ေအာင္ျမင္ခ်င္ရင္ သင့္အက်င့္ေတြကို ျပင္လိုက္ပါ - Amawpyay

ေအာင္ျမင္ခ်င္ရင္ သင့္အက်င့္ေတြကို ျပင္လိုက္ပါ

ေအာင္ျမင္ခ်င္ရင္ သင့္အက်င့္ေတြကို ျပင္လိုက္ပါ
Knowledge

ေအာင္ျမင္ခ်င္ရင္ သင့္အက်င့္ေတြကို ျပင္လိုက္ပါ

စိတ္ပညာနယ္ပယ္နဲ႔ ေအာင္ျမင္ေရး အေၾကာင္းေတြကို ေလ့လာသူေတြရဲ႕ အေရးႀကီးဆုံး ေတြ႕ရွိခ်က္က ဒီလိုပါ။ 95ရာခိုင္ႏႈန္းေသာ လူေတြရဲ႕ လက္ရွိေရာက္ေနတဲ့ အေျခအေနေတြဟာ သူတို႔ရဲ႕ အက်င့္ေတြေၾကာင့္ ျဖစ္လာခဲ့တာ ပါတဲ့။

ဆိုလိုတာက ေအာင္ျမင္သူေတြဟာ ေအာင္ျမင္ေစခ်င္တဲ့ အက်င့္ေတြေၾကာင့္ပါ။ မေအာင္ျမင္သူေတာ့ မရေစတဲ့ အက်င့္ေတြ ေၾကာင့္ပါတဲ့။

အက်င့္ (Habit)ဆိုတာ ဘာလဲ။

အက်င့္ဆိုတာ ေမြးရာပါဗီဇ မဟုတ္ပါဘူး။ အလုပ္တစ္ခုကို ႀကိမ္ဖန္ မ်ားစြာ ထပ္ဖန္တလဲလဲ လုပ္ရင္းနဲ႔ ၾကာေတာ့ မလုပ္ရ မေနႏိုင္ျဖစ္ လာတယ္။ အဲ့ဒါ အက်င့္ ျဖစ္လာတာပါ။ အက်င့္တစ္ခု ျဖစ္လာဖို႔အတြက္ ပထမ အားစိုက္ထုတ္ၿပီး လုပ္ရတယ္။

ေနာက္က်ေတာ့ မလုပ္ရ မေနႏိုင္ ျဖစ္လာသလို အားစိုက္ ထုတ္စရာ မလိုေတာ့ဘူး။ ဥပမာ- အၿမဲ အိပ္ရာထ ေနာက္က်ေလ့ရွိသူဟာ အိပ္ရာေစာေစာထတဲ့ အက်င့္ လုပ္တယ္။ အစပိုင္းမွာ အိပ္ရာေစာေစာထဖို႔ အေတာ္ႀကိဳးစားလုပ္ေနရတယ္။

ၾကာလာတဲ့ အခါ အိပ္ရာေစာေစာထတဲ့ အက်င့္ျဖစ္လာတယ္ အားစိုက္ ထုတ္စရာ မလိုပဲ ေစာေစာထ လာႏိုင္တယ္။ ဘာေၾကာင့္လဲ အဲဒီအက်င့္ကို မသိစိတ္ ထဲမွာ မွတ္ထား လိုက္လို႔ပါ။

အက်င့္ဆိုတာ ထပ္ဖန္တလဲလဲ ၾကာရွည္လုပ္ေပးရင္ျဖစ္လာတာမို႔ ေကာင္းတဲ့ အျပဳ႕အမူကို ထပ္ဖန္တလဲလဲ လုပ္ေပးျခင္းျဖင့္ ေကာင္းတဲ့ အက်င့္ရေအာင္ ေမြးျမဴ တည္ေဆာက္ လို႔ရ ပါတယ္။ ေကာင္းတဲ့ အက်င့္ေတြကို ဘယ္လိုတည္ေဆာက္ခဲ့တယ္ဆိုတာကို ေလ့လာၾကည့္ၾက ရေအာင္ ပါ။

