မျက်လုံးကျန်းမာရေးအတွက် သိထားသင့်သော အချက်လေးများ - Amawpyay
Knowledge
5 ။မျက်စိ ကို အနား ပေးပါ။
18 ။အသည်းအလုပ် လုပ်တဲ့ အချိန်မှာ အိပ်စက် အနားယူရပါမယ်။
28 ။အိမ်အနီး၌ တစောင်းဆူးနက်ပင်များ ရှိပါက ကလေး လူကြီး. သတိထားပါ မတော်တဆ ၄င်းအစေး မျက်လုံးထဲ စင်ပါက မျက်ကြည်လွှာ ပျက်ဆီးစေနိုင်သည်။
29 ။မျက်လုံး ကြွက်သားများ အာရုံစိုက်ညှစ် ထုတ်ရတဲ့ အတွက်…
မိမိငယ်
Unicode
မျက်လုံးကျန်းမာရေးအတွက် သိထားသင့်သော အချက်လေးများ
မျက်လုံး ကျန်းမာစေရန်..
1 ။အမြင်အာရုံ ကောင်းအောင် အစိမ်းရောင် ကိုကြည့်ပေးပါ။ လက်ဖြင့် မျက်လုံးကို ပွတ်ခြင်းက မျက်စိနာရောဂါကို ရစေပါတယ်။
2 ။မျက်စိ အားကောင်းစေရန် ငါးများများ စားပေးပါ။ မျက်လုံးထဲက မျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ အိုမီဂါ 3 ပါဝင်တယ်။
3 ။မျက်စိအတွက် မျက်နှာသုတ်ပုဝါကို သီးသန့်သုံးပါ conjunctivitus လို့ခေါ်တဲ့ ကူးစက်မြန် မျက်စိရောဂါ ဖြစ်စေတယ်။
4 ။မျက်စိတိမ်ကွယ်ခြင်းကို ကာကွယ်ပေးတဲ့ဓာတ်တစ်မျိးပါတဲ့ ကြက်သွန်နီကိုစားပေးပါ။
5 ။မျက်စိ ကို အနား ပေးပါ။
မျက်စိ အာရုံ စူးစိုက်တာကြောင့် မျက်စိ ကြွက်သားတွေ အာရုံစိုက်ပြီးညှစ်ထုတ်ရတဲ့အတွက်ခေါင်းကိုက်တတ်ပါတယ်
6။ စာဖတ်တဲ့ ကျောင်းသားတွေ မိနစ် သုံးဆယ် ပြည့်တိုင်း ခပ်ဝေးဝေး ကို တစ်မိနစ် ခန့်ကြည့်ပေးပါ မျက်တောင်ခပ် ပေးပါ။
7။ စာဖတ်ပြီး ကွန်ပြူတာ စခရင်မ်ကို ကြည့် အပြီး ခေါင်း ကိုက် တတ်ရင် ၁၀မိနစ် ကြာတိုင်းမျက်စိကို အနားပေးရ မှာဖြစ်ပြီး အဝေးနေရာမှာရှိတဲ့ ပစ္စည်းတခုခုကို စက္ကန့် ၆၀ ခန့် ကြည့် ပေးပါ။
တီဗီ ဖုန်း. ကွန်ပြူတာနဲ့ တာရှည် အလုပ် လုပ်ရသူများ ၁ နာရီ အလုပ် လုပ်ပြီးတိုင်း ၁၀ မိနစ် အနားယူပါ မလိုအပ်ပဲ အကြာကြီး အကြည့်ပါနဲ့။
8။ ည ညအိပ်ရာ ပေါ်မှာphone screenနဲ့ စာဖတ်ခြင်း ကသင့်အားထိခိုက်မူဖြစ်စေ၏
9 ။ညမအိပ်ခင် အီလက်ထရောနစ် ပစ္စည်းဖြင့်စာဖတ်တာ အားအင်တွေ ကုန်ခမ်း စေတယ်လို့ လေ့လာမူ အသစ် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
10။ မျက်မှန်တပ်သူများ အတွက် မျက်စိစမ်းသပ်စစ်ဆေး မူကို မမေ့ပဲလုပ်ပေးပါ။
ကျန်းမာရေး စစ်ဆေးမူ ခံယူပါ – အနည်းဆုံး တစ်နှစ်တစ် ကြိမ် မျက်စိ စမ်းသပ်မူ ခံယူပါ။
မျက်မှန်လဲ တပ်ပြီး အတွင်းတိမ်. ရေတိမ်ရှိပါက ၆ လ တစ်ကြိမ် မမေ့မလျော့ ဆရာဝန်နဲ့ပြပါ ။
11။ ရေကူးမယ်ဆိုရင် ရေငုပ်မျက်မှန် တပ်ပြီး ကူးနိုင်ရင် ကောင်းပါတယ်, ရေထဲက ကလိုရင်း ဓာတ်တွေကို ကာကွယ်ဖို့ပါ။
12 ။နေပူထဲ သွားတဲ့ အခါ နေကာ မျက်မှန်တတ်ပါ နေ ရောင် ကို ကာကွယ် ပေးရုံ မက လေတိုက်ခြင်းကြောင့်ဖြစ် တဲ့ မျက်ရည်ခမ်းခြောက်ခြင်း ကိုလည်းကာကွယ်ပေးတယ်။
ပြင်းထန်သော ခရမ်းလွန်ရောင်ခြည် ဒါဏ်မှ ကာကွယ်ပါ။
13။နေကာ မျက်မှန်ကို ဇီးရောင်ထက် မီးခိုးရောင် သုံးပါ ယာဉ်မောင်း တဲ့အခါ ပိုအဆင် ပြေစေပါတယ်။
14။ ဆောက်လုပ်ရေး.စက်ပြင်ဆရာတို့ မတော်တဆဖြစ်ရင် မျက်ကြည်လွှာ ကို ကာကွယ်ဖို့ အကာ အကွယ် မျက်မှန် တပ် သင့်ပါတယ်။
15 ။ကားမောင်းသူများ လေအေးပေးစက် ဒလက်ပြားကို ခြေထောက်လောက်အထိချိန်ပါ မျက်နှာတည့်တည့် ထားရင် လေအေးပေးစက်က လေက မျက်အိမ်ထဲက
အရည်တွေကို စုပ်ယူတဲ့အခါ မျက်ကြည်လွှာပျက်စီးပြီး အချိန်ကြာရင်မျက်စိကွယ်သွားနိုင်တယ်။
16 ။ညည့်နက်ထိ ဖေ့ဘုတ်သုံးသူများ သတိထားရမည် ဖေ့ဘုတ်က အဓိကအိပ်ချိန်များ ဖဲ့ယူနေသည်ကို သတိပြုပါ။
အကောင်းဆုံး အိပ်ချိန် ည ၁၁ နာရီမှ ၃ နာရီအတွင်းအိပ်ပါ။
17 ။အသည်းက ည ၁၁ နာရီမှ ၃ နာရီအတွင်း လူတို့စားသုံးထားတဲ့အစားအစာထဲက မလိုအပ်တာတွေ စစ်ထုတ်ပေးတဲ့ အချိန်ပါ။
18 ။အသည်းအလုပ် လုပ်တဲ့ အချိန်မှာ အိပ်စက် အနားယူူရပါမယ်။
ဒီအချိန်မှာ မအိပ်လျှင်င် အသည်းရဲ့ လုပ်ဆောင်မူပျက်ယွင်း လာ ပါမယ် ။ အသည်း ပျက်စီးနိုင်ပါတယ်။
19 ။အသည်းအလုပ်မလုပ်ရင် အသည်းရောင် အသားဝါ ဘီပိုး စီပိုးအပြင် အခြား ရောဂါများ ဝင်လာနိုင်တယ်။
20 ။ဆား အငန်ဓာတ်လျော့စားပါ မျက်စိတိမ်ဖြစ်ဖို့အတွက် အငန် ဓာတ်ကအားပေးပါတယ်။
21။သွေးတိုးရှိသူများ သွေးပေါင်ချိန်တက်ရင် အမြင်အာရုံ သွေးကြောလေး ထိခိုက် စေလို့ သွေးတိုး မတိုး ကို ပုံမှန်သွေးပေါင် ချိန်ပါ။
22 ။သွေးတိုးရဲ့ နောက်ဆက်တွဲ မျက်လုံးထိခိုက်ခြင်း မဖြစ်အောင် အချိုအငန် စားခြင်းကို လျော့ပါ။
23 ။ပင်လယ်ဆားငန်ရည် မကြာခဏ ထိတွေ့ခြင်းကို ရှောင်ပါ။
24 ။ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ ဖြတ်ပါ. မျက်လုံး ရောဂါ အမျိုးမျိုး ကို ဖြစ်စေ နိုင်ပါတယ်။
25 ။မျက်ကပ်မှန် အသုံးပြုပါက စနစ်တကျ သန့်ရှင်းစွာ အသုံး ပြုပါ ။
26 ။ အဝါရောင်ရှိသော အသီးအနှံများသည်မျက်စိအတွက် အထူး ကောင်းမွန် ပါသည်။
ငါးကြီးဆီ , ကြက်ဥ , မုန်လာဥနီ , မြင်းခွာရွက် , ပန်းဂေါ်ဖီ. , သီဟိုရ်စေ့ , ချဉ်သော အသီးအနှံများ ကို ရွေးချယ် စားပါ။
27 ။လူကြီး ကလေး နံရံသုတ်သည့်ထုံး , ကွမ်းစားထုံး , အခြားထုံး အမျိုးမျိုး မျက်လုံး ထဲ အကြောင်းအမျိုးမျိုးနဲ့ ဝင် ပါက ချက်ခြင်း ရေဖြင့် ဆေးပေးပါ. –
အန္တရာယ် အလွန်ကြီး ပြီး အမြင်အာရုံထိခိုက်နိုင်ပါသည်။
28 ။အိမ်အနီး၌ တစောင်းဆူးနက်ပင်များ ရှိပါက ကလေး လူကြီး. သတိထားပါ မတော်တဆ ၎င်းအစေး မျက်လုံးထဲ စင်ပါက မျက်ကြည်လွှာ ပျက်ဆီးစေနိုင်သည်။
29 ။မျက်လုံး ကြွက်သားများ အာရုံစိုက်ညှစ် ထုတ်ရတဲ့ဲ အတွက်…
ကွန်ပြူတာကြည့် စာဖတ် ခေါင်းကိုက်သူတွေက ၁၀ မိနစ် ကြာတိုင်း မျက်စိကို အနားပေး ရမှာဖြစ်ပြီး အဝေး တနေရာကို ၁ မိနစ်ခန့်ကြည့်ပါ။
ကွန်ပြူတာ ကြည့်သည့်အခါ ၂၀ လက်မ မှ ၂၂ လက်မ အကွာ ခွာ၍ ကြည့်ပါ ။
အရမ်း နီး ရင်သော်လည်းကောင်း အရမ်း ဝေး ရင်သော် လည်းကောင်း မျက်လုံး ကို ထိခိုက် စေသည်
30။ သန့်ရှင်းအေးမြသောရေနဲ့ မျက်လုံးကို သန့်ရှင်းပါ ဒီလိုပုံမှန် လုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေး အတွက် သာမက ရောဂါမဖြစ်အောင် ထိန်းသိမ်းပေးရာလည်းရောက်ပါတယ်။
31။သဘာဝကို တုပ ပြုလုပ်ပြီး အရမ်းလင်းတဲ့ အရာဝတ္တု ( သို့ ) နေ, စတာ တွေကို တိုက်ရိုက် မကြည့်မိ အောင် ရှောင်ပါ ။
ထို အလင်း များက မျက်ကြည် လွှာကို ထိခိုက် စေသည်။
32 ။မျက်လုံး ကို ဖွင့် လိုက် ပိတ် လိုက် ဘေးဘက် သို့ စက်ဝိုင်းပုံသဏ္ဍာန်ကြည့်လိုက် အဝေးသို့ မြင်နိုင်သလောက် ကြည့်လိုက် မျက်လုံးလေ့ကျင့်ခဏ်းများကို ပုံမှန်လုပ်ပေးပါ။
No Comments
Leave a Reply
Your email address will not be published.
ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …