
အေရာင္းအဝယ္ေအးေနလွ်င္ စိတ္မညစ္ရေအာင္ ေန႔အလိုက္ ဒါေလးပဲ လုပ္ၾကည့္ပါ
ယၾတာက ေတာ္ေတာ္လည္း လြယ္ကူပါတယ္။ အလြန္အင္မတန္မွလည္း လြယ္ကူသေလာက္ ထိေရာက္မႈ႕ ရွိပါတယ္။ ထင္မွတ္မထား ေလာက္ေအာင္ကို ထူးျခားမႈ႕ရွိပါတယ္။
ဒါေၾကာင့္ ေဈးသည္မ်ားအေနႏွင့္ (မည့္သည့္ေဈးသည္မဆို) ဤယၾတာကို လုပ္ေစခ်င္ပါတယ္။ ခ်က္ခ်င္းကို ထူးထူးျခားျခား သိသိသာသာ လာဘ္ပြင့္ၿပီး ေရာင္ပန္းဝယ္ပန္း ပြင့္လန္းေစပါတယ္။
ဒါေပမဲ့ အရင္ဆုံးသတိရ ရမွာက …
ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာ တို႔ကို ဦးထိပ္ထားပါ။ ေနာက္ ဆိုင္ေနရာအခင္းအက်င္းကို ပိုက္ဆံရွိမွ မဟုတ္ပါဘူး မိမိတတ္ႏိုင္သေလာက္နဲ႔ သန႔္ရွင္းသပ္ရပ္စြာ customer မ်ားကိုဆြဲေဆာင္ပါ။
ေဈးႏႈန္းမွန္ကန္စြာ ေရာင္းခ်ပါ။ ေရာင္းသူ ဝယ္သူ အသံတူ ဆိုတဲ့ စကားအတိုင္း မိမိဆိုင္လာတဲ့ customer မ်ားကို ခ်ိဳသာယဥ္ေက်းစြာ ဆက္ဆံပါ။ customer မ်ားရဲ႕ ဆႏၵကို အေလးထားပါ။ ဒါေတြ ျပည့္စုံၿပီဆိုရင္ေတာ့ ယၾတာကို စတင္လုပ္လို႔ရပါၿပီ။
ခ်က္ခ်င္းဆိုသလို သိသိသာသာ ေအာင္ျမင္ၾကတယ္လို႔ ဆိုပါတယ္။ တစ္ခု ေျပာၾကားလိုတာက ဒီယၾတာနည္းကို လုပ္ၿပီးရင္ ေစာင့္ေနစရာမလိုပါဘူး။
ခ်က္ခ်င္း အက်ိဳးအျမတ္ကို သိသိသာသာ လက္ေတြ႕ ခံစားရတာပါ။ ဒါေၾကာင့္ တစ္ခုပဲ ေျပာၾကားလိုပါတယ္။ လုပ္ၾကည့္လိုက္ပါ။ မုခ် ေအာင္ျမင္ပါလိမ့္မယ္။
ေဈးဆိုင္ႏွင့္အထိုင္ခ်ၿပီး ေဈးေရာင္းတာပဲ ျဖစ္ျဖစ္ လွည့္သြားလွည့္လာ အေရာင္းအဝယ္ လုပ္သူပဲျဖစ္ျဖစ္ တန္ဖိုးနည္း ပစၥည္းကိုပဲ ေရာင္းေရာင္း၊ တန္ဖိုးႀကီး ပစၥည္းမ်ားကိုပဲ ေရာင္းေရာင္း၊ အစားအေသာက္ပဲ ေရာင္းေရာင္း၊ အဝတ္အထည္ပဲ ေရာင္းေရာင္း၊ ဤယၾတာကို ေဆာင္႐ြက္ႏိုင္ပါသည္။
တနဂၤေႏြေန႔တြင္
အေရာင္းအဝယ္ ေဆာင္႐ြက္ေသာအခါ ေဈးဦးမေပါက္ အေရာင္းအဝယ္ ပါးေနသည္။ အခါတိုင္းေလာက္ အေရာင္းအဝယ္မျဖစ္ဟု ထင္ပါက ငွက္ေပ်ာသီး တစ္လုံးကို သၾကားျဖဴး၍ စားလိုက္ပါ။ ခ်က္ခ်င္းလက္ငင္း ဝယ္သူမ်ား တ႐ုန္း႐ုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
တနလၤာေန႔တြင္
အေရာင္အဝယ္ ျပဳေသာအခါတြင္ ေရာင္းပန္းဝယ္ ပန္းမပြင့္ ဝယ္သူက်ဲ၍ ငိုက္မ်ဥ္းေနရၿပီး ေဈးဦးမေပါက္ပါက ပန္းကန္ျပား တစ္ခ်ပ္အတြင္း ဆီးယိုထည့္၍ စား လိုက္ ပါ။ ဇီးသီလည္း စားႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ဝယ္သူမ်ား တ႐ုန္း႐ုန္းႏွင့္ စည္ကား၍ ေရာင္းအား ေကာင္းလာမည္။
အဂၤါေန႔တြင္
ေဈးေရာင္းေသာအခါ ဓာတ္ပြင္ေစရန္ ဆိုင္တြင္ ေရွာက္သီး သုပ္စားျခင္း ျဖစ္သည္။ အိမ္မွ ႀကိဳတင္ျပင္ဆင္ ယူလာျခင္း သို႔မဟုတ္ ေဈးမွဝယ္ယူ စားသုံးျခင္း ျပဳႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ဝယ္သူမ်ား တ႐ုန္း႐ုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္း လာမည္။
ဗုဒၶဟူးေန႔တြင္
ေဈးအေရာင္း အဝယ္ေကာင္းေသာ လာဘ္ဖြင့္နည္းကား ပဲပင္ေပါက္ ပဲျပားေၾကာ္ စားျခင္းျဖစ္သည္။ ထမင္းခ်ိဳင့္ ၊ထမင္းဗူးအတြင္း ထည့္ယူလာျခင္းျဖစ္ေစ ေဈးေရာက္မွ အျခားဆိုင္မွ ဝယ္ယူျခင္းျဖစ္ေစ စားသုံးႏိုင္ပါသည္။ ခ်က္ခ်င္ းလက္ငင္း ဝယ္သူမ်ား တ႐ုန္း႐ုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
ၾကာသပေတးေန႔တြင္
ေဈးေရာင္းအဝယ္ျပဳစဥ္ ေဈးေရာင္း မေကာင္းျခင္း ၊ မိမိေဈးဆိုင္ လူဝင္ပါးျခင္းျဖစ္ပါက သရက္သီးႏွင့္ လာဘ္ဖြင့္ရမည္။ သရက္သီး ခ်ိန္ သရက္သီး ၊ သရက္ကင္းခ်ိန္ သရက္ကင္း၊ သရက္သီး မရွိပါက သရက္သီး ကုလားတည္ျဖင့္ ထမင္းစား လိုက္ပါ။ ခ်က္ခ်င္းလက္ငင္း ဝယ္သူမ်ား တ႐ုန္း႐ုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္း လာမည္။
ေသာၾကာေန႔တြင္
ေဈးေရာင္းေကာင္းလိုပါက ႏို႔ႏွင့္ျပဳလုပ္ ထားေသာ ႏို႔မလိုင္ကို စားသုံးလိုက္ပါ။ ႏို႔ႏွင့္ျပဳလုပ္ထားေသာ မည္သည့္ အစားအေသာက္ကို မဆို စားေသာက္ ႏိုင္ပါ သည္။ ခ်က္ခ်င္းလက္ငင္း ဝယ္သူမ်ား တ႐ုန္း႐ုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
စေနေန႔တြင္
အေရာင္းအဝယ္ေကာင္းေအာင္ လာဘ္႐ႊင္ေအာင္ လူစည္ကားေအာင္ အေရာင္းအဝယ္ ျဖစ္ေအာင္ အုန္းသီးႏွင့္ ျပဳလုပ္ထားေသာ အစားအေသာက္ တစ္ခုခုျဖစ္ေစ ၊ အုန္းႏို႔ေခါက္ဆြဲျဖစ္ေစ ေဈးေရာင္းေသာ ေနရာတြင္ စားေသာက္လိုက္ပါ။ ခ်က္ခ်င္းလက္ငင္း ဝယ္သူမ်ား တ႐ုန္း႐ုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။
အထက္ပါ ေဈးေရာင္းေကာင္းေစေသာ ယၾတာကို အပတ္စဥ္လုပ္၍ ရသည္။ ေန႔စဥ္ ေဆာင္႐ြက္လို႔ ရသည္။ ကံေကာင္း ကံမေကာင္း သိစရာမလို၊ ေမြးေန႔ ေမြးရက္ သိစရာမလို၊ မည္သည့္ ေန႔သားသမီးမ်ားမဆို ေဆာင္႐ြက္ႏိုင္ပါသည္။
ခ်က္ခ်င္းဆိုသလို သိသာေစသည္။ ေအာင္ျမင္ေစသည္။ ပြင့္လန္းေစသည္။ ထို႔ေၾကာင့္ အေရာင္းအဝယ္ သမားမ်ားအေနႏွင့္ အထက္ပါ ယၾတာကို သင္တို႔၏ မွတ္စုစာအုပ္ထဲတြင္ ေန႔စဥ္ အဆင္သင့္ ေဆာင္႐ြက္ရေစရန္အတြက္ ဇယားဆြဲၿပီး ကူးထားလိုက္ၾက ေပေတာ့ဟူ၍သာ ေလးနက္ေသာစိတ္ျဖင့္ တိုက္တြန္း လိုက္ရပါေတာ့မယ္
Unicode
အရောင်းအဝယ်အေးနေလျှင် စိတ်မညစ်ရအောင် နေ့အလိုက် ဒါလေးပဲ လုပ်ကြည့်ပါ
ယတြာက တော်တော်လည်း လွယ်ကူပါတယ်။ အလွန်အင်မတန်မှလည်း လွယ်ကူသလောက် ထိရောက်မှု့ ရှိပါတယ်။ ထင်မှတ်မထား လောက်အောင်ကို ထူးခြားမှု့ရှိပါတယ်။
ဒါကြောင့် ဈေးသည်များအနေနှင့် (မည့်သည့်ဈေးသည်မဆို) ဤယတြာကို လုပ်စေချင်ပါတယ်။ ချက်ချင်းကို ထူးထူးခြားခြား သိသိသာသာ လာဘ်ပွင့်ပြီး ရောင်ပန်းဝယ်ပန်း ပွင့်လန်းစေပါတယ်။
ဒါပေမဲ့ အရင်ဆုံးသတိရ ရမှာက …
ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာ တို့ကို ဦးထိပ်ထားပါ။ နောက် ဆိုင်နေရာအခင်းအကျင်းကို ပိုက်ဆံရှိမှ မဟုတ်ပါဘူး မိမိတတ်နိုင်သလောက်နဲ့ သန့်ရှင်းသပ်ရပ်စွာ customer များကိုဆွဲဆောင်ပါ။
ဈေးနှုန်းမှန်ကန်စွာ ရောင်းချပါ။ ရောင်းသူ ဝယ်သူ အသံတူ ဆိုတဲ့ စကားအတိုင်း မိမိဆိုင်လာတဲ့ customer များကို ချိုသာယဉ်ကျေးစွာ ဆက်ဆံပါ။ customer များရဲ့ ဆန္ဒကို အလေးထားပါ။ ဒါတွေ ပြည့်စုံပြီဆိုရင်တော့ ယတြာကို စတင်လုပ်လို့ရပါပြီ။
ချက်ချင်းဆိုသလို သိသိသာသာ အောင်မြင်ကြတယ်လို့ ဆိုပါတယ်။ တစ်ခု ပြောကြားလိုတာက ဒီယတြာနည်းကို လုပ်ပြီးရင် စောင့်နေစရာမလိုပါဘူး။
ချက်ချင်း အကျိုးအမြတ်ကို သိသိသာသာ လက်တွေ့ ခံစားရတာပါ။ ဒါကြောင့် တစ်ခုပဲ ပြောကြားလိုပါတယ်။ လုပ်ကြည့်လိုက်ပါ။ မုချ အောင်မြင်ပါလိမ့်မယ်။
ဈေးဆိုင်နှင့်အထိုင်ချပြီး ဈေးရောင်းတာပဲ ဖြစ်ဖြစ် လှည့်သွားလှည့်လာ အရောင်းအဝယ် လုပ်သူပဲဖြစ်ဖြစ် တန်ဖိုးနည်း ပစ္စည်းကိုပဲ ရောင်းရောင်း၊ တန်ဖိုးကြီး ပစ္စည်းများကိုပဲ ရောင်းရောင်း၊ အစားအသောက်ပဲ ရောင်းရောင်း၊ အဝတ်အထည်ပဲ ရောင်းရောင်း၊ ဤယတြာကို ဆောင်ရွက်နိုင်ပါသည်။
တနင်္ဂနွေနေ့တွင်
အရောင်းအဝယ် ဆောင်ရွက်သောအခါ ဈေးဦးမပေါက် အရောင်းအဝယ် ပါးနေသည်။ အခါတိုင်းလောက် အရောင်းအဝယ်မဖြစ်ဟု ထင်ပါက ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
တနင်္လာနေ့တွင်
အရောင်အဝယ် ပြုသောအခါတွင် ရောင်းပန်းဝယ် ပန်းမပွင့် ဝယ်သူကျဲ၍ ငိုက်မျဉ်းနေရပြီး ဈေးဦးမပေါက်ပါက ပန်းကန်ပြား တစ်ချပ်အတွင်း ဆီးယိုထည့်၍ စား လိုက် ပါ။ ဇီးသီလည်း စားနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအား ကောင်းလာမည်။
