ေပ်ာ္ရႊင္တဲ့အခ်စ္ေရးတစ္ခုပိုင္ဆုိင္ဖို႔ ထိန္းၿငိွေပးရမယ့္စည္းေဘာင္မ်ား - Amawpyay

ေပ်ာ္ရႊင္တဲ့အခ်စ္ေရးတစ္ခုပိုင္ဆုိင္ဖို႔ ထိန္းၿငိွေပးရမယ့္စည္းေဘာင္မ်ား

ေပ်ာ္ရႊင္တဲ့အခ်စ္ေရးတစ္ခုပိုင္ဆုိင္ဖို႔ ထိန္းၿငိွေပးရမယ့္စည္းေဘာင္မ်ား
အခ်စ္ေရး

ေပ်ာ္ရႊင္တဲ့အခ်စ္ေရးတစ္ခုပိုင္ဆုိင္ဖို႔ ထိန္းၿငိွေပးရမယ့္စည္းေဘာင္မ်ား

ဘဝမွာ အခ်စ္ဆိုတာကို ေကာင္းမြန္တဲ့ အရာျဖစ္ေအာင္ အသံုးခ်တတ္္ဖို႔ လိုအ ပ္ပါတယ္။ အခ်စ္က ဘဝအတြက္ အခ်စ္သပ္သပ္ျဖစ္ေန႐ံု ပဲေကာင္းၿပီး အဆိပ္အျဖစ္ေျပာင္းလဲမိသြားရင္ေတာ့ သင့္ရဲ႕ ဘဝက ကေမာက္ကမ ျဖစ္သြားမွာ အေသအခ်ာပါ။

ဒါေၾကာင့္ အခ်စ္ကို အခ်စ္အျဖစ္ပဲ ထားမလား၊ အဆိပ္ပဲ ေျပာင္းလဲမလား ဆိုတာကေတာ့ သင့္အေပၚမွာပဲ အားလံုး မူတည္ ပါတယ္္။ အခ်စ္က ဘဝအတြက္ ေကာင္းမြန္တဲ့ အရာျဖစ္လာေအာင္ သင့္ခ်စ္သူအေပၚ ဘယ္လို စည္းေဘာင္ေတြ ထားသင့္ သလဲ။

အရမ္းႀကီး ပစ္ပစ္ခါခါ မဆက္ဆံပါနဲ႔

ငါ့ခ်စ္္သူပဲ ငါဘာလုပ္လုပ္ ကိစၥမ႐ွိဘူးဆိုၿပီး တစ္ခ်ိန္လံုး ကိုယ့္စိတ္ႀကိဳက္၊ ကိုယ့္ပံုစံပဲ လုပ္ေနရင္ေတာ့ တစ္ဖက္လူအတြက္ အဆင္မေျပ ႏုိင္ပါဘူး။ တစ္ခ်ိဳ႕ေတြက ခ်စ္တာကို အေၾကာင္းျပၿပီး အရမ္းႏိုင္ထက္စီးနင္းဆန္တဲ့ အျပဳအမူေတြ လုပ္တတ္ၾက ပါတယ္။

ဒါဟာ ဆက္ဆံေရးတစ္္ခု ၿပိဳကြဲသြားေစႏုိင္တဲ့ အက္ေၾကာင္းျဖစ္လာႏိုင္ပါတယ္။ ေနာက္ဆံုးမွာ ငါနဲ႔သူဟာ အဆင္မေျပဘူးလုိ႔ သင့္ခ်စ္သူက သတ္္မွတ္သြားႏိုင္ ပါတယ္။

အရာရာကို သူ႔စိတ္ႀကိဳက္ပံုေဖာ္ခြင့္မေပးပါနဲ႔

ခုနားကအခ်က္နဲ႔ ဆန္႔က်င္ဘက္ျဖစ္တဲ့ အခ်က္ေပါ့ေနာ္္။ ကိုယ္က ခ်စ္တယ္ဆိုတုိင္း သူဘာလုပ္လုပ္ သည္းခံအေလ်ာ့ေပးတာ၊ သူဘယ္ အခ်ိန္္ေခၚေခၚ အေျပးတပိုင္း သြားေတြ႕တာမ်ိဳး၊ ညည့္နက္သန္းေခါင္ သူ႔ဆီက အေၾကာင္းမ႐ွိပဲ ဖုန္းဆက္တာကို ခ်စ္လုိ႔ ဆိုၿပီး