ေဂ်ာ့ဝါရွင္တန္ဟာ သာမန္ လူလတ္တန္းစား မိသားစုက ေမြးဖြားလာခဲ့ သူပါ။ သူ႔မွာ ေဆြႀကီးမ်ိဳးႀကီး ဂုဏ္သေရ ရွိတဲ့ ေဆြမ်ိဳးမရွိဘူး လူပ်ိဳေပါက္အ႐ြယ္မွာ သူဟာ ေအာင္ျမင္ႀကီးပြား ခ်င္သူ တစ္ေယာက္ျဖစ္ခ်င္လာတယ္

တစ္ေန႔မွာ သူဟာ ‘The Rules of Civlity and Deent Behavior in Company and Conversations”
ကုမၸဏီမွာနဲ႔ စကားေၾဟခ်င္အရာမွာ ယဥ္ေက်းသိမ္ေမြ႕ၿပီး သိကၡာ ရွိေစရန္ နည္းလမ္းမ်ားဆိုတဲ့ စာအုပ္ေသးေလး တစ္အုပ္ကို စာၾကည့္တိုက္ တစ္ခုမွာ ေတြ႕လိုက္ တယ္။

သူဟာ အဲဒီစာအုပ္ကို အရမ္းသေဘာက်လို႔ စာအုပ္ထဲမွာပါတဲ့ နည္းလမ္း ၁၀၁ ခ်က္ကို သူ႔ရဲ႕ မွတ္စု စာအုပ္ထဲမွာ ကူးယူ လိုက္တယ္။ ဝါရွင္တန္ဟာ မွတ္စုစာအုပ္ကို သြားေလရာ ယူသြားၿပီး နည္းလမ္း ၁၀၁ ခ်က္ကို မွတ္မိေအာင္ အႀကိမ္ႀကိမ္ဖတ္တယ္။

အဲဒီနည္းေတြကို အလ်ဥ္းသင့္တိုင္း လိုက္နာက်င့္သုံး ၾကည့္တယ္။ ဒါေၾကာင့္ သူဟာ လူေတြနဲ႔ အစဥ္ေျပေအာင္ ေပါင္းသင္း တတ္လာတယ္။ လူေတြကလည္း ငယ္႐ြယ္ေပမယ့္ ရည္ရည္မြန္မြန္ ရွိတဲ့ သူ႔ကို
သေဘာက် ေလးစားလာၾကတယ္။

ဝါရွင္တန္ဟာ နည္းလမ္း ၁၀၁ ခ်က္ကို အၿမဲ လိုက္နာက်င့္သုံးရင္း အဲဒါေတြဟာ သူ႔ရဲ႕ အက်င့္ ျဖစ္လာခဲ့ပါတယ္။ အဲဒီ အက်င့္ေတြေၾကာင့္ သူဟာ ၿဗိတိသွ် ကိုလိုနီ အစိုးရကို ေတာ္လွန္တဲ့ အေမရိကန္တပ္ေပါင္းစုရဲ႕ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ အေမရိကန္ႏိုင္ငံရဲ႕ ပထမဆုံး သမၼတျဖစ္လာခဲ့ပါတယ္။

ဒါဟာ ေကာင္းတဲ့ အက်င့္ေၾကာင့္ ေအာင္ျမင္သူျဖစ္လာသူ တစ္ေယာက္အေၾကာင္းပါ။ သူ႔လိုပဲ ေကာင္းတဲ့ အက်င့္ကို ေမြးျမဴ တည္ေဆာက္ၿပီး ေအာင္ျမင္လာသူ ေနာက္တစ္ေယာက္ ရွိပါေသး တယ္။

သူနဲ႔ တစ္ခ်ိန္တည္ ကေလာက္ပါ။ ဘင္ဂ်င္ကလင္ ဆိုတဲ့ လူငယ္တစ္ေယာက္ပါ။

သူဟာ ပုံႏွိပ္စက္တစ္ခုမွာ အလုပ္သင္ ဘဝနဲ႔ အလုပ္ လုပ္ေနပါတယ္။ သူဟာ လူပ်ိဳအ႐ြယ္မွာ အေတာ္ဆိုးပါတယ္ ရပ္ကြက္ထဲက လူငယ္ေတြနဲ႔ စကားမ်ား ရန္ျဖစ္ၿပီး ထိုးႀကိတ္ေလ့ ရွိတယ္။ သူဟာ အၿမဲတမ္း သူမ်ားကို ရန္လို တိုက္ခိုက္ ခ်င္စိတ္ ျဖစ္ေနတယ္။

တစ္ေန႔မွာ သူဟာ ေပါင္းစရာ သူငယ္ခ်င္းမရွိပဲရ န္ေတြခ်ည္းပဲ ျဖစ္ေနတာကို စိတ္ပ်က္လာတယ္။ ဒါေၾကာင့္ သူ႔အျပဳ႕အမူေတြကို ျပဳ႕ျပင္ခ်င္လာတယ္။ သူဟာ အတုယူ အားက်ဖြယ္ေကာင္းတဲ့ စံျပလူသားတစ္ေယာက္မွာ ရွိသင့္တဲ့ အေလ့အက်င့္ေတြကို စဥ္းစားၿပီး မွတ္စုစာအုပ္မွာ ေရးခ်လိုက္တယ္။

ဥပမာ- ႐ိုးသားေျဖာင့္မတ္ျခင္း ကူညီတတ္ျခင္း စိတ္ရွည္သိခံျခင္း ဇြဲရွိျခင္း အနစ္နာခံျခင္း စတာေတြပါ။ စုစုေပါင္း ၁၂ ခ်က္ ရတယ္။ သူ အဲဒါေတြေရးၿပီးေတာ့ ဘာလုပ္သလဲ။ အဲဒီ အေလ့အက်င့္ ၁၂ ခ်က္ထဲက တစ္ခုစီကို တစ္ပတ္စီ ၾကာေအာင္ လိုက္နာက်င့္သုံးတယ္။

အဲဒီ တစ္ပတ္လုံးမွာ သူဟာ အဲဒီ အေလ့အက်င့္ကို ေခါင္းထဲမွာ မွတ္ထားၿပီး ေန႔စဥ္ ျပဳ႕မူေျပာဆိုရာမွာ အခြင့္ေရးရရင္ ရသလို အသုံးခ် က်င့္သုံးတယ္ ။ ၁၂ ပတ္ၾကာလို႔ အေလ့အက်င့္ ၁၂ ခုလုံးၿပီးသြားတဲ့အခါ အေလ့အက်င့္ တစ္ခုစီကို ၃ ပတ္စီ၊ အားလုံးၿပီးသြားရင္ ၄ ပတ္စီ လိုက္နာက်င့္သုံးတယ္။

ႏွစ္ခ်ီ ၾကာလာတဲ့အခါ ဘင္ဂ်မင္ဟာ အဲဒီ စံျပလူသားတစ္ေယာက္ရဲ႕ အေလ့အက်င့္ေတြကို အလိုအေလ်ာက္ လုပ္ေနမိလာတယ္။ သူ႔ရဲ႕ အက်င့္ေတြ ျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕ အက်င့္ေကာင္းေတြေၾကာင့္ သူဟာ ျပင္သစ္ႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး ျဖစ္လာခဲ့တယ္။

အေမရိကန္ လြတ္လပ္ေရးေၾကညာစာတမ္း ျပဳ႕စုေရးေကာ္မတီရဲ႕ အဖြဲ႕ဝင္ ၅ ဦးမွာ တစ္ဦးျဖစ္လာခဲ့တယ္။ သူဟာ ပုံႏွိပ္သူ စာေရးဆရာ တီထြင္သူ သိပၸံပညာရွင္ ၿမိဳ႕ေတာ္ဝန္ သံအမတ္ စတဲ့ နယ္ပယ္ေတြမွာလည္း ထင္းရွားေက်ာ္ၾကား ေအာင္ျမင္ခဲ့သူပါ။

အထက္က ေဂ်ာ့ဝါရွင္တန္ နဲ႔ ဘင္ဂ်မင္ဖရင္ကလင္တို႔ရဲ႕ တကယ့္ အျဖစ္မွန္ေတြက ကြၽန္ေတာ္တို႔ကို ဘာအသိေပး လိုက္သလဲ။ အက်င့္ဆိုတာ လုပ္ယူလို႔ရတယ္၊ ေနာက္ၿပီး ေကာင္းတဲ့ အက်င့္ေတြေၾကာင့္ ေအာင္ျမင္မႈေတြ ရႏိုင္တယ္ ဆိုတာပါ။

