
မိန္းမသားနဲ႔မိတ္ကပ္
မိန္းမသား အမ်ားစုဟာ မိတ္ကပ္ လိမ္းေလ့ ရွိၾက ပါတယ္။ ဒါကလည္း သဘာဝအရ မိန္းမသားမွန္ ရင္ လွခ်င္ၾက သူေတြပဲ မဟုတ္ပါလား။ မိန္းမသားမ်ား သာမ ဆိုပါႏွင့္ အခ်ိဳ႕ေသာ ေယာက်္ားေလးမ်ားလည္း မိတ္ကပ္ လိမ္းလာၾက တာကို ေတြ႕ရ ပါတယ္။
မင္းသားမ်ား သ႐ုပ္ေဆာင္မ်ား တင္မက သာမာန္ေယာက်္ားေလး မ်ားပါ မိတ္ကပ္ကို အနည္းအပါး လိမ္းလာတာ ေတြ႕ရပါတယ္။ အခုဆိုရင္ အမ်ိဳးသားမ်ာ းအတြက္ သီးသန႔္ ထုတ္ထားတဲ့ skincare ေတြလည္း ရွိလာ ပါတယ္။
အမ်ိဳးသမီးေတြ အတြက္ကေတာ့ အရင္ကထက္ ေ႐ြးခ်ယ္စရာ မိတ္ကပ္ေတြ skincare ေတြ ဆိုတာ မ်ားျပားလြန္း ေနပါၿပီ။ မိတ္ကပ္ဟာ မိန္းမသားတို႔ရဲ႕ ေန႔စဥ္ ဘဝအတြက္ မပါမျဖစ္ အလွအပဆိုင္ရာ ပစၥည္း ျဖစ္ေနတာမို႔ မိတ္ကပ္ ႀကိဳက္သူေရာ မႀကိဳက္ သူေတြပါ မရွိမျဖစ္ လိုအပ္တယ္ဆိုတာ သိေစအပ္ပါတယ္။
မိမိတို႔အတြက္ ယုံၾကည္မူွ တိုးဘို႔
မိမိကိုယ္ကိုယ္ ယုံၾကည္မူွ ရွိေနဘို႔ ဆိုတာ သင့္ ဘဝမွာ အေရးပါတဲ့ အေၾကာင္းရင္းပဲ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေပၚက အနီစက္ အမာ႐ြတ္နဲ႔ အေရး အေၾကာင္းေတြကို မိတ္ကပ္က ဖုန္းအုပ္ေပးႏိုင္ တာေၾကာင့္ ဘယ္ကိုသြားသြား မိမိကိုယ္ကိုယ္ စိတ္ခ် ယုံၾကည္မူွကို ျဖစ္ေပၚ လာေစ ပါတယ္။
အေရျပား အတြက္
မိတ္ကပ္ဟာ သင္တို႔ရဲ႕ အေရျပားကို ကာကြယ္ ေပးႏိုင္ပါတယ္။ သင့္ မ်က္ႏွာျပင္မွာ ဘာမွမလိမ္းပဲ ေနတာထက္ တစ္ခုခု လိမ္းေပး ထားျခင္းဟာ အေရျပားကို ကာကြယ္ ထားရာ ေရာက္ပါတယ္။
အထူးသျဖင့္ ေနေရာင္ျခည္ထဲကို သြားတဲ့အခါ SPF ပါဝင္တဲ့ မိတ္ကပ္ အမ်ိဳးအစားကို လိမ္းေပးရင္ သင့္ အသားအေရကို ေနေလာင္ျခင္းမွ ကာကြယ္ ႏိုင္ေစပါတယ္။ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ ထိေတြ႕ျခင္းဟာ သင့္ အသားအေရကို ပိုမို ပ်က္စီးေစ ပါတယ္။
နဂိုအလွထက္ ပိုလွဖို႔
ဘယ္သူ တစ္ဦးတစ္ေယာက္မွ perfect ျဖစ္မေန ပါဘူး။ သဘာဝ အတိုင္း လွေနတဲ့ Nude look ပုံစံရဘို႔ ဆိုရင္ေတာင္ မိတ္ကပ္ အကူအညီ အမွန္ကို လိုအပ္ ပါတယ္။
သင့္ မ်က္ႏွာ သြင္ျပင္ကို ပိုၿပီးေပၚလြင္ လွပေစရန္ မိတ္ကပ္က ကူညီ ေပးႏိုင္ ပါတယ္။ ေမး႐ိုး ၊ ပါး႐ိုး စသည္ျဖင့္ အလွကို ေပၚလြင္မူွမွာ မိတ္ကပ္ဟာ အေရးပါတဲ့ အလွ ပစၥည္းပဲ ျဖစ္ပါတယ္။
