bao တို႔ရဲ႕ ေလ့လာခ်က္မွာေတာ့ အမ်ိဳးသမီး ၁ သိန္းေက်ာ္ရဲ႕ စားေသာက္မႈ ပုံစံေတြကို ေလ့လာခဲ့ပါတယ္။
အသက္ ၅၀ ကေန ၇၉ အ႐ြယ္ေတြရယ္၊ ပွ်မ္းမွ်အသက္ ၁၈ အ႐ြယ္ရယ္ဆိုၿပီး ခြဲျခားေလ့လာတဲ့အခါ အေၾကာ္ ေန႔တိုင္းစားသူေတြမွာ ႏွလုံးေရာဂါနဲ႔ တျခား ဆက္စပ္ေရာဂါေတြေၾကာင့္ ေသဆုံးႏိုင္ေျခ ၈ ရာခိုင္ႏႈန္း ျမင့္တက္ေနတာေတြ႕ရပါတယ္။
အမ်ိဳးသမီးေတြရဲ႕ စားေသာက္မႈပုံစံေတြဟာ သူတို႔ရဲ႕ တလဝင္ေငြ၊ က်န္းမာေရးအသိ၊ အားအင္ အသုံးျပဳမႈေတြ ေပၚမူတည္ၿပီး ကြဲျပားပုံေတြကိုပါ ထည့္သြင္ းစဥ္းစားခဲ့ၾက တာပါ။
အေၾကာ္ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ အေသးစိတ္ခြဲျခမ္းစိတ္ျဖာလိုက္တဲ့အခါ ၾကက္ေၾကာ္ေၾကာင့္ အသက္တိုႏိုင္ေျခ ၁၃ ရာခိုင္ႏႈန္း၊ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ၁၂ ရာခိုင္ႏႈန္းရွိၿပီး၊ ငါးေၾကာ္ေၾကာင့္
အသက္တိုႏိုင္ေျခ ၇ ရာခိုင္ႏႈန္း၊ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခ ၁၃ ရာခိုင္ႏႈန္း အသီးသီး ရွိေနပါတယ္။ ဒါေပမဲ့လည္း အေၾကာ္နဲ႔ ကင္ဆာေရာဂါ ဆက္စပ္မႈကိုေတာ့ ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။
အေၾကာ္စာေတြနဲ႔ က်န္းမာေရး ဆက္စပ္ေနတဲ့ အဓိကေၾကာင္းရင္းက ဒီအစားအစာေတြကို ေၾကာ္လိုက္တာေၾကာင့္လို႔ ဆိုပါတယ္။ “ငါးဆိုတာ ႏွလုံးက်န္းမာေရးကို အေထာက္အကူျပဳတဲ့ အစားအစာ တမ်ိဳးပါ။
အဆီဓာတ္ နည္းၿပီး အာဟာရဓာတ္ ျမင့္လို႔ ေန႔စဥ္စားသုံးဖို႔ အႀကံျပဳခ်က္ ရွိပါတယ္။ ဒါေပမဲ့လည္း ငါးကို ေၾကာ္လိုက္ၿပီ ဆိုရင္ေတာ့ အေကာင္းကေန အဆိုးျဖစ္သြားတာပါပဲ”လို႔ Wei Bao က ဆိုပါတယ္။ “
ဒါေၾကာင့္ အေၾကာ္မ်ားမ်ားစားေလ၊ အာဟာရထက္ ဆိုးက်ိဳးပိုခံစားရေလပဲ” လို႔ ဆိုပါတယ္။ ဆက္ၿပီးေတာ့ ဒီေလ့လာခ်က္က အမ်ိဳးသမီးေတြကိုပဲ ေလ့လာခဲ့တယ္ ဆိုေပမယ့္ ဆိုးက်ိဳးသက္ေရာက္ပုံကေတာ့ အမ်ိဳးသားေတြလည္း အတူတူပါပဲလို႔ ဆိုပါတယ္။ ခရက္ဒစ္
ယူနီကုတ္
ကြက်ကြော်နဲ့ Fast food အမြဲ စားသူတွေဟာ သာမန်သူထက် အသက်ပိုတိုနိုင်
နေ့စဉ် ကြက်ကြော် ဒါမှမဟုတ် Fast Food ပုံမှန်စားသုံးသူတွေဟာ ကင်ဆာအပြင် တခြားရောဂါတွေကြောင့် သက်တမ်းပိုတိုနိုင်တယ်လို့ လေ့လာချက်တရပ်မှာ ဖော်ပြထား ပါတယ်။
အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ လေ့လာချက်မှာ နေ့တိုင်းနီးပါး ကြက်ကြော်စားသူတွေဟာ မစားတဲ့ သူတွေထက် ၁၃ ရာခိုင်နှုန်း သေဆုံးနိုင်ခြေ ပိုမြင့်နေတယ်လို့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နေ့စဉ် ငါးကြော်နဲ့ တခြား ပင်လယ်စာအကြော်တွေ စားသုံးမှုကြောင့် သေဆုံးနိုင်ခြေက တခြားသူတွေ ထက် ၇ ရာခိုင်နှုန်း ပိုများနေပြန်ပါတယ်။ “အဆင်သင့်ရနေတဲ့ အကြော်တွေဆိုတာ အမေရိကားနဲ့ တခြားနိုင်ငံတွေမှာ စားနေကျ အစားအစာတွေပါ။
ဒါပေမဲ့လည်း ရေရှည် ပြန်ကြည့်ရင် ဒီအစားအစာတွေက အန္တရာယ် ရှိပါတယ်” လို့ သုတေသနခေါင်းဆောင် Wei Bao က ဆိုပါတယ်။
ယခု လေ့လာတွေ့ရှိချက်ဟာ ယခင် လေ့လာခဲ့သမျှ မှတ်တမ်းတွေကိုပါ အခြေခံ လေ့လာခဲ့ကြပါတယ်။ အရင် လေ့လာချက်တွေမှာ အကြော်တွေနဲ့ အဆင့် ၂ ဆီးချို ၊ နှလုံးရောဂါတွေ ဆက်စပ်နေတယ်ဆိုတာ လေ့လာ တွေ့ရှိထားပြီးသားပါ။
၂၀၁၇ ခုနှစ် လေ့လာချက်မှာလည်း တပတ်ကို အာလူးချောင်းကြော် ၂ ကြိမ်၊ ဒါမှမဟုတ် ၂ ကြိမ်ထက် ပိုစားသူတွေဟာ ပုံမှန်ထက် ၂ ဆနီးပါး အသက်တိုနိုင်တယ်လို့ ဆိုပါတယ်။ လက်ထောက် ပရော်ဖက်ဆာ Wei Bao တို့ရဲ့ လေ့လာချက်မှာတော့ အမျိုးသမီး ၁ သိန်းကျော်ရဲ့ စားသောက်မှု ပုံစံတွေကို လေ့လာခဲ့ပါတယ်။
အသက် ၅၀ ကနေ ၇၉ အရွယ်တွေရယ်၊ ပျှမ်းမျှအသက် ၁၈ အရွယ်ရယ်ဆိုပြီး ခွဲခြားလေ့လာတဲ့အခါ အကြော် နေ့တိုင်းစားသူတွေမှာ နှလုံးရောဂါနဲ့ တခြား ဆက်စပ်ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ ၈ ရာခိုင်နှုန်း မြင့်တက်နေတာတွေ့ရပါတယ်။
အမျိုးသမီးတွေရဲ့ စားသောက်မှုပုံစံတွေဟာ သူတို့ရဲ့ တလဝင်ငွေ၊ ကျန်းမာရေးအသိ၊ အားအင် အသုံးပြုမှုတွေ ပေါ်မူတည်ပြီး ကွဲပြားပုံတွေကိုပါ ထည့်သွင် းစဉ်းစားခဲ့ကြ တာပါ။
အကြော်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အသေးစိတ်ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ ကြက်ကြော်ကြောင့် အသက်တိုနိုင်ခြေ ၁၃ ရာခိုင်နှုန်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်းရှိပြီး၊ ငါးကြော်ကြောင့်
အသက်တိုနိုင်ခြေ ၇ ရာခိုင်နှုန်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း အသီးသီး ရှိနေပါတယ်။ ဒါပေမဲ့လည်း အကြော်နဲ့ ကင်ဆာရောဂါ ဆက်စပ်မှုကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။
အကြော်စာတွေနဲ့ ကျန်းမာရေး ဆက်စပ်နေတဲ့ အဓိကကြောင်းရင်းက ဒီအစားအစာတွေကို ကြော်လိုက်တာကြောင့်လို့ ဆိုပါတယ်။ “ငါးဆိုတာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာ တမျိုးပါ။
အဆီဓာတ် နည်းပြီး အာဟာရဓာတ် မြင့်လို့ နေ့စဉ်စားသုံးဖို့ အကြံပြုချက် ရှိပါတယ်။ ဒါပေမဲ့လည်း ငါးကို ကြော်လိုက်ပြီ ဆိုရင်တော့ အကောင်းကနေ အဆိုးဖြစ်သွားတာပါပဲ”လို့ Wei Bao က ဆိုပါတယ်။ “
ဒါကြောင့် အကြော်များများစားလေ၊ အာဟာရထက် ဆိုးကျိုးပိုခံစားရလေပဲ” လို့ ဆိုပါတယ်။ ဆက်ပြီးတော့ ဒီလေ့လာချက်က အမျိုးသမီးတွေကိုပဲ လေ့လာခဲ့တယ် ဆိုပေမယ့် ဆိုးကျိုးသက်ရောက်ပုံကတော့ အမျိုးသားတွေလည်း အတူတူပါပဲလို့ ဆိုပါတယ်။
No Comments