
“စကားတစ္ခြန္းေၾကာင့္ဘဝေျပာင္းခဲ့သူ”
စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ဟာ လမ္းေဘးမွာ ခဲတံေလးေတြ ေရာင္းၿပီး ေငြေတာင္းေနတဲ့ လူတစ္ေယာက္ရဲ႕ ခြက္ထဲကို တစ္ေဒၚလာ ထည့္လိုက္ ပါတယ္။ၿပီးေတာ့ သုတ္သီးသုတ္ပ်ာနဲ ႔ရထားေပၚကို ေျပးတက္ သြားပါတယ္။
ေနာက္မွ သတိရၿပီး ရထားေပၚက ျပန္ဆင္းလာကာ ေစာေစာကသူေငြ ထည့္ေပးခဲ့တဲ့ သူဆီ ျပန္သြားၿပီး ခြက္ထဲက ခဲတံ တစ္ေခ်ာင္းကို ႏႈိက္ယူလိုက္ ပါတယ္။
ၿပီးေတာ့သူက အေလာတႀကီး ျဖစ္ေနလို႔ ေငြထည့္ၿပီး ခဲတံယူဖို႔ ေမ့သြား တယ္လို႔ ၿပဳံးျပၿပီး ေျပာပါတယ္။
ေနာက္ၿပီး သူက ေငြေတာင္း ေနသူကို ေျပာတယ္။“ ခင္ဗ်ားလည္း ကြၽန္ေတာ့္လို စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္ပဲေလ။ ခင္ဗ်ားမွာ ေရာင္းစရာေတြ ရွိေနၿပီး ဒါေတြကို သင့္တင့္ မွ်တတဲ့ ေစ်းႏႈန္းသတ္မွတ္ထားတာပဲ မဟုတ္လား။ ႀကိဳးစားပါ။”လို႔ ေျပာၿပီး ရထားေပၚတက္ သြားခဲ့ ပါတယ္။
ေနာင္ႏွစ္ေပါင္း မ်ားစြာၾကာ တဲ့အခါ လူမႈေရး ပြဲလမ္းသဘင္ တစ္ခုမွာ သားသားနားနား ၀တ္စားထားတဲ့သူတစ္ေယာက္က စီးပြားေရး လုပ္ငန္းရွင္ ႀကီးထံလာၿပီး
သူ႔ကိုယ္သူ မိတ္ဆက္ ပါတယ္။ “ခင္ဗ်ားကေတာ့ ကြၽန္ေတာ့္ကို မွတ္မိမွာ မဟုတ္ေပမယ့္ ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွာ ေမ့မွာ မဟုတ္ပါဘူး။
ခင္ဗ်ားနဲ႔ မေတြ႕မီ အခ်ိန္အထိေတာ့ ကြၽန္ေတာ္ဟာ ခဲတံေလးေတြ ေရာင္းတဲ့ သူေတာင္းစား တစ္ေယာက္ပါပဲ။ ဒါေပမယ့္ ခင္ဗ်ားက ကြၽန္ေတာ့္ကို စီးပြားေရး လုပ္ငန္းရွင္ပဲ လို႔ေျပာသြား ခဲ့တဲ့ အခ်ိန္က စၿပီး၊ ကြၽန္ေတာ္ဟာ စီးပြားေရး လုပ္ငန္းရွင္ ျဖစ္သြားတယ္” လို႔ ေျပာခဲ့ပါတယ္။
သူဟာ သူ႔ကိုယ္သူ သူေတာင္းစားပဲ လို႔ ေတြးေတာ ထားတဲ့ အျမင္ကေန ႐ုတ္တရက္ စကားတစ္ခြန္းေၾကာင့္ သူ႔အေတြးေတြ ေျပာင္း သြားတယ္။ သူ႔ကိုယ္သူ အဲ့ဒီ အခ်ိန္က စၿပီး သူဟာ စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ပဲလို႔ ေတြးေတာ ခဲ့တယ္။
စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္လို စတင္ က်င့္သုံး ျပဳမူခဲ့ တယ္။ သူအေတြးေတြ ဟာ သူ႔ဘဝရဲ႕ ပဲ့တင္သံေတြ ပါပဲ။ မိမိအေတြး ပုံရိပ္ထဲမွာ“ငါဟာ သူေတာင္းစားပဲ”လို
႔ ေတြးပါမ်ားရင္ “ငါဟာ သူေတာင္းစားပဲ” ဆိုတဲ့ အသံသာ အထပ္ထပ္ ျပန္ၾကား ေနရမွာပါ။
“ငါဟာလုပ္ငန္းရွင္ပဲ” လို႔ ေတြးလိုက္တာနဲ႔ “ငါဟာ လုပ္ငန္းရွင္ပဲ” ဆိုတဲ့အေတြးပဲ့တင္သံ ျပန္လာမွာ အေသအခ်ာပါပဲ။ ေနာက္ၿပီး ဒီပုံျပင္ေလးထဲက စီးပြားေရး လုပ္ငန္းရွင္ႀကီးလို သင္လည္း သူတစ္ပါးကို အေကာင္းျမင္ၿပီး စိတ္ခြန္အား ျဖစ္ေစမယ့္ စကားလုံးေတြနဲ႔ ကူညီႏိုင္ ပါတယ္။
လူေတြရဲ႕ ခႏၶာကိုယ္ထဲမွာ ပါရမီေတြ၊ အစြမ္းအစေတြ ရွိေနၾက ပါတယ္။ ဒါေတြကို သင္ကႏ ႈိးဆြေပးလိုက္႐ုံနဲ႔ သူ႔ကိုယ္ထဲက အစြမ္းအစေတြဟာ အၿငိမ္မေနႏိုင္ပဲ စြမ္းအားေတြ အျဖစ္ထြက္ေပၚကာ သူ႔ဘဝတစ္ခုလုံးကို ေျပာင္းလဲ သြားေစႏိုင္ ပါေသး တယ္။
ဒီလိုနည္းနဲ႔ သင္က လူေတြရဲ႕ဘဝေတြကို တိုးတက္ ေအာင္ျမင္သြားေအာင္ ေစတနာ စိတ္ဓာတ္ အျပည့္နဲ႔ ကူညီေပးမယ္ ဆိုရင္ သင့္ကူညီမႈရဲ႕ ပဲ့တင္သံေတြဟာ သင့္ထံ ျပန္လာမွာ မလြဲမေသြ ပါပဲ။
တျခားသူေတြရဲ႕ဘဝကို ျမႇင့္တင္ေပးျခင္း အားျဖင့္ သင္ ကိုယ္ တိုင္ လည္း ေသ ခ်ာေပါက္ တိုး တက္ေအာင္ျမင္ လာ မွာ ျဖစ္ တယ္ ဆို တာ အာ မ ခံ ပါ တယ္ ။ သင္ျပဳတဲ့ ကံ၊ ပဲ့တင္သံ၊ သင့္ထံ ျပန္လာ မွာပဲျဖစ္ ပါတယ္။
Credit ဖူးေက်ာ္ဇင္ (Future Wave)
Unicode
“စကားတစ်ခွန်းကြောင့်ဘဝပြောင်းခဲ့သူ”
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတစ်ယောက်ရဲ့ ခွက်ထဲကို တစ်ဒေါ်လာ ထည့်လိုက် ပါတယ်။ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ရထားပေါ်ကို ပြေးတက် သွားပါတယ်။
နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောကသူငွေ ထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တစ်ချောင်းကို နှိုက်ယူလိုက် ပါတယ်။
ပြီးတော့သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွား တယ်လို့ ပြုံးပြပြီး ပြောပါတယ်။
နောက်ပြီး သူက ငွေတောင်း နေသူကို ပြောတယ်။“ ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့် မျှတတဲ့ ဈေးနှုန်းသတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ။”လို့ ပြောပြီး ရထားပေါ်တက် သွားခဲ့ ပါတယ်။
နောင်နှစ်ပေါင်း များစွာကြာ တဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား ဝတ်စားထားတဲ့သူတစ်ယောက်က စီးပွားရေး လုပ်ငန်းရှင် ကြီးထံလာပြီး
သူ့ကိုယ်သူ မိတ်ဆက် ပါတယ်။ “ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာ မဟုတ်ပါဘူး။
ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိတော့ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တစ်ယောက်ပါပဲ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲ လို့ပြောသွား ခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်” လို့ ပြောခဲ့ပါတယ်။
သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတော ထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတစ်ခွန်းကြောင့် သူ့အတွေးတွေ ပြောင်း သွားတယ်။ သူ့ကိုယ်သူ အဲ့ဒီ အချိန်က စပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလို့ တွေးတော ခဲ့တယ်။
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လို စတင် ကျင့်သုံး ပြုမူခဲ့ တယ်။ သူအတွေးတွေ ဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ။ မိမိအတွေး ပုံရိပ်ထဲမှာ“ငါဟာ သူတောင်းစားပဲ”လို
့ တွေးပါများရင် “ငါဟာ သူတောင်းစားပဲ” ဆိုတဲ့ အသံသာ အထပ်ထပ် ပြန်ကြား နေရမှာပါ။
“ငါဟာလုပ်ငန်းရှင်ပဲ” လို့ တွေးလိုက်တာနဲ့ “ငါဟာ လုပ်ငန်းရှင်ပဲ” ဆိုတဲ့အတွေးပဲ့တင်သံ ပြန်လာမှာ အသေအချာပါပဲ။ နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတစ်ပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင် ပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြ ပါတယ်။ ဒါတွေကို သင်ကန ှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ်ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် ပါသေး တယ်။
ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ် ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေ ပါပဲ။
တခြားသူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် သင် ကိုယ် တိုင် လည်း သေ ချာပေါက် တိုး တက်အောင်မြင် လာ မှာ ဖြစ် တယ် ဆို တာ အာ မ ခံ ပါ တယ် ။ သင်ပြုတဲ့ ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာ မှာပဲဖြစ် ပါတယ်။
Credit ဖူးကျော်ဇင် (Future Wave)
No Comments