"အိမ္သာတစ္လုံး အလိုရွိသည္"  - Amawpyay

“အိမ္သာတစ္လုံး အလိုရွိသည္” 

"အိမ္သာတစ္လုံး အလိုရွိသည္" 
Uncategorized

“အိမ္သာတစ္လုံး အလိုရွိသည္”

“အိမ္သာ” ဆိုေသာ ေဝါဟာရ၏ အဓိပၸါယ္ကို တစ္ခါမွ် နက္နက္နဲနဲ မစဥ္းစားမိ ခဲ့ဖူးေခ်။ ဆိုးသြမ္းေသာ လူကို လူဆိုးဟု ေခၚၾကသည္။ ႐ူးေနေသာေခြးကို ေခြး႐ူးဟု ေခၚၾကသည္။ သို႔ျဖစ္လွ်င္ အိမ္သာဆိုသည္မွာ သာယာေသာ အိမ္ကေလး။

အိမ္သာတဲ့။ ဘယ္ေလာက္ လွေသာ နာမည္ေလးပါလဲ။ အကယ္၍သာ ထိုစကားလုံး ကေလးသည္ ယခုလက္ရွိ အသုံးျပဳေနေသာ အနက္အဓိပၸါယ္မ်ိဳး မဟုတ္ခဲ့လွ်င္ ကေလာင္နာမည္ အျဖစ္ေတာင္မွည့္ေခၚဖို႔ ေကာင္းေသးေတာ့သည္။ “ေမာင္အိမ္သာ”။ ကဗ်ာဆန္လြန္းလွေပသည္။ ကိုယ္ကိုယ္တိုင္ပင္ ထိုကေလာင္နာမည္ကို ယူခ်င္ယူျဖစ္ခဲ့ ပါလိမ့္ မည္။

ခုေတာ့ အညစ္အေၾကးစြန္႔ေသာ ေနရာကိုမွ ထိုနာမည္လွလွကေလး ေပးထားခဲ့ၾကသည္။ ဘာေၾကာင့္လဲ။ျမန္မာတို႔သည္ အလြန္ယဥ္ေက်း ဖြယ္ရာေသာ လူမ်ိဳး၊ စိတ္မခ်မ္းသာ စရာကိုပင္ နားခံသာေအာင္ ေျပာတတ္သည့္ လူမ်ိဳးျဖစ္သည္။

ေသဆုံးျခင္းကို ကြယ္လြန္သည္၊ အနိစၥေရာက္သည္ဟု သုံးႏႈန္းၾကသည္။ ဘဝတစ္ပါးသို႔ ေျပာင္းသြားသည္ဟူ၍ က်န္ရစ္သူေတြစိတ္ေျဖသာေအာင္ ေျပာတတ္ၾကေသးသည္။ ယုတ္စြအဆုံး အလြန္စက္ဆုပ္ဖြယ္ေကာင္းေသာ ပုဒ္မ ၃၇၆ ကိုေတာင္ အဓမၼျပဳက်င့္မႈဟု နားဝင္ခ်ိဳေအာင္ ဆိုတတ္ေပေသးသည္။

အိမ္သာကိစၥမွာလည္း ထို႔အတူပင္ျဖစ္လိမ့္မည္။ အညစ္အေၾကးစြန္႔ပစ္ရာ ႐ြံရွာဖြယ္ေကာင္းေသာ ေနရာကိုပင္ မသတီစရာ မျဖစ္ေအာင္ စကားလုံးလွလွျဖင့္ ဖုံးကြယ္တန္ဆာဆင္ေပးလိုက္ျခင္း ျဖစ္ႏိုင္၏။

ေနာက္တစ္ခ်က္က ခ်စ္ျခင္းမယား ရည္းစားလူလုတာလို ခံရခက္ေသာေဝဒနာထဲတြင္ ဝမ္းထဲက ရစ္ရစ္နာေနၿပီး မေအာင့္ႏိုင္၊ မအည္းႏိုင္ျဖစ္ေနစဥ္ စြန္႔ပစ္စရာ ေနရာရွာလို႔ မေတြ႕ျခင္းသည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။

ထိုသို႔ေသာ အခ်ိန္အခါမ်ိဳးမွာ အိမ္သာတစ္လုံးကို ေတြ႕လိုက္ရလွ်င္ စိတ္ထဲမွာ ဘယ္ေလာက္ၾကည္ႏူးသြားသည္ကို လူတိုင္း ၾကဳံဖူးၾက ပါလိမ့္ မည္။ ထို႔ေၾကာင့္လည္း အိမ္သာ မည္ေပသည္။ အိမ္သာဆိုေသာ ေဝါဟာရကို စတင္တီထြင္ခဲ့သူကို ခ်ီးက်ဴးထိုက္ပါ၏။

ကြၽန္ေတာ္သည္ ငယ္ငယ္ကတည္းက အိမ္သာကို စိတ္ဝင္စား ခဲ့သည္။ ကေလးဘဝ ေနာက္ေဖးကို အိုးကေလးႏွင့္ ထိုင္ခဲ့ရစဥ္က လူႀကီးေတြလို အိမ္သာထဲ ဝင္ခ်င္လိုက္သည္မွာ ကြၽန္ေတာ္၏ အႀကီးဆုံးရည္မွန္းခ်က္ေတြထဲမွာ တစ္ခုအပါအဝင္ဟု ဆိုေလာက္ သည္။

ပထမဆုံးအႀကိမ္ အိမ္သာထဲ ဝင္ထိုင္ခြင့္ ရခဲ့စဥ္က စိတ္လႈပ္ရွား ရမႈသည္ ေက်ာင္းစတက္ေသာေန႔၊ ခ်စ္သူႏွင့္ စေတြ႕ရေသာေန႔တို႔ႏွင့္ ႏႈိင္းယွဥ္ ႏိုင္သည္။ ေက်ာင္းမွာ သူငယ္ခ်င္းႏွင့္အတူ အိမ္သာတစ္ေပါက္တည္းမွာ ေက်ာခ်င္းကပ္ထိုင္ရင္း စကားတေျပာေျပာ လုပ္ရျခင္းကိုလည္း ဘယ္ေတာ့မွမေမ့။

အလုပ္ကို အျပင္းအထန္လုပ္ျခင္း၊ စည္းစနစ္ႀကီးျခင္းတို႔တြင္ အေဖ့အေမြကို မရရွိခဲ့ေသာ္လည္း အိမ္သာတက္ရာမွာေတာ့ အေဖ့ေျခရာကို နင္းႏိုင္သူျဖစ္ေလသည္။ အေဖသည္ အိမ္သာတက္လွ်င္ သတင္းစာေတြယူသြားၿပီး ကုန္ေအာင္ဖတ္ေလ့ရွိသည္။ နာရီဝက္ တစ္နာရီၾကာသည္။

ေနာက္ပိုင္း သတင္းစာေတြ စာမ်က္ႏွာေလွ်ာ့လိုက္ေသာအခါ တိုင္း၊ နယူးစ္ဝိခ္ မဂၢဇင္းမ်ားျဖင့္ အားျဖည့္ခဲ့သည္။

ကြၽန္ေတာ္သည္လည္း အိမ္သာသြားလွ်င္ တစ္ခုခုေတာ့ဖတ္လိုက္ရမွ ေက်နပ္တတ္ေလသည္။ ကြၽန္ေတာ့္အက်င့္က ေဆးလိပ္ မေသာက္ရေသးလွ်င္ အိမ္သာသြားခ်င္စိတ္ မေပၚ။

သတင္းစာ မလာေသးလွ်င္လည္း အိမ္သာဝင္လို႔မရ။ မေန႔ကပိတ္ရက္မို႔ ဒီေန႔သတင္းစာ မလာလွ်င္လည္း အေတာ္ဒုကၡေရာက္သည္။ မဂၢဇင္းျဖစ္ျဖစ္၊ တျခားစာအုပ္ျဖစ္ျဖစ္ ဖတ္စရာတစ္ခုခုေတြ႕လွ်င္ ေတာ္ေသးသည္။ ဘာမွဖတ္စရာမရွိလွ်င္ ကြၽန္ေတာ္ဝမ္းခ်ဳပ္ေသာေန႔ပင္ျဖစ္သည္။

အိမ္သာထဲမွာ စာဖတ္ရျခင္းသည္ ပက္လက္ကုလားထိုင္ေပၚမွာ ဖတ္ရျခင္းေလာက္ သက္ေသာင့္သက္သာ မရွိတာမွန္သည္။ သို႔ရာတြင္ သူကလည္း တစ္မ်ိဳးေသာရသကို ျဖစ္ေပၚေစသည္။

ကြၽန္ေတာ္ အိမ္သာသြားလွ်င္ လြတ္လြတ္လပ္လပ္ နားေအးပါးေအးသြားခ်င္သည္။ အျပင္က ဆူဆူညံညံအသံေတြ ၾကားေနလွ်င္ စိတ္မေျဖာင့္။ တစ္ခါတစ္ရံ ည လူေျခတိတ္ခ်ိန္က်မွ စာအုပ္တစ္အုပ္ကို စိမ္ေျပနေျပဖတ္ရင္း အိမ္သာဝင္ရတာကို သိပ္သေဘာက်သည္။

အိမ္သာတစ္လုံးအေနျဖင့္ ကြၽန္ေတာ္အႀကိဳက္ဆုံးအေနအထားကား အိမ္ေနာက္ဘက္ မလွမ္းမကမ္းရွိ ေျမကြက္လပ္တစ္ခုတြင္ ဝါးထရံကာ အထပ္သားမိုးထားေသာပုံစံျဖစ္သည္။ အိမ္သာသို႔သြားရာလမ္းေၾကာင္းကေလးသည္ ေကြ႕ေကြ႕ေကာက္ေကာက္ကေလး။

စိန္ပန္း သို႔တည္းမဟုတ္ စြယ္ေတာ္ပင္တစ္ပင္က အုပ္မိုးေနရမည္။ မိုးကေလး တေျဖာက္ေျဖာက္႐ြာေနလွ်င္ ပိုေကာင္းသည္။ ကြၽန္ေတာ္ စိတ္ကူးျဖင့္ ေဆာက္ထားေသာ အိမ္သာကေလးတစ္လုံးပင္တည္း။

လူေတာ္ေတာ္မ်ားမ်ားသည္ လူပ်ိဳေပါက္၊ အပ်ိဳေပါက္ဘဝက အိမ္သာထဲမွာ ရည္းစားစာ ခိုးဖတ္ခဲ့ဖူးၾကပါလိမ့္မည္။ ေရေမႊးနံ႔သင္းပ်ံ႕ေသာ၊ ပန္းပြင့္ပုံ၊ လိပ္ျပာပုံတို႔ပါေသာ အျပာေရာင္၊ အဝါေရာင္ စာ႐ြက္ကေလးမ်ားသည္ အိမ္သာႏွင့္ မလိုက္ဖက္လွေသာ္လည္း ထို႔ထက္လုံၿခဳံ စိတ္ခ်ရေသာေနရာမရွိၿပီ။

ကြၽန္ေတာ္ငယ္စဥ္က ကဗ်ာ စေရးခါစတုန္းက တျခားလူေတြ ျမင္မွာ၊ သိမွာကို ရွက္သည္။ ကြၽန္ေတာ့္ကဗ်ာေတြကို ဖတ္ၿပီး ဟားတိုက္ရယ္ေမာၾကမွာကို ေၾကာက္သည္။ ထို႔ေၾကာင့္ အိမ္သာထဲဝင္၍ ခ်စ္သူ၏ပါးျပင္မွ သနပ္ခါးမႈန္႔အေၾကာင္း သြယ္လ်ေသာ လက္ေခ်ာင္းကေလးမ်ားႏွင့္ ေ႐ႊဝါေရာင္ ေမြးညင္းကေလးမ်ား အေၾကာင္းကို ကဗ်ာ ေရးခဲ့ေလသည္။

ကြၽန္ေတာ့္သူငယ္ခ်င္း ပန္းခ်ီဆရာတစ္ေယာက္ဆိုလွ်င္ လူႀကီးေတြမသိေအာင္ အိမ္သာထဲမွာ ပန္းခ်ီခိုးဆြဲရင္း ေလ့က်င့္ခဲ့ရသည္ဟု ေျပာဖူးသည္။ ခုေတာ့ သူသည္ နာမည္ေက်ာ္ ပန္းခ်ီဆရာတစ္ေယာက္ျဖစ္ေနၿပီ။

ေနာက္သူငယ္ခ်င္း ပန္းခ်ီဆရာတစ္ေယာက္ကေတာ့ သူ႔အတြက္ လုံၿခဳံမႈ၊ စိတ္ခ်ရမႈ၊ ကိုယ္ပိုင္ လြတ္လပ္ခြင့္ရွိမႈတို႔ကိုေပးခဲ့ေသာ အိမ္သာကို ဂုဏ္ျပဳေသာအားျဖင့္ အိမ္သာတစ္လုံး၏ အတြင္းပိုင္း ရႈခင္းပုံကို ဆီေဆးပန္းခ်ီကားတစ္ခ်ပ္အျဖစ္ တခမ္းတနား ေရးဆြဲဂုဏ္ျပဳခဲ့သည္။

ကြၽန္ေတာ္သည္ မီးရထားျဖင့္ အႀကိမ္ႀကိမ္ ခရီးသြားခဲ့ဖူးသည္။ တြဲသစ္၊ တြဲေဟာင္း၊ တြဲအို မ်ိဳးစုံေအာင္ စီးဖူးသည္။ ႐ိုး႐ိုးတန္း၊ အထက္တန္း၊ အထက္တန္းအိပ္ခန္းတို႔ကိုလည္း စုံေအာင္ စီးဖူးသည္။
႐ိုး႐ိုးတန္း ထိုင္ခုံမ်ားသည္ ထိုင္ရတာ သက္ေသာင့္သက္သာမရွိ။

ညရထားဆိုလွ်င္ အိပ္ဖို႔ အခက္အခဲရွိသည္။ အရမ္း အိပ္ခ်င္လြန္းေတာ့မွ ၾကမ္းျပင္ေပၚ တစ္ခုခုခင္းၿပီး မသက္မသာအိပ္ရသည္။ တခ်ိဳ႕ ရထားေတြက်ေတာ့ ခုံတန္းႏွစ္ခုၾကားမွာပါ လူေတြ၊ ကုန္ေတြ အျပည့္အသိပ္ပါလာတတ္သည္။ ထိုင္ရတာေတာင္ မလူးသာ မလြန္႔သာ။

အထက္တန္းတြဲေတြက်ေတာ့ ဇိမ္က်က်သြားႏိုင္သည္။ ခုံေတြကက်ယ္သည္။ တြဲသစ္က ခုံေတြဆိုလွ်င္ ဆိုဖာက အိအိစက္စက္ ခုံတစ္ခုံတိုင္းမွာ ေဆးလိပ္ခြက္၊ စားပြဲငယ္ အရွင္တစ္ခုပါသည္။ ေရွ႕မွာ ေျခတင္စရာပါသည္။ အိပ္ခ်င္လွ်င္ ထိုင္ခုံေနာက္မွီကို ပက္လက္ ကုလားထိုင္လို လွန္ခ်လို႔ရသည္။

အိပ္ခန္းဆိုတာကေတာ့ ေျပာစရာေတာင္မလို၊ ကိုယ့္အခန္းႏွင့္ကိုယ္ ေလးေယာက္တစ္ခန္း၊ ႏွစ္ေယာက္တစ္ခန္း သီးသီးသန္႔သန္႔၊ အိပ္ခ်င္လွ်င္ စင္ေပၚတက္ၿပီး အိပ္လိုက္႐ုံပင္။ အိပ္မွာ အိပ္ရတာႏွင့္မျခား။ တစ္ခုပဲကြာသည္။

ရထားက ဘယ္ညာယိမ္းထိုးေနသျဖင့္ ပုခက္ထဲထည့္ၿပီး ေခ်ာ့သိပ္ျခင္းကို ခံရသလို ၿငိမ့္ေနသည္။

ရထားသံ ဂ်ဳံးဂ်ဳံးဂ်က္ဂ်က္ကလည္း စည္းဝါးက်က် သီခ်င္းဆိုျပေနသလို အေတာ္ စည္းစိမ္ႀကီးေလသည္။

႐ိုး႐ိုးတန္း၊ အထက္တန္း ဘယ္လိုပဲကြာကြာ၊ တူညီတာတစ္ခုေတာ့ရွိသည္။ တြဲတိုင္း တြဲတိုင္းမွာရွိေသာ အိမ္သာမ်ားသည္ ေႂကြေက်ာက္ ေျခနင္းခုံမ်ားႏွင့္ ေျမျပင္ကို ဒိုးယိုေပါက္ျမင္ေနရေသာ ႁပြန္ေပါက္တစ္ခု တပ္ထားသည္ခ်ည္းျဖစ္ျခင္းပင္။

“က်ဳပ္ကို အိမ္သာလို သေဘာထားၾကတယ္၊ အေရးႀကဳံမွပဲ သတိရတတ္ၾကတယ္၊ ကိစၥလဲၿပီးေရာ အျမန္ဆုံး ျပန္ထြက္ခ်င္ၾကတယ္၊ လွည့္ၾကည့္ေဖာ္ေတာင္ မရေတာ့ဘူး”

ဥပမာေဆာင္၍ ေျပာတတ္ၾကသည္။ လူတို႔ကသာ အိမ္သာႏွင့္ႏႈိင္း၍ ေျပာၾကေသာ္လည္း အိမ္သာကိုယ္တိုင္ကေတာ့ ဘယ္ေသာအခါမွ စိတ္မဆိုးတတ္ေခ်။ သူ႔ကို ေမ့ေနလို႔လည္း စိတ္မနာ။ သူ႔ဆီ ေရာက္လာသူကိုလည္း စကားနာမထိုး။ အေရးေပၚ ေရာက္ရွိလာသူတိုင္းကို သေဘာထားႀကီးစြာ ဆီးႀကိဳသည္ခ်ည္း ျဖစ္သည္။

အိမ္သာသည္ မ်က္ႏွာႀကီးငယ္ မလိုက္တတ္။ မည္သူ၏ ပစၥည္းကို ေနရာေကာင္းေကာင္းေပးမည္၊ မည္သူ႔ပစၥည္းေတာ့ ေခ်ာင္ထဲပို႔ထားမည္ဟူ၍ မရွိေခ်။

သုႆာန္ေတြမွာမွ ေနရာေကာင္းမေကာင္း၊ တြင္းအတိမ္အနက္ ခြဲျခားမႈ ရွိတတ္ေသးသည္။ မီးသၿဂႋဳဟ္ရာမွာလည္း အ႐ိုးက်႐ုံေလာက္သာ ရႈိ႕ခ်င္ ရႈိ႕လို႔ရသည္။ အ႐ိုးျပာကို ျပန္လိုခ်င္လို႔ ရေသးသည္။ အိမ္သာကေတာ့ မည္သူ၏ပစၥည္းကိုမွ ျပန္လည္ ထုတ္ေပး႐ိုး ထုံးစံမရွိ။

အိမ္သာသည္ တစ္ပါးသူ၏ ႐ြံရွာဖြယ္ အညစ္အေၾကးမွ န္သမွ်ကို ၾကည္ျဖဴစြာ လက္ခံသည္။ သူ႔ကိုယ္သူ အညစ္အႏြမ္းခံ၍ လူအမ်ား၏ သန္႔ရွင္းေရး၊ စိတ္ခ်မ္းသာေရး အတြက္ ကိုယ္က်ိဳးစြန္႔ေဆာင္႐ြက္ေပးသည္။

သူသည္ သစၥာရွိသည္။ ႐ိုးသားသည္။ နားလည္ တတ္သည္။ အနစ္နာခံသည္။ ခြင့္လႊတ္ တတ္သည္။ အဆင့္အတန္းခြဲျခားမႈ လုံးဝမရွိ။ ကြၽန္ေတာ္သည္ အိမ္သာ တစ္လုံး အလိုရွိပါသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

“အိမ်သာတစ်လုံး အလိုရှိသည်”

“အိမ်သာ” ဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်ကို တစ်ခါမျှ နက်နက်နဲနဲ မစဉ်းစားမိ ခဲ့ဖူးချေ။ ဆိုးသွမ်းသော လူကို လူဆိုးဟု ခေါ်ကြသည်။ ရူးနေသောခွေးကို ခွေးရူးဟု ခေါ်ကြသည်။ သို့ဖြစ်လျှင် အိမ်သာဆိုသည်မှာ သာယာသော အိမ်ကလေး။

အိမ်သာတဲ့။ ဘယ်လောက် လှသော နာမည်လေးပါလဲ။ အကယ်၍သာ ထိုစကားလုံး ကလေးသည် ယခုလက်ရှိ အသုံးပြုနေသော အနက်အဓိပ္ပါယ်မျိုး မဟုတ်ခဲ့လျှင် ကလောင်နာမည် အဖြစ်တောင်မှည့်ခေါ်ဖို့ ကောင်းသေးတော့သည်။ “မောင်အိမ်သာ”။ ကဗျာဆန်လွန်းလှပေသည်။ ကိုယ်ကိုယ်တိုင်ပင် ထိုကလောင်နာမည်ကို ယူချင်ယူဖြစ်ခဲ့ ပါလိမ့် မည်။

ခုတော့ အညစ်အကြေးစွန့်သော နေရာကိုမှ ထိုနာမည်လှလှကလေး ပေးထားခဲ့ကြသည်။ ဘာကြောင့်လဲ။မြန်မာတို့သည် အလွန်ယဉ်ကျေး ဖွယ်ရာသော လူမျိုး၊ စိတ်မချမ်းသာ စရာကိုပင် နားခံသာအောင် ပြောတတ်သည့် လူမျိုးဖြစ်သည်။

သေဆုံးခြင်းကို ကွယ်လွန်သည်၊ အနိစ္စရောက်သည်ဟု သုံးနှုန်းကြသည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသည်ဟူ၍ ကျန်ရစ်သူတွေစိတ်ဖြေသာအောင် ပြောတတ်ကြသေးသည်။ ယုတ်စွအဆုံး အလွန်စက်ဆုပ်ဖွယ်ကောင်းသော ပုဒ်မ ၃၇၆ ကိုတောင် အဓမ္မပြုကျင့်မှုဟု နားဝင်ချိုအောင် ဆိုတတ်ပေသေးသည်။

အိမ်သာကိစ္စမှာလည်း ထို့အတူပင်ဖြစ်လိမ့်မည်။ အညစ်အကြေးစွန့်ပစ်ရာ ရွံရှာဖွယ်ကောင်းသော နေရာကိုပင် မသတီစရာ မဖြစ်အောင် စကားလုံးလှလှဖြင့် ဖုံးကွယ်တန်ဆာဆင်ပေးလိုက်ခြင်း ဖြစ်နိုင်၏။

နောက်တစ်ချက်က ချစ်ခြင်းမယား ရည်းစားလူလုတာလို ခံရခက်သောဝေဒနာထဲတွင် ဝမ်းထဲက ရစ်ရစ်နာနေပြီး မအောင့်နိုင်၊ မအည်းနိုင်ဖြစ်နေစဉ် စွန့်ပစ်စရာ နေရာရှာလို့ မတွေ့ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ထိုသို့သော အချိန်အခါမျိုးမှာ အိမ်သာတစ်လုံးကို တွေ့လိုက်ရလျှင် စိတ်ထဲမှာ ဘယ်လောက်ကြည်နူးသွားသည်ကို လူတိုင်း ကြုံဖူးကြ ပါလိမ့် မည်။ ထို့ကြောင့်လည်း အိမ်သာ မည်ပေသည်။ အိမ်သာဆိုသော ဝေါဟာရကို စတင်တီထွင်ခဲ့သူကို ချီးကျူးထိုက်ပါ၏။

ကျွန်တော်သည် ငယ်ငယ်ကတည်းက အိမ်သာကို စိတ်ဝင်စား ခဲ့သည်။ ကလေးဘဝ နောက်ဖေးကို အိုးကလေးနှင့် ထိုင်ခဲ့ရစဉ်က လူကြီးတွေလို အိမ်သာထဲ ဝင်ချင်လိုက်သည်မှာ ကျွန်တော်၏ အကြီးဆုံးရည်မှန်းချက်တွေထဲမှာ တစ်ခုအပါအဝင်ဟု ဆိုလောက် သည်။

ပထမဆုံးအကြိမ် အိမ်သာထဲ ဝင်ထိုင်ခွင့် ရခဲ့စဉ်က စိတ်လှုပ်ရှား ရမှုသည် ကျောင်းစတက်သောနေ့၊ ချစ်သူနှင့် စတွေ့ရသောနေ့တို့နှင့် နှိုင်းယှဉ် နိုင်သည်။ ကျောင်းမှာ သူငယ်ချင်းနှင့်အတူ အိမ်သာတစ်ပေါက်တည်းမှာ ကျောချင်းကပ်ထိုင်ရင်း စကားတပြောပြော လုပ်ရခြင်းကိုလည်း ဘယ်တော့မှမမေ့။

အလုပ်ကို အပြင်းအထန်လုပ်ခြင်း၊ စည်းစနစ်ကြီးခြင်းတို့တွင် အဖေ့အမွေကို မရရှိခဲ့သော်လည်း အိမ်သာတက်ရာမှာတော့ အဖေ့ခြေရာကို နင်းနိုင်သူဖြစ်လေသည်။ အဖေသည် အိမ်သာတက်လျှင် သတင်းစာတွေယူသွားပြီး ကုန်အောင်ဖတ်လေ့ရှိသည်။ နာရီဝက် တစ်နာရီကြာသည်။

နောက်ပိုင်း သတင်းစာတွေ စာမျက်နှာလျှော့လိုက်သောအခါ တိုင်း၊ နယူးစ်ဝိခ် မဂ္ဂဇင်းများဖြင့် အားဖြည့်ခဲ့သည်။ ကျွန်တော်သည်လည်း အိမ်သာသွားလျှင် တစ်ခုခုတော့ဖတ်လိုက်ရမှ ကျေနပ်တတ်လေသည်။ ကျွန်တော့်အကျင့်က ဆေးလိပ် မသောက်ရသေးလျှင် အိမ်သာသွားချင်စိတ် မပေါ်။

သတင်းစာ မလာသေးလျှင်လည်း အိမ်သာဝင်လို့မရ။ မနေ့ကပိတ်ရက်မို့ ဒီနေ့သတင်းစာ မလာလျှင်လည်း အတော်ဒုက္ခရောက်သည်။ မဂ္ဂဇင်းဖြစ်ဖြစ်၊ တခြားစာအုပ်ဖြစ်ဖြစ် ဖတ်စရာတစ်ခုခုတွေ့လျှင် တော်သေးသည်။ ဘာမှဖတ်စရာမရှိလျှင် ကျွန်တော်ဝမ်းချုပ်သောနေ့ပင်ဖြစ်သည်။

အိမ်သာထဲမှာ စာဖတ်ရခြင်းသည် ပက်လက်ကုလားထိုင်ပေါ်မှာ ဖတ်ရခြင်းလောက် သက်သောင့်သက်သာ မရှိတာမှန်သည်။ သို့ရာတွင် သူကလည်း တစ်မျိုးသောရသကို ဖြစ်ပေါ်စေသည်။

ကျွန်တော် အိမ်သာသွားလျှင် လွတ်လွတ်လပ်လပ် နားအေးပါးအေးသွားချင်သည်။

အပြင်က ဆူဆူညံညံအသံတွေ ကြားနေလျှင် စိတ်မဖြောင့်။ တစ်ခါတစ်ရံ ည လူခြေတိတ်ချိန်ကျမှ စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေဖတ်ရင်း အိမ်သာဝင်ရတာကို သိပ်သဘောကျသည်။

အိမ်သာတစ်လုံးအနေဖြင့် ကျွန်တော်အကြိုက်ဆုံးအနေအထားကား အိမ်နောက်ဘက် မလှမ်းမကမ်းရှိ မြေကွက်လပ်တစ်ခုတွင် ဝါးထရံကာ အထပ်သားမိုးထားသောပုံစံဖြစ်သည်။ အိမ်သာသို့သွားရာလမ်းကြောင်းကလေးသည် ကွေ့ကွေ့ကောက်ကောက်ကလေး။

စိန်ပန်း သို့တည်းမဟုတ် စွယ်တော်ပင်တစ်ပင်က အုပ်မိုးနေရမည်။ မိုးကလေး တဖြောက်ဖြောက်ရွာနေလျှင် ပိုကောင်းသည်။ ကျွန်တော် စိတ်ကူးဖြင့် ဆောက်ထားသော အိမ်သာကလေးတစ်လုံးပင်တည်း။

လူတော်တော်များများသည် လူပျိုပေါက်၊ အပျိုပေါက်ဘဝက အိမ်သာထဲမှာ ရည်းစားစာ ခိုးဖတ်ခဲ့ဖူးကြပါလိမ့်မည်။ ရေမွှေးနံ့သင်းပျံ့သော၊ ပန်းပွင့်ပုံ၊ လိပ်ပြာပုံတို့ပါသော အပြာရောင်၊ အဝါရောင် စာရွက်ကလေးများသည် အိမ်သာနှင့် မလိုက်ဖက်လှသော်လည်း ထို့ထက်လုံခြုံ စိတ်ချရသောနေရာမရှိပြီ။

ကျွန်တော်ငယ်စဉ်က ကဗျာ စရေးခါစတုန်းက တခြားလူတွေ မြင်မှာ၊ သိမှာကို ရှက်သည်။ ကျွန်တော့်ကဗျာတွေကို ဖတ်ပြီး ဟားတိုက်ရယ်မောကြမှာကို ကြောက်သည်။ ထို့ကြောင့် အိမ်သာထဲဝင်၍ ချစ်သူ၏ပါးပြင်မှ သနပ်ခါးမှုန့်အကြောင်း သွယ်လျသော လက်ချောင်းကလေးများနှင့် ရွှေဝါရောင် မွေးညင်းကလေးများ အကြောင်းကို ကဗျာ ရေးခဲ့လေသည်။

ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ဆိုလျှင် လူကြီးတွေမသိအောင် အိမ်သာထဲမှာ ပန်းချီခိုးဆွဲရင်း လေ့ကျင့်ခဲ့ရသည်ဟု ပြောဖူးသည်။ ခုတော့ သူသည် နာမည်ကျော် ပန်းချီဆရာတစ်ယောက်ဖြစ်နေပြီ။

နောက်သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ကတော့ သူ့အတွက် လုံခြုံမှု၊ စိတ်ချရမှု၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိမှုတို့ကိုပေးခဲ့သော အိမ်သာကို ဂုဏ်ပြုသောအားဖြင့် အိမ်သာတစ်လုံး၏ အတွင်းပိုင်း ရှုခင်းပုံကို ဆီဆေးပန်းချီကားတစ်ချပ်အဖြစ် တခမ်းတနား ရေးဆွဲဂုဏ်ပြုခဲ့သည်။

ကျွန်တော်သည် မီးရထားဖြင့် အကြိမ်ကြိမ် ခရီးသွားခဲ့ဖူးသည်။ တွဲသစ်၊ တွဲဟောင်း၊ တွဲအို မျိုးစုံအောင် စီးဖူးသည်။ ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်ခန်းတို့ကိုလည်း စုံအောင် စီးဖူးသည်။
ရိုးရိုးတန်း ထိုင်ခုံများသည် ထိုင်ရတာ သက်သောင့်သက်သာမရှိ။

ညရထားဆိုလျှင် အိပ်ဖို့ အခက်အခဲရှိသည်။ အရမ်း အိပ်ချင်လွန်းတော့မှ ကြမ်းပြင်ပေါ် တစ်ခုခုခင်းပြီး မသက်မသာအိပ်ရသည်။ တချို့ ရထားတွေကျတော့ ခုံတန်းနှစ်ခုကြားမှာပါ လူတွေ၊ ကုန်တွေ အပြည့်အသိပ်ပါလာတတ်သည်။ ထိုင်ရတာတောင် မလူးသာ မလွန့်သာ။

အထက်တန်းတွဲတွေကျတော့ ဇိမ်ကျကျသွားနိုင်သည်။ ခုံတွေကကျယ်သည်။ တွဲသစ်က ခုံတွေဆိုလျှင် ဆိုဖာက အိအိစက်စက် ခုံတစ်ခုံတိုင်းမှာ ဆေးလိပ်ခွက်၊ စားပွဲငယ် အရှင်တစ်ခုပါသည်။ ရှေ့မှာ ခြေတင်စရာပါသည်။ အိပ်ချင်လျှင် ထိုင်ခုံနောက်မှီကို ပက်လက် ကုလားထိုင်လို လှန်ချလို့ရသည်။

အိပ်ခန်းဆိုတာကတော့ ပြောစရာတောင်မလို၊ ကိုယ့်အခန်းနှင့်ကိုယ် လေးယောက်တစ်ခန်း၊ နှစ်ယောက်တစ်ခန်း သီးသီးသန့်သန့်၊ အိပ်ချင်လျှင် စင်ပေါ်တက်ပြီး အိပ်လိုက်ရုံပင်။ အိပ်မှာ အိပ်ရတာနှင့်မခြား။ တစ်ခုပဲကွာသည်။

ရထားက ဘယ်ညာယိမ်းထိုးနေသဖြင့် ပုခက်ထဲထည့်ပြီး ချော့သိပ်ခြင်းကို ခံရသလို ငြိမ့်နေသည်။ ရထားသံ ဂျုံးဂျုံးဂျက်ဂျက်ကလည်း စည်းဝါးကျကျ သီချင်းဆိုပြနေသလို အတော် စည်းစိမ်ကြီးလေသည်။

ရိုးရိုးတန်း၊ အထက်တန်း ဘယ်လိုပဲကွာကွာ၊ တူညီတာတစ်ခုတော့ရှိသည်။ တွဲတိုင်း တွဲတိုင်းမှာရှိသော အိမ်သာများသည် ကြွေကျောက် ခြေနင်းခုံများနှင့် မြေပြင်ကို ဒိုးယိုပေါက်မြင်နေရသော ပြွန်ပေါက်တစ်ခု တပ်ထားသည်ချည်းဖြစ်ခြင်းပင်။

“ကျုပ်ကို အိမ်သာလို သဘောထားကြတယ်၊ အရေးကြုံမှပဲ သတိရတတ်ကြတယ်၊ ကိစ္စလဲပြီးရော အမြန်ဆုံး ပြန်ထွက်ချင်ကြတယ်၊ လှည့်ကြည့်ဖော်တောင် မရတော့ဘူး”

ဥပမာဆောင်၍ ပြောတတ်ကြသည်။ လူတို့ကသာ အိမ်သာနှင့်နှိုင်း၍ ပြောကြသော်လည်း အိမ်သာကိုယ်တိုင်ကတော့ ဘယ်သောအခါမှ စိတ်မဆိုးတတ်ချေ။ သူ့ကို မေ့နေလို့လည်း စိတ်မနာ။ သူ့ဆီ ရောက်လာသူကိုလည်း စကားနာမထိုး။ အရေးပေါ် ရောက်ရှိလာသူတိုင်းကို သဘောထားကြီးစွာ ဆီးကြိုသည်ချည်း ဖြစ်သည်။

အိမ်သာသည် မျက်နှာကြီးငယ် မလိုက်တတ်။ မည်သူ၏ ပစ္စည်းကို နေရာကောင်းကောင်းပေးမည်၊ မည်သူ့ပစ္စည်းတော့ ချောင်ထဲပို့ထားမည်ဟူ၍ မရှိချေ။

သုဿာန်တွေမှာမှ နေရာကောင်းမကောင်း၊ တွင်းအတိမ်အနက် ခွဲခြားမှု ရှိတတ်သေးသည်။ မီးသင်္ဂြိုဟ်ရာမှာလည်း အရိုးကျရုံလောက်သာ ရှို့ချင် ရှို့လို့ရသည်။ အရိုးပြာကို ပြန်လိုချင်လို့ ရသေးသည်။ အိမ်သာကတော့ မည်သူ၏ပစ္စည်းကိုမှ ပြန်လည် ထုတ်ပေးရိုး ထုံးစံမရှိ။

အိမ်သာသည် တစ်ပါးသူ၏ ရွံရှာဖွယ် အညစ်အကြေးမှ န်သမျှကို ကြည်ဖြူစွာ လက်ခံသည်။ သူ့ကိုယ်သူ အညစ်အနွမ်းခံ၍ လူအများ၏ သန့်ရှင်းရေး၊ စိတ်ချမ်းသာရေး အတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ပေးသည်။

သူသည် သစ္စာရှိသည်။ ရိုးသားသည်။ နားလည် တတ်သည်။ အနစ်နာခံသည်။ ခွင့်လွှတ် တတ်သည်။ အဆင့်အတန်းခွဲခြားမှု လုံးဝမရှိ။ ကျွန်တော်သည် အိမ်သာ တစ်လုံး အလိုရှိပါသည်။

No Comments

Leave a Reply

Your email address will not be published.

အနန္တစကြာဝဠာက ထူးခြားဆန်းကြယ်လှတဲ့ တွင်းနက်ကြီး (Black Hole)များ
Uncategorized
အနန္တစကြာဝဠာက ထူးခြားဆန်းကြယ်လှတဲ့ တွင်းနက်ကြီး (Black Hole)များ

အနန္တစကြာဝဠာက ထူးခြားဆန်းကြယ်လှတဲ့ တွင်းနက်ကြီး (Black Hole)များ တွင်းနက်ကြီး (Black Hole) ဆိုတာ ငယ်ငယ်ထဲက ကြားဖူးတယ်။ အကာသထဲမှာရှိပြီး စုပ်ယူမျိုချနေတဲ့ တွင်းပေါက်ကြီးလို့ ယေဘူယျနားလည်တယ်။ သိပ္ပံပညာရှင်တွေက ဖြစ်နိုင်ချေရှိတဲ့ “ တွင်းနက်ကြီး ” ဓါတ်ပုံကို ထုတ်ပြန်နိုင်ခဲ့လို့ လူမှုကွန်ယက်မှာ “ တွင်းနက်ကြီး ” ဓါတ်ပုံတွေကို တအံတဩကြည့်ခွင့်ရကြတယ်။ အကြမ်းအားဖြင့် “ တွင်းနက်ကြီး ” ဆိုတာ (အကာသအချိန်)ထဲမှာရှိတဲ့ ဆွဲငင်အားအလွန်ပြင်းထန်ပြီး အာကာသအမှုန်အမွှား ရေဒီယိုသံလိုက်စက်ကွင်းနဲ့ အလင်းရောင်ကို စုပ်ယူဝါးမျိုနိုင်ပြီး သူ့အထဲရောက်သွား ရင်လုံးဝပြန်ထွက်မရတဲ့ စကြာဝဠာထဲက သီးခြားနေရာတခုဟု နားလည်တယ်။ “ အကာသအချိန် ” ဆိုတာ သင်္ချာသဘောအရ “ …

ကြောင်နံ့သာ ( သို့ ) စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်ကတိုး အကြောင်း သိကောင်းစရာ
Uncategorized
ကြောင်နံ့သာ ( သို့ ) စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်ကတိုး အကြောင်း သိကောင်းစရာ

ကြောင်နံ့သာ ( သို့ ) စိတ်ဝင်စားစရာကောင်းတဲ့ ကြောင်ကတိုး အကြောင်း သိကောင်းစရာ တနေ့က ညဆယ်နာရီ ကျော်ကျော်လောက်မှာမှ သမီး အကြီးမလေးက ဘာဂါစားချင်ပါတယ် ဆိုပြီး ဂျီနေလို့ အပြင်မထွက်ချင်တော့ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ်ပြီး သွားဝယ်ရပါတယ်။ ဘာဂါဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်းမှသာ ထွက်ပါတယ်။ စေတနာနဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာစောင့်နေတဲ့သူ သုံးလေးယောက်တော့ အမြဲလိုလို ရှိတတ်ပါတယ်။ ထုံးစံ အတိုင်း ကိုယ့်ရှေ့က မှာထားတဲ့သူတွေ စောင့်နေရတာနဲ့ပဲ နာရီဝက်သာသာ လောက်တော့ ကြာသွား လို့ အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ မီးပွိုင့်ကို ရှောင်ချင်တာကြောင့် လမ်းမကြီးကမမောင်းတော့ဘဲ …

နယ်သာလန်ဒီဇိုင်နာတွေက ဆံပင်ကို နောက်ထပ် ဘဝသစ်ဖန်တီးပေးလိုက်ပြီ
Uncategorized
နယ်သာလန်ဒီဇိုင်နာတွေက ဆံပင်ကို နောက်ထပ် ဘဝသစ်ဖန်တီးပေးလိုက်ပြီ

နယ်သာလန်ဒီဇိုင်နာတွေက ဆံပင်ကို နောက်ထပ် ဘဝသစ်ဖန်တီးပေးလိုက်ပြီ မောင်ယဿ ( ဒီဇင်ဘာ ၅ ) ကျနော်တို့ရဲ့ အသက်ကို ရှည်ရှည် နေရအောင်လုပ်ဖို့အတွက် ပျက်စီး ယိုယွင်းနေတဲ့ သဘာ၀ ပတ်ဝန်းကျင် နည်းမျိုးစုံနဲ့ ထိန်းသိမ်း ကြပါ တယ်။ ပလက်စတစ်သုံးစွဲမှုကို လျှော့ချကြနေသလို ပြန်သုံးလို့ ရတဲ့ ပစ္စည်းအမျိုးမျိုးကို ဖန်တီးနေကြပါတယ်။ ဒါ့အပြင် အသားကိုလည်း လျှော့စားတာနဲ့ လမ်းလျှောက်တာ ၊ စက်ဘီးစီးတာတွေကို ပိုလုပ်လာကြပါတယ်။ အဲ့လိုနည်းမျိုးစုံလုပ်နေတဲ့ကြားကပဲ ထူးထူးခြားခြား လုပ်ငန်းတစ်ခု အဖြစ် နယ်သာလန် ဒီဇိုင်နာတစ်ယောက်က လူသားတွေရဲ့ ဆံပင်ကို အဝတ်အထည်တွေဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။ အမ်စတာဒမ်အခြေစိုက် ဒီဇိုင်နာ ဇတ်ဆိုဖီယာ ကိုလာ က အလေအလွင့် …