စိတ္ဓာတ္ေကာင္းေကာင္းေလးသာထား အလိုလို အဆင့္အတန္း ရွိၿပီးသားပဲ - Amawpyay

စိတ္ဓာတ္ေကာင္းေကာင္းေလးသာထား အလိုလို အဆင့္အတန္း ရွိၿပီးသားပဲ

စိတ္ဓာတ္ေကာင္းေကာင္းေလးသာထား အလိုလို အဆင့္အတန္း ရွိၿပီးသားပဲ
Knowledge

စိတ္ဓာတ္ေကာင္းေကာင္းေလးသာထား အလိုလို အဆင့္အတန္း ရွိၿပီးသားပဲ

အဆင့္အတန္းဆိုတဲ့ စကားလုံးကို ဘယ္ေပတံနဲ႔ တိုင္းၿပီး ဘယ္လို အဓိပၸါယ္ သတ္မွတ္ ၾကသလဲ ။ ေငြရွိတဲ့လူေတြက ေငြမရွိတဲ့ လူေတြ အေပၚ အဆင့္အတန္း မရွိဘူးလို႔ ေျပာၾက တယ္ ။

အဆင့္အတန္းဆိုတာ ေငြနဲ႔ တိုင္းတာတာလား ေငြရွိေန႐ုံ တစ္ခုတည္းနဲ႔ အဆင့္အတန္း ျမင့္သြားေရာလား

အဆင့္အတန္းဆိုတာ ပညာတတ္႐ုံ ေငြရွိ႐ုံနဲ႔ ရွိသြားတာမ်ိဳးမွ မဟုတ္တာ ပိုင္ဆိုင္မႈ ဘယ္ေလာက္မ်ားမ်ား အဆင့္မရွိတဲ့လူက အဆင့္မရွိတာပဲ ေငြပဲရွိလာတာေလ အဆင့္ရွိေအာင္ ေနတတ္ လာတာမွ မဟုတ္တာ

စိတ္ဓာတ္ေကာင္းေကာင္းေလးသာထား အလိုလို အဆင့္အတန္း ရွိၿပီးသားပဲ

ကြၽန္ေတာ္ကေတာ့ အဆင့္အတန္း ဆိုတာကို စိတ္ဓာတ္နဲ႔ပဲ တိုင္းတာတယ္ စိတ္ဓာတ္ေအာက္ တန္းက်တဲ့လူက ေငြဘယ္ေလာက္ပဲ ရွိလာရွိလာ အဆင့္အတန္း ရွိလာတာ မဟုတ္ဘူး ဆက္ၿပီး ေအာက္တန္းက်ေနဦးမွာပဲ

ပညာတတ္႐ုံ ဘြဲ႕ရရ႐ုံနဲ႔လဲ အဆင့္အတန္း ရွိလာတာမဟုတ္ဘူး လက္ထဲမွာ ဘြဲ႕ေတြ လက္မွတ္ေတြပဲကိုင္ထား႐ုံပဲ ရွိတာေလ စိတ္ဓာတ္ေတြ ေကာင္းလာတာမွ မဟုတ္တာ

ပညာတတ္ၿပီး ယုတ္မာတဲ့ လူက ပိုၿပီး ေၾကာက္ဖို႔ေကာင္းတယ္ ဒီလိုပဲ ေငြရွိၿပီး စိတ္ဓာတ္ေအာက္တန္းက်တဲ့လူေတြကလဲ ပိုၿပီး ေၾကာက္ဖို႔ ႐ြံဖို႔ေကာင္း တယ္ေလ

ျဖစ္ႏိုင္ရင္ အဲ့ဒီ အဆင့္အတန္းဆို တာႀကီးကို ေငြေတြ ဘြဲ႕လက္မွတ္ေတြနဲ႔ မတိုင္းတာပါနဲ႔ ေငြမရွိ႐ုံနဲ႔ အဆင့္အတန္းမဲ့ေနတဲ့ လူတစ္ေယာက္ မဟုတ္ေသးဘူး ေငြရွိ႐ုံ တစ္ခုတည္း နဲ႔လဲ အဆင့္အတန္း ရွိတဲ့လူတစ္ေယာက္ ျဖစ္လာမွာ မဟုတ္ဘူးေလ

လူတစ္ေယာက္ရဲ႕ အဆင့္အတန္း ဆိုတာ သူ႔ရဲ႕စိတ္ဓာတ္ပဲ ဘယ္သူ႔မွ မျမင္ပါေစ မေဖာက္မျပန္ရွိေနတတ္တဲ့ စိတ္ဓာတ္ ဘယ္ေလာက္ နိမ့္က် နိမ့္က် မ႐ိုးမသား မလုပ္တဲ့ လုပ္ရပ္ ဒါေတြဟာ အဆင့္အတန္းျမင့္တဲ့ လူေတြမွာပဲ ရွိတာ ။

ေငြရွိရင္ ဘာမဆိုျဖစ္တယ္ ဆိုၿပီး အပုပ္နံ႔ကို ေငြစကၠဴနဲ႔ ဖုံးကြယ္ဖို႔ ႀကိဳးစားတဲ့ လူေတြ အခ်ိန္တန္လို႔ေပၚလာတဲ့အခါ အားလုံးက ႏႈတ္ေခါင္း ရႈံ႕ၾကတာပဲ ဘြဲ႕လက္မွတ္ေတြကိုင္ထားၿပီး ေအာက္တန္းက်တဲ့လုပ္ရပ္ေတြ လုပ္ေနတဲ့ လူေတြမွ အမ်ားႀကီးပါ

အဆင့္အတန္း ဆိုတာႀကီးကို အဲ့ဒီေငြေတြ ဘြဲ႕လက္မွတ္ေတြ စတဲ့ ပကာသန ေပတံေတြနဲ႔ မတိုင္းၾကပါနဲ႔ ေငြမရွိေပမယ့္ စိတ္ဓာတ္ေကာင္းရင္ လူပုံအလယ္ တင့္တင့္ တယ္တယ္ေနႏိုင္ ပါတယ္ အဆင့္အတန္းရွိရွိေနႏိုင္ပါတယ္

အဆင့္အတန္းဆိုတာ တကယ္ေတာ့ စိတ္ဓာတ္ပဲ စိတ္ဓာတ္မေကာင္းရင္ ေငြရွိေနတဲ့အခိုက္အတန႔္မွာပဲ အဆင့္အတန္းရွိ ခ်င္ေယာင္ေဆာင္ လို ႔ရတာ အခ်ိန္တန္ရင္ ေပၚလာမွာပဲ

ဒါေၾကာင့္ ေငြမရွိ႐ုံ ဘြဲ႕လက္မွတ္မရ႐ုံနဲ႔ မသိမ္ငယ္နဲ႔ စိတ္ဓာတ္ေကာင္းေကာင္းေလး သာထား အလိုလို အဆင့္အတန္း ရွိၿပီး သားပဲ ။

ခရက္ဒစ္

ယူနီကုတ္

စိတ်ဓာတ်ကောင်းကောင်းလေးသာထား အလိုလို အဆင့်အတန်း ရှိပြီးသားပဲ

အဆင့်အတန်းဆိုတဲ့ စကားလုံးကို ဘယ်ပေတံနဲ့ တိုင်းပြီး ဘယ်လို အဓိပ္ပါယ် သတ်မှတ် ကြသလဲ ။ ငွေရှိတဲ့လူတွေက ငွေမရှိတဲ့ လူတွေ အပေါ် အဆင့်အတန်း မရှိဘူးလို့ ပြောကြ တယ် ။

အဆင့်အတန်းဆိုတာ ငွေနဲ့ တိုင်းတာတာလား ငွေရှိနေရုံ တစ်ခုတည်းနဲ့ အဆင့်အတန်း မြင့်သွားရောလား

အဆင့်အတန်းဆိုတာ ပညာတတ်ရုံ ငွေရှိရုံနဲ့ ရှိသွားတာမျိုးမှ မဟုတ်တာ ပိုင်ဆိုင်မှု ဘယ်လောက်များများ အဆင့်မရှိတဲ့လူက အဆင့်မရှိတာပဲ ငွေပဲရှိလာတာလေ အဆင့်ရှိအောင် နေတတ် လာတာမှ မဟုတ်တာ

ကျွန်တော်ကတော့ အဆင့်အတန်း ဆိုတာကို စိတ်ဓာတ်နဲ့ပဲ တိုင်းတာတယ် စိတ်ဓာတ်အောက် တန်းကျတဲ့လူက ငွေဘယ်လောက်ပဲ ရှိလာရှိလာ အဆင့်အတန်း ရှိလာတာ မဟုတ်ဘူး ဆက်ပြီး အောက်တန်းကျနေဦးမှာပဲ

ပညာတတ်ရုံ ဘွဲ့ရရရုံနဲ့လဲ အဆင့်အတန်း ရှိလာတာမဟုတ်ဘူး လက်ထဲမှာ ဘွဲ့တွေ လက်မှတ်တွေပဲကိုင်ထားရုံပဲ ရှိတာလေ စိတ်ဓာတ်တွေ ကောင်းလာတာမှ မဟုတ်တာ

ပညာတတ်ပြီး ယုတ်မာတဲ့ လူက ပိုပြီး ကြောက်ဖို့ကောင်းတယ် ဒီလိုပဲ ငွေရှိပြီး စိတ်ဓာတ်အောက်တန်းကျတဲ့လူတွေကလဲ ပိုပြီး ကြောက်ဖို့ ရွံဖို့ကောင်း တယ်လေ

ဖြစ်နိုင်ရင် အဲ့ဒီ အဆင့်အတန်းဆို တာကြီးကို ငွေတွေ ဘွဲ့လက်မှတ်တွေနဲ့ မတိုင်းတာပါနဲ့ ငွေမရှိရုံနဲ့ အဆင့်အတန်းမဲ့နေတဲ့ လူတစ်ယောက် မဟုတ်သေးဘူး ငွေရှိရုံ တစ်ခုတည်း နဲ့လဲ အဆင့်အတန်း ရှိတဲ့လူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလေ

လူတစ်ယောက်ရဲ့ အဆင့်အတန်း ဆိုတာ သူ့ရဲ့စိတ်ဓာတ်ပဲ ဘယ်သူ့မှ မမြင်ပါစေ မဖောက်မပြန်ရှိနေတတ်တဲ့ စိတ်ဓာတ် ဘယ်လောက် နိမ့်ကျ နိမ့်ကျ မရိုးမသား မလုပ်တဲ့ လုပ်ရပ် ဒါတွေဟာ အဆင့်အတန်းမြင့်တဲ့ လူတွေမှာပဲ ရှိတာ ။

ငွေရှိရင် ဘာမဆိုဖြစ်တယ် ဆိုပြီး အပုပ်နံ့ကို ငွေစက္ကူနဲ့ ဖုံးကွယ်ဖို့ ကြိုးစားတဲ့ လူတွေ အချိန်တန်လို့ပေါ်လာတဲ့အခါ အားလုံးက နှုတ်ခေါင်း ရှုံ့ကြတာပဲ ဘွဲ့လက်မှတ်တွေကိုင်ထားပြီး အောက်တန်းကျတဲ့လုပ်ရပ်တွေ လုပ်နေတဲ့ လူတွေမှ အများကြီးပါ

အဆင့်အတန်း ဆိုတာကြီးကို အဲ့ဒီငွေတွေ ဘွဲ့လက်မှတ်တွေ စတဲ့ ပကာသန ပေတံတွေနဲ့ မတိုင်းကြပါနဲ့ ငွေမရှိပေမယ့် စိတ်ဓာတ်ကောင်းရင် လူပုံအလယ် တင့်တင့် တယ်တယ်နေနိုင် ပါတယ် အဆင့်အတန်းရှိရှိနေနိုင်ပါတယ်

အဆင့်အတန်းဆိုတာ တကယ်တော့ စိတ်ဓာတ်ပဲ စိတ်ဓာတ်မကောင်းရင် ငွေရှိနေတဲ့အခိုက်အတန့်မှာပဲ အဆင့်အတန်းရှိ ချင်ယောင်ဆောင် လို့ရတာ အချိန်တန်ရင် ပေါ်လာမှာပဲ

ဒါကြောင့် ငွေမရှိရုံ ဘွဲ့လက်မှတ်မရရုံနဲ့ မသိမ်ငယ်နဲ့ စိတ်ဓာတ်ကောင်းကောင်းလေး သာထား အလိုလို အဆင့်အတန်း ရှိပြီး သားပဲ ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …