
ခင္ပြန္းႀကီးဆယ္ပါး ျပစ္မွားရင္ ဘာေတြ ျဖစ္မလဲ ဘယ္လို ေတာင္းပန္ရမလဲ?
“ခင္ပြန္းႀကီး ( ၁၀ ) ပါးအား ဝန္ခ် ကန္ေတာ့ရန္” ( အက်ဥ္း ) ( ေန႔စဥ္ ႐ြတ္သင့္သည္ )
( ၁ ) သဗၺညဳတ ဘုရားရွင္ မ်ားတို႔၏ အေပၚ၌ လည္းေကာင္း ၊
( ၂ ) ပေစၥကဗုဒၶါ အရွင္ျမတ္မ်ား အေပၚ၌ လည္းေကာင္း ၊
( ၃ ) အဂၢသာဝက အရွင္ျမတ္မ်ား အေပၚ၌ လည္းေကာင္း ၊
( ၄ ) ရဟႏၲာ အရွင္ျမတ္မ်ားတို႔ အေပၚ၌ လည္ေကာင္း ၊
( ၅ ) ပစၥဳပၸန္၌ ေတာ္စပ္ေသာ မိခင္ႀကီးႏွင့္ သံသရာ၌ ေတာ္စပ္ခဲ့ေသာ မိခင္မ်ားအေပၚ၌ လည္းေကာင္း ၊
( ၆ ) ပစၥဳပၸန္၌ ေတာ္စပ္ေသာဖခင္ႀကီးႏွင့္ သံသရာ၌ ေတာ္စပ္ခဲ့ေသာ ဖခင္မ်ားအေပၚ၌ လည္းေကာင္း ၊
( ၇ ) တရား အသိထူးရေအာင္ ေဟာေျပာေပးၾကေသာ ေလာကုတၱရာ ဆရာသမားမ်ား အေပၚ၌လည္းေကာင္း ၊
( ၈ ) သီလဝႏၲသူေတာ္စင္ ( အေလးဂ႐ုျပဳထိုက္သူ )အေပၚ၌ လည္းေကာင္း ၊
( ၉ ) ေလာကီပညာမ်ားကို သင္ၾကားေပးၾက ကုန္ေသာ ဆရာသမားမ်ား အေပၚ၌ လည္းေကာင္း ၊
( ၁၀ ) မိမိတို႔ အခက္အခဲ ရွိစဥ္က စားဝတ္ေနေရး ေစာင့္ေရွာက္ ေပးဖူးကုန္ၾကေသာ ေက်းဇူးရွင္တို႔အား လည္းေကာင္း ၊
ဤခင္ပြန္းႀကီးဆယ္ပါးတို႔ အေပၚ၌ ဘုရားတပည့္ေတာ္သည္ ပစၥဳပၸန္ဘဝ၌ လည္းေကာင္း ၊သံသရာဘဝ၌၎ ၊ သိ၍ျဖစ္ေစ ၊ မသိ၍ျဖစ္ေစ
ကာယကံ၊ဝစီကံ ၊ မေနာကံတို ႔တြင္ တစ္ပါးပါး ေသာကံတို႔ျဖင့္ ျပစ္မွား ၊ က်ဴးလြန္ ၊ ႀကံစည္ ျပဳလုပ္မိျခင္းကို သိရွိ နားလည္စြာျဖင့္ ဝန္ခံပါ၏ ၊ ဝန္ခ်ပါ၏၊ ေတာင္းပန္ပါ၏ ၊ ကန္ေတာ့ပါ၏ ။
ဤကုသိုလ္ ေစတနာေၾကာင့္ ဆိုးက်ိဳးေပးဆဲ ၊ ဆိုးက်ိဳး ေပး လတၱံ့ေသာ အကုသိုလ္မွန္သမွ် အနႏၲတို႔သည္ ပိန္ၾကာ ဖက္တြင္ ေရမတင္ ေလွ်ာက်ဘိ သကဲသို႔ ကင္းစင္လြင့္ေပ်ာက္ မထိေရာက္ေတာ့ဘဲ ေကာင္းက်ိဳးအနႏၲ ျဖစ္ထြန္းရပါ လို၏ ျမတ္စြာဘုရား။
( ၃-ႀကိမ္ ) ေကာင္းက်ိဳးအနႏၲ ျဖစ္ထြန္းရ၍ အားထုတ္ဆဲ၊ အား ထုတ္လတၱံ့ျဖစ္ေသာ ဒါန၊ သီလ၊ ေစတနာကံႏွင့္တကြ ဝိပႆ နာဉာဏ္သည္ မဂ္ဉာဏ္သို႔ ေက်းဇူးျပဳ၍ နိဗၺာန္ကို မ်က္ေမွာက္ျပဳရပါလို၏ ျမတ္စြာဘုရား…
မွတ္ခ်က္- ေလာကမွာ ဤမျပစ္မွားထိုက္တဲ့ ခင္ပြန္းႀကီး( ၁၀ )ပါးကို ျပစ္မွားမိပါက ေဘးအတန္တန္၊ ရန္အသြယ္သြယ္ျဖစ္တတ္ၿပီး
စီးပြားေရး ပ်က္ဆီးျခင္း၊ တရား အားထုတ္ေပမယ့္ တရားရခါ နီးမွာ အထိတ္တလန႔္ျဖစ္၍ ရင္တေမာေမာ ျဖစ္ေနၿပီးတရား မရဘဲ ျဖစ္ေနတတ္ တယ္ ။
မဂ္တား ၊ ဖိုလ္တား ၊ အႏၲရယ္မွန္သမွ် ကင္းေဝးေစရန္ စိတ္သန္၍ ေန႔စဥ္ ႐ြတ္ ဖတ္ျခင္း တရားအား ထုတ္ခါနီး ႐ြတ္ဖတ္ျခင္းေၾကာင့္ တစ္ပါးေသာ ပုဂၢိဳလ္တို႔ အႏၲရာယ္ျပဳျခင္းမွ ကင္းေဝးေစေၾကာင္း ေမတၱာေလာင္း၍ ေရွ႕အရိယာ သူေတာ္တို႔ မိန႔္ေတာ္မူ ခဲ့ပါ သည္။
“ေသာကခပ္သိမ္း ၿငိမ္းေအးၾကပါေစ… မဂၤလာ ရွိေသာ ေန႔ရက္တိုင္းကို ကုသိုလ္မ်ားျဖင့္ ျဖတ္သန္းႏိုင္ၾက ပါေစ”…ခရက္ဒစ္
Unicode
ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် ဘာတွေ ဖြစ်မလဲ ဘယ်လို တောင်းပန်ရမလဲ?
“ခင်ပွန်းကြီး ( ၁၀ ) ပါးအား ဝန်ချ ကန်တော့ရန်” ( အကျဉ်း ) ( နေ့စဉ် ရွတ်သင့်သည် )
( ၁ ) သဗ္ဗညုတ ဘုရားရှင် များတို့၏ အပေါ်၌ လည်းကောင်း ၊
( ၂ ) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊
( ၃ ) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊
( ၄ ) ရဟန္တာ အရှင်မြတ်များတို့ အပေါ်၌ လည်ကောင်း ၊
( ၅ ) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များအပေါ်၌ လည်းကောင်း ၊
( ၆ ) ပစ္စုပ္ပန်၌ တော်စပ်သောဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များအပေါ်၌ လည်းကောင်း ၊
( ၇ ) တရား အသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများ အပေါ်၌လည်းကောင်း ၊
( ၈ ) သီလဝန္တသူတော်စင် ( အလေးဂရုပြုထိုက်သူ )အပေါ်၌ လည်းကောင်း ၊
( ၉ ) လောကီပညာများကို သင်ကြားပေးကြ ကုန်သော ဆရာသမားများ အပေါ်၌ လည်းကောင်း ၊
( ၁၀ ) မိမိတို့ အခက်အခဲ ရှိစဉ်က စားဝတ်နေရေး စောင့်ရှောက် ပေးဖူးကုန်ကြသော ကျေးဇူးရှင်တို့အား လည်းကောင်း ၊
ဤခင်ပွန်းကြီးဆယ်ပါးတို့ အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌ လည်းကောင်း ၊သံသရာဘဝ၌၎င်း ၊ သိ၍ဖြစ်စေ ၊ မသိ၍ဖြစ်စေ
ကာယကံ၊ဝစီကံ ၊ မနောကံတို့တွင် တစ်ပါးပါး သောကံတို့ဖြင့် ပြစ်မှား ၊ ကျူးလွန် ၊ ကြံစည် ပြုလုပ်မိခြင်းကို သိရှိ နားလည်စွာဖြင့် ဝန်ခံပါ၏ ၊ ဝန်ချပါ၏၊ တောင်းပန်ပါ၏ ၊ ကန်တော့ပါ၏ ။
ဤကုသိုလ် စေတနာကြောင့် ဆိုးကျိုးပေးဆဲ ၊ ဆိုးကျိုး ပေး လတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တတို့သည် ပိန်ကြာ ဖက်တွင် ရေမတင် လျှောကျဘိ သကဲသို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တ ဖြစ်ထွန်းရပါ လို၏ မြတ်စွာဘုရား။
( ၃-ကြိမ် ) ကောင်းကျိုးအနန္တ ဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အား ထုတ်လတ္တံ့ဖြစ်သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿ နာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား…
မှတ်ချက်- လောကမှာ ဤမပြစ်မှားထိုက်တဲ့ ခင်ပွန်းကြီး( ၁၀ )ပါးကို ပြစ်မှားမိပါက ဘေးအတန်တန်၊ ရန်အသွယ်သွယ်ဖြစ်တတ်ပြီး
စီးပွားရေး ပျက်ဆီးခြင်း၊ တရား အားထုတ်ပေမယ့် တရားရခါ နီးမှာ အထိတ်တလန့်ဖြစ်၍ ရင်တမောမော ဖြစ်နေပြီးတရား မရဘဲ ဖြစ်နေတတ် တယ် ။
မဂ်တား ၊ ဖိုလ်တား ၊ အန္တရယ်မှန်သမျှ ကင်းဝေးစေရန် စိတ်သန်၍ နေ့စဉ်ရွတ်ဖတ်ခြင်း တရားအား ထုတ်ခါနီး ရွတ်ဖတ်ခြင်းကြောင့် တစ်ပါးသောပုဂ္ဂိုလ်တို့ အန္တရာယ်ပြုခြင်းမှ ကင်းဝေးစေကြောင်း မေတ္တာလောင်း၍ ရှေ့အရိယာသူတော်တို့ မိန့်တော်မူ ခဲ့ပါ သည်။
“သောကခပ်သိမ်း ငြိမ်းအေးကြပါစေ… မင်္ဂလာ ရှိသော နေ့ရက်တိုင်းကို ကုသိုလ်များဖြင့် ဖြတ်သန်းနိုင်ကြပါစေ”…
No Comments