သင္လည္း သူတို႔လို လုပ္ရင္ ေသခ်ာေပါက္ ဘဝမွာ ေအာင္ျမင္သူတစ္ေယာက္ျဖစ္လာမွာပါ။ တစ္ခု သတိေပးခ်င္တာက ေကာင္းတဲ့ အက်င့္ေတြကို ေမြးျမဴ တည္ေဆာက္ေန ခ်ိန္မွာ မေကာင္းတဲ့ အက်င့္ေတြကို ေဖ်ာက္ပစ္ ရပါ လိမ့္မယ္။ စြန႔္ပယ္ရမယ္။

ဒါေပမယ့္ ခက္တာက မေကာင္းတဲ့ အက်င့္ကို ေဖ်ာက္ပစ္လို႔ မရပါဘူး။

ဟာ…. ဒါဆိုရင္ ဘယ္လိုလုပ္ရမလဲ။ နည္းလမ္း ရွိပါတယ္။ အဲဒါကေတာ့ မေကာင္းတဲ့ အက်င့္ကို ေကာင္းတဲ့ အက်င့္နဲ႔ အစားထိုးေပးရမွာပါ။ အဲဒီလို အစားထိုးေပးတဲ့ အလုပ္ဟာ အေတာ္ေလး ခက္ပါတယ္။

ဒါေပမဲ့ စိတ္ခိုင္ခိုင္မာမာနဲ႔ လုပ္ရင္ ရပါတယ္။ ရွင္းသြားေအာင္ ဥပမာေလး တစ္ခုေပး ပါမယ္။ ညေနတိုင္း အိမ္မွာ အရက္ေသာက္တတ္တဲ့ အက်င့္ဆိုးကို ရပ္ျပစ္ ခ်င္တယ္။ ဘာလုပ္မလဲ။ ညေန အိမ္မွာေနရင္ အရက္ေသာက္ျဖစ္မယ္။

ဒါေၾကာင့္အားကစား႐ုံကိုသြားၿပီးအားကစား ေလ့က်င့္ပါ။ ေန႔စဥ္ရက္ဆက္ အားကစား႐ုံမွာ မပ်က္မကြက္ ေလ့က်င့္ကစားေနရင္ ၾကာလာတဲ့အခါ ေလ့က်င့္ခန္း မလုပ္ရရင္ မေနႏိုင္ ျဖစ္လာမယ္။ တစ္ခ်ိန္တည္မွာ ညေနတိုင္း အရက္ ေသာက္တတ္တဲ့ အက်င့္ရပ္သြားသလို က်န္းမာေရးလည္းေကာင္းလာမွာပါ။

ေစာေစာကေျပာသလို လြယ္ကူတဲ့ အလုပ္မဟုတ္ေပမယ့္ စိတ္ခိုင္ခိုင္မာမာနဲ႔ လုပ္ရင္ ျဖစ္ပါတယ္။ အခုေရးခဲ့တာေတြရဲ႕ အႏွစ္ခ်ဳပ္က ေအာင္ျမင္သူ တစ္ေယာက္ျဖစ္ခ်င္ရင္ ေကာင္းတဲ့အက်င့္ေတြ ေမြးျမဴတည္ေဆာက္ပါ။ မေကာင္းတဲ့ အက်င့္ဆိုးေတြကို ေကာင္းတဲ့ အက်င့္ေတြနဲ႔ အစားထိုးပါ။

#ေအာင္ျမင္မႈပန္းတိုင္သို႔……

ျပန္လည္ မွ်ေဝျခင္းသာျဖစ္ပါတယ္

ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုတ္

အောင်မြင်ချင်ရင် သင့်အကျင့်တွေကို ပြင်လိုက်ပါ

စိတ်ပညာနယ်ပယ်နဲ့ အောင်မြင်ရေး အကြောင်းတွေကို လေ့လာသူတွေရဲ့ အရေးကြီးဆုံး တွေ့ရှိချက်က ဒီလိုပါ။ 95ရာခိုင်နှုန်းသော လူတွေရဲ့ လက်ရှိရောက်နေတဲ့ အခြေအနေတွေဟာ သူတို့ရဲ့ အကျင့်တွေကြောင့် ဖြစ်လာခဲ့တာ ပါတဲ့။

ဆိုလိုတာက အောင်မြင်သူတွေဟာ အောင်မြင်စေချင်တဲ့ အကျင့်တွေကြောင့်ပါ။ မအောင်မြင်သူတော့ မရစေတဲ့ အကျင့်တွေ ကြောင့်ပါတဲ့။

အကျင့် (Habit)ဆိုတာ ဘာလဲ။

အကျင့်ဆိုတာ မွေးရာပါဗီဇ မဟုတ်ပါဘူး။ အလုပ်တစ်ခုကို ကြိမ်ဖန် များစွာ ထပ်ဖန်တလဲလဲ လုပ်ရင်းနဲ့ ကြာတော့ မလုပ်ရ မနေနိုင်ဖြစ် လာတယ်။ အဲ့ဒါ အကျင့် ဖြစ်လာတာပါ။ အကျင့်တစ်ခု ဖြစ်လာဖို့အတွက် ပထမ အားစိုက်ထုတ်ပြီး လုပ်ရတယ်။

နောက်ကျတော့ မလုပ်ရ မနေနိုင် ဖြစ်လာသလို အားစိုက် ထုတ်စရာ မလိုတော့ဘူး။ ဥပမာ- အမြဲ အိပ်ရာထ နောက်ကျလေ့ရှိသူဟာ အိပ်ရာစောစောထတဲ့ အကျင့် လုပ်တယ်။ အစပိုင်းမှာ အိပ်ရာစောစောထဖို့ အတော်ကြိုးစားလုပ်နေရတယ်။

ကြာလာတဲ့ အခါ အိပ်ရာစောစောထတဲ့ အကျင့်ဖြစ်လာတယ် အားစိုက် ထုတ်စရာ မလိုပဲ စောစောထ လာနိုင်တယ်။ ဘာကြောင့်လဲ အဲဒီအကျင့်ကို မသိစိတ် ထဲမှာ မှတ်ထား လိုက်လို့ပါ။

အကျင့်ဆိုတာ ထပ်ဖန်တလဲလဲ ကြာရှည်လုပ်ပေးရင်ဖြစ်လာတာမို့ ကောင်းတဲ့ အပြု့အမူကို ထပ်ဖန်တလဲလဲ လုပ်ပေးခြင်းဖြင့် ကောင်းတဲ့ အကျင့်ရအောင် မွေးမြူ တည်ဆောက် လို့ရ ပါတယ်။ ကောင်းတဲ့ အကျင့်တွေကို ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတာကို လေ့လာကြည့်ကြ ရအောင် ပါ။

ဂျော့ဝါရှင်တန်ဟာ သာမန် လူလတ်တန်းစား မိသားစုက မွေးဖွားလာခဲ့ သူပါ။ သူ့မှာ ဆွေကြီးမျိုးကြီး ဂုဏ်သရေ ရှိတဲ့ ဆွေမျိုးမရှိဘူး လူပျိုပေါက်အရွယ်မှာ သူဟာ အောင်မြင်ကြီးပွား ချင်သူ တစ်ယောက်ဖြစ်ချင်လာတယ်

တစ်နေ့မှာ သူဟာ ‘The Rules of Civlity and Deent Behavior in Company and Conversations”
ကုမ္ပဏီမှာနဲ့ စကားဟြေချင်အရာမှာ ယဉ်ကျေးသိမ်မွေ့ပြီး သိက္ခာ ရှိစေရန် နည်းလမ်းများဆိုတဲ့ စာအုပ်သေးလေး တစ်အုပ်ကို စာကြည့်တိုက် တစ်ခုမှာ တွေ့လိုက် တယ်။

သူဟာ အဲဒီစာအုပ်ကို အရမ်းသဘောကျလို့ စာအုပ်ထဲမှာပါတဲ့ နည်းလမ်း ၁၀၁ ချက်ကို သူ့ရဲ့ မှတ်စု စာအုပ်ထဲမှာ ကူးယူ လိုက်တယ်။ ဝါရှင်တန်ဟာ မှတ်စုစာအုပ်ကို သွားလေရာ ယူသွားပြီး နည်းလမ်း ၁၀၁ ချက်ကို မှတ်မိအောင် အကြိမ်ကြိမ်ဖတ်တယ်။

အဲဒီနည်းတွေကို အလျဉ်းသင့်တိုင်း လိုက်နာကျင့်သုံး ကြည့်တယ်။ ဒါကြောင့် သူဟာ လူတွေနဲ့ အစဉ်ပြေအောင် ပေါင်းသင်း တတ်လာတယ်။ လူတွေကလည်း ငယ်ရွယ်ပေမယ့် ရည်ရည်မွန်မွန် ရှိတဲ့ သူ့ကို
သဘောကျ လေးစားလာကြတယ်။

ဝါရှင်တန်ဟာ နည်းလမ်း ၁၀၁ ချက်ကို အမြဲ လိုက်နာကျင့်သုံးရင်း အဲဒါတွေဟာ သူ့ရဲ့ အကျင့် ဖြစ်လာခဲ့ပါတယ်။ အဲဒီ အကျင့်တွေကြောင့် သူဟာ ဗြိတိသျှ ကိုလိုနီ အစိုးရကို တော်လှန်တဲ့ အမေရိကန်တပ်ပေါင်းစုရဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။

ဒါဟာ ကောင်းတဲ့ အကျင့်ကြောင့် အောင်မြင်သူဖြစ်လာသူ တစ်ယောက်အကြောင်းပါ။ သူ့လိုပဲ ကောင်းတဲ့ အကျင့်ကို မွေးမြူ တည်ဆောက်ပြီး အောင်မြင်လာသူ နောက်တစ်ယောက် ရှိပါသေး တယ်။

သူနဲ့ တစ်ချိန်တည် ကလောက်ပါ။ ဘင်ဂျင်ကလင် ဆိုတဲ့ လူငယ်တစ်ယောက်ပါ။

သူဟာ ပုံနှိပ်စက်တစ်ခုမှာ အလုပ်သင် ဘဝနဲ့ အလုပ် လုပ်နေပါတယ်။ သူဟာ လူပျိုအရွယ်မှာ အတော်ဆိုးပါတယ် ရပ်ကွက်ထဲက လူငယ်တွေနဲ့ စကားများ ရန်ဖြစ်ပြီး ထိုးကြိတ်လေ့ ရှိတယ်။ သူဟာ အမြဲတမ်း သူများကို ရန်လို တိုက်ခိုက် ချင်စိတ် ဖြစ်နေတယ်။

တစ်နေ့မှာ သူဟာ ပေါင်းစရာ သူငယ်ချင်းမရှိပဲရ န်တွေချည်းပဲ ဖြစ်နေတာကို စိတ်ပျက်လာတယ်။ ဒါကြောင့် သူ့အပြု့အမူတွေကို ပြု့ပြင်ချင်လာတယ်။ သူဟာ အတုယူ အားကျဖွယ်ကောင်းတဲ့ စံပြလူသားတစ်ယောက်မှာ ရှိသင့်တဲ့ အလေ့အကျင့်တွေကို စဉ်းစားပြီး မှတ်စုစာအုပ်မှာ ရေးချလိုက်တယ်။

ဥပမာ- ရိုးသားဖြောင့်မတ်ခြင်း ကူညီတတ်ခြင်း စိတ်ရှည်သိခံခြင်း ဇွဲရှိခြင်း အနစ်နာခံခြင်း စတာတွေပါ။ စုစုပေါင်း ၁၂ ချက် ရတယ်။ သူ အဲဒါတွေရေးပြီးတော့ ဘာလုပ်သလဲ။ အဲဒီ အလေ့အကျင့် ၁၂ ချက်ထဲက တစ်ခုစီကို တစ်ပတ်စီ ကြာအောင် လိုက်နာကျင့်သုံးတယ်။

အဲဒီ တစ်ပတ်လုံးမှာ သူဟာ အဲဒီ အလေ့အကျင့်ကို ခေါင်းထဲမှာ မှတ်ထားပြီး နေ့စဉ် ပြု့မူပြောဆိုရာမှာ အခွင့်ရေးရရင် ရသလို အသုံးချ ကျင့်သုံးတယ် ။ ၁၂ ပတ်ကြာလို့ အလေ့အကျင့် ၁၂ ခုလုံးပြီးသွားတဲ့အခါ အလေ့အကျင့် တစ်ခုစီကို ၃ ပတ်စီ၊ အားလုံးပြီးသွားရင် ၄ ပတ်စီ လိုက်နာကျင့်သုံးတယ်။

နှစ်ချီ ကြာလာတဲ့အခါ ဘင်ဂျမင်ဟာ အဲဒီ စံပြလူသားတစ်ယောက်ရဲ့ အလေ့အကျင့်တွေကို အလိုအလျောက် လုပ်နေမိလာတယ်။ သူ့ရဲ့ အကျင့်တွေ ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ အကျင့်ကောင်းတွေကြောင့် သူဟာ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာခဲ့တယ်။

အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း ပြု့စုရေးကော်မတီရဲ့ အဖွဲ့ဝင် ၅ ဦးမှာ တစ်ဦးဖြစ်လာခဲ့တယ်။ သူဟာ ပုံနှိပ်သူ စာရေးဆရာ တီထွင်သူ သိပ္ပံပညာရှင် မြို့တော်ဝန် သံအမတ် စတဲ့ နယ်ပယ်တွေမှာလည်း ထင်းရှားကျော်ကြား အောင်မြင်ခဲ့သူပါ။

အထက်က ဂျော့ဝါရှင်တန် နဲ့ ဘင်ဂျမင်ဖရင်ကလင်တို့ရဲ့ တကယ့် အဖြစ်မှန်တွေက ကျွန်တော်တို့ကို ဘာအသိပေး လိုက်သလဲ။ အကျင့်ဆိုတာ လုပ်ယူလို့ရတယ်၊ နောက်ပြီး ကောင်းတဲ့ အကျင့်တွေကြောင့် အောင်မြင်မှုတွေ ရနိုင်တယ် ဆိုတာပါ။

သင်လည်း သူတို့လို လုပ်ရင် သေချာပေါက် ဘဝမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာမှာပါ။ တစ်ခု သတိပေးချင်တာက ကောင်းတဲ့ အကျင့်တွေကို မွေးမြူ တည်ဆောက်နေ ချိန်မှာ မကောင်းတဲ့ အကျင့်တွေကို ဖျောက်ပစ် ရပါ လိမ့်မယ်။ စွန့်ပယ်ရမယ်။

ဒါပေမယ့် ခက်တာက မကောင်းတဲ့ အကျင့်ကို ဖျောက်ပစ်လို့ မရပါဘူး။ ဟာ…. ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။ နည်းလမ်း ရှိပါတယ်။ အဲဒါကတော့ မကောင်းတဲ့ အကျင့်ကို ကောင်းတဲ့ အကျင့်နဲ့ အစားထိုးပေးရမှာပါ။ အဲဒီလို အစားထိုးပေးတဲ့ အလုပ်ဟာ အတော်လေး ခက်ပါတယ်။

ဒါပေမဲ့ စိတ်ခိုင်ခိုင်မာမာနဲ့ လုပ်ရင် ရပါတယ်။ ရှင်းသွားအောင် ဥပမာလေး တစ်ခုပေး ပါမယ်။ ညနေတိုင်း အိမ်မှာ အရက်သောက်တတ်တဲ့ အကျင့်ဆိုးကို ရပ်ပြစ် ချင်တယ်။ ဘာလုပ်မလဲ။ ညနေ အိမ်မှာနေရင် အရက်သောက်ဖြစ်မယ်။

ဒါကြောင့်အားကစားရုံကိုသွားပြီးအားကစား လေ့ကျင့်ပါ။ နေ့စဉ်ရက်ဆက် အားကစားရုံမှာ မပျက်မကွက် လေ့ကျင့်ကစားနေရင် ကြာလာတဲ့အခါ လေ့ကျင့်ခန်း မလုပ်ရရင် မနေနိုင် ဖြစ်လာမယ်။ တစ်ချိန်တည်မှာ ညနေတိုင်း အရက် သောက်တတ်တဲ့ အကျင့်ရပ်သွားသလို ကျန်းမာရေးလည်းကောင်းလာမှာပါ။

စောစောကပြောသလို လွယ်ကူတဲ့ အလုပ်မဟုတ်ပေမယ့် စိတ်ခိုင်ခိုင်မာမာနဲ့ လုပ်ရင် ဖြစ်ပါတယ်။ အခုရေးခဲ့တာတွေရဲ့ အနှစ်ချုပ်က အောင်မြင်သူ တစ်ယောက်ဖြစ်ချင်ရင် ကောင်းတဲ့အကျင့်တွေ မွေးမြူတည်ဆောက်ပါ။ မကောင်းတဲ့ အကျင့်ဆိုးတွေကို ကောင်းတဲ့ အကျင့်တွေနဲ့ အစားထိုးပါ။

#အောင်မြင်မှုပန်းတိုင်သို့……

ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်

လေးစားစွာဖြင့် ခရက်ဒစ်

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …