
သင့္အနားမွာ အရစ္သန္ေနတယ္ ပြစိပြစိစကားေတြ မ်ားေနတယ္ ဆိုတာ သူ႔စိတ္မွာ သင္ဟာ အေရးပါေနလို႔ပါ…
သင္သည္ သူ႔အတြက္ အေရးမႀကီးဘူးဆိုရင္ သူမဆက္သြယ္ဘဲ ေနမွာေပါ့။ သင္သည္ သူ႔အတြက္ ဘာမွမဟုတ္ဘူးဆိုရင္ သူ စကားမေျပာဘဲ ေနမွာေပါ့။ သင္သည္ သူ႔အတြက္ နရာမရွိဘူးဆိုရင္ သူ အလုပ္မ်ားေနတယ္ ေျပာမွာေပါ့။
သင္သည္ သူ႔အတြက္ လြမ္းစရာမဟုတ္ဘူးဆိုရင္သူ ခပ္ေဝးေဝးက ေရွာင္ေနမွာေပါ့။ သင္တာအနားက တိတ္တိတ္ေလး ေပ်ာက္ကြယ္ေနၾကည့္ စိတ္ပူေနတတ္သူက သင့္အတြက္ အေရးပါ သူပဲ ။
သူစိတ္ပူေန၍ ေမးမိတဲ့အခါ ကိုယ့္ဘက္က အေရးမပါတာေတြဆိုၿပီး ဂ႐ုမစိုက္တာေတာ့ မျပဳမိေစနဲ႔ေပါ့ သင့္အတြက္ အေရးမပါေပမဲ့ သူ႔အတြက္ စိတ္မေကာင္ းျဖစ္ေစတတ္ ၍ပါ ။ သင့္အနားက အရစ္သန္ေနတယ္ ဆိုတာ သင့္အနားမွာ ပြစိပြစိစကားေတြ မ်ားေနတယ္ ဆိုတာ
သူ႔စိတ္မွာ သင္သည္ အေရးပါေနသူ ျဖစ္ေန၍ ပါပဲ ။ သူမရစ္ေတာ့တဲ့ အခါ သူစကားေတြ မမ်ားေတာ့တဲ့အခါ သူသင့္ကို သတိမထားေတာ့တဲ့ သင့္ဘဝထဲက တိတ္တိတ္ေလး သူထြက္သြားၿပီ ဆိုတာ သိထား လိုက္ပါ။
သင့္ဖုန္းေလးကို ျပန္ဖြင့္ၾကည့္လိုက္ သူ႔ဆီက ဆက္သြယ္ထားတဲ ဖုန္းမ်ား ေရာက္ေနေလမလား။ သင့္အေကာင့္ေလးကို ျပန္စစ္ၾကည့္လိုက္ သူ႔ဆီကပို႔ထားတဲ့ (message) ေလးမ်ားေရာက္ေနေ လမလား။
တကယ္ျမတ္ႏိုးသူတိုင္း စိတ္ပူတတ္သလို……ကိုယ့္ဘဝအေရးပါသူေတြ အတြက္ အခ်ိန္တစ္ခု အၿမဲေပးေန တတ္တယ္ေလ။
ကိုယ့္အတြက္ အေရးမပါသူ အတြက္ ကိုယ္စကားမေျပာခ်င္သလို ကိုယ့္အတြက္ အေရးပါသူေတြအတြက္ ကိုယ့္အခ်ိန္ေလးေတြ ေပးေနႏိုင္ေအာင္ႀကိဳးစား မိသလို မ်ိဳးေပါ့
အကယ္၍ ဤစာေလးကို သင္ဖတ္မိတဲ့ အခါ သင့္စိတ္မွာ သတိရသူတစ္ဦး တစ္ေယာက္ ရွိလာခဲ့တယ္ဆိုရင္ အျမန္ဆုံး ဆက္သြယ္ လိုက္ပါ။
သူကိုယ့္အနားက အေဝးဆုံး တြက္မသြားဘူးဆိုတာ ဆက္သြယ္၍ ရေနေသာ လိပ္စာႏွင့္ ဖုန္းနံပါတ္ေလးေတြက သက္ေသျပေန ပါ လိမ့္ မည္။
#Credit#
Unicode
သင့်အနားမှာ အရစ်သန်နေတယ် ပွစိပွစိစကားတွေ များနေတယ် ဆိုတာ သူ့စိတ်မှာ သင်ဟာ အရေးပါနေလို့ပါ…
သင်သည် သူ့အတွက် အရေးမကြီးဘူးဆိုရင် သူမဆက်သွယ်ဘဲ နေမှာပေါ့။ သင်သည် သူ့အတွက် ဘာမှမဟုတ်ဘူးဆိုရင် သူ စကားမပြောဘဲ နေမှာပေါ့။ သင်သည် သူ့အတွက် နရာမရှိဘူးဆိုရင် သူ အလုပ်များနေတယ် ပြောမှာပေါ့။
သင်သည် သူ့အတွက် လွမ်းစရာမဟုတ်ဘူးဆိုရင်သူ ခပ်ဝေးဝေးက ရှောင်နေမှာပေါ့။ သင်တာအနားက တိတ်တိတ်လေး ပျောက်ကွယ်နေကြည့် စိတ်ပူနေတတ်သူက သင့်အတွက် အရေးပါ သူပဲ ။
သူစိတ်ပူနေ၍ မေးမိတဲ့အခါ ကိုယ့်ဘက်က အရေးမပါတာတွေဆိုပြီး ဂရုမစိုက်တာတော့ မပြုမိစေနဲ့ပေါ့ သင့်အတွက် အရေးမပါပေမဲ့ သူ့အတွက် စိတ်မကောင် းဖြစ်စေတတ် ၍ပါ ။ သင့်အနားက အရစ်သန်နေတယ် ဆိုတာ သင့်အနားမှာ ပွစိပွစိစကားတွေ များနေတယ် ဆိုတာ
သူ့စိတ်မှာ သင်သည် အရေးပါနေသူ ဖြစ်နေ၍ ပါပဲ ။ သူမရစ်တော့တဲ့ အခါ သူစကားတွေ မများတော့တဲ့အခါ သူသင့်ကို သတိမထားတော့တဲ့ သင့်ဘဝထဲက တိတ်တိတ်လေး သူထွက်သွားပြီ ဆိုတာ သိထား လိုက်ပါ။
သင့်ဖုန်းလေးကို ပြန်ဖွင့်ကြည့်လိုက် သူ့ဆီက ဆက်သွယ်ထားတဲ ဖုန်းများ ရောက်နေလေမလား။ သင့်အကောင့်လေးကို ပြန်စစ်ကြည့်လိုက် သူ့ဆီကပို့ထားတဲ့ (message) လေးများရောက်နေေ လမလား။
တကယ်မြတ်နိုးသူတိုင်း စိတ်ပူတတ်သလို……ကိုယ့်ဘဝအရေးပါသူတွေ အတွက် အချိန်တစ်ခု အမြဲပေးနေ တတ်တယ်လေ။
ကိုယ့်အတွက် အရေးမပါသူ အတွက် ကိုယ်စကားမပြောချင်သလို ကိုယ့်အတွက် အရေးပါသူတွေအတွက် ကိုယ့်အချိန်လေးတွေ ပေးနေနိုင်အောင်ကြိုးစား မိသလို မျိုးပေါ့
အကယ်၍ ဤစာလေးကို သင်ဖတ်မိတဲ့ အခါ သင့်စိတ်မှာ သတိရသူတစ်ဦး တစ်ယောက် ရှိလာခဲ့တယ်ဆိုရင် အမြန်ဆုံး ဆက်သွယ် လိုက်ပါ။
သူကိုယ့်အနားက အဝေးဆုံး တွက်မသွားဘူးဆိုတာ ဆက်သွယ်၍ ရနေသော လိပ်စာနှင့် ဖုန်းနံပါတ်လေးတွေက သက်သေပြနေ ပါ လိမ့် မည်။
#Credit#
No Comments