အင်္ဂါနေ့တွင်
ဈေးရောင်းသောအခါ ဓာတ်ပွင်စေရန် ဆိုင်တွင် ရှောက်သီး သုပ်စားခြင်း ဖြစ်သည်။ အိမ်မှ ကြိုတင်ပြင်ဆင် ယူလာခြင်း သို့မဟုတ် ဈေးမှဝယ်ယူ စားသုံးခြင်း ပြုနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်း လာမည်။
ဗုဒ္ဓဟူးနေ့တွင်
ဈေးအရောင်း အဝယ်ကောင်းသော လာဘ်ဖွင့်နည်းကား ပဲပင်ပေါက် ပဲပြားကြော် စားခြင်းဖြစ်သည်။ ထမင်းချိုင့် ၊ထမင်းဗူးအတွင်း ထည့်ယူလာခြင်းဖြစ်စေ ဈေးရောက်မှ အခြားဆိုင်မှ ဝယ်ယူခြင်းဖြစ်စေ စားသုံးနိုင်ပါသည်။ ချက်ချင် းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
ကြာသပတေးနေ့တွင်
ဈေးရောင်းအဝယ်ပြုစဉ် ဈေးရောင်း မကောင်းခြင်း ၊ မိမိဈေးဆိုင် လူဝင်ပါးခြင်းဖြစ်ပါက သရက်သီးနှင့် လာဘ်ဖွင့်ရမည်။ သရက်သီး ချိန် သရက်သီး ၊ သရက်ကင်းချိန် သရက်ကင်း၊ သရက်သီး မရှိပါက သရက်သီး ကုလားတည်ဖြင့် ထမင်းစား လိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်း လာမည်။
သောကြာနေ့တွင်
ဈေးရောင်းကောင်းလိုပါက နို့နှင့်ပြုလုပ် ထားသော နို့မလိုင်ကို စားသုံးလိုက်ပါ။ နို့နှင့်ပြုလုပ်ထားသော မည်သည့် အစားအသောက်ကို မဆို စားသောက် နိုင်ပါ သည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
စနေနေ့တွင်
အရောင်းအဝယ်ကောင်းအောင် လာဘ်ရွှင်အောင် လူစည်ကားအောင် အရောင်းအဝယ် ဖြစ်အောင် အုန်းသီးနှင့် ပြုလုပ်ထားသော အစားအသောက် တစ်ခုခုဖြစ်စေ ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ ဈေးရောင်းသော နေရာတွင် စားသောက်လိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။
အထက်ပါ ဈေးရောင်းကောင်းစေသော ယတြာကို အပတ်စဉ်လုပ်၍ ရသည်။ နေ့စဉ် ဆောင်ရွက်လို့ ရသည်။ ကံကောင်း ကံမကောင်း သိစရာမလို၊ မွေးနေ့ မွေးရက် သိစရာမလို၊ မည်သည့် နေ့သားသမီးများမဆို ဆောင်ရွက်နိုင်ပါသည်။
ချက်ချင်းဆိုသလို သိသာစေသည်။ အောင်မြင်စေသည်။ ပွင့်လန်းစေသည်။ ထို့ကြောင့် အရောင်းအဝယ် သမားများအနေနှင့် အထက်ပါ ယတြာကို သင်တို့၏ မှတ်စုစာအုပ်ထဲတွင် နေ့စဉ် အဆင်သင့် ဆောင်ရွက်ရစေရန်အတွက် ဇယားဆွဲပြီး ကူးထားလိုက်ကြ ပေတော့ဟူ၍သာ လေးနက်သောစိတ်ဖြင့် တိုက်တွန်း လိုက်ရပါတော့မယ်
No Comments