
ေပ်ာ္ေတာ့မေပ်ာ္ပါဘူး ဒါေပမဲ့ၿပဳံးၿပဳံးေလးနဲ႔ ၾကည့္ျဖစ္ပါတယ္ ကိုယ္မပိုင္ဆိုင္ရတဲ့ အရာေတြထဲက ကိုယ္ခ်စ္ရေသာ လူေတြကိုေပါ့
ေပ်ာ္ေတာ့မေပ်ာ္ပါဘူး ဒါေပမဲ့ၿပဳံးၿပဳံးေလးနဲ႔
ၾကည့္ျဖစ္ပါတယ္ ကိုယ္