
လိမၼာေရးျခားရိွတဲ့ သားသမီးေလးကို ပိုင္ဆိုင္လိုပါသလား ?
တစ္ခ်ိဳ႕မိဘေတြဟာ သားသမီးေတြကို ပစၥည္း ဥစၥာအေမြေတြ၊ ဂုဏ္ျဒပ္ေတြ အေမြေပးမယ့္ အစား သူတို႔ဘဝ တစ္ေလွ်ာက္လံုး အသံုးခ်လို႔ရမယ့္ အသိတရားေတြ၊ လိမၼာယဥ္ေက်းတဲ့ အျပဳအမူေတြကို အေမြေပးခ်င္ၾက ပါတယ္။
ဒါဆိုရင္ေတာ့ ေအာက္ဖက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေလးေတြနဲ႔ ဆုံးမၾကည့္ လိုက္ပါ။ အဖိုးျဖတ္လို႔မရတဲ့ သားသမီးရတနာေလးေတြကို ပိုင္ဆိုင္ ႏိုင္မွာ မလြဲပါပဲ။ ႏိုင္ငံတကာက မိဘ အေတာ္မ်ားမ်ား လိုက္နာက်င့္သံုးေနတဲ့ နည္းဥပေဒသေလးေတြ လည္း ျဖစ္ပါတ ယ္။
၁။ သူတို႔ ပူဆာသမွ်ကို မလိုအပ္ဘဲ အလြယ္တကူ မျဖည့္ဆည္းပါနဲ႔။
ကို္ယ္အတြက္ ဘာမွ အပန္းမၾကီးလို႔ဆို ကေလးေတြ ပူဆာတိုင္း အလိုလိုက္ ျဖည့္ဆည္းေပးေနမယ္ဆုို သူတို႔အရြယ္ေရာက္လာတဲ့ အခ်ိန္မွာ ဘာကိုမွ အေလးအနက္ ထားတတ္ေတာ့မွာ မဟုတ္ေတာ့ပါဘူး။
အရာအားလံုး လြယ္လြယ္ရတယ္ပဲ ထင္ျပီး ဘဝကိုေပါ့ေပါ့ေလးပဲ ျဖတ္သန္းသြားၾက ပါလိိမ့္မယ္။ ဘယ္မိဘမွေတာ့ ကိုယ့္သားသမီး မ်က္ႏွာညိဳမသြား ေစခ်င္ပါဘူး။ သို႔ေပမယ့္လည္း (၃) ခါပူဆာရင္ (၁) ခါေလာက္ပဲ ျဖည့္ဆည္းေပးဖို႔ အၾကံျပဳ ပါရေစ။
၂။ ကိုယ့္အေပၚေက်းဇူးျပဳဖူး သူေတြရဲ႕ ေက်းဇူးတရားကို အျမဲေအာက္ေမ့သတိရေနေအာင္ ေလ့က်င့္ေပးပါ။
ကိုယ့္အေပၚေက်းဇူးျပဳခဲ့ဖူးသူေတြရဲ႕ ေက်းဇူးတရားကို သိတတ္ေအာင္ ကိုယ္တိုင္လည္း ေက်းဇူးရွင္ေတြကို တေလးတစား ဆက္ဆံဖို႔ လိုအပ္ ပါတယ္။
ဒါ့အျပင္ ယဥ္ေက်းတဲ့ အျပဳအမူေလးေတြ၊ လက္ဆဲြႏွုတ္ဆက္တာမ်ိဳးေလးေတြ၊ တစ္ေယာက္ကို တစ္ေယာက္ မ်က္လံုး အမူအရာေလးေတြနဲ႔ အသိအမွတ္ျပဳတာမ်ိဳးေလးေတြ ျပဳလုပ္္တတ္ေအာင္ ေလ့က်င့္ေပးပါ။
သူတို႔အတုယူႏိုင္ေအာင္ ကိုယ္တိုင္လည္း လူတိုင္းအေပၚ ရင္းနီးေႏြးေထြးစြာ ဆက္ဆံပါ။ ေက်းဇူးတရားရဲ႕ တန္ဖိုးကို အျမဲ ေအာက္ေမ့ေနပါ။
၃။ ေပးကမ္းစြန္႔ၾကဲတတ္တဲ့ အက်င့္ေလးေတြ ကိန္းေအာင္းေနေအာင္ ေလ့က်င့္ သင္ၾကားေပးပါ။
ကိုယ့္မွာရွိတဲ့ အရာေလးေတြ မွ်ေဝလွဴဒါန္းတဲ့အခါ ကေလးေတြကို ပါဝင္ လွဴဒါန္းေစျခင္းျဖင့္ သူတို႔ကိုလည္း ေပးကမ္းျခင္းမွာ ေမြ႔ေလ်ာ္ေအာင္ ေလ့က်င့္ေပးပါ။
ဒီလို မၾကာခဏလွဴဒါန္းျခင္းက ကိုယ့္ဘဝကို ပိုျပီး ေရာင့္ရဲေက်နပ္ေစသလို ၊ အျခားမျပည့္စံုတဲ့သူေတြအတြက္ ကိုယ္ခ်င္းစာတတ္တဲ့ စိတ္ေလးေတြ ကိန္းေအာင္းလာေစႏိုင္ပါတယ္။
၄။ သားသမီးေတြကို မလိုအပ္ဘဲ အလိုလိုက္တဲ့ မိဘမ်ိဳးေတြ အနားမွာ မေနပါနဲ႔။
မိမိေပါင္းသင္းတဲ့ အေပါင္းအသင္းေတြကလည္း သားသမီးေတြ ကိုင္တြယ္တဲ့ ေနရာမွာ အေလးအနက္ထားတတ္သူေတြ ျဖစ္ဖို႔လိုအပ္ပါတယ္။
အကယ္၍မိမိ ပတ္ဝန္းက်င္က မိဘေတြဟာ သားသမီးကိုင္တြယ္တဲ့ ေနရာမွာ ေလ်ာ့တိေလ်ာ့ရဲနဲ႔ ဘာကိုမွ အေလးအနက္ မထားဘူးဆိုရင္ေတာ့ ကေလးေတြ အတုယူမွားသြားႏိုင္ပါတယ္။
၅။ ေက်းဇူးတင္ေၾကာင္းကို စာရြက္ေလးေပၚမွာ ေရးျပီး အသိအမွတ္ျပဳတတ္ေအာင္ သင္ၾကားေပးပါ။
တိုးတက္လာတဲ့ ေခတ္နဲ႔အညီ အခုေခတ္ကေလးေတြဟာ အာရံုေတြက မ်ားေနတတ္တာေၾကာင့္ တစ္စံုတစ္ေယာက္ကို ေက်းဇူးတင္တဲ့အခါ စာရြက္ေလးေပၚေရးမွတ္ျပီး အသိအမွတ္ျပဳတတ္တဲ့ အက်င့္ေလးေတြ ျပဳလုပ္ေပးပါ။
ဒီနည္းလမ္းဟာ သိပ္ကို ရိုးရွင္းလွေပမယ့္ ေရရွည္ သူတို႔စိတ္ထဲမွာ ေက်းဇူးတရားဆိုတာ ဒီလိုအျမဲ အသိအမွတ္ျပဳေနရမယ္ဆိုတဲ့ စိတ္ေလးေတာ့ စဲြသြားမွာ မလြဲပါဘူး။
၆။ သူတို႔နဲ႔ ပတ္သက္သမွ် ကိစၥေတြကို ကိုယ့္ကခ်ည္းပဲ အျမဲ ေဆာင္ရြက္ မေပးပါနဲ႕႔။
ကိုယ္ငယ္စဥ္က ၾကံဳေတြ႔ခဲ့ရတဲ့ ဘဝအေတြ႕ အၾကံဳေတြနဲ႔ ဘဝအေၾကာင္းကို နားလည္ေအာင္ သင္ၾကားေပးပါ။ တစ္ခုခုဆိုသူတို႔ဘာသာ ရင္ဆိုင္ ေျဖရွင္းခြင့္ေပးလိုက္ပါ။
ကိုယ္ကခ်ည္းပဲ ေနရာတကာ လုိက္ကာကြယ္ေပးမယ္ ဆိုရင္ေတာ့ သူတို႔ဘဝ သူတို႔ ေလွ်ာက္လွမ္းရမယ့္ အရြယ္မွာ ဘာကိုမွ ဦးေဆာင္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ က်ရွုံးမႈဆိုတာ ေအာင္ျမင္မႈအတြက္ အားတစ္ခုပဲ ဆိုတာကို သိေအာင္ သင္ၾကားေပးဖို႔ပဲ လိုအပ္တာပါ။
၇။ မလိုအပ္ဘဲ အပိုကိစၥေတြကို အလိုမလိုက္ပါနဲ႔။
ကေလးဆိုတာေတာ့ ပူဆာလို႔ရရင္ ပူဆာတတ္တာ သဘာဝပါ။ ကိုယ္ကလူၾကီးဆိုေတာ့ စဥ္းစားဆင္ျခင္ဥာဏ္ရွိတယ္။ တကယ္လိုအပ္ေနတယ္ဆိုမွ ျဖည့္ဆည္းေပးပါ။ မဟုတ္ရင္ေတာ့ ၾကီးလာတဲ့ အခါ အေရးမၾကီးတဲ့ အရာေတြအတြက္ အသံုးအျဖဳန္းၾကီးတတ္တဲ့ လူတစ္ေယာက္ ျဖစ္သြားႏိုင္ပါတယ္။
၈။ အဖိုးအဖြားေတြကို ေလးစားခ်စ္ခင္တတ္ေစဖို႔ ေရွ႕ေဆာင္လမ္းျပေပးပါ။