အသားအေရကို ပိုႂကြေစဘို႔
အသားအေရနဲ႔ မ်က္ႏွာျပင္ အေရျပားေတြဆိုတာ ေသခ်ာစြာ ဂ႐ုမစိုက္မိရင္ စိုေျပတဲ့ အခါရွိသလိုေျခာက္ေသြ႕ေနတဲ့ အခါလည္း ႀကဳံတတ္ပါတယ္။ အဲ့ဒီအတြက္ အဆင္ေျပဆုံး နည္းလမ္းကေတာ့ မိတ္ကပ္ကိုသာ လိမ္းလိုက္ပါ။ ခ်က္ခ်င္းကို စိုေျပ လင္းလက္လာမွာ ျဖစ္ပါတယ္။
ရွိရင္းအသက္ကို ငယ္ေစလို
မိမိရဲ႕ ရွိရင္းအသက္ထက္ ပိုမိုၿပီး ငယ္ျခင္း၊ ႏုျခင္းကို ရရွိေစဘို႔ဆိုရင္ မိတ္ကပ္ဟာ အလြန္အစြမ္းထက္ပါတယ္။ မ်က္ႏွာျပင္ အသားအေရဟာ အျပစ္အနာဆာ မရွိပဲ ေခ်ာေမြ႕ေနတယ္ ဆိုရင္ ရွိရင္းအသက္ထက္ ပိုၿပီး ႏုနယ္တာကို ေတြ႕ျမင္ႏိုင္ပါတယ္။
သဘာဝအတိုင္း ေကာင္းေအာင္ လုပ္ႏိုင္သလို မိတ္ကပ္နဲ႔လည္း ႏုပ်ိဳ ငယ္႐ြယ္သူ တစ္ေယာက္လိုျဖစ္ေအာင္ အလွကို ပံပိုးလို႔လည္း ရပါတယ္။
ဒါေၾကာင့္မို႔ မိန္းမသားမ်ား အေနနဲ႔ မိတ္ကပ္ကို မိမိတို႔ ဘဝမွာ အေရးပါတဲ့ အလွျပင္ ပစၥည္းတစ္ခုျဖစ္ေနတာမို႔ မိမိနဲ႔ အစဥ္ေျပၿပီး မိမိမ်က္ႏွာျပင္ အေရျပားနဲ႔ ဓာတ္တည့္မဲ့ မိတ္ကပ္တို႔ကို ေ႐ြးခ်ယ္သုံးၿပီး ေန႔စဥ္ဘဝထဲမွာ အလွဆုံးျဖစ္ေအာင္ ေနထိုင္ၾကည့္ၾကပါစို႔…..
စႏၵီျမင့္မိုရ္#
Unicode
မိန်းမသားနဲ့မိတ်ကပ်
မိန်းမသား အများစုဟာ မိတ်ကပ် လိမ်းလေ့ ရှိကြ ပါတယ်။ ဒါကလည်း သဘာဝအရ မိန်းမသားမှန် ရင် လှချင်ကြ သူတွေပဲ မဟုတ်ပါလား။ မိန်းမသားများ သာမ ဆိုပါနှင့် အချို့သော ယောကျ်ားလေးများလည်း မိတ်ကပ် လိမ်းလာကြ တာကို တွေ့ရ ပါတယ်။
မင်းသားများ သရုပ်ဆောင်များ တင်မက သာမာန်ယောကျ်ားလေး များပါ မိတ်ကပ်ကို အနည်းအပါး လိမ်းလာတာ တွေ့ရပါတယ်။ အခုဆိုရင် အမျိုးသားမျာ းအတွက် သီးသန့် ထုတ်ထားတဲ့ skincare တွေလည်း ရှိလာ ပါတယ်။
အမျိုးသမီးတွေ အတွက်ကတော့ အရင်ကထက် ရွေးချယ်စရာ မိတ်ကပ်တွေ skincare တွေ ဆိုတာ များပြားလွန်း နေပါပြီ။ မိတ်ကပ်ဟာ မိန်းမသားတို့ရဲ့ နေ့စဉ် ဘဝအတွက် မပါမဖြစ် အလှအပဆိုင်ရာ ပစ္စည်း ဖြစ်နေတာမို့ မိတ်ကပ် ကြိုက်သူရော မကြိုက် သူတွေပါ မရှိမဖြစ် လိုအပ်တယ်ဆိုတာ သိစေအပ်ပါတယ်။
မိမိတို့အတွက် ယုံကြည်မူှ တိုးဘို့
မိမိကိုယ်ကိုယ် ယုံကြည်မူှ ရှိနေဘို့ ဆိုတာ သင့် ဘဝမှာ အရေးပါတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်က အနီစက် အမာရွတ်နဲ့ အရေး အကြောင်းတွေကို မိတ်ကပ်က ဖုန်းအုပ်ပေးနိုင် တာကြောင့် ဘယ်ကိုသွားသွား မိမိကိုယ်ကိုယ် စိတ်ချ ယုံကြည်မူှကို ဖြစ်ပေါ် လာစေ ပါတယ်။
အရေပြား အတွက်
မိတ်ကပ်ဟာ သင်တို့ရဲ့ အရေပြားကို ကာကွယ် ပေးနိုင်ပါတယ်။ သင့် မျက်နှာပြင်မှာ ဘာမှမလိမ်းပဲ နေတာထက် တစ်ခုခု လိမ်းပေး ထားခြင်းဟာ အရေပြားကို ကာကွယ် ထားရာ ရောက်ပါတယ်။
အထူးသဖြင့် နေရောင်ခြည်ထဲကို သွားတဲ့အခါ SPF ပါဝင်တဲ့ မိတ်ကပ် အမျိုးအစားကို လိမ်းပေးရင် သင့် အသားအရေကို နေလောင်ခြင်းမှ ကာကွယ် နိုင်စေပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းဟာ သင့် အသားအရေကို ပိုမို ပျက်စီးစေ ပါတယ်။
နဂိုအလှထက် ပိုလှဖို့
ဘယ်သူ တစ်ဦးတစ်ယောက်မှ perfect ဖြစ်မနေ ပါဘူး။ သဘာဝ အတိုင်း လှနေတဲ့ Nude look ပုံစံရဘို့ ဆိုရင်တောင် မိတ်ကပ် အကူအညီ အမှန်ကို လိုအပ် ပါတယ်။
သင့် မျက်နှာ သွင်ပြင်ကို ပိုပြီးပေါ်လွင် လှပစေရန် မိတ်ကပ်က ကူညီ ပေးနိုင် ပါတယ်။ မေးရိုး ၊ ပါးရိုး စသည်ဖြင့် အလှကို ပေါ်လွင်မူှမှာ မိတ်ကပ်ဟာ အရေးပါတဲ့ အလှ ပစ္စည်းပဲ ဖြစ်ပါတယ်။
အသားအရေကို ပိုကြွစေဘို့
အသားအရေနဲ့ မျက်နှာပြင် အရေပြားတွေဆိုတာ သေချာစွာ ဂရုမစိုက်မိရင် စိုပြေတဲ့ အခါရှိသလိုခြောက်သွေ့နေတဲ့ အခါလည်း ကြုံတတ်ပါတယ်။ အဲ့ဒီအတွက် အဆင်ပြေဆုံး နည်းလမ်းကတော့ မိတ်ကပ်ကိုသာ လိမ်းလိုက်ပါ။ ချက်ချင်းကို စိုပြေ လင်းလက်လာမှာ ဖြစ်ပါတယ်။
ရှိရင်းအသက်ကို ငယ်စေလို
မိမိရဲ့ ရှိရင်းအသက်ထက် ပိုမိုပြီး ငယ်ခြင်း၊ နုခြင်းကို ရရှိစေဘို့ဆိုရင် မိတ်ကပ်ဟာ အလွန်အစွမ်းထက်ပါတယ်။ မျက်နှာပြင် အသားအရေဟာ အပြစ်အနာဆာ မရှိပဲ ချောမွေ့နေတယ် ဆိုရင် ရှိရင်းအသက်ထက် ပိုပြီး နုနယ်တာကို တွေ့မြင်နိုင်ပါတယ်။
သဘာဝအတိုင်း ကောင်းအောင် လုပ်နိုင်သလို မိတ်ကပ်နဲ့လည်း နုပျို ငယ်ရွယ်သူ တစ်ယောက်လိုဖြစ်အောင် အလှကို ပံပိုးလို့လည်း ရပါတယ်။
ဒါကြောင့်မို့ မိန်းမသားများ အနေနဲ့ မိတ်ကပ်ကို မိမိတို့ ဘဝမှာ အရေးပါတဲ့ အလှပြင် ပစ္စည်းတစ်ခုဖြစ်နေတာမို့ မိမိနဲ့ အစဉ်ပြေပြီး မိမိမျက်နှာပြင် အရေပြားနဲ့ ဓာတ်တည့်မဲ့ မိတ်ကပ်တို့ကို ရွေးချယ်သုံးပြီး နေ့စဉ်ဘဝထဲမှာ အလှဆုံးဖြစ်အောင် နေထိုင်ကြည့်ကြပါစို့…..
No Comments