
လူတိုင္းဖတ္သင့္တဲ႕ ပင္စင္စားတစ္ေယာက္ေရးထားတဲ႕ သံေဝဂစာ
ကၽြန္ေတာ္စာေတြ သင္ခဲ့ တယ္။ တိရစၧာန္ေဆးကု ဆရာဝန္ဘြဲ႕ တစ္ခုကိုရခဲ့တယ္။စစ္ထဲဝင္ခဲ့တယ္။တပ္ရင္းမွဴး ျဖစ္ခဲ့တယ္။ ကၽြန္ေတာ္ အိမ္ကို ျပန္သြားတဲ့ အခါ အသိမွတ္ျပဳ အေလးေပးတာ ခံခဲ့ရပါတယ္။အမ်ိဳးထဲမွာ ပထမဦးဆုံး ဆရာဝန္ အရာရွိ ျဖစ္သူ တစ္ေယာက္ အေနနဲ႔ေပါ့။
ခုခ်ိန္မွာေတာ့ .ပင္စင္စားကၽြန္ေတာ္ဟာ တိ/ေဆးကုခန္း ဖြင့္ထားတယ္။ တိ / ေဆးကုဆရာဝန္တစ္ေယာက္ အေနနဲ ့’ဆရာ’ ေတာ့ အေခၚခံရေသး တာေပါ့ ။
တခါတေလ ေထာင္ထားတဲ့ လုိင္းကား မွာ စပယ္ယာ လုိက္ေနတဲ့’သာမာန္ေယာက်ာၤး’ တစ္ေယာက္ ပဲ ျဖစ္သြာ းတယ္။ အတန္းပညာ မတတ္တဲ့ သာမာန္ ေယာက်ာၤး တစ္ေယာက္ လို႔လည္း ျမင္မိရင္ ျမင္မိၾကလိမ့္မယ္။
ကၽြန္ေတာ္ ဘာဘြဲ႕ရ ခဲ့လည္း ဘယ္သူမွ စိတ္မဝင္စားဘူ း။’ဘြဲ႕’ေတြ ‘ဒီဂရီ’ ေတြ ဆိုတာ တန္ဖိုးသိသူေတြလက္ထဲမွာပဲ အသုံးဝင္ေနတာ ပါလားလို႔ ေတြးမိ လာတယ္ ။ ” ပညာ ” ေတြ အရမ္းတတ္ တယ္လို႔ ထင္ခဲ့ေပမဲ့ခုခ်ိန္ ကားလာျပင္ခိုင္းရင္ ျပင္တတ္မွာ မဟုတ္ဘူး။
ကားျပင္ဆရာကလည္း ကိုယ္ရထားတဲ့ ဘြဲ႕မ်ိဳး မက္ေမာမွာ မဟုတ္ဘူး။’ပညာ’ဆိုတာလည္း အကန္႔အသတ္ေလးေတြနဲ႔ရွိေနတာပါလား ဆုိတာ စဥ္းစားမိ လာတယ္။’ပညာ’ဆိုတာ တကယ္ေတာ့ “ဆင္ျခင္တုံတရား” ပဲ လို႔ သိျမင္ လာတယ္။
ကၽြန္ေတာ္ တစ္ခါ လုိင္းကားေနာက္လုိက္ရင္း ခရီးသြားတစ္ေယာက္ ကၽြန္ေတာ့္ကို ပစၥည္းတင္ခုိင္းတယ္ ။ကၽြန္ေတာ္ျပဳံးမိတယ္။ကၽြန္ေတာ္ ‘ဘယ္သူလဲ’ ဆိုတာ ဘယ္သူမွ စိတ္မဝင္စားခဲ့ပါဘူး။
‘ေအာင္ျမင္ေက်ာ္ၾကားမႈ’ ေနာက္ကို ကၽြန္ေတာ္လိုက္ေနေပမဲ့..ဒီ ‘ေအာင္ျမင္မႈ’ ဆိုတာ ကၽြန္ေတာ့္ကို အစဥ္အျမဲ ‘အေလးျပဳ ေနတဲ့အရာ’ မဟုတ္ဘူး ဆုိတာ သေဘာေပါက္ မိလာတယ္။
ဒါေၾကာင့္.. “ေအာင္ျမင္မႈ” ဆိုတာ တကယ္ေတာ့ ‘ေလာဘ” ေဒါသ’ နဲ႔ ‘ေမာဟ’ ကို ထိန္းခ်ဳပ္ ကြပ္ကဲနိုင္ျခင္း ကသာ ‘ေအာင္ျမင္မႈအစစ္အမွန္’ျဖစ္တယ္လို႔ လက္ခံလာမိတယ္။
“အလုပ္” ေတြ .ေတာ္ေတာ္လုပ္ခဲ့တယ္။အလုပ္ထဲမွာ ဒုတိယဗုိလ္မွဴးႀကီး ရာထူးတစ္ခု ရရွိခဲ့တယ္။ဒါေပမဲ့ အလုပ္ရပ္လိုက္တဲ့ေန႔မွာ ကၽြန္ေတာ္ဟာ ဘာမွမဟုတ္ေတာ့ျပန္ဘူး။
အလွဴမဂၤလာ ပြဲလမ္းသဘင္ေတြဆီ ေရာက္ေတာ့ .အရင္လို ေရွ႕ဆုံးဝိုင္းမွာ ရာထူးရာခံရွိသူေတြနဲ႔ မထိုင္ရေတာ့ဘူး။ဟိုလိုလို ဒီလိုလိုနဲ႔ ေနာက္နားေလး မသိမသာပို႔တာခံရတယ္။’အဘ’တို႔ ‘ဗုိလ္မွဴးႀကီး’တို႔ ဆိုတဲ့ ‘ရာထူး ရာခံ ဂုဏ္ျဒပ္’ ေတြဟာ ကိုယ့္ကို တစ္သက္လုံး မေစာင့္ေရွာက္နိုင္ပါလား သိနားလည္လာတယ္။
အဲဒီေနာက္ပိုင္း..သူကေတာ့ ဘာမို႔လို႔ အထင္ႀကီးတယ္ သူ႔ကိုေတာ့ အထင္ေသးတယ္..ဆိုတာေတြ မရွိေတာ့ဘူး။” ေနရာ ” ဆိုတာ ဘယ္ေနရာျဖစ္ျဖစ္ ေနတတ္ဖို႔ကသာ အေရးႀကီးပါတယ္ လို႔ ေတြးတတ္လာတယ္.။
‘ပိုက္ဆံ’ ေတြရွာခဲ့တယ္ ။ ဒီပိုက္ဆံေတြနဲ႔ မိသားစုကို ေထာက္ပံ့ ခဲ့တယ္..ခရီးေတြသြားခဲ့တယ္။ဝတ္ေကာင္းစားလွေတြဝတ္ခဲ့စားခဲ့ တယ္။ ဒါေပမဲ့..ကိုယ့္ေလာက္ မရွိတဲ့ သူေရွ႕မွာ ကိုယ္က ‘သူေဌး’ ျဖစ္ေနၿပီး။
ကိုယ့္ထက္အဆ တစ္ရာေလာက္ ခ်မ္းသာတဲ့ သူေတြေရွ႕မွာ ကိုယ္က ‘မရွိဆင္းရဲ သားေလး’ျဖစ္သြားတာ ေတြ႕ရေတာ့..’ ပိုက္ဆံ ‘ နဲ႔ ျပၿပီးဘယ္လိုပဲ ဂုဏ္ဆာေနၾကပါေစ..အဲဒီ “ဂုဏ္” ေတြ …. ေျမာင္းထဲ ေရာက္သြားတဲ့ အခါေတြလည္း ရွိပါေသးလား ..ျမင္တတ္လာတယ္။
‘ ပိုက္ဆံ ‘ ဆိုတာ .ဘယ္ေလာက္ရွိရွိ ။ကိုယ္နဲ႔ မထိုက္တန္ .ကိုယ့္အတြက္ မဟုတ္ရင္ … ဘယ္ေလာက္ပဲ ပင္ပင္ပန္းပန္း ရွာေဖြ ရွာေဖြ . ထားခဲ့ရတာပါပဲ ။
ကၽြန္ေတာ္တို႔တေတြ …ေန႔တိုင္းရွင္သန္ေနၾကရပါတယ္။ ‘ပညာ’ေနာက္ကို လိုက္ေနလား။’ေအာင္ျမင္ ေက်ာ္ၾကားမႈ’ ေနာက္ကို လိုက္ေနလား။’ရာထူးရာခံဂုဏ္ျဒပ္’ေတြ’စည္းစိမ္ခ်မ္းသာပကာသန ‘ေတြ.. ေနာက္ကိုမ်ား လိုက္ေနမိလား…..။
ဘာေတြ ေနာက္လိုက္ၿပီး….ဘယ္လိုပုံစံနဲ႔ …. ရွင္သန္ေနၾက တာလဲ…။ကိုယ့္ကိုကိုယ္ … ေမးၾကည့္မိတာျဖစ္ပါတယ္…။
”ဘဝ”အေတြ႕အၾကဳံေတြအရ ဒါေတြဟာ တခဏ အခ်ိန္အတိုင္းအတာ တစ္ခု။ အေျခအေနတစ္ခု။ အတြက္သာ အသုံးဝင္တာေသခ်ာၿပီး ေနာက္ဆုံးေတာ့ လည္းကိုယ့္ကို ….”အျမဲ မေစာင့္ေရွာက္နိုင္ဘူး” ဆိုတာ လက္ခံလာမိတယ္။
ကိုယ္ယုံၾကည္ အားကိုးလို႔ မရဘူး ဆိုတာ သိျမင္ လာတယ္။တကယ္ေတာ့ …. လိုက္ခ်င္းလိုက္ရင္.. ကိုယ့္ကို ဒီ ‘တစ္ဘဝ’ အတြက္သာမက ‘သံသရာ’ မွာပါ ကာကြယ္ေစာင့္ေရွာက္ေပးမဲ့… “တရား” ေတြ ။”အက်င့္” ေတြ ။”ဥာဏ္” ေတြ ။ ေနာက္ကို လိုက္ၾကရမွာပါ။
ဒါကို….ကၽြန္ေတာ္ ေစာၿပီး သိခဲ့ရတာ..ကံေကာင္းပါတယ္။ကၽြန္ေတာ္တို႔ လူအမ်ားစုဟာ ဘယ္ေတာ့မွ’ ၿပီးျပည့္စုံသြားၿပီ ‘ လို႔ မရွိတဲ့ အရာေတြရဲ့ ေနာက္ကို အေမာတေကာ လိုက္ေနၾကပါတယ္။
ဘယ္လိုလိုက္လိုက္ ေသသာသြားေရာ ဘယ္ေတာ့မွလည္း ၿပီးဆုံးသြားသည္ မရွိပါဘူး..။ကၽြန္ေတာ္လည္း အပါအဝင္ေပါ့ေလ..
ေမာလိုက္တာ..ဘာကိုလိုက္မွန္းမသိ လိုက္ေနမိတာ..ဒါေပမဲ့..ကၽြန္ေတာ္ေလ လုံးဝ မရပ္နိုင္ေသးသည့္တိုင္အရွိန္ေလၽွာ့ၿပီး ဘရိတ္ေတာ့ အုပ္လိုက္ နိုင္ၿပီဗ်။ခရက္ဒစ္
ယူနီကုတ္
လူတိုင်းဖတ်သင့်တဲ့ ပင်စင်စားတစ်ယောက်ရေးထားတဲ့ သံဝေဂစာ
ကျွန်တော်စာတွေ သင်ခဲ့ တယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်ဘွဲ့ တစ်ခုကိုရခဲ့တယ်။စစ်ထဲဝင်ခဲ့တယ်။တပ်ရင်းမှူး ဖြစ်ခဲ့တယ်။ ကျွန်တော် အိမ်ကို ပြန်သွားတဲ့ အခါ အသိမှတ်ပြု အလေးပေးတာ ခံခဲ့ရပါတယ်။အမျိုးထဲမှာ ပထမဦးဆုံး ဆရာဝန် အရာရှိ ဖြစ်သူ တစ်ယောက် အနေနဲ့ပေါ့။
ခုချိန်မှာတော့ .ပင်စင်စားကျွန်တော်ဟာ တိ/ဆေးကုခန်း ဖွင့်ထားတယ်။ တိ / ဆေးကုဆရာဝန်တစ်ယောက် အနေနဲ့’ဆရာ’ တော့ အခေါ်ခံရသေး တာပေါ့ ။
တခါတလေ ထောင်ထားတဲ့ လိုင်းကား မှာ စပယ်ယာ လိုက်နေတဲ့’သာမာန်ယောကျာၤး’ တစ်ယောက် ပဲ ဖြစ်သွာ းတယ်။ အတန်းပညာ မတတ်တဲ့ သာမာန် ယောကျာၤး တစ်ယောက် လို့လည်း မြင်မိရင် မြင်မိကြလိမ့်မယ်။
ကျွန်တော် ဘာဘွဲ့ရ ခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားဘူ း။’ဘွဲ့’တွေ ‘ဒီဂရီ’ တွေ ဆိုတာ တန်ဖိုးသိသူတွေလက်ထဲမှာပဲ အသုံးဝင်နေတာ ပါလားလို့ တွေးမိ လာတယ် ။ ” ပညာ ” တွေ အရမ်းတတ် တယ်လို့ ထင်ခဲ့ပေမဲ့ခုချိန် ကားလာပြင်ခိုင်းရင် ပြင်တတ်မှာ မဟုတ်ဘူး။
ကားပြင်ဆရာကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး မက်မောမှာ မဟုတ်ဘူး။’ပညာ’ဆိုတာလည်း အကန့်အသတ်လေးတွေနဲ့ရှိနေတာပါလား ဆိုတာ စဉ်းစားမိ လာတယ်။’ပညာ’ဆိုတာ တကယ်တော့ “ဆင်ခြင်တုံတရား” ပဲ လို့ သိမြင် လာတယ်။
ကျွန်တော် တစ်ခါ လိုင်းကားနောက်လိုက်ရင်း ခရီးသွားတစ်ယောက် ကျွန်တော့်ကို ပစ္စည်းတင်ခိုင်းတယ် ။ကျွန်တော်ပြုံးမိတယ်။ကျွန်တော် ‘ဘယ်သူလဲ’ ဆိုတာ ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး။
‘အောင်မြင်ကျော်ကြားမှု’ နောက်ကို ကျွန်တော်လိုက်နေပေမဲ့..ဒီ ‘အောင်မြင်မှု’ ဆိုတာ ကျွန်တော့်ကို အစဉ်အမြဲ ‘အလေးပြု နေတဲ့အရာ’ မဟုတ်ဘူး ဆိုတာ သဘောပေါက် မိလာတယ်။
ဒါကြောင့်.. “အောင်မြင်မှု” ဆိုတာ တကယ်တော့ ‘လောဘ” ဒေါသ’ နဲ့ ‘မောဟ’ ကို ထိန်းချုပ် ကွပ်ကဲနိုင်ခြင်း ကသာ ‘အောင်မြင်မှုအစစ်အမှန်’ဖြစ်တယ်လို့ လက်ခံလာမိတယ်။
“အလုပ်” တွေ .တော်တော်လုပ်ခဲ့တယ်။အလုပ်ထဲမှာ ဒုတိယဗိုလ်မှူးကြီး ရာထူးတစ်ခု ရရှိခဲ့တယ်။ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ ကျွန်တော်ဟာ ဘာမှမဟုတ်တော့ပြန်ဘူး။
အလှူမင်္ဂလာ ပွဲလမ်းသဘင်တွေဆီ ရောက်တော့ .အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့ မထိုင်ရတော့ဘူး။ဟိုလိုလို ဒီလိုလိုနဲ့ နောက်နားလေး မသိမသာပို့တာခံရတယ်။’အဘ’တို့ ‘ဗိုလ်မှူးကြီး’တို့ ဆိုတဲ့ ‘ရာထူး ရာခံ ဂုဏ်ဒြပ်’ တွေဟာ ကိုယ့်ကို တစ်သက်လုံး မစောင့်ရှောက်နိုင်ပါလား သိနားလည်လာတယ်။
အဲဒီနောက်ပိုင်း..သူကတော့ ဘာမို့လို့ အထင်ကြီးတယ် သူ့ကိုတော့ အထင်သေးတယ်..ဆိုတာတွေ မရှိတော့ဘူး။” နေရာ ” ဆိုတာ ဘယ်နေရာဖြစ်ဖြစ် နေတတ်ဖို့ကသာ အရေးကြီးပါတယ် လို့ တွေးတတ်လာတယ်.။
‘ပိုက်ဆံ’ တွေရှာခဲ့တယ် ။ ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံ့ ခဲ့တယ်..ခရီးတွေသွားခဲ့တယ်။ဝတ်ကောင်းစားလှတွေဝတ်ခဲ့စားခဲ့ တယ်။ ဒါပေမဲ့..ကိုယ့်လောက် မရှိတဲ့ သူရှေ့မှာ ကိုယ်က ‘သူဌေး’ ဖြစ်နေပြီး။
ကိုယ့်ထက်အဆ တစ်ရာလောက် ချမ်းသာတဲ့ သူတွေရှေ့မှာ ကိုယ်က ‘မရှိဆင်းရဲ သားလေး’ဖြစ်သွားတာ တွေ့ရတော့..’ ပိုက်ဆံ ‘ နဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာနေကြပါစေ..အဲဒီ “ဂုဏ်” တွေ …. မြောင်းထဲ ရောက်သွားတဲ့ အခါတွေလည်း ရှိပါသေးလား ..မြင်တတ်လာတယ်။
‘ ပိုက်ဆံ ‘ ဆိုတာ .ဘယ်လောက်ရှိရှိ ။ကိုယ်နဲ့ မထိုက်တန် .ကိုယ့်အတွက် မဟုတ်ရင် … ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ . ထားခဲ့ရတာပါပဲ ။
ကျွန်တော်တို့တတွေ …နေ့တိုင်းရှင်သန်နေကြရပါတယ်။ ‘ပညာ’နောက်ကို လိုက်နေလား။’အောင်မြင် ကျော်ကြားမှု’ နောက်ကို လိုက်နေလား။’ရာထူးရာခံဂုဏ်ဒြပ်’တွေ’စည်းစိမ်ချမ်းသာပကာသန ‘တွေ.. နောက်ကိုများ လိုက်နေမိလား…..။
ဘာတွေ နောက်လိုက်ပြီး….ဘယ်လိုပုံစံနဲ့ …. ရှင်သန်နေကြ တာလဲ…။ကိုယ့်ကိုကိုယ် … မေးကြည့်မိတာဖြစ်ပါတယ်…။
”ဘဝ”အတွေ့အကြုံတွေအရ ဒါတွေဟာ တခဏ အချိန်အတိုင်းအတာ တစ်ခု။ အခြေအနေတစ်ခု။ အတွက်သာ အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့ လည်းကိုယ့်ကို ….”အမြဲ မစောင့်ရှောက်နိုင်ဘူး” ဆိုတာ လက်ခံလာမိတယ်။
ကိုယ်ယုံကြည် အားကိုးလို့ မရဘူး ဆိုတာ သိမြင် လာတယ်။တကယ်တော့ …. လိုက်ချင်းလိုက်ရင်.. ကိုယ့်ကို ဒီ ‘တစ်ဘဝ’ အတွက်သာမက ‘သံသရာ’ မှာပါ ကာကွယ်စောင့်ရှောက်ပေးမဲ့… “တရား” တွေ ။”အကျင့်” တွေ ။”ဉာဏ်” တွေ ။ နောက်ကို လိုက်ကြရမှာပါ။
ဒါကို….ကျွန်တော် စောပြီး သိခဲ့ရတာ..ကံကောင်းပါတယ်။ကျွန်တော်တို့ လူအများစုဟာ ဘယ်တော့မှ’ ပြီးပြည့်စုံသွားပြီ ‘ လို့ မရှိတဲ့ အရာတွေရဲ့ နောက်ကို အမောတကော လိုက်နေကြပါတယ်။
ဘယ်လိုလိုက်လိုက် သေသာသွားရော ဘယ်တော့မှလည်း ပြီးဆုံးသွားသည် မရှိပါဘူး..။ကျွန်တော်လည်း အပါအဝင်ပေါ့လေ..
မောလိုက်တာ..ဘာကိုလိုက်မှန်းမသိ လိုက်နေမိတာ..ဒါပေမဲ့..ကျွန်တော်လေ လုံးဝ မရပ်နိုင်သေးသည့်တိုင်အရှိန်လျှော့ပြီး ဘရိတ်တော့ အုပ်လိုက် နိုင်ပြီဗျ။
No Comments