
Unicode
မိန်းမတွေ အိမ်ထောင်ကျ ပြီးလို့ ပိုလှလာရင်
ယောကျာ်းက စိတ်ချမ်းသာအောင် ထားတာခံ ရလို့ ဆိုတဲ့ စာတစ်ကြောင်း သူများ ရေးထားတာ ဖတ်လိုက်ရရင်း ပြုံးမိတယ်။ တကယ်က မိန်းမတွေဟာ ကိုယ့်ဘာသာ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ကြိုးစားပြီး
စိတ်ချမ်းသာအောင် နေထိုင်ပြီး ကိုယ့်ဘဝကို တန်ဖိုးထားပြီး ကိုယ့်ဘာသာကို လှပအောင် နေထိုင်ကြလို့ လှနေကြတာပါ။ စိတ်ချမ်းသာအောင် ထားတတ်တဲ့ ယောကျာ်းကို
ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ မိန်းမတွေဟာ ကိုယ်ရွေးချယ် ခဲ့တဲ့ အရာ အတွက်တော့ ပြင်ဆင် နိုင်ခွင့် နည်းပါးကြ ပါတယ် ။
ကိုယ် ပြင်ဆင် နိုင်တာက ကိုယ့်စိတ် တစ်ခု ပါပဲ ။ ကိုယ်ရွေးချယ် ခဲ့လို့ ကြုံလာရတဲ့ ဘယ်လို ခက်ခဲ နာကျင်ရတဲ့ အခြေအနေ မျိုးမှာ ဖြစ်ဖြစ် ကိုယ့်စိတ်ကို အားတင်း ရင်ဆိုင်ပါ… ကိုယ့်ကိုယ်ကို လှအောင် နေပါ တော်အောင် ကြိုးစားပါ တတ်အောင် သင်ယူပါ ။
အရည်ချင် းရှိသူ ဖြစ် လာအောင် ပြောင်း လဲ ပါ ကိုယ် ထိုင်နေရင် ကိုယ်ပဲ နောက်မှာ ကျန်ခဲ့ပါ လိမ့်မယ်
အားရအောင် ငိုပါ ပြီးရင် မျက်ရည် သုတ်ပြီး ရောက်တဲ့ နေရာက ထပြေးလိုက်ပါတော့ ။
ဘဝ ခ ရီး လမ်း အရှည်ကြီးမှာ ဘယ် အ ချိန် ဘယ် ပန်း တိုင် ကို ရောက် မယ် မှန်း မသိ နိုင်ပေ မယ့် ပြေးလမ်းပေါ်မှာ ပုံမှန် ပြေးနေ ဖို့တော့ လို မယ် မ ဟုတ် လား ?
Credit to original uploader
No Comments