အရွက္တရားနဲ႔ေနာင္တ - Amawpyay

အရွက္တရားနဲ႔ေနာင္တ

အရွက္တရားနဲ႔ေနာင္တ
Knowledge

အရွက္တရားနဲ႔ေနာင္တ

တခါက အာရပ္ကုန္သည္ တစ္ဦးတြင္ သန္မာလွပေသာ ျမင္းတစ္ေကာင္ ရွိသည္။ ထိုျမင္းသည္ တစ္ေန႔အတြင္း မိုင္ေပါင္းမ်ားစြာ ခရီးတြင္ ႏိုင္ေသာေၾကာင့္ ကုန္သည္မွာ သူ႔ျမင္းကို အလြန္ျမတ္ႏိုး သည္။

ကုလားအုတ္ တစ္ေကာင္ ပိုင္ဆိုင္ထားေသာ ဒုတိယ ကုန္သည္ တစ္ဦးက အေျပးသန္ေသာ ထိုျမင္းကို မ်က္စိက္ ခဲ့သည္။ တစ္ေန႔တြင္ ဒုတိယ ကုန္သည္မွာ ျမင္းပိုင္ရွင္အား ကုလားအုတ္ႏွင့္ ျမင္း လဲလွယ္ရန္ စကား ကမ္းလွမ္း ခဲ့သည္။

ျမင္းပိုင္ရွင္က ျငင္း ဆန္ ခဲ့သည္။ ကုန္သည္က ဤျမင္းအား ရွိသမွ် စည္းစိမ္ႏွင့္ လဲမည္ ဟု ေတာင္းဆိုျပန္သည္။ ျမင္းပိုင္ရွင္က ဤျမင္းသည္ မိမိဘဝ အတြက္ အေကာင္းဆုံး အေဖာ္မြန္၊ မိမိ အသက္ရွင္ေနသေ႐ြ႕ ျမင္းအား ဘယ္အရာႏွင့္ မွ်မလဲႏိုင္ဟု ျငင္းဆို ျပန္သည္။

ကုလားအုတ္ပိုင္ရွင္က ျမင္းကို အလြန္ႏွစ္သက္မိသျဖင့္ ပိုင္ဆိုင္ႏိုင္ရန္ အမ်ိဳးမ်ိဳးအႀကံ ထုတ္ေလေတာ့ သည္။ တစ္ေန႔တြင္ သူသည္ အဝတ္အစား စုတ္စုတ္ျပတ္ျပတ္ ဝတ္ဆင္လွ်က္ ျမင္းပိုင္ရွင္ လာရာ လမ္း တစ္ေနရာတြင္ ဖ်ားနာခ်င္ ဟန္ေဆာင္ၿပီး လဲေနခဲ့ သည္။

ျမင္းပိုင္ရွင္က ေတြ႕ေသာအခါ ျမင္းေပၚမွ အလ်င္အျမန္ဆင္းၿပီး ဖ်ားေနေသာ သူ႔အား ျမင္းေပၚသို႔ ေပြ႕တင္လိုက္သည္။ ျမင္းေပၚေရာက္သည္ႏွင့္ သူသည္ လူေကာင္း ပကတိ ျဖစ္သြားၿပီး ျမင္းပိုင္ ရွင္အား “ ဒီျမင္းကို ပိုင္ဆိုင္ရဖို႔ ကြၽန္ေတာ္ အႀကံအမ်ိဳးမ်ိဳး ထုတ္ခဲ့တယ္။

တန္ဖိုးရွိတဲ့ ပစၥည္းေတြနဲ႔လဲခဲ့တယ္။ ခင္ဗ်ား လက္မခံ ခဲ့ဘူး။ အခုကြၽန္ေတာ္ ျမင္းေပၚေရာက္ေနၿပီ… ဒီျမင္းကို ကြၽန္ေတာ္ ပိုင္သြားၿပီ” ဟု ေျပာေလ သည္။ ျမင္းပိုင္ ရွင္က “ ေကာင္းၿပီေလ ျမင္းကို ခင္ဗ်ားပိုင္သြားပါၿပီ ဒါေပမယ့္ ခင္ဗ်ားထြက္ မသြားခင္ ကြၽန္ေတာ္ စကားတစ္ခြန္း ေျပာခ်င္ ေသးတယ္။

ဒီစကားကို ခင္ဗ်ား ေသခ်ာမွတ္ထားေပးပါ”“ ျမင္းကို ကြၽန္ေတာ္ပိုင္ၿပီပဲ တစ္ခြန္းမက ဘူး..ခင္ ဗ်ားႀကိဳက္သေလာက္ ေျပာလို႔ရတယ္”“ တကယ္လို႔ လူေတြက ဒီျမင္းကို ခင္ဗ်ားဘယ္လို ရခဲ့သလဲ လို႔ ေမးလာရင္ အျဖစ္ မွန္ကို မေျပာပါနဲ႔ ဒီစကားကို မွတ္ထားေပးပါ”

“ဘာလို႔လဲ…”“ဒီျမင္းကို ဘယ္လို ရခဲ့တယ္ ဆိုတဲ့ အေၾကာင္း အ မွန္ကို ခင္ဗ်ားေျပာခဲ့ရင္ ေနာင္တစ္ခ်ိန္ လမ္းေဘးမွာ ဖ်ားလို႔လဲ ေနတဲ့ လူေတြကို ေတြ႕ရင္ ဘယ္သူက ကယ္ ရဲေတာ့ မလဲဗ်ာ”ျမင္းပိုင္ရွင္၏ ထိုစကားကို ၾကားေသာ အခါ ဒုတိယကုန္သည္မွာ တခဏမွ် ဆြံအ သြားခဲ့သည္။

ထို႔ေနာက္ ရွက္႐ြံ႕အားနာစြာႏွင့္ ျမင္းေပၚမွ ခ်က္ခ်င္းဆင္းကာ ျမင္းပိုင္ရွင္အား ေတာင္းပန္ေလ သည္။“ရမၼက္ေလာ ဘနဲ႔ လိုခ်င္ တပ္မက္တဲ့ စိတ္က ကြၽန္ေတာ္ရဲ႕

ဂုဏ္သိကၡာနဲ႔ ႐ိုးသားမႈကို ပုံပ်က္ေအာင္လုပ္ခဲ့မိတယ္။ အရွက္တရားနဲ႔ ေနာင္ တ ေတြ ရလိုက္ ပါတယ္ ။ ခင္ဗ်ားရဲ႕ ျမင္းကို ျပန္ယူပါ… ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါဗ်ာ”

Credit: Original writer

Unicode

အရှက်တရားနဲ့နောင်တ

တခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင် ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင် နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကို အလွန်မြတ်နိုး သည်။

ကုလားအုတ် တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယ ကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိက် ခဲ့သည်။ တစ်နေ့တွင် ဒုတိယ ကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့် မြင်း လဲလှယ်ရန် စကား ကမ်းလှမ်း ခဲ့သည်။

မြင်းပိုင်ရှင်က ငြင်း ဆန် ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လဲမည် ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝ အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိ အသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့် မျှမလဲနိုင်ဟု ငြင်းဆို ပြန်သည်။

ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုးအကြံ ထုတ်လေတော့ သည်။ တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်လျှက် မြင်းပိုင်ရှင် လာရာ လမ်း တစ်နေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲနေခဲ့ သည်။

မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်း ပကတိ ဖြစ်သွားပြီး မြင်းပိုင် ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။

တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့လဲခဲ့တယ်။ ခင်ဗျား လက်မခံ ခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ… ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေ သည်။ မြင်းပိုင် ရှင်က “ ကောင်းပြီလေ မြင်းကို ခင်ဗျားပိုင်သွားပါပြီ ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော် စကားတစ်ခွန်း ပြောချင် သေးတယ်။

ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ”“ မြင်းကို ကျွန်တော်ပိုင်ပြီပဲ တစ်ခွန်းမက ဘူး..ခင် ဗျားကြိုက်သလောက် ပြောလို့ရတယ်”“ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လို ရခဲ့သလဲ လို့ မေးလာရင် အဖြစ် မှန်ကို မပြောပါနဲ့ ဒီစကားကို မှတ်ထားပေးပါ”

“ဘာလို့လဲ…”“ဒီမြင်းကို ဘယ်လို ရခဲ့တယ် ဆိုတဲ့ အကြောင်း အ မှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့လဲ နေတဲ့ လူတွေကို တွေ့ရင် ဘယ်သူက ကယ် ရဲတော့ မလဲဗျာ”မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသော အခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအ သွားခဲ့သည်။

ထို့နောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေ သည်။“ရမ္မက်လော ဘနဲ့ လိုချင် တပ်မက်တဲ့ စိတ်က

ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင် တ တွေ ရလိုက် ပါတယ် ။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ… ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ”

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …