ေပ်ာ္႐ႊင္စရာဘဝကို ပိုင္ဆိုင္လိုသလား၊ ေအာက္က အခ်က္ (၁၀) ကို လိုက္နာၾကည့္ပါ။ - Amawpyay

ေပ်ာ္႐ႊင္စရာဘဝကို ပိုင္ဆိုင္လိုသလား၊ ေအာက္က အခ်က္ (၁၀) ကို လိုက္နာၾကည့္ပါ။

ေပ်ာ္႐ႊင္စရာဘဝကို ပိုင္ဆိုင္လိုသလား၊
Life Style

ေပ်ာ္႐ႊင္စရာဘဝကို ပိုင္ဆိုင္လိုသလား၊ ေအာက္က အခ်က္ (၁၀) ကို လိုက္နာၾကည့္ပါ။

သင္ဟာ တစ္ေန႔တစ္ေန႔ အလုပ္မ်ားထဲမွာ အာ႐ုံႏွစ္ၿပီး အလုပ္ေတြပိေနလို႔ လုပ္ငန္းခြင္ကို
မေပ်ာ္႐ႊင္ ဘူးလို႔ေတြးေနမိပါသလား။ သင့္ကို ေပ်ာ္႐ႊင္တဲ့ဘဝ ပိုင္ဆိုင္ဖို႔ သင့္လုပ္ငန္းစဥ္အတြင္း စည္းမ်ဥ္းအခ်ိဳ႕ကို ခ်မွတ္ ထားလိုက္မယ္ဆိုရင္ သင္ေပ်ာ္႐ႊင္မွာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (WHO)က ေပ်ာ္႐ႊင္တဲ့ဘဝ ပိုင္ဆိုင္ေစဖို႔ လုပ္ငန္းခြင္စည္းမ်ဥ္း ဆယ္ခ်က္ကို မွ်ေဝထားပါတယ္။

၁… သင့္အေနနဲ႔ ဘယ္သူ႔ကိုမွ အလြယ္တကူ မယုံၾကည္ပါနဲ႔… ဒါေပမဲ့ လူတိုင္းကိုေတာ့ တန္ဘိုးထား ေလးစားပါ။

၂…. သင္ဟာ အလုပ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အလုပ္မွာပဲ ခ်န္ထားခဲ့ပါ။ အလုပ္ထဲက အတင္းအဖ်င္းမ်ားနဲ႔ အေရးမပါတဲ့ ကိစၥေတြကို အိမ္ကိုဘယ္ေတာ့မွ သယ္ေဆာင္မလာပါနဲ႔။ အလားတူပါပဲ
အိမ္က ကိစၥဝိစၥ အတင္းအဖ်င္းေတြကိုလည္း အလုပ္ဆီ ကိုသယ္ေဆာင္မသြားပါနဲ႔။

၃….. အလုပ္ခ်ိန္ကိုေလးစားပါ.. အခ်ိန္မွီသြားပါ.. အလုပ္ၿပီးတာနဲ႔ အိမ္ကို အရင္ဆုံးေရာက္ေအာင္ျပန္ပါ။ သင့္လုပ္ငန္းခြင္ စားပြဲေတြ ကြန္ပ်ဴတာေတြက သင့္က်န္းမာေရးကို ေကာင္းမြန္ေအာင္ မကူညီႏိုင္ပါဘူး။

၄….. လုပ္ငန္းခြင္မွာ အခ်စ္ေရး မတည္ေဆာက္ပါနဲ႔ ခ်စ္သူနဲ႔ အဆင္မေျပတဲ့အခါ အလုပ္မွာ
ေတြ႕ေနျမင္ေနရၿပီး စိတ္အေႏွာင့္အယွက္ ျဖစ္ေစကာ အလုပ္ လုပ္ႏိုင္စြမ္းကို ထိခိုက္ႏိုင္ပါတယ္။

၅….. ဘာကိုမွ မေမွ်ာ္လင့္ပါနဲ႔ .. တစ္ေယာက္ေယာက္က ကူညီရင္ ေက်းဇူးတင္လိုက္ပါ။
မကူညီရင္လည္း ကိုယ့္ဟာကိုယ္ သိေအာင္ေလ့လာပါ။

၆…. ရာထူးေနရာအတြက္ အလ်င္မလိုပါနဲ႔.. ရာထူးတိုးခံရရင္ ဂုဏ္ယူလိုက္ပါ.. ရာထူးတိုး မခံရရင္လည္း ကိစၥမရွိပါ.. သင့္ဗဟုသုတနဲ႔ ယဥ္ေက်းမႈက ရာထူးတိုးျခင္း မတိုးျခင္းနဲ႔ လုံးဝ မသက္ဆိုင္ပါဘူး။

၇….. ႐ုံးအလုပ္အတြက္ခ်ည့္ ေျပးလႊား မေနပါနဲ႔ ။ ဘဝမွာ သင့္အတြက္ အေရးပါတဲ့ လုပ္စရာေတြ ရွိေနပါေသးတယ္။

၈…. လုပ္ခလစာဟာ အေရးပါသလို သင့္ ေပ်ာ္႐ႊင္မႈဟာလည္း အေရးႀကီးပါတယ္။

၉…. လူေတြ သင့္အေပၚ ဘယ္လို ေကာင္းမြန္စြာ ျပဳမူဆက္ဆံသလဲဆိုတာ အေရးမႀကီးပါ..
သင္က လူတိုင္းအတြက္ အရသာခံစရာ စားကုန္တစ္ခု ျဖစ္မေနဖို႔ပဲ လိုပါတယ္။

၁၀…. သင့္မွာ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္း အိမ္နဲ႔ ရင္တြင္း ၿငိမ္းခ်မ္းမႈကလြဲလို႔ တျခားဘာမွ အေရးမႀကီးဘူးလို႔ ယုံထားပါ။

ဒီလို လုပ္ငန္းခြင္နဲ႔ ဘဝအတြက္ စည္းမ်ဥ္းေတြ ခ်မွတ္ၿပီး လိုက္နာခဲ့မယ္ဆိုရင္ သင့္မွာ ေပ်ာ္႐ႊင္တဲ့ ဘဝကို ပိုင္ဆိုင္ဖို႔ မေဝးေတာ့ဘူးလို႔ သိလိုက္ပါ။

စႏၵီျမင့္မိုရ္#

photo : internet

credit to santhitsa.net

Unicode

ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်လိုသလား၊ အောက်က အချက် (၁၀) ကို လိုက်နာကြည့်ပါ။

သင်ဟာ တစ်နေ့တစ်နေ့ အလုပ်များထဲမှာ အာရုံနှစ်ပြီး အလုပ်တွေပိနေလို့ လုပ်ငန်းခွင်ကို
မပျော်ရွှင် ဘူးလို့တွေးနေမိပါသလား။ သင့်ကို ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ သင့်လုပ်ငန်းစဉ်အတွင်း စည်းမျဉ်းအချို့ကို ချမှတ် ထားလိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်စေဖို့ လုပ်ငန်းခွင်စည်းမျဉ်း ဆယ်ချက်ကို မျှဝေထားပါတယ်။

၁… သင့်အနေနဲ့ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့… ဒါပေမဲ့ လူတိုင်းကိုတော့ တန်ဘိုးထား လေးစားပါ။

၂…. သင်ဟာ အလုပ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အလုပ်မှာပဲ ချန်ထားခဲ့ပါ။ အလုပ်ထဲက အတင်းအဖျင်းများနဲ့ အရေးမပါတဲ့ ကိစ္စတွေကို အိမ်ကိုဘယ်တော့မှ သယ်ဆောင်မလာပါနဲ့။ အလားတူပါပဲ
အိမ်က ကိစ္စဝိစ္စ အတင်းအဖျင်းတွေကိုလည်း အလုပ်ဆီ ကိုသယ်ဆောင်မသွားပါနဲ့။

၃….. အလုပ်ချိန်ကိုလေးစားပါ.. အချိန်မှီသွားပါ.. အလုပ်ပြီးတာနဲ့ အိမ်ကို အရင်ဆုံးရောက်အောင်ပြန်ပါ။ သင့်လုပ်ငန်းခွင် စားပွဲတွေ ကွန်ပျူတာတွေက သင့်ကျန်းမာရေးကို ကောင်းမွန်အောင် မကူညီနိုင်ပါဘူး။

၄….. လုပ်ငန်းခွင်မှာ အချစ်ရေး မတည်ဆောက်ပါနဲ့ ချစ်သူနဲ့ အဆင်မပြေတဲ့အခါ အလုပ်မှာ
တွေ့နေမြင်နေရပြီး စိတ်အနှောင့်အယှက် ဖြစ်စေကာ အလုပ် လုပ်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

၅….. ဘာကိုမှ မမျှော်လင့်ပါနဲ့ .. တစ်ယောက်ယောက်က ကူညီရင် ကျေးဇူးတင်လိုက်ပါ။
မကူညီရင်လည်း ကိုယ့်ဟာကိုယ် သိအောင်လေ့လာပါ။

၆…. ရာထူးနေရာအတွက် အလျင်မလိုပါနဲ့.. ရာထူးတိုးခံရရင် ဂုဏ်ယူလိုက်ပါ.. ရာထူးတိုး မခံရရင်လည်း ကိစ္စမရှိပါ.. သင့်ဗဟုသုတနဲ့ ယဉ်ကျေးမှုက ရာထူးတိုးခြင်း မတိုးခြင်းနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။

၇….. ရုံးအလုပ်အတွက်ချည့် ပြေးလွှား မနေပါနဲ့ ။ ဘဝမှာ သင့်အတွက် အရေးပါတဲ့ လုပ်စရာတွေ ရှိနေပါသေးတယ်။

၈…. လုပ်ခလစာဟာ အရေးပါသလို သင့် ပျော်ရွှင်မှုဟာလည်း အရေးကြီးပါတယ်။

၉…. လူတွေ သင့်အပေါ် ဘယ်လို ကောင်းမွန်စွာ ပြုမူဆက်ဆံသလဲဆိုတာ အရေးမကြီးပါ..
သင်က လူတိုင်းအတွက် အရသာခံစရာ စားကုန်တစ်ခု ဖြစ်မနေဖို့ပဲ လိုပါတယ်။

၁၀…. သင့်မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်း အိမ်နဲ့ ရင်တွင်း ငြိမ်းချမ်းမှုကလွဲလို့ တခြားဘာမှ အရေးမကြီးဘူးလို့ ယုံထားပါ။

ဒီလို လုပ်ငန်းခွင်နဲ့ ဘဝအတွက် စည်းမျဉ်းတွေ ချမှတ်ပြီး လိုက်နာခဲ့မယ်ဆိုရင် သင့်မှာ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မဝေးတော့ဘူးလို့ သိလိုက်ပါ။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

" သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား "
Life Style
” သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား “

” သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား “ ကျွန်မတို့ လူမျိုး အများစုရဲ့ အမူအကျင့် တစ်ခုကတော့ ပစ္စည်း တစ်ခုခုကို မပျက်ယွင်းမချင်း သုံးနေတတ်တာပါပဲ ရက်လွန်တာ မလွန်တာ မသိ မပျက်စီးသ၍ မလဲလှယ် တတ်ကြပါ။ ဒါဟာ မှားယွင်းတဲ့ အယူအဆ တစ်ခုပါ။ ။ အချို့ ပစ္စည်းတွေက မပျက်စီးသော်လည်း မကြာခဏ လဲလှယ် သင့်တာမျိုးပါ။ မလဲပဲ ပေတေ အသုံးပြုမိရင် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။ သင့် ခေါင်းအုံး သင် ညစဉ် အိပ်စက်နေသည့် သင့် အိပ်ယာမှ သင့် ခေါင်းအုံး တစ်လုံးကို …

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

Life Style
ဘယ္လိုမွမတတ္ႏိုင္ေပမယ့္ စိတ္ညစ္စိတ္ပ်က္ေနစရာမလိုတဲ့ အခ်က္ (၁၀)ခ်က္

ဘယ္လိုမွမတတ္ႏိုင္ေပမယ့္ စိတ္ညစ္စိတ္ပ်က္ေနစရာမလိုတဲ့ အခ်က္ (၁၀)ခ်က္ စိတ္မပ်က္ပါနဲ႔ ေဆြးစရာမရွိတဲ့….ဘဝမွာ ဘယ္လိုမွမတတ္ႏိုင္တဲ့ဲ အခ်က္၁၀ခ်က္ ဘဝထဲက ဘယ္လိုမွမတတ္ႏိုင္တဲ့ (၁၀)ခ်က္။ ၁။ သင့္ကိုခြဲသြားတဲ့သူ သင့္ကိုခြဲသြားတဲ့သူက သင့္ကိုဆုံးရႈံးသြားတာ… သင္က သူ႔ကိုဆုံးရႈံးသြားတာမဟုတ္ဘူး၊ သူခြဲခြာသြားတာက ေနာက္တစ္လမ္းက အခုေလွ်ာက္ေနတဲ့လမ္းထက္ေကာင္းလို႔ ေ႐ြးျခယ္လိုက္တာ။ “ ခြဲခြာျခင္းက အသက္ရွင္စဥ္တစ္ေလွ်ာက္လုံး အမ်ားႀကီးေတြ႕ ရဦးမွာ ” ၂။ တစ္ဟုန္ထိုးစီးဆင္းေနတဲ့ အခ်ိန္ အခ်ိန္က ေရထက္ေတာင္မွ စီးဆင္းတာျမန္ေသးတယ္၊ ဒါ့ေၾကာင့္ လုပ္စရာရွိတာကိုျမန္ျမန္လုပ္၊ ႀကိဳးစားစရာရွိတာ ျမန္ျမန္ႀကိဳးစား၊ ကိုယ့္ပခုံးထက္ကတာဝန္ ကိုယ္ေက်ေအာင္လုပ္။ “ အသက္ရွင္ေနၿပီး လႈပ္ႏိုင္ေသးခ်ိန္မွာ အခ်ိန္ကိုတန္ဖိုးထားပါ ” ၃။ သင့္ကိုေက်ာခိုင္းထားတဲ့နံရံ သင့္ကိုေက်ာခိုင္းထားတဲ့နံရံက သင့္ကိုဘယ္လိုမွ အသက္ရႈလို႔မရေအာင္လုပ္မယ္၊ သင့္မွာ …