ကိုယ္တိုင္ကလည္း မိဘေတြကို ေလးစား တန္ဖိုးထားတတ္မွ ကိုယ့္သားသမီးေတြ အလွည့္က်ရင္လည္း ကိုယ့္ကို ရိုေသေလးစားတတ္မွာ ျဖစ္ပါတယ္။ အားလပ္ရက္ေတြမွာ ကေလးေတြနဲ႔ အဖိုးအဖြားေတြဆီ သြားလည္ျပီး ေျခဆုပ္လက္နယ္ ျပဳစုတာမ်ိဳးေလးေတြ ျပဳလုပ္ေပးပါ။
အရုပ္ေတြနဲ႔ ကစားေနမယ့္အစား ေမတၱာငတ္ေနတဲ့ အဖိုးအဖြားေတြနဲ႔ ရင္းႏွီး ေႏြးေထြးစြာ ေနထိုင္ဖို႔ အခ်ိန္ေပးလိုက္ပါ။
၉။ ေငြကို တန္ဖိုးထားတတ္ေအာင္ သင္ၾကားေပးပါ။
ေငြေၾကးနဲ႔ ပတ္သက္ျပီး ေငြကို ဘယ္လို စီမံ သံုးစြဲရတယ္၊ ပိုတဲ့ေငြကို ဘယ္လိုစုေဆာင္းရမယ္။ တစ္ခ်ိဳ႕တစ္ဝက္ကိုေတာ့ မရွိဆင္းရဲသားေတြအတြက္ လိုအပ္သလို လွဴဒါန္းေပးရတယ္ ဆိုတာ မ်ိဳးေလးေတြ အသက္အရြယ္ၾကီးသြားတဲ့ အထိ အေလ့အက်င့္ရသြားေအာင္ သင္ၾကားေပးပါ။
၁၀။ ကိုယ္ျဖတ္သန္းလာတဲ့ ဘဝအေတြ႔အၾကံဳေတြနဲ႔ ဗဟုသုတေတြ မွ်ေဝေပးပါ။
သင္ဟာ ၾကြယ္ဝခ်မ္းသာတဲ့ မိသားစုက ေပါက္ဖြားလာတဲ့သူဆိုလည္း သင့္မိဘေတြြ လက္ထက္က စီးပြားေရးေတြ ဘယ္လိုလုပ္ေဆာင္ခဲ့တယ္၊ အကယ္၍ ခ်ိဳ႕တဲ့ တဲ့ ဘဝက ဆင္းသက္လာတဲ့ သူဆိုလည္း ေလာကဓံရဲ႕ အထိုးအႏွက္ေတြကို ဘယ္လို ရုန္းကန္ခဲ့ ရတယ္ ဆိုတာေတြကို မွ်ေဝေပးလိုက္ပါ။
ဒါဆိုရင္ေတာ့ သူတို႔ေလးေတြ ဘဝအေပၚထားတဲ့ ခံယူခ်က္ေတြ တျဖည္းျဖည္း ရင့္က်က္ တည္ျငိမ္လာပါလိမ့္မယ္။
၁၁။ ကိုယ့္ဘဝအေတြ႕အၾကံဳေတြနဲ႔ ႏွုိင္းယွဥ္ျပီး ဘဝအေၾကာင္း ေကာင္းေကာင္းနားလည္ သေဘာေပါက္ေအာင္ သင္ၾကားေပးပါ။
အကယ္၍သင့္မွာ လိုခ်င္တာမရတိုင္း ဂ်စ္တိုက္တတ္တဲ့ ကေလးတစ္ေယာက္ရွိေနျပီ ဆိုရင္ေတာ့ ပထမဆံုး အျပစ္တင္ ရမယ့္သူက သင္ကိုယ္တိုင္ပဲ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း စိတ္မပ်က္ပါနဲ႔ ။
အကယ္၍ အရမ္းၾကီး ဆိုးရြားတာမ်ိဳးမဟုတ္ခဲ့ဘူး ဆိုရင္ေတာ့ အထက္ေဖာ္ျပပါ နည္းလမ္းေလးေတြသံုးျပီး ျပဳျပင္ဆံုးမလို႔ ရႏိုင္ပါေသးတယ္။ ဒီလိုဆိုရင္ေတာ့ သားသမီးေတြလည္း လိမၼာေရးျခားရွိလာျပီး ဘာနဲ႔မွ တန္ဖိုးျဖတ္လို႔မရႏိုင္တဲ့ ေအးခ်မ္းသာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။
Credit to orginal writer
Unicode
လိမ္မာရေးခြားရှိတဲ့ သားသမီးလေးကို ပိုင်ဆိုင်လိုပါသလား ?
တစ်ချို့မိဘတွေဟာ သားသမီးတွေကို ပစ္စည်း ဥစ္စာအမွေတွေ၊ ဂုဏ်ဒြပ်တွေ အမွေပေးမယ့် အစား သူတို့ဘဝ တစ်လျှောက်လုံး အသုံးချလို့ရမယ့် အသိတရားတွေ၊ လိမ္မာယဉ်ကျေးတဲ့ အပြုအမူတွေကို အမွေပေးချင်ကြ ပါတယ်။
ဒါဆိုရင်တော့ အောက်ဖက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ဆုံးမကြည့် လိုက်ပါ။ အဖိုးဖြတ်လို့မရတဲ့ သားသမီးရတနာလေးတွေကို ပိုင်ဆိုင် နိုင်မှာ မလွဲပါပဲ။ နိုင်ငံတကာက မိဘ အတော်များများ လိုက်နာကျင့်သုံးနေတဲ့ နည်းဥပဒေသလေးတွေ လည်း ဖြစ်ပါတ ယ်။
၁။ သူတို့ ပူဆာသမျှကို မလိုအပ်ဘဲ အလွယ်တကူ မဖြည့်ဆည်းပါနဲ့။
ကိုယ်အတွက် ဘာမှ အပန်းမကြီးလို့ဆို ကလေးတွေ ပူဆာတိုင်း အလိုလိုက် ဖြည့်ဆည်းပေးနေမယ်ဆို သူတို့အရွယ်ရောက်လာတဲ့ အချိန်မှာ ဘာကိုမှ အလေးအနက် ထားတတ်တော့မှာ မဟုတ်တော့ပါဘူး။
အရာအားလုံး လွယ်လွယ်ရတယ်ပဲ ထင်ပြီး ဘဝကိုပေါ့ပေါ့လေးပဲ ဖြတ်သန်းသွားကြ ပါလိမ့်မယ်။ ဘယ်မိဘမှတော့ ကိုယ့်သားသမီး မျက်နှာညိုမသွား စေချင်ပါဘူး။ သို့ပေမယ့်လည်း (၃) ခါပူဆာရင် (၁) ခါလောက်ပဲ ဖြည့်ဆည်းပေးဖို့ အကြံပြု ပါရစေ။
၂။ ကိုယ့်အပေါ်ကျေးဇူးပြုဖူး သူတွေရဲ့ ကျေးဇူးတရားကို အမြဲအောက်မေ့သတိရနေအောင် လေ့ကျင့်ပေးပါ။
ကိုယ့်အပေါ်ကျေးဇူးပြုခဲ့ဖူးသူတွေရဲ့ ကျေးဇူးတရားကို သိတတ်အောင် ကိုယ်တိုင်လည်း ကျေးဇူးရှင်တွေကို တလေးတစား ဆက်ဆံဖို့ လိုအပ် ပါတယ်။
ဒါ့အပြင် ယဉ်ကျေးတဲ့ အပြုအမူလေးတွေ၊ လက်ဆွဲနှုတ်ဆက်တာမျိုးလေးတွေ၊ တစ်ယောက်ကို တစ်ယောက် မျက်လုံး အမူအရာလေးတွေနဲ့ အသိအမှတ်ပြုတာမျိုးလေးတွေ ပြုလုပ်တတ်အောင် လေ့ကျင့်ပေးပါ။
သူတို့အတုယူနိုင်အောင် ကိုယ်တိုင်လည်း လူတိုင်းအပေါ် ရင်းနီးနွေးထွေးစွာ ဆက်ဆံပါ။ ကျေးဇူးတရားရဲ့ တန်ဖိုးကို အမြဲ အောက်မေ့နေပါ။
၃။ ပေးကမ်းစွန့်ကြဲတတ်တဲ့ အကျင့်လေးတွေ ကိန်းအောင်းနေအောင် လေ့ကျင့် သင်ကြားပေးပါ။
ကိုယ့်မှာရှိတဲ့ အရာလေးတွေ မျှဝေလှူဒါန်းတဲ့အခါ ကလေးတွေကို ပါဝင် လှူဒါန်းစေခြင်းဖြင့် သူတို့ကိုလည်း ပေးကမ်းခြင်းမှာ မွေ့လျော်အောင် လေ့ကျင့်ပေးပါ။
ဒီလို မကြာခဏလှူဒါန်းခြင်းက ကိုယ့်ဘဝကို ပိုပြီး ရောင့်ရဲကျေနပ်စေသလို ၊ အခြားမပြည့်စုံတဲ့သူတွေအတွက် ကိုယ်ချင်းစာတတ်တဲ့ စိတ်လေးတွေ ကိန်းအောင်းလာစေနိုင်ပါတယ်။
၄။ သားသမီးတွေကို မလိုအပ်ဘဲ အလိုလိုက်တဲ့ မိဘမျိုးတွေ အနားမှာ မနေပါနဲ့။
မိမိပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကလည်း သားသမီးတွေ ကိုင်တွယ်တဲ့ နေရာမှာ အလေးအနက်ထားတတ်သူတွေ ဖြစ်ဖို့လိုအပ်ပါတယ်။
အကယ်၍မိမိ ပတ်ဝန်းကျင်က မိဘတွေဟာ သားသမီးကိုင်တွယ်တဲ့ နေရာမှာ လျော့တိလျော့ရဲနဲ့ ဘာကိုမှ အလေးအနက် မထားဘူးဆိုရင်တော့ ကလေးတွေ အတုယူမှားသွားနိုင်ပါတယ်။
၅။ ကျေးဇူးတင်ကြောင်းကို စာရွက်လေးပေါ်မှာ ရေးပြီး အသိအမှတ်ပြုတတ်အောင် သင်ကြားပေးပါ။
တိုးတက်လာတဲ့ ခေတ်နဲ့အညီ အခုခေတ်ကလေးတွေဟာ အာရုံတွေက များနေတတ်တာကြောင့် တစ်စုံတစ်ယောက်ကို ကျေးဇူးတင်တဲ့အခါ စာရွက်လေးပေါ်ရေးမှတ်ပြီး အသိအမှတ်ပြုတတ်တဲ့ အကျင့်လေးတွေ ပြုလုပ်ပေးပါ။
ဒီနည်းလမ်းဟာ သိပ်ကို ရိုးရှင်းလှပေမယ့် ရေရှည် သူတို့စိတ်ထဲမှာ ကျေးဇူးတရားဆိုတာ ဒီလိုအမြဲ အသိအမှတ်ပြုနေရမယ်ဆိုတဲ့ စိတ်လေးတော့ စွဲသွားမှာ မလွဲပါဘူး။
၆။ သူတို့နဲ့ ပတ်သက်သမျှ ကိစ္စတွေကို ကိုယ့်ကချည်းပဲ အမြဲ ဆောင်ရွက် မပေးပါနဲ့။
ကိုယ်ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့ အကြုံတွေနဲ့ ဘဝအကြောင်းကို နားလည်အောင် သင်ကြားပေးပါ။ တစ်ခုခုဆိုသူတို့ဘာသာ ရင်ဆိုင် ဖြေရှင်းခွင့်ပေးလိုက်ပါ။
ကိုယ်ကချည်းပဲ နေရာတကာ လိုက်ကာကွယ်ပေးမယ် ဆိုရင်တော့ သူတို့ဘဝ သူတို့ လျှောက်လှမ်းရမယ့် အရွယ်မှာ ဘာကိုမှ ဦးဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျရှုံးမှုဆိုတာ အောင်မြင်မှုအတွက် အားတစ်ခုပဲ ဆိုတာကို သိအောင် သင်ကြားပေးဖို့ပဲ လိုအပ်တာပါ။
၇။ မလိုအပ်ဘဲ အပိုကိစ္စတွေကို အလိုမလိုက်ပါနဲ့။
ကလေးဆိုတာတော့ ပူဆာလို့ရရင် ပူဆာတတ်တာ သဘာဝပါ။ ကိုယ်ကလူကြီးဆိုတော့ စဉ်းစားဆင်ခြင်ဉာဏ်ရှိတယ်။ တကယ်လိုအပ်နေတယ်ဆိုမှ ဖြည့်ဆည်းပေးပါ။ မဟုတ်ရင်တော့ ကြီးလာတဲ့ အခါ အရေးမကြီးတဲ့ အရာတွေအတွက် အသုံးအဖြုန်းကြီးတတ်တဲ့ လူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။
၈။ အဖိုးအဖွားတွေကို လေးစားချစ်ခင်တတ်စေဖို့ ရှေ့ဆောင်လမ်းပြပေးပါ။
ကိုယ်တိုင်ကလည်း မိဘတွေကို လေးစား တန်ဖိုးထားတတ်မှ ကိုယ့်သားသမီးတွေ အလှည့်ကျရင်လည်း ကိုယ့်ကို ရိုသေလေးစားတတ်မှာ ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ ကလေးတွေနဲ့ အဖိုးအဖွားတွေဆီ သွားလည်ပြီး ခြေဆုပ်လက်နယ် ပြုစုတာမျိုးလေးတွေ ပြုလုပ်ပေးပါ။
အရုပ်တွေနဲ့ ကစားနေမယ့်အစား မေတ္တာငတ်နေတဲ့ အဖိုးအဖွားတွေနဲ့ ရင်းနှီး နွေးထွေးစွာ နေထိုင်ဖို့ အချိန်ပေးလိုက်ပါ။
၉။ ငွေကို တန်ဖိုးထားတတ်အောင် သင်ကြားပေးပါ။
ငွေကြေးနဲ့ ပတ်သက်ပြီး ငွေကို ဘယ်လို စီမံ သုံးစွဲရတယ်၊ ပိုတဲ့ငွေကို ဘယ်လိုစုဆောင်းရမယ်။ တစ်ချို့တစ်ဝက်ကိုတော့ မရှိဆင်းရဲသားတွေအတွက် လိုအပ်သလို လှူဒါန်းပေးရတယ် ဆိုတာ မျိုးလေးတွေ အသက်အရွယ်ကြီးသွားတဲ့ အထိ အလေ့အကျင့်ရသွားအောင် သင်ကြားပေးပါ။
၁၀။ ကိုယ်ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေနဲ့ ဗဟုသုတတွေ မျှဝေပေးပါ။
သင်ဟာ ကြွယ်ဝချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့သူဆိုလည်း သင့်မိဘတွေ လက်ထက်က စီးပွားရေးတွေ ဘယ်လိုလုပ်ဆောင်ခဲ့တယ်၊ အကယ်၍ ချို့တဲ့ တဲ့ ဘဝက ဆင်းသက်လာတဲ့ သူဆိုလည်း လောကဓံရဲ့ အထိုးအနှက်တွေကို ဘယ်လို ရုန်းကန်ခဲ့ ရတယ် ဆိုတာတွေကို မျှဝေပေးလိုက်ပါ။
ဒါဆိုရင်တော့ သူတို့လေးတွေ ဘဝအပေါ်ထားတဲ့ ခံယူချက်တွေ တဖြည်းဖြည်း ရင့်ကျက် တည်ငြိမ်လာပါလိမ့်မယ်။
၁၁။ ကိုယ့်ဘဝအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး ဘဝအကြောင်း ကောင်းကောင်းနားလည် သဘောပေါက်အောင် သင်ကြားပေးပါ။
အကယ်၍သင့်မှာ လိုချင်တာမရတိုင်း ဂျစ်တိုက်တတ်တဲ့ ကလေးတစ်ယောက်ရှိနေပြီ ဆိုရင်တော့ ပထမဆုံး အပြစ်တင် ရမယ့်သူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း စိတ်မပျက်ပါနဲ့ ။
အကယ်၍ အရမ်းကြီး ဆိုးရွားတာမျိုးမဟုတ်ခဲ့ဘူး ဆိုရင်တော့ အထက်ဖော်ပြပါ နည်းလမ်းလေးတွေသုံးပြီး ပြုပြင်ဆုံးမလို့ ရနိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ သားသမီးတွေလည်း လိမ္မာရေးခြားရှိလာပြီး ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။
No Comments