
“အရံႈးဟာ အဆုံးမဟုတ္ပါ”
ဘ၀မွာ က်ရွုံးတယ္ဆိုတာ ကို ဘယ္လိုသတ္မွတ္သလဲ ဆိုတာ စိတ္၀င္စားဖို ့ေကာင္းပါ တယ္ ။ တစ္ၾကိမ္ရွုံး တာလည္း ရွုံးတာပဲ။ နွစ္ၾကိမ္ ရွုံးတာလည္း ရွုံးတာပဲေပါ့။ ဟုတ္ပါ လိမ့္မယ္။ သို ့ေသာ္ ဒီေလာက္ အရွုံးေလးနဲ ့ေတာ့ ဘ၀ကို ဆုံးတယ္လို ့မသတ္မွတ္နဲ ့လို ့ပဲ မွာပါ ရေစ။
အရွုံးသမားဆိုတာ ေလာကမွာလူတိုင္း ဒီနာမည္ တပ္ခံရဘူ းပါတယ္။ဒါပမယ့္ လက္ေျမွာက္ က်ဆုံးျခင္းေတာ့ အျဖစ္မခံပါနဲ ့။ တစ္ခဏတာ အရွုံးပါ။ ဒီေလာက္နဲ ့ေတာ့ ဘ၀ကို အဆုံးမခံၾကနဲ ့ေပါ့။
ကိုယ့္မွာ ေနာက္ထပ္ ၾကိဳးစားပိုင္ခြင့္ေတြ ရွိပါေသးတယ္။ ပထမ တစ္ၾကိမ္ ရွုံးလည္းပဲ ဒီေနရာကေန သင္ခန္းစာယူဖို ့ဆိုတာ ေတြးလိုက္ ပါ။ ကိုယ္လိုအပ္တဲ့ ေနရာေတြကို ျပန္လည္ျဖည့္စြတ္ ျပီး ဒုတိယေျခလွမ္းကို ဆက္လွမ္းဖို ့ၾကိဳးစားပါ။
တစ္ၾကိမ္လဲတိုင္းသာ အားေလွ်ာ့ အရွုံးေပး စတမ္း ဆိုရင္ ကုိယ္ဟာ ယခုလို လမ္းေလွ်ာက္နိုင္တဲ့ လူျဖစ္လာမွာေတာင္ မဟုတ္ဘူး။
ေမြးကင္းစ မတ္တက္ရပ္စမ္းတဲ့ ကေလး ဘ၀ေလးကို ျမင္ၾကည့္ လိုက္ပါ။ အားတင္းျပီး ပထမမွာ မတ္တက္ရပ္ နုိင္ဖို ့ၾကိဳးစား တယ္။ သူလဲတယ္၊ ျပန္ထတယ္။
ဒီလိုနဲ ့ ဘယ္နွစ္ၾကိမ္ေျမာက္မွန္း မသိတဲ့ အခ်ိန္ မွာပဲ သူ ေလာကၾကီးေပၚမွာ မားမားမတ္မတ္ ေျခခ်နိုင္ခဲ့ပါျပီ။ ေနာက္တစ္ေၾကာ့ မတ္တက္ရပ္ တာကေန လမ္းေလွ်ာက္ဖို ့ သူ ၾကိဳးစားရျပန္ ပါတယ္။ ေျခေထာက္ေလး တစ္ဖက္ကို သူစေရြ ့တယ္။ ဘုန္းကနဲ ပစ္လဲ သြားတယ္။
ကုန္းျပီး ျပန္ထကာ ထပ္လွမ္းဖို ့ၾကိဳးစားတယ္။ လွမ္းဖို ့အၾကိမ္ၾကိမ္ ၾကိဳးစားရင္နဲ ့ေျခလွမ္းေတြျဖစ္လာခဲ့ပါျပီ။ သူအၾကိမ္ၾကိမ္ ရွုံးေတာလည္း ဘ၀ကို ဒီတိုင္း မဆုံးေစခဲ့ ပါဘူး။ေနာက္ ဆုံးမွာေတာ့ သူ လမ္းေလွ်ာက္သြား နိုင္ခဲ့ျပီေလ။
ဒါဘ၀ကို စတင္တဲ့ အစိတ္အပိုင္းေတြပါ။ဘ၀မွာ ဘယ္ေတာ့မွ အရွုံးစကားေတြမေျပာပါနဲ ့။ ရွုံးတာကိုပဲ အရသာခံ ေျပာေနတတ္တဲ့ သူဟာ ေနာက္ထပ္ ဆက္ရန္ အားနည္းသြားပါျပီ။ သူ ့ဘ၀မွ ၾကံ့ၾကံ့ခံနိုင္တဲ့ စိတ္ဓာတ္ ယိုယြင္းသြားျပီ။
စိတ္ပ်က္စီးျပီဆိုရင္ ဘ၀ ဆုံးနိုင္ ပါတယ္။ အဲ့ေတာ့ ၾကိဳးစားခြင့္ ရွိတဲ့သူတိုင္း ၾကိဳးစားၾကရမယ္။ ေအာက္ေျခ လူတန္းစားမွ စ၍ ယေန ့နိုင္ငံတုိင္းမွာ ေအာင္ျမင္ေနၾက သူမ်ားဟာ ဘ၀မွာ အရွုံးဆိုတာ ၾကဳံဖူးၾကတယ္ ဆိုတာ သိထား စမ္းပါ။ သို ့ေသာ္ အရွုံးဟာ ဘ၀မွာ အဆုံး မဟုတ္ဘူး ဆိုတာ သိတတ္ပါေစ။
Credit ; orginal
Unicode
“အရှုံးဟာ အဆုံးမဟုတ်ပါ”
ဘဝမှာ ကျရှုံးတယ်ဆိုတာ ကို ဘယ်လိုသတ်မှတ်သလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တစ်ကြိမ်ရှုံး တာလည်း ရှုံးတာပဲ။
နှစ်ကြိမ် ရှုံးတာလည်း ရှုံးတာပဲပေါ့။ ဟုတ်ပါ လိမ့်မယ်။ သို့သော် ဒီလောက် အရှုံးလေးနဲ့တော့ ဘဝကို ဆုံးတယ်လို့မသတ်မှတ်နဲ့လို့ပဲ မှာပါ ရစေ။
အရှုံးသမားဆိုတာ လောကမှာလူတိုင်း ဒီနာမည်တပ်ခံရဘူးပါတယ်။ဒါပမယ့် လက်မြှောက် ကျဆုံးခြင်းတော့ အဖြစ်မခံပါနဲ့။ တစ်ခဏတာ အရှုံးပါ။ ဒီလောက်နဲ့တော့ ဘဝကို အဆုံးမခံကြနဲ့ပေါ့။
ကိုယ့်မှာ နောက်ထပ် ကြိုးစားပိုင်ခွင့်တွေ ရှိပါသေးတယ်။ ပထမ တစ်ကြိမ် ရှုံးလည်းပဲ ဒီနေရာကနေ သင်ခန်းစာယူဖို့ဆိုတာ တွေးလိုက် ပါ။ ကိုယ်လိုအပ်တဲ့ နေရာတွေကို ပြန်လည်ဖြည့်စွတ် ပြီး ဒုတိယခြေလှမ်းကို ဆက်လှမ်းဖို့ကြိုးစားပါ။
တစ်ကြိမ်လဲတိုင်းသာ အားလျှော့ အရှုံးပေးစတမ်းဆိုရင် ကိုယ်ဟာ ယခုလို လမ်းလျှောက်နိုင်တဲ့ လူဖြစ်လာမှာတောင် မဟုတ်ဘူး။
မွေးကင်းစ မတ်တက်ရပ်စမ်းတဲ့ ကလေး ဘဝလေးကို မြင်ကြည့် လိုက်ပါ။အားတင်းပြီး ပထမမှာ မတ်တက်ရပ် နိုင်ဖို့ကြိုးစား တယ်။ သူလဲတယ်၊ ပြန်ထတယ်။
ဒီလိုနဲ့ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့ အချိန် မှာပဲ သူ လောကကြီးပေါ်မှာ မားမားမတ်မတ် ခြေချနိုင်ခဲ့ပါပြီ။နောက်တစ်ကြော့ မတ်တက်ရပ် တာကနေ လမ်းလျှောက်ဖို့ သူ ကြိုးစားရပြန် ပါတယ်။ ခြေထောက်လေး တစ်ဖက်ကို သူစရွေ့တယ်။ ဘုန်းကနဲ ပစ်လဲ သွားတယ်။
ကုန်းပြီး ပြန်ထကာ ထပ်လှမ်းဖို့ကြိုးစားတယ်။ လှမ်းဖို့အကြိမ်ကြိမ် ကြိုးစားရင်နဲ့ခြေလှမ်းတွေဖြစ်လာခဲ့ပါပြီ။ သူအကြိမ်ကြိမ် ရှုံးတောလည်း ဘဝကို ဒီတိုင်း မဆုံးစေခဲ့ ပါဘူး။နောက် ဆုံးမှာတော့ သူ လမ်းလျှောက်သွား နိုင်ခဲ့ပြီလေ။
ဒါဘဝကို စတင်တဲ့ အစိတ်အပိုင်းတွေပါ။ဘဝမှာ ဘယ်တော့မှ အရှုံးစကားတွေမပြောပါနဲ့။ ရှုံးတာကိုပဲ အရသာခံ ပြောနေတတ်တဲ့ သူဟာ နောက်ထပ် ဆက်ရန် အားနည်းသွားပါပြီ။ သူ့ဘဝမှ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ် ယိုယွင်းသွားပြီ။
စိတ်ပျက်စီးပြီဆိုရင် ဘ၀ ဆုံးနိုင် ပါတယ်။ အဲ့တော့ ကြိုးစားခွင့် ရှိတဲ့သူတိုင်း ကြိုးစားကြရမယ်။ အောက်ခြေ လူတန်းစားမှ စ၍ ယနေ့နိုင်ငံတိုင်းမှာ အောင်မြင်နေကြ သူများဟာ ဘဝမှာ အရှုံးဆိုတာ ကြုံဖူးကြတယ် ဆိုတာ သိထား စမ်းပါ။ သို့သော် အရှုံးဟာ ဘဝမှာ အဆုံး မဟုတ်ဘူး ဆိုတာ သိတတ်ပါစေ။
No Comments