
အခက္အခဲေတြရဲ႕အလြန္မွာ ေအာင္ျမင္မႈ ရွိေနတယ္။
မိတ္ေဆြ…
ေအာင္ျမင္မႈရရွိဖုိ႔ ခက္ခဲ လိုက္တာလို႔ ေတြးေနလား။ မွန္ၾကည့္တဲ့အခါ “ ငါ တကယ္ပဲ အေကာင္းဆံုးႀကိဳးစားေနရဲ႕လား” ဆုိတဲ့ ေမးခြန္းကိုေကာ သင့္ကုိယ္သင္ တစ္ခါေလာက္ ေမးၾကည့္ဖူး လား။ “ ငါ အေကာင္းဆံုးလုပ္ေနတာပဲ” လုိ႔ အလြယ္တကူ ျပန္ေျဖရင္ေတာ့ သင္ဟာ သင့္ကုိယ္သင္ ညာေနတာပါပဲ။
လူတစ္ေယာက္အတြက္ အေကာင္းဆံုး ၾကိဳးစားမႈ ဆိုတာ စိတ္ပ်က္ ညည္းညဴေနတာ မဟုတ္ပါဘူး။ အၿမဲေရွ႕တိုးေနတာျဖစ္တယ္။ အၿမဲႀကိဳးစား အားထုတ္ ေနမႈျဖစ္တယ္။ အေျပာင္းအလဲေတြကို အၿမဲ တမ္းစြမ္းေဆာင္ ေနတာ ျဖစ္တယ္။
ယံုပါ။
သင္ဟာ ပုိေကာင္းတဲ့အရာေတြကို အၿမဲဆက္ႀကိဳးစား ႏိုင္စြမ္းရွိ ေနတဲ့ သူပါ။ သင္ထင္ထားတာထက္ လည္း ပုိ အလုပ္လုပ္ ႏိုင္စြမ္း ရွိတဲ့ သူပါ။ အၿမဲတမ္းလည္း တိုးတက္ေျပာင္းလဲ ႏိုင္သူပါ။ လက္ရွိထက္ ပုိေကာင္းတဲ့ ေအာင္ျမင္မႈ ရလဒ္ေတြကုိလည္း ေသခ်ာေပါက္ ရွာေဖြ ႏိုင္တဲ့ သူပါ။
ဒါေၾကာင့္ လက္ရွိေနရာမွာ အေကာင္းဆံု းလို႔ေတြးၿပီး ရပ္မေနလိုက္ ပါနဲ႔။
ဒီေန႔ကစၿပီး သင့္ရဲ႕အရည္အေသြးေတြကုိ ပုိမိုေတာက္ေျပာင္လာေအာင္ ေသြးလိုက္ပါ။ ပုိမိုႀကီးမားတဲ့ အခြင့္အလမ္းေကာင္းေတြကို ဆက္လက္ ရွာေဖြ လိုက္ပါ။ သင္ျဖစ္ခ်င္တဲ့ အရာေတြ အတြက္ သင့္ကိုယ္ သင္ စိန္ေခၚ လိုက္ပါ။
မညည္းညဴ ပါနဲ႔။ ခက္ခဲတာကို မေၾကာက္ပါနဲ႔။ ႐ံႈးနိမ့္မွာကို အရင္ မေတြး ပါနဲ႔။
ေအာင္ျမင္မႈဆိုတာ လြယ္လြယ္ကူကူ ရစတမ္း ဆိုရင္ ေလာကႀကီးမွာ က်ဆံုးေနတဲ့ သူဆိုတာ ရွိေတာ့မွာ မဟုတ္ပါဘူး။ စစ္မွန္တဲ့ေအာင္ျမင္မႈ ဆီေရာက္ဖုိ႔ ျဖတ္လမ္း ဆိုတာလည္း မရွိပါဘူး။ ေအာင္ျမင္မႈဆီ ေရာက္ဖုိ႔ အခက္အခဲေတြကို မေက်ာ္လႊားဘဲနဲ႔ လံုးဝ မျဖစ္ႏိုင္ ပါဘူး။
ဒါေၾကာင့္ သင့္တစ္ေန႔ခ်င္း စီတိုင္းကုိ ေသေသခ်ာခ်ာ ျဖတ္သန္းပါ။ အားနည္းခ်က္ေတြကုိ အားသာခ်က္ ျဖစ္လာေအာင္ ႀကိဳးစားပါ။ ညည္းညဴျခင္း ဆိုတာ သင့္ကုိ ပိုၿပီး အားေလ်ာ့ေစတဲ့ အရာပါ။ မညည္းညဴ ပါနဲ႔။ ေက်ာ္ျဖတ္ ပါ။
အရာအားလံုးကုိ သင္လုပ္ႏိုင္တယ္ဆိုတာ ယံုၾကည္ပါ။
အ႐ံႈးမေပးတဲ့ သင့္ အတြက္ အေကာင္းဆံုး ေအာင္ျမင္မႈေတြက ေရွ႕မွာေစာင့္ႀကိဳေန ပါတယ္။
Credit
Unicode
အခက်အခဲတွေရဲ့အလွန်မှာ အောင်မြင်မှု ရှိနေတယ်။
မိတ်ဆွေ…
အောင်မြင်မှုရရှိဖို့ ခက်ခဲ လိုက်တာလို့ တွေးနေလား။ မှန်ကြည့်တဲ့အခါ “ ငါ တကယ်ပဲ အကောင်းဆုံးကြိုးစားနေရဲ့လား” ဆိုတဲ့ မေးခွန်းကိုကော သင့်ကိုယ်သင် တစ်ခါလောက် မေးကြည့်ဖူး လား။ “ ငါ အကောင်းဆုံးလုပ်နေတာပဲ” လို့ အလွယ်တကူ ပြန်ဖြေရင်တော့ သင်ဟာ သင့်ကိုယ်သင် ညာနေတာပါပဲ။
လူတစ်ယောက်အတွက် အကောင်းဆုံး ကြိုးစားမှု ဆိုတာ စိတ်ပျက် ညည်းညူနေတာ မဟုတ်ပါဘူး။ အမြဲရှေ့တိုးနေတာဖြစ်တယ်။ အမြဲကြိုးစား အားထုတ် နေမှုဖြစ်တယ်။ အပြောင်းအလဲတွေကို အမြဲ တမ်းစွမ်းဆောင် နေတာ ဖြစ်တယ်။
ယုံပါ။
သင်ဟာ ပိုကောင်းတဲ့အရာတွေကို အမြဲဆက်ကြိုးစား နိုင်စွမ်းရှိ နေတဲ့ သူပါ။ သင်ထင်ထားတာထက် လည်း ပို အလုပ်လုပ် နိုင်စွမ်း ရှိတဲ့ သူပါ။ အမြဲတမ်းလည်း တိုးတက်ပြောင်းလဲ နိုင်သူပါ။ လက်ရှိထက် ပိုကောင်းတဲ့ အောင်မြင်မှု ရလဒ်တွေကိုလည်း သေချာပေါက် ရှာဖွေ နိုင်တဲ့ သူပါ။
ဒါကြောင့် လက်ရှိနေရာမှာ အကောင်းဆုံ းလို့တွေးပြီး ရပ်မနေလိုက် ပါနဲ့။
ဒီနေ့ကစပြီး သင့်ရဲ့အရည်အသွေးတွေကို ပိုမိုတောက်ပြောင်လာအောင် သွေးလိုက်ပါ။ ပိုမိုကြီးမားတဲ့ အခွင့်အလမ်းကောင်းတွေကို ဆက်လက် ရှာဖွေ လိုက်ပါ။ သင်ဖြစ်ချင်တဲ့ အရာတွေ အတွက် သင့်ကိုယ် သင် စိန်ခေါ် လိုက်ပါ။
မညည်းညူ ပါနဲ့။ ခက်ခဲတာကို မကြောက်ပါနဲ့။ ရှုံးနိမ့်မှာကို အရင် မတွေး ပါနဲ့။
အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူ ရစတမ်း ဆိုရင် လောကကြီးမှာ ကျဆုံးနေတဲ့ သူဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့အောင်မြင်မှု ဆီရောက်ဖို့ ဖြတ်လမ်း ဆိုတာလည်း မရှိပါဘူး။ အောင်မြင်မှုဆီ ရောက်ဖို့ အခက်အခဲတွေကို မကျော်လွှားဘဲနဲ့ လုံးဝ မဖြစ်နိုင် ပါဘူး။
ဒါကြောင့် သင့်တစ်နေ့ချင်း စီတိုင်းကို သေသေချာချာ ဖြတ်သန်းပါ။ အားနည်းချက်တွေကို အားသာချက် ဖြစ်လာအောင် ကြိုးစားပါ။ ညည်းညူခြင်း ဆိုတာ သင့်ကို ပိုပြီး အားလျော့စေတဲ့ အရာပါ။ မညည်းညူ ပါနဲ့။ ကျော်ဖြတ် ပါ။
အရာအားလုံးကို သင်လုပ်နိုင်တယ်ဆိုတာ ယုံကြည်ပါ။
အရှုံးမပေးတဲ့ သင့် အတွက် အကောင်းဆုံး အောင်မြင်မှုတွေက ရှေ့မှာစောင့်ကြိုနေ ပါတယ်။
No Comments