အိပ္ေရးပ်က္ခံ ဖုန္းလက္ခံေျပာတာ စသျဖင့္ေပါ့ သူ႔စိတ္ႀကိဳက္ ပံုေဖာ္ခံေနရ တဲ့သူ အျဖစ္ကို မေရာက္ပါေစနဲ႔။ ခ်စ္တာနဲ႔ပဲ အကုန္လံုး သူ႔သေဘာ သူ႔ဆႏၵ သူရဲ႕ နယ္႐ုပ္တစ္႐ုပ္လုိ ကိုယ့္ကိုယ္ကုိ မလုပ္မိပါေစနဲ႔။

အတိတ္ကို မတူးဆြပါနဲ႔

အဲဒီ႔လူကို လက္ခံႏိုင္လုိ႔ လက္ခံထားၿပီးကာမွ သူ႔ရဲ႕ အတိတ္ ဒါမွမဟုတ္ ကုိယ့္္ရဲ႕အတိတ္ကို သူခဏခဏေျပာတတ္တာမ်ိဳး မလုပ္္မိေအာင္္ ျပင္ဆင္ပါ။ သူ႔ရဲ႕ အတိတ္ကို လက္မခံႏုိင္ရင္ အစတည္းက လက္မခံပါနဲ႔။

ေသခ်ာစဥ္းစားၿပီးမွ ေ႐ြးခ်ယ္ထားၿပီဆိုရင္ေတာ့ အဲဒီ႔အတိတ္ကို ေမ့ထားလိုက္သင့္ပါၿပီ။ သူ႔ရဲ႕ အတိတ္မွာ ဘာပဲျဖစ္ခဲ႔ျဖစ္ခဲ့ ခုခ်ိန္မွာေတာ့ သူဟာ သင့္ခ်စ္သူပါပဲ။ သင့္ရဲ႕ အတိတ္ကိုလည္း သင့္ခ်စ္သူက ခဏခဏ ျပန္ေျပာတာမ်ိဳးေတြ မလုပ္မိေအာင္ ႀကိဳတင္ေျပာျပထားပါ။

ကိုယ့္ဘဝရဲ႕ ပန္းတိုင္ကို မေမ့ပါနဲ႔

အခ်စ္က အခ်စ္ ဘဝက ဘဝပါေနာ္ အခ်စ္နဲ႔ ဘဝကို ေရာမပစ္ပါနဲ႔။ အခ်စ္ေနာက္ပဲ တေကာက္ေကာက္ ေလွ်ာက္လိုက္ေနၿပီး ကိုယ့္ဘဝရဲ႕ အိ္ပ္မက္ပန္းတုိင္ေနာက္ကို လုိက္ဖို႔လည္း မေမ့ပါနဲ႔။ အခ်စ္နဲ႔ ဘဝပန္းတုိင္ကို သတ္သတ္စီခြဲထားၿပီး ကိုယ့္ဘဝအတြက္ ႀကိဳးစားပါ။

ကိုယ္လုိခ်င္တဲ့ ပန္းတုိင္ေတြဆီ ေရာက္ေအာင္သြားပါ။ တစ္ခါတစ္ေလမွာ လူေတြဟာ အခ်စ္အတြက္ပဲ အခ်စ္ကုန္ခံေနတတ္ၿပီး ကိုယ့္ဘဝရဲ႕ ပန္းတုိင္ကို ေမ့ေလ်ာ့ေနတတ္္ၾကပါတယ္္။

သူ႐ွိရင္အရာရာ ျပည့္စံုၿပီလုိထင္ေနတတ္ၾကၿ႔ပီး ကိုယ့္ဘဝကို သူဆီမွာပဲ ပံုေအာထားတတ္္ၾကပါတယ္။ ဒီလုိမ်ိဳး ကိုယ့္ဘဝကို တစ္ျခားသူတစ္ေယာက္ေၾကာင့္ ရပ္တန္႔ေနတာမ်ိဳး မလုပ္မိပါေစနဲ႔။

အမွီအခိုကင္းကင္း ရပ္တည္ႏုိင္္သူတစ္ေယာက္ျဖစ္ေအာင္ ေနပါ

သူနဲ႔ကိုယ္ဟာ ခ်စ္သူေတြဆိုေပမယ့္ အေၾကာင္းတစ္ခုေၾကာင့္ သေဘာထားေတြမတိုက္ဆိုင္ေတာ့လုိ႔ လမ္းခြဲျပတ္စဲၾကတာမ်ိဳးေတြလည္း ျဖစ္ႏုိင္ပါတယ္။ ဒီလုိအေျခအေနမ်ိဳးမွာ ကိုယ္ဟာ သူမ႐ွိရင္ မျဖစ္္ဘူးဆိုတဲ့ အေျခအေနမ်ိဳးကို မေရာက္မိေအာင္ ႀကိဳတင္ကာကြယ္ပါ။

သူထားခဲ့လည္း ကိုယ့္္ဘဝကို အေကာင္းဆံုးနဲ႔ လွလွပပ ရပ္တည္ႏိုင္သူ တစ္ေယာက္ ျဖစ္ေနပါေစ။ ဒါဟာ အစကတည္းက ကိုယ္တုိင္ေလ့က်င့္ထားရမယ့္ အရာျဖစ္ၿပီး ဘယ္သူကိုမွ အားမကိုးတတ္တဲ့ အမွီအခုိကင္းတဲ့သူတစ္ေယာက္ ျဖစ္ေအာင္္ ႀကိဳးစားသင့္ပါတယ္။ ခရက္ဒစ္

ယူနီကုတ္

ပျော်ရွှင်တဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ဖို့ ထိန်းငြှိပေးရမယ့်စည်းဘောင်များ

ဘဝမှာ အချစ်ဆိုတာကို ကောင်းမွန်တဲ့ အရာဖြစ်အောင် အသုံးချတတ်ဖို့ လိုအ ပ်ပါတယ်။ အချစ်က ဘဝအတွက် အချစ်သပ်သပ်ဖြစ်နေရုံ ပဲကောင်းပြီး အဆိပ်အဖြစ်ပြောင်းလဲမိသွားရင်တော့ သင့်ရဲ့ ဘဝက ကမောက်ကမ ဖြစ်သွားမှာ အသေအချာပါ။

ဒါကြောင့် အချစ်ကို အချစ်အဖြစ်ပဲ ထားမလား၊ အဆိပ်ပဲ ပြောင်းလဲမလား ဆိုတာကတော့ သင့်အပေါ်မှာပဲ အားလုံး မူတည် ပါတယ်။ အချစ်က ဘဝအတွက် ကောင်းမွန်တဲ့ အရာဖြစ်လာအောင် သင့်ချစ်သူအပေါ် ဘယ်လို စည်းဘောင်တွေ ထားသင့် သလဲ။

အရမ်းကြီး ပစ်ပစ်ခါခါ မဆက်ဆံပါနဲ့

ငါ့ချစ်သူပဲ ငါဘာလုပ်လုပ် ကိစ္စမရှိဘူးဆိုပြီး တစ်ချိန်လုံး ကိုယ့်စိတ်ကြိုက်၊ ကိုယ့်ပုံစံပဲ လုပ်နေရင်တော့ တစ်ဖက်လူအတွက် အဆင်မပြေ နိုင်ပါဘူး။ တစ်ချို့တွေက ချစ်တာကို အကြောင်းပြပြီး အရမ်းနိုင်ထက်စီးနင်းဆန်တဲ့ အပြုအမူတွေ လုပ်တတ်ကြ ပါတယ်။

ဒါဟာ ဆက်ဆံရေးတစ်ခု ပြိုကွဲသွားစေနိုင်တဲ့ အက်ကြောင်းဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ ငါနဲ့သူဟာ အဆင်မပြေဘူးလို့ သင့်ချစ်သူက သတ်မှတ်သွားနိုင် ပါတယ်။

အရာရာကို သူ့စိတ်ကြိုက်ပုံဖော်ခွင့်မပေးပါနဲ့

ခုနားကအချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အချက်ပေါ့နော်။ ကိုယ်က ချစ်တယ်ဆိုတိုင်း သူဘာလုပ်လုပ် သည်းခံအလျော့ပေးတာ၊ သူဘယ် အချိန်ခေါ်ခေါ် အပြေးတပိုင်း သွားတွေ့တာမျိုး၊ ညည့်နက်သန်းခေါင် သူ့ဆီက အကြောင်းမရှိပဲ ဖုန်းဆက်တာကို ချစ်လို့ ဆိုပြီး

အိပ်ရေးပျက်ခံ ဖုန်းလက်ခံပြောတာ စသဖြင့်ပေါ့ သူ့စိတ်ကြိုက် ပုံဖော်ခံနေရ တဲ့သူ အဖြစ်ကို မရောက်ပါစေနဲ့။ ချစ်တာနဲ့ပဲ အကုန်လုံး သူ့သဘော သူ့ဆန္ဒ သူရဲ့ နယ်ရုပ်တစ်ရုပ်လို ကိုယ့်ကိုယ်ကို မလုပ်မိပါစေနဲ့။

အတိတ်ကို မတူးဆွပါနဲ့

အဲဒီ့လူကို လက်ခံနိုင်လို့ လက်ခံထားပြီးကာမှ သူ့ရဲ့ အတိတ် ဒါမှမဟုတ် ကိုယ့်ရဲ့အတိတ်ကို သူခဏခဏပြောတတ်တာမျိုး မလုပ်မိအောင် ပြင်ဆင်ပါ။ သူ့ရဲ့ အတိတ်ကို လက်မခံနိုင်ရင် အစတည်းက လက်မခံပါနဲ့။

သေချာစဉ်းစားပြီးမှ ရွေးချယ်ထားပြီဆိုရင်တော့ အဲဒီ့အတိတ်ကို မေ့ထားလိုက်သင့်ပါပြီ။ သူ့ရဲ့ အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာတော့ သူဟာ သင့်ချစ်သူပါပဲ။ သင့်ရဲ့ အတိတ်ကိုလည်း သင့်ချစ်သူက ခဏခဏ ပြန်ပြောတာမျိုးတွေ မလုပ်မိအောင် ကြိုတင်ပြောပြထားပါ။

ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို မမေ့ပါနဲ့

အချစ်က အချစ် ဘဝက ဘဝပါနော် အချစ်နဲ့ ဘဝကို ရောမပစ်ပါနဲ့။ အချစ်နောက်ပဲ တကောက်ကောက် လျှောက်လိုက်နေပြီး ကိုယ့်ဘဝရဲ့ အိပ်မက်ပန်းတိုင်နောက်ကို လိုက်ဖို့လည်း မမေ့ပါနဲ့။ အချစ်နဲ့ ဘဝပန်းတိုင်ကို သတ်သတ်စီခွဲထားပြီး ကိုယ့်ဘဝအတွက် ကြိုးစားပါ။

ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေဆီ ရောက်အောင်သွားပါ။ တစ်ခါတစ်လေမှာ လူတွေဟာ အချစ်အတွက်ပဲ အချစ်ကုန်ခံနေတတ်ပြီး ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို မေ့လျော့နေတတ်ကြပါတယ်။

သူရှိရင်အရာရာ ပြည့်စုံပြီလိုထင်နေတတ်ကြြ့ပီး ကိုယ့်ဘဝကို သူဆီမှာပဲ ပုံအောထားတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ဘဝကို တစ်ခြားသူတစ်ယောက်ကြောင့် ရပ်တန့်နေတာမျိုး မလုပ်မိပါစေနဲ့။

အမှီအခိုကင်းကင်း ရပ်တည်နိုင်သူတစ်ယောက်ဖြစ်အောင် နေပါ

သူနဲ့ကိုယ်ဟာ ချစ်သူတွေဆိုပေမယ့် အကြောင်းတစ်ခုကြောင့် သဘောထားတွေမတိုက်ဆိုင်တော့လို့ လမ်းခွဲပြတ်စဲကြတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဟာ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေမျိုးကို မရောက်မိအောင် ကြိုတင်ကာကွယ်ပါ။

သူထားခဲ့လည်း ကိုယ့်ဘဝကို အကောင်းဆုံးနဲ့ လှလှပပ ရပ်တည်နိုင်သူ တစ်ယောက် ဖြစ်နေပါစေ။ ဒါဟာ အစကတည်းက ကိုယ်တိုင်လေ့ကျင့်ထားရမယ့် အရာဖြစ်ပြီး ဘယ်သူကိုမှ အားမကိုးတတ်တဲ့ အမှီအခိုကင်းတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …