အိပ္ေပ်ာ္ေနခ်ိန္မွာ အျမင့္ကျပဳတ္က်သလုိ ခံစားမႈမ်ိဳး ဘာေၾကာင့္ ခံစားရတာလဲ …? - Amawpyay

အိပ္ေပ်ာ္ေနခ်ိန္မွာ အျမင့္ကျပဳတ္က်သလုိ ခံစားမႈမ်ိဳး ဘာေၾကာင့္ ခံစားရတာလဲ …?

အိပ္ေပ်ာ္ေနခ်ိန္မွာ အျမင့္ကျပဳတ္က်သလုိ ခံစားမႈမ်ိဳး ဘာေၾကာင့္ ခံစားရတာလဲ …?
Knowledge

အိပ္ေပ်ာ္ေနခ်ိန္မွာ အျမင့္ကျပဳတ္က်သလုိ ခံစားမႈမ်ိဳး ဘာေၾကာင့္ ခံစားရတာလဲ …?

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ေကာင္းေကာင္းမြန္မြန္ အိပ္ေပ်ာ္သြားတဲ့အခါ အိပ္မက္ထဲမွာ လူဆုိးေတြ၊ သရဲေတြက ေနာက္ကလုိက္လုိ႔ လြတ္ေအာင္ ေျပးလႊားရင္း ေခ်ာက္ကမ္းပါးေတြထက္ကေန၊ အျမင့္ကေန ျပဳတ္က်သလုိ ခံစားမႈမ်ိဳး လူတုိင္း ခံစားဖူးပါလိမ့္မယ္။

အဲဒီေနာက္ သင္ဟာ သိမ့္ကနဲ လႈပ္ႏႈိးလုိက္သလုိ ခံစားရၿပီး၊ ေဇာေခၽြးေတြ ျပန္ေနတာတုိ႔၊ ႏွလုံးခုန္မမွန္ ေၾကာက္ရြံ႕ေနတာတုိ႔ ျဖစ္ပါလိမ့္မယ္။

ဒီလုိ ခံစားရတဲ့အေျခအေနကို Hypnogogic jerk လုိ႔ ေခၚပါတယ္။ Hypnogogic အေျခအေနနဲ႔ စပ္လ်ဥ္းေနၿပီး၊ ဆုိရရင္ အိပ္လုိ႔ေပ်ာ္လုေပ်ာ္ခင္စပ္ၾကား အခ်ိန္ခဏေလးနဲ႔ ဆက္စပ္ေနပါတယ္။ တစ္နည္းဆုိရေသာ္ ေမွးကနဲအိပ္ေပ်ာ္ရကေန ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ျခင္းအဆင့္ကို မေရာက္မီ စပ္ၾကားျဖစ္ပါတယ္။

Hypnogogic jerk မွာ အျခားအမည္ကြဲ အမ်ိဳးမ်ိဴးရွိေသာ္လည္း ေသခ်ာတာကေတာ့ ဒီလုိအေျခအေနမွာ တခ်ိဳ႕ေသာလူေတြရဲ႕ ခႏၶာကိုယ္ၾကြက္သားေတြ တမင္တကာမဟုတ္ဘဲ ဖ်စ္လုိက္သလုိ ညႇစ္လုိက္သလုိ၊ က်ဳံဳ႕ဝင္သြားပါတယ္။ တခ်ိဳ႕႕ကေတာ့ ၾကြက္သားက်ိဳ႕မႈမွာ သိပ္မသိသာေပမယ့္ တခ်ိဳ႕ကေတာ့ ျပင္းထန္တတ္ပါတယ္။

ဘာေၾကာင့္ ဒီလုိျဖစ္တာလဲဆုိတဲ့ အေၾကာင္းျပခ်က္ေတြကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။ သုိ႔ေသာ္လည္း ဒီျဖစ္စဥ္နဲ႔ပတ္သက္တဲ့ ယူဆခ်က္သီအုိရီေတြ ေျမာက္မ်ားစြာရွိေနၿပီး၊ က်န္းမာတဲ့လူေတြ၊ က်န္းမာေရး ေဒါင္ေဒါင္ျမည္ပါတယ္ဆုိတဲ့လူေတြလည္း ဒီလုိအျဖစ္မ်ိဳး ခံစားရတတ္ပါတယ္။

