
မှန်
လေးစားစွာဖြင့်
#Credit
Unicode
ဘယ်လိုအချိန်မျိုးရောက်ရောက် ရှင်သန်ပါ
“အသက်နှစ်ဆယ်အရွယ်မှာ သင်လုပ်သမျှ အမှားတွေဟာ သင့်ရဲ့ဝင်ငွေတွေပါ”
အထက်ပါစကားကတော့ တရုတ်နိုင်ငံရဲ့ ဘီလီယံနာသူဌေးကြီး ဂျက်မားရဲ့ပြောစကားပါ…. သင်ဟာဘယ်အရာကိုလုပ်လုပ် မှားမှာကို မကြောက်ပါနဲ့ ။ မှားလို့ လူတွေဝေဖန်မှာ ကိုလည်း မကြောက်ပါနဲ့။
သင်လုပ်ဆောင်တဲ့ အရာမှာကျရှူံးသွားလို့ ဘယ်သူ့ကိုမှ အပြစ်မတင် ပါနဲ့။ အရှူံးကိုလဲမကြောက်ပါနဲ့။
ဥပမာ သင်ဟာ အလုပ်မှာ(သို့မဟုတ်) ကိစ္စတစ်ခုမှာ အတော်ဆုံးဖြစ်အောင် ယှဉ်ပြိုင်ရတဲ့ အခါ ကျရှူံးခဲ့သည် ဆိုပါက စိတ်ညစ်မနေ ပါနဲ့။ စိတ်ညစ် နေခြင်းဟာ နောက်တစ်ဖန် စတင်ဖို့ အားလျော့ စေပါလိမ့်မယ်။
သင်မှတ် ထားရမှာကသင့်ဘဝ အောင်မြင်ဖို့ထိုအရာ တစ်ခုတည်းပဲ ရှိတာ မဟုတ်ပါဘူး ။ဆိုလိုတာက အစားထိုးအောင်မြင်လို့ရပါတယ်။ သင်ဟာ အသံမကောင်းလို့ အဆိုတော် မဖြစ်နိုင်ရင် အတော်ဆုံး အကောင်းဆုံး တေးရေးဆရာ ဖြစ်နိုင် ပါတယ်။
ယနေ့မြန်မာပြည်မှာ ရှိတဲ့ တေးရေး ဆရာ အများစုဟာ အဆိုတော်တွေ မဟုတ်ပါဘူး။ သင်ဟာ စာမတော်လို့ ပညာရေးမှာ အညံ့ဆုံး ဖြစ်နေပေမယ့် အချမ်းသာဆုံး စီးပွားရေးသမား/ သရုပ်ဆောင် ဖြစ်နိုင် ပါသေးတယ်။
အဓိက ကတော့ အရာတစ်ခုကို လုပ်ဆောင် ရတော့မယ် ဆိုရင် အရှူံးကို ရင်ဆိုင်နိုင်တဲ့ သတ္တိရှိနေ ပါစေ။ ရူံးတော့ ကောဘယ်သူ့ကို ဂရုစိုက်ဖို့ လိုလို့လဲ။ လူတိုင်း အရှူံးရှိ ပါတယ်။ ဘာမှမရှူံးဘူးဆိုတဲ့လူဟာဘာမှမလုပ်ဖူးတဲ့သူပါ…..
သိပ္ပံနည်းကျစမ်းသပ်မ ှုအရတော့ လူတိုင်းမှာ မတူညီတဲ့ ဦးနှောက်တစ်ခု စီကို ပိုင်ဆိုင်ထားကြ ပါတယ်။ ဒါ့ကြောင့်သင်ဟာ အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်နေဖို့ မလိုပါဘူး။
ဘရုစလီရဲ့စကားတစ်ခွန်း ရှိတယ်..။ “သိုင်းကွက်တစ်ထောင်လောက် ကျွမ်းတဲ့ သူကို ကျွန်တော်မကြောက်ပါဘူး တစ်ကွက်ထဲကို အကြိမ်တစ်ထောင် လောက်လေ့ကျင့်ထားတဲ့ သူဆိုရင်တော့ သတိထားဖို့လိုပါ လိမ့်မယ်”
မှန်
ပါတယ် သင်ဟာ အရာအားလုံး မှာတော်ဖို့မကြိုးစားပါနဲ့ တစ်ခုထဲမှာပဲ တစိုက်မက်မက် ကြိုးစားဖို့ပဲ
လိုတာပါ. ကျရှုံးတိုင်း ရပ်တန့်မသွားပါနဲ့။ ပြန်လည် ရှင်သန်ဖို့ ကြိုးစားပါ။
လေးစားစွာဖြင့်
No Comments