
စိိတ္ဖိ္စီးမႈမ်ားလာတဲ႔အခါ ဘာလုပ္သင္႔သလဲဲ
စိိတ္ဖိ္စီးမႈ ဆိုတာ ေၾကာက္စရာလား
ပြြင္႔ပြင္႔လင္းလင္းေျပာရမယ္ ဆိုရင္ေတာ႕ ေၾကာက္စရာပါပဲ။
ဒီေလာက္စိိတ္ဖိစီးတဲ႕ အလုပ္ မလုပ္ေတာ႕ဘူး ထြက္တယ္ဆိုတဲ႕…. စိတ္ဖိစီးမႈကို မခံႏိုင္လို႕အလုပ္ထြက္တဲ႕ သူေတြ။
အိိမ္ေထာင္ေရးဆိုင္ရာ စိတ္ဖိစီးမႈ မ်ားတဲ႕ဒဏ္ကို မခံႏိုင္ေတာ႕လို႕ ကြာရွင္းလိုက္တဲ႕ တစ္ခုလပ္ေတြ။
မိိသားစု၀င္အခ်ိဳ႕ေၾကာင္႔ စိတ္ဖိစီးမႈဒဏ္ကို မခံႏိုင္ေတာ႕လိုိ႔ အိိမ္မွာမေနေတာ႕ဘဲ တစ္ေယာက္တည္း သီးသန္႔ေနထိုိင္ၾကတဲ႕သူေတြ။
ဒါေတြကိုေတာ႕ စိိတ္ဖိစီးမႈကို လက္ေျမွာက္ အရွံဳးေပး လိုက္သူမ်ား လို႕ပဲ ဆိုခ်င္ပါတယ္။ စိတ္ဖိစီးမႈကို အရွံဳးေပးတတ္တဲ႕ သူဟာ အျမဲတမ္း စိတ္ဖိစီးမႈနဲ႕ ရင္ဆိုင္ေတြ႕တိုင္း ထြက္ေျပးရေတာ႕တာပါပဲ။ သူက နဂိုကတည္းက အရွံဳးေပးထားခဲ႕တာကိုး။
စိိတ္ဖိစီးမႈ ဆိုတာ တကယ္ပဲ ေၾကာက္စရာပါ။ ဒါေပမဲ႕ စိတ္ဖိစီးမႈ လံုး၀ မရွိတဲ႕သူေတြေရာ…ေတြ႕ဖူးပါသလား။ စိတ္ဖိစီးမႈ ကင္းေအာင္ ေနထုိင္လို႕ ရပါ သလား။
ကၽြန္မရဲ႕ အေတြ႕အၾကံဳအရ ေျပာရရင္ေတာ႕ လူတိုိင္း ေနရာတိုိင္း၊ နယ္ပယ္တိုင္းမွာ သူ႔ဖိစီးမႈနဲ႕ သူရွိတာခ်ည္း ပါပဲ။
လြတ္လပ္ေပါ႔ပါးတယ္ ဆိုိတဲက ကေလးဘ၀ တုန္းကလည္း စိတ္ဖိစီးမႈ ရွိခဲ႕တာပဲ၊ သူငယ္ခ်င္းက မေခၚမေျပာလို႕ စိတ္ဆင္းရဲခဲ႕တာကေရာ စိတ္ဖိစီးမႈ တစ္မ်ိုးပဲ မဟုတ္ဘူးလား၊ စာေမးပြဲနီးၿပီ စာေတြသိပ္မရေသးလို႕ စာေမးပြဲဟာ စိတ္ဖိစီးမႈျဖစ္ခဲ႕တာပါပဲ။ ကိုယ္ၾကိဳက္တဲ႕ ေကာင္မေလး ကိုယ္႔ကို ျပန္ၾကိဳက္ပါ႕မလား ဆိုတာလည္း စိတ္ဖိစီးမႈ ျဖစ္ခဲ႕တာပါပဲ။
ကၽြန္မအျမင္ကေတာ႕ စိိတ္ဖိစီးမႈ ဆိုတာ ေၾကာက္စရာေကာင္းေပမဲ႕ ဒါကို အရွံဳးမေပးဘဲ၊ တန္ျပန္ အသံုးခ်ႏိုင္ရင္ ကိုယ္႔အတြက္ေတာ႕ အက်ိဳးရွိ ႏိုင္တယ္လို႕ လက္ခံယူဆ မိပါတယ္။
စိိတ္ဖိစီးျခင္းဟာ တြန္အား တစ္မ်ိဳးကို ရရွိေစ ပါတယ္။ စာေမးပြဲနီးၿပီ စာေမးပြဲေအာင္ပါ႕မလားဆိုတဲ႔ စိတ္ဖိီီစီးမႈက စာၾကည္႔ျဖစ္ေစ တယ္။
ဒါ႕အျပင္စိိတ္ဖိစီးမႈကို အရွံဳးမေပးဘဲ၊ တန္ျပန္တုန္႔ျပန္လာႏိုင္တာနဲ႕အမွ် စိတ္ဖိစီးမႈဟာ လြယ္လြယ္နဲ႕မရေတာ႕ပါဘူး။ ဒါဟာလည္း စိိတ္ပိုင္းဆိုင္ရာ အဆင္႔တစ္ခုကို ေက်ာ္တက္ႏိုင္တာလို႕ ကၽြန္မေတာ႕ ယံုၾကည္ထားတယ္။
အဲဒါေၾကာင့္္ ေရွာင္လြဲလို ႔မရတဲ့ စိတ္ဖီစီးမႈေတြနဲ႔ၾကံဳလာရင္ အဲဒါကိုဘယ္လို တင္းခံၿပီးေတာ႕ အက်ိဳးျဖစ္ေအာင္ တုန္႔ျပန္ၾကမလဲ။
ကၽြန္မအေနနဲ႕ကေတာ႕ စိိတ္ဖိစီးမႈကို တုန္႔ျပန္တဲ႕ေနရာမွာ အေျပာင္းအလဲတစ္ခုခု ျပဳလုပ္တာက အေကာင္းဆံုးလို႕ ဆိုခ်င္ပါတယ္။
ဥပမာ လုပ္ငန္းခြင္မွာ စိိတ္ဖိစီးလာတဲ႕အခါ စိတ္ထြက္ေပါက္အေနနဲ႕ အလုပ္ခဏနားၿပီး ခရီးသြားတာမ်ိဳး၊ တစ္ေနရာရာမွာ ကိုယ္၀ါသနာပါတဲ႕ အႏုပညာ တစ္မ်ိဳးမ်ိဳးကို ျပဳလုပ္ျခင္းအားျဖင္႔လည္း စိတ္ပို္င္းဆိုင္ရာ အေျပာငး္အလဲျဖစ္လာၿပီးေတာ႕ အေကာင္းဘက္ကို ဦးတည္ေစပါတယ္။
စိိတ္ပင္ပန္းတဲ႕အခါ ခြန္အားျဖစ္ေစမဲ႕ စာဖတ္ျခင္း စာေရးျခင္း စတာတစ္ခုခုကို လုပ္ခဲ႕မိရင္ ဗဟုသုတရရွိေစသလို၊ ကိုယ္ံရဲ႕အေတြးအျမင္ေတြကို လည္း ျပန္လည္မွ်ေ၀ႏိုင္သူ တစ္ဦးျဖစ္လာ ႏိုင္ပါတယ္။
အခ်ိဳ႕ကောတ႕ အရက္ေသာက္တာမ်ိဳး၊ အျခားအေပ်ာ္အပါးတစ္ခုခုုနဲ႕တုန္႔ျပန္တာမ်ိဳးလည္း လုပ္ၾကပါတယ္။
အဓိကကေတာ႕ ကိုယ္႔ကို အေကာင္းဘက္ ေရာက္ေစမဲ႕ အက်ိဳးျဖစ္ေစမဲ႕ စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈတစ္ခုခုကို ျပဳလုပ္ေပးလိုက္တာက စိတ္ဖိစီးမႈကို အႏိုင္ယူလိုက္တဲ႕ နည္းလမ္းလို႕ ဆိုခ်င္ပါတယ္။
လံုး၀ စိိတ္ဖိစီးမႈ ကင္းေ၀းဖို႕ဆိုတာ မျဖစ္ႏိုင္တဲ႕အတြက္ စိတ္ဖိစီးမႈကို ဘယ္လိုတုန္႔ျပန္ရင္ ကိုယ္႔အတြက္ အက်ိဳးရွိေစမလဲ ဆိုတာကို ေသခ်ာ စဥ္းစားၿပီး တုန္႔ျပန္ၾကဖို႕ တိုိက္တြန္းလိုပါတယ္ရွင္။
ဘယ္ေတာ႕မွ အရွံဳး မေပးလိုိက္ပါနဲ႕ေနာ္…
ေမသၾကၤန္ဟိန္(ျမစ္မခ)
Unicode
စိတ်ဖိစီးမှုများလာတဲ့အခါ ဘာလုပ်သင့်သလဲ
စိတ်ဖိစီးမှု ဆိုတာ ကြောက်စရာလား
ပွင့်ပွင့်လင်းလင်းပြောရမယ် ဆိုရင်တော့ ကြောက်စရာပါပဲ။
ဒီလောက်စိတ်ဖိစီးတဲ့ အလုပ် မလုပ်တော့ဘူး ထွက်တယ်ဆိုတဲ့…. စိတ်ဖိစီးမှုကို မခံနိုင်လို့အလုပ်ထွက်တဲ့ သူတွေ။
အိမ်ထောင်ရေးဆိုင်ရာ စိတ်ဖိစီးမှု များတဲ့ဒဏ်ကို မခံနိုင်တော့လို့ ကွာရှင်းလိုက်တဲ့ တစ်ခုလပ်တွေ။
မိသားစုဝင်အချို့ကြောင့် စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်တော့လို့ အိမ်မှာမနေတော့ဘဲ တစ်ယောက်တည်း သီးသန့်နေထိုင်ကြတဲ့သူတွေ။
ဒါတွေကိုတော့ စိတ်ဖိစီးမှုကို လက်မြှောက် အရှုံးပေး လိုက်သူများ လို့ပဲ ဆိုချင်ပါတယ်။ စိတ်ဖိစီးမှုကို အရှုံးပေးတတ်တဲ့ သူဟာ အမြဲတမ်း စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်တွေ့တိုင်း ထွက်ပြေးရတော့တာပါပဲ။ သူက နဂိုကတည်းက အရှုံးပေးထားခဲ့တာကိုး။
စိတ်ဖိစီးမှု ဆိုတာ တကယ်ပဲ ကြောက်စရာပါ။ ဒါပေမဲ့ စိတ်ဖိစီးမှု လုံး၀ မရှိတဲ့သူတွေရော…တွေ့ဖူးပါသလား။ စိတ်ဖိစီးမှု ကင်းအောင် နေထိုင်လို့ ရပါ သလား။
ကျွန်မရဲ့ အတွေ့အကြုံအရ ပြောရရင်တော့ လူတိုင်း နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ သူ့ဖိစီးမှုနဲ့ သူရှိတာချည်း ပါပဲ။
လွတ်လပ်ပေါ့ပါးတယ် ဆိုတဲက ကလေးဘ၀ တုန်းကလည်း စိတ်ဖိစီးမှု ရှိခဲ့တာပဲ၊ သူငယ်ချင်းက မခေါ်မပြောလို့ စိတ်ဆင်းရဲခဲ့တာကရော စိတ်ဖိစီးမှု တစ်မျိုးပဲ မဟုတ်ဘူးလား၊ စာမေးပွဲနီးပြီ စာတွေသိပ်မရသေးလို့ စာမေးပွဲဟာ စိတ်ဖိစီးမှုဖြစ်ခဲ့တာပါပဲ။ ကိုယ်ကြိုက်တဲ့ ကောင်မလေး ကိုယ့်ကို ပြန်ကြိုက်ပါ့မလား ဆိုတာလည်း စိတ်ဖိစီးမှု ဖြစ်ခဲ့တာပါပဲ။
ကျွန်မအမြင်ကတော့ စိတ်ဖိစီးမှု ဆိုတာ ကြောက်စရာကောင်းပေမဲ့ ဒါကို အရှုံးမပေးဘဲ၊ တန်ပြန် အသုံးချနိုင်ရင် ကိုယ့်အတွက်တော့ အကျိုးရှိ နိုင်တယ်လို့ လက်ခံယူဆ မိပါတယ်။
စိတ်ဖိစီးခြင်းဟာ တွန်အား တစ်မျိုးကို ရရှိစေ ပါတယ်။ စာမေးပွဲနီးပြီ စာမေးပွဲအောင်ပါ့မလားဆိုတဲ့ စိတ်ဖီစီးမှုက စာကြည့်ဖြစ်စေ တယ်။
ဒါ့အပြင်စိတ်ဖိစီးမှုကို အရှုံးမပေးဘဲ၊ တန်ပြန်တုန့်ပြန်လာနိုင်တာနဲ့အမျှ စိတ်ဖိစီးမှုဟာ လွယ်လွယ်နဲ့မရတော့ပါဘူး။ ဒါဟာလည်း စိတ်ပိုင်းဆိုင်ရာ အဆင့်တစ်ခုကို ကျော်တက်နိုင်တာလို့ ကျွန်မတော့ ယုံကြည်ထားတယ်။
အဲဒါကြောင့်် ရှောင်လွဲလို့မရတဲ့ စိတ်ဖီစီးမှုတွေနဲ့ကြုံလာရင် အဲဒါကိုဘယ်လို တင်းခံပြီးတော့ အကျိုးဖြစ်အောင် တုန့်ပြန်ကြမလဲ။
ကျွန်မအနေနဲ့ကတော့ စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့နေရာမှာ အပြောင်းအလဲတစ်ခုခု ပြုလုပ်တာက အကောင်းဆုံးလို့ ဆိုချင်ပါတယ်။
ဥပမာ လုပ်ငန်းခွင်မှာ စိတ်ဖိစီးလာတဲ့အခါ စိတ်ထွက်ပေါက်အနေနဲ့ အလုပ်ခဏနားပြီး ခရီးသွားတာမျိုး၊ တစ်နေရာရာမှာ ကိုယ်ဝါသနာပါတဲ့ အနုပညာ တစ်မျိုးမျိုးကို ပြုလုပ်ခြင်းအားဖြင့်လည်း စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်လာပြီးတော့ အကောင်းဘက်ကို ဦးတည်စေပါတယ်။
စိတ်ပင်ပန်းတဲ့အခါ ခွန်အားဖြစ်စေမဲ့ စာဖတ်ခြင်း စာရေးခြင်း စတာတစ်ခုခုကို လုပ်ခဲ့မိရင် ဗဟုသုတရရှိစေသလို၊ ကိုယ်ံရဲ့အတွေးအမြင်တွေကို လည်း ပြန်လည်မျှဝေနိုင်သူ တစ်ဦးဖြစ်လာ နိုင်ပါတယ်။
အချို့ကောတ့ အရက်သောက်တာမျိုး၊ အခြားအပျော်အပါးတစ်ခုခုနဲ့တုန့်ပြန်တာမျိုးလည်း လုပ်ကြပါတယ်။
အဓိကကတော့ ကိုယ့်ကို အကောင်းဘက် ရောက်စေမဲ့ အကျိုးဖြစ်စေမဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုခုကို ပြုလုပ်ပေးလိုက်တာက စိတ်ဖိစီးမှုကို အနိုင်ယူလိုက်တဲ့ နည်းလမ်းလို့ ဆိုချင်ပါတယ်။
လုံး၀ စိတ်ဖိစီးမှု ကင်းဝေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် စိတ်ဖိစီးမှုကို ဘယ်လိုတုန့်ပြန်ရင် ကိုယ့်အတွက် အကျိုးရှိစေမလဲ ဆိုတာကို သေချာ စဉ်းစားပြီး တုန့်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်ရှင်။
ဘယ်တော့မှ အရှုံး မပေးလိုက်ပါနဲ့နော်…
မေသင်္ကြန်ဟိန်(မြစ်မခ)
No Comments