(၂၀၁၆)ခုႏွစ္တုန္းက Hypnogogic jerk နဲ႔ပတ္သက္တဲ့ စစ္တမ္းေတြ ျပဳလုပ္ခဲ့ရာ၊ လူတုိင္း အသက္အရြယ္မေရြး ဒီလုိျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။ လူ(၁၀၀)မွာ (၆၀)ကေန (၇၀)အထိ Hypnogogic jerk ကုိ ခံစားရႏုိင္ၿပီး၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္လုေပ်ာ္ခင္အခ်ိန္မွာ ျဖစ္ေလ့ရွိေၾကာင္း ဆုိပါတယ္။ ဒါေပမယ့္ သိထားဖုိ႔က ဒါဟာ စုိးရိမ္ဖုိ႔မလုိတဲ့အေနအထားပါ။

ဒီကေနျဖစ္တဲ့ ေဘးထြက္ဆုိးက်ိဴဳးနဲ႔ တျခား႐ႈပ္ေထြးမႈေတြဆုိတာ အလြန္နည္းပါးပါတယ္။ ဒီအေျခအေနကုိ ခံစားရသူတုိင္း အျမင့္က ျပဳတ္က်သလုိ ခံစားရျခင္း၊ ႏွလုံးခုန္ ျမန္လြန္းျခင္း၊ အသက္႐ွဴျမန္လြန္းျခင္း၊ ေခၽြးမ်ားထြက္ျခင္း၊ ႐ုတ္တရက္ လန္႔ႏုိးျခင္း၊ ၾကြက္သားမ်ား သုိ႔မဟုတ္ ခႏၶာကိုယ္အစိတ္ပုိင္းမ်ား သိမ့္ကနဲလႈပ္ရွားျခင္းေတြ ျဖစ္တတ္ပါတယ္။

Hypnogogic jerk ျဖစ္ေစသည့္ အေၾကာင္းအရင္းမ်ားမွာ-

ေလ့က်င့္ခန္း အလုပ္မ်ားျခင္းေၾကာင့္ အိပ္ေပ်ာ္ခ်ိန္မွာ ၾကြက္သားမ်ား သက္ေတာင့္သက္သာ မျဖစ္သည့္အေျခအေန။

တက္ၾကြလြန္းေနျခင္း (ဥပမာ ေကာ္ဖီအေသာက္မ်ားျခင္း၊ နီကုိတင္းဓာတ္ အလြန္မ်ားျခင္း စတာေတြဟာ အိပ္စက္ျခင္းစြမ္းရည္ကို က်ဆင္းေစပါတယ္။

စိုးရိမ္ပူပန္မႈနဲ႔ စိတ္ဖိအားမ်ားလြန္းသည့္အေျခအေနေၾကာင့္လည္း အိပ္တဲ့အခ်ိန္မွာ အေတာ္ေလး သက္ေတာင့္သက္သာ မျဖစ္တတ္ပါဘူး။ ေနာက္ၿပီး လူက အိပ္ေပမယ့္ ဦးေနွာက္က ဟုိေတြးသည္ေတြ ဖိအားေတြမ်ားေနရင္ ဒီလုိအေျခအေနကို ျဖစ္တတ္ပါတယ္။

ညစဥ္လုိလုိ ေကာင္းေကာင္း အိပ္မေပ်ာ္တဲ့ အက်င့္ရွိသူေတြ၊ အိပ္ေရးပ်က္ဖန္မ်ားသူေတြ၊ အိပ္ခ်ိန္ ပုံမွန္ စနစ္တက် မရွိသူေတြ၊ အိပ္စက္တဲ့အခါတုိင္း အေႏွာက္အယွက္ ဆူညံသံေတြ ၾကားေနရတယ္ဆုိပါကလည္း ဒီလုိအေျခအေန ျဖစ္ေစႏုိင္ပါတယ္။

အိပ္စက္တဲ့အခါ အိပ္တဲ့ပုံစံမမွန္ျခင္း၊ သက္ေတာင့္သက္သာမရွိတဲ့ အိပ္စက္မႈမ်ိဳးနဲ႔ အိပ္စက္ေနရသူေတြမွာလည္း ဒိလုိ ျဖစ္တတ္ပါတယ္။

Hypnogogic jerk အေျခအေနကို သက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္းဆုိတာေတာ့ မရွိပါဘူး။ သုိ႔ေသာ္လည္း အေထာက္အကူျပဳႏုိင္တဲ့ Hypnogogic jerk အေျခအေနကို ေလွ်ာ့နည္းေစမယ့္ အမူအက်င့္ေကာင္းေတြကို လမ္းညႊန္လုိက္ပါတယ္။

မအိပ္ခင္ ေလ့က်င့္ခန္း ျပင္းထန္စြာ ျပဳလုပ္ျခင္းကေန ေရွာင္ၾကဥ္ပါ။

အရက္ေသာက္ျခင္း၊ ေကာ္ဖီီေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။

အိပ္ယာဝင္ခ်ိန္ ပုံမွန္ သတ္မွတ္ပါ။ ညဥ့္နက္သန္းေခါင္မွ အိပ္ရာဝင္တာမ်ိဳး ေရွာင္ၾကဥ္ပါ။ အိပ္ေရးဝဝ အိပ္တဲ့အက်င့္ကို ေမြးယူပါ။

မအိပ္ခင္မွာ တရားထုိင္ျခင္း၊ အသက္႐ႈေလ့က်င့္ခန္းလုပ္ျခင္းကုိ (၅)မိနစ္ကေန (၁၅)မိနစ္ေလာက္ထိ လုပ္ေပးပါ။ ဒီလုိလုပ္ျခင္းအားျဖင့္ အိပ္ရာမဝင္ခင္မွာ ဦးေႏွာက္အတြင္း ညစ္ညဴဳးမႈေတြ မျဖစ္ေစဘဲ ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေစလုိ႔ အိပ္စက္ျခင္းကို အေထာက္အကူျပဳပါတယ္။

ခရက္ဒစ္

ယူနီကုတ္

အိပ်ပျော်နေချိန်မှာ အမြင့်ကပြုတ်ကျသလို ခံစားမှုမျိုး ဘာကြောင့် ခံစားရတာလဲ …?

နှစ်နှစ်ခြိုက်ခြိုက် ကောင်းကောင်းမွန်မွန် အိပ်ပျော်သွားတဲ့အခါ အိပ်မက်ထဲမှာ လူဆိုးတွေ၊ သရဲတွေက နောက်ကလိုက်လို့ လွတ်အောင် ပြေးလွှားရင်း ချောက်ကမ်းပါးတွေထက်ကနေ၊ အမြင့်ကနေ ပြုတ်ကျသလို ခံစားမှုမျိုး လူတိုင်း ခံစားဖူးပါလိမ့်မယ်။

အဲဒီနောက် သင်ဟာ သိမ့်ကနဲ လှုပ်နှိုးလိုက်သလို ခံစားရပြီး၊ ဇောချွေးတွေ ပြန်နေတာတို့၊ နှလုံးခုန်မမှန် ကြောက်ရွံ့နေတာတို့ ဖြစ်ပါလိမ့်မယ်။

ဒီလို ခံစားရတဲ့အခြေအနေကို Hypnogogic jerk လို့ ခေါ်ပါတယ်။ Hypnogogic အခြေအနေနဲ့ စပ်လျဉ်းနေပြီး၊ ဆိုရရင် အိပ်လို့ပျော်လုပျော်ခင်စပ်ကြား အချိန်ခဏလေးနဲ့ ဆက်စပ်နေပါတယ်။ တစ်နည်းဆိုရသော် မှေးကနဲအိပ်ပျော်ရကနေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းအဆင့်ကို မရောက်မီ စပ်ကြားဖြစ်ပါတယ်။

Hypnogogic jerk မှာ အခြားအမည်ကွဲ အမျိုးမျိူးရှိသော်လည်း သေချာတာကတော့ ဒီလိုအခြေအနေမှာ တချို့သောလူတွေရဲ့ ခန္ဓာကိုယ်ကြွက်သားတွေ တမင်တကာမဟုတ်ဘဲ ဖျစ်လိုက်သလို ညှစ်လိုက်သလို၊ ကျုံ့ဝင်သွားပါတယ်။ တချို့ကတော့ ကြွက်သားကျို့မှုမှာ သိပ်မသိသာပေမယ့် တချို့ကတော့ ပြင်းထန်တတ်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတဲ့ အကြောင်းပြချက်တွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ သို့သော်လည်း ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ ယူဆချက်သီအိုရီတွေ မြောက်များစွာရှိနေပြီး၊ ကျန်းမာတဲ့လူတွေ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့လူတွေလည်း ဒီလိုအဖြစ်မျိုး ခံစားရတတ်ပါတယ်။

(၂၀၁၆)ခုနှစ်တုန်းက Hypnogogic jerk နဲ့ပတ်သက်တဲ့ စစ်တမ်းတွေ ပြုလုပ်ခဲ့ရာ၊ လူတိုင်း အသက်အရွယ်မရွေး ဒီလိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လူ(၁၀၀)မှာ (၆၀)ကနေ (၇၀)အထိ Hypnogogic jerk ကို ခံစားရနိုင်ပြီး၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လုပျော်ခင်အချိန်မှာ ဖြစ်လေ့ရှိကြောင်း ဆိုပါတယ်။ ဒါပေမယ့် သိထားဖို့က ဒါဟာ စိုးရိမ်ဖို့မလိုတဲ့အနေအထားပါ။

ဒီကနေဖြစ်တဲ့ ဘေးထွက်ဆိုးကျိူုးနဲ့ တခြားရှုပ်ထွေးမှုတွေဆိုတာ အလွန်နည်းပါးပါတယ်။ ဒီအခြေအနေကို ခံစားရသူတိုင်း အမြင့်က ပြုတ်ကျသလို ခံစားရခြင်း၊ နှလုံးခုန် မြန်လွန်းခြင်း၊ အသက်ရှူမြန်လွန်းခြင်း၊ ချွေးများထွက်ခြင်း၊ ရုတ်တရက် လန့်နိုးခြင်း၊ ကြွက်သားများ သို့မဟုတ် ခန္ဓာကိုယ်အစိတ်ပိုင်းများ သိမ့်ကနဲလှုပ်ရှားခြင်းတွေ ဖြစ်တတ်ပါတယ်။

Hypnogogic jerk ဖြစ်စေသည့် အကြောင်းအရင်းများမှာ-

လေ့ကျင့်ခန်း အလုပ်များခြင်းကြောင့် အိပ်ပျော်ချိန်မှာ ကြွက်သားများ သက်တောင့်သက်သာ မဖြစ်သည့်အခြေအနေ။

တက်ကြွလွန်းနေခြင်း (ဥပမာ ကော်ဖီအသောက်များခြင်း၊ နီကိုတင်းဓာတ် အလွန်များခြင်း စတာတွေဟာ အိပ်စက်ခြင်းစွမ်းရည်ကို ကျဆင်းစေပါတယ်။

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိအားများလွန်းသည့်အခြေအနေကြောင့်လည်း အိပ်တဲ့အချိန်မှာ အတော်လေး သက်တောင့်သက်သာ မဖြစ်တတ်ပါဘူး။ နောက်ပြီး လူက အိပ်ပေမယ့် ဦးနှောက်က ဟိုတွေးသည်တွေ ဖိအားတွေများနေရင် ဒီလိုအခြေအနေကို ဖြစ်တတ်ပါတယ်။

ညစဉ်လိုလို ကောင်းကောင်း အိပ်မပျော်တဲ့ အကျင့်ရှိသူတွေ၊ အိပ်ရေးပျက်ဖန်များသူတွေ၊ အိပ်ချိန် ပုံမှန် စနစ်တကျ မရှိသူတွေ၊ အိပ်စက်တဲ့အခါတိုင်း အနှောက်အယှက် ဆူညံသံတွေ ကြားနေရတယ်ဆိုပါကလည်း ဒီလိုအခြေအနေ ဖြစ်စေနိုင်ပါတယ်။

အိပ်စက်တဲ့အခါ အိပ်တဲ့ပုံစံမမှန်ခြင်း၊ သက်တောင့်သက်သာမရှိတဲ့ အိပ်စက်မှုမျိုးနဲ့ အိပ်စက်နေရသူတွေမှာလည်း ဒိလို ဖြစ်တတ်ပါတယ်။

Hypnogogic jerk အခြေအနေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းဆိုတာတော့ မရှိပါဘူး။ သို့သော်လည်း အထောက်အကူပြုနိုင်တဲ့ Hypnogogic jerk အခြေအနေကို လျှော့နည်းစေမယ့် အမူအကျင့်ကောင်းတွေကို လမ်းညွှန်လိုက်ပါတယ်။

မအိပ်ခင် လေ့ကျင့်ခန်း ပြင်းထန်စွာ ပြုလုပ်ခြင်းကနေ ရှောင်ကြဉ်ပါ။

အရက်သောက်ခြင်း၊ ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

အိပ်ယာဝင်ချိန် ပုံမှန် သတ်မှတ်ပါ။ ညဉ့်နက်သန်းခေါင်မှ အိပ်ရာဝင်တာမျိုး ရှောင်ကြဉ်ပါ။ အိပ်ရေးဝဝ အိပ်တဲ့အကျင့်ကို မွေးယူပါ။

မအိပ်ခင်မှာ တရားထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်းကို (၅)မိနစ်ကနေ (၁၅)မိနစ်လောက်ထိ လုပ်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အိပ်ရာမဝင်ခင်မှာ ဦးနှောက်အတွင်း ညစ်ညူုးမှုတွေ မဖြစ်စေဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်စေလို့ အိပ်စက်ခြင်းကို အထောက်အကူပြုပါတယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …