ဘာကြောင့် စာဖတ်ဖို့လိုသလဲ? - Amawpyay
Knowledge
ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာ ညာ မပြောနဲ့ ပျားတွေလောက် မစည်းလုံးဘူးနော် ပျားတွေဟာ သိပ် ဝိရိယ ကောင်းတယ် ပန်းပွင့် မညိုးခင် မနက်စောစော ကတည်းက
၃ – ကျိုးကြောင်း ဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိခြင်း
လူတစ်ယောက်မှာ ကိုယ်ကျင့် တရားမရှိရင် တိရစ္ဆာန်နဲ့ မခြားနားဘူး ကျိုးကြောင်း ဆင်ခြင်ဥာဏ် ပညာကြီးတယ် ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ် ဆိုတာ သိတယ် ကိုယ့်ထက် အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီး သစ်ဆွဲခိုင်းတယ်
ဒါ ဘာလို့လဲ? လူတွေက တိရစ္ဆာန်တွေထက် အကျိုးအကြောင်း ဆင်ခြင်နိုင်လို့ ဥာဏ်ပညာ ကြီးလို့ပေါ့ လူတွေက တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့ ဒါဆိုရင် လူအချင်းချင်းရော
သေချာ စဉ်းစားကြည့် ..
လူတွေမှာလည်း ပညာကြီးတဲ့ လူ ပညာနည်းတဲ့ သူကို လွှမ်း နိုင်မှာပေါ့ သူများနိုင်ငံမှာ သွားပြီး ပညာသင်ရတယ် သူများနိုင်ငံမှာ သွားပြီး အောက်ကျို့ခံ အလုပ် လုပ်ရတယ် သူတိုလောက် ငါတို့ ပညာမတတ်လို့ပါ ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိ ပညာကို တန်ဖိုးထားရကောင်းမှန်း မသိဘူး အမြင်ကျယ် တဲ့သူက အမြင် ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင် မှာပေါ့
# ဆရာကြီး ဦးအောင်သင်း
ယူနီကုတ်
ဘာကြောင့် စာဖတ်ဖို့လိုသလဲ
လူနဲ့တိရစ္ဆာန် ဘယ်သူသာ လဲမေးရင် လူကသာ တယ်လို့ ဖြေကြ တယ်။ စဉ်းစားကြည့်ရအောင်..
မြင်းလောက် အပြေး သန်သလား? ဆင်လောက် ခွန်အားကြီးသလား ? ငါးလောက် ရေကူး ကြွမ်းသလား ? ကျီးကန်း တို့ လဒ တို့လောက် မျက်စိလျှင်လား? အယ်ဇေးရှင်း ခွေးလောက် အနံ့ခံ ကောင်းလား?
ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာ ညာ မပြောနဲ့ ပျားတွေလောက် မစည်းလုံးဘူးနော် ပျားတွေဟာ သိပ် ဝိရိယ ကောင်းတယ် ပန်းပွင့် မညိူးခင် မနက်စောစော ကတည်းက
လုံ့လစိုက်ပြီး အလုပ် လုပ်တယ်
ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကို တွေ့လာရင် သတင်းလာ ပို့တယ် သူက ဦးဆောင် ခေါ်သွားတယ်။ နောက်က ပျားတွေကလည်း ထပ်ချပ်မကွာ လိုက်တယ် သူတို့ ယူလာတဲ့ ဝတ်ရည်ကို သိုလှောင်တဲ့ နေရာမှာ အတိအကျ ထားတယ် ဘယ်ပျားကမှ မခိုးဘူး မှောင်ခို မချဘူး. ကောင်းလိုက် တဲ့ ဗီဇ ရှဉ့်လျှောက်လို့ ရအောင်လမ်း ချန်ပေးထားတယ် သူများ သွားလမ်း ပိတ်မထားဘူး
လူတွေလို ဘယ်သူသေသေ ပြီးပြီးရော ဆိုတဲ့ စိတ်ယုတ် မရှိဘူး ပျားအုံကို ထိရင် အသေခံ ကာကွယ်တယ် ကြည့်စမ်း ပျားတွေ နိုင်ငံတော် သည် ဘယ်လောက် အားကျ ဖို့ကောင်းလဲ ဘယ်လာက် အတုယူဖို့ ကောင်းလဲ
ကောင်းပြီ ဆက်စဉ်းစားကြရအောင် .. လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေ ထုတ်ကြည့်ရင် သုံးမျိုးပဲ ရှိတယ်
၁ – အလှအပကို ခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း
၂ – ကိုယ်ကျင့်တရား ရှိခြင်း
၃ – ကျိုးကြောင်း ဆင်ခြင်နိုင်ခြင်း ဉာဏ်ပညာရှိခြင်း
လူတွေဟာ အလှအပကို ခံစားတတ်တယ် ဖန်တီးတန်တယ် တိရစ္ဆာန်တွေမှာ ကိုယ်ကျင့်တရားမရှိဘူး ကြီးနိုင် ငယ် ညှင်းတယ် မကောင်းတာ ကောင်းတာ သူတို့ မသိဘူး ကိုယ်ကျင့် တရားဆိုတာလည်း မရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့် တရားမရှိရင် တိရစ္ဆာန်နဲ့ မခြားနားဘူး ကျိုးကြောင်း ဆင်ခြင်ဉာဏ် ပညာကြီးတယ် ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ် ဆိုတာ သိတယ် ကိုယ့်ထက် အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီး သစ်ဆွဲခိုင်းတယ်
မြင်းကို ပါးချုပ်တတ်ပြီး ခွစီးတယ် လှည်းတပ် ဆွဲခိုင်းတယ် ရေကူး ကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့ မျှားတယ် ပိုက်နဲ့ ဖမ်းတယ် ကိုယ့်ထက် စည်းလုံးပါတယ် ဆို တဲ့ပျားကို ဖွတ်စားတယ်
ဒါ ဘာလို့လဲ? လူတွေက တိရစ္ဆာန်တွေထက် အကျိုးအကြောင်း ဆင်ခြင်နိုင်လို့ ဉာဏ်ပညာ ကြီးလို့ပေါ့ လူတွေက တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဉာဏ်ပိုကြီးလို့ ဒါဆိုရင် လူအချင်းချင်းရောသေချာ စဉ်းစားကြည့် ..
လူတွေမှာလည်း ပညာကြီးတဲ့ လူ ပညာနည်းတဲ့ သူကို လွှမ်း နိုင်မှာပေါ့ သူများနိုင်ငံမှာ သွားပြီး ပညာသင်ရတယ် သူများနိုင်ငံမှာ သွားပြီး အောက်ကျို့ခံ အလုပ် လုပ်ရတယ် သူတိုလောက် ငါတို့ ပညာမတတ်လို့ပဲ
ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိ ပညာကို တန်ဖိုးထားရကောင်းမှန်း မသိဘူး အမြင်ကျယ် တဲ့သူက အမြင် ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင် မှာပေါ့
အဲ့ဒီတော့ သူများလွှမ်းမိုးတာ မခံရအောင် သူများခေါင်းပုံ ဖြတ်တာ မခံရအောင် သူများလူလည်ကျတာ မခံရအောင် သူများအနိုင်ကျင့်တာ မခံရအောင် ပညာတန်ဖို့ အမြင်ကျယ်ဖို့ အသိပညာရှိဖို့ ဗဟုသုတ ရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ? စာဖတ်ရမှာပေါ့.. စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင် လုပ်တာ သူများ အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ အဖြစ် ရယူတာ စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိုး များများ ဖတ်ပါ ဘဝကို ဦးနှောက်က ဦးဆောင်တာ အသိပညာ ရစေမယ့် စာတွေ များများ ဖတ်စေချင်တယ်။
# ဆရာကြီး ဦးအောင်သင်း
No Comments
Leave a Reply
Your email address will not be published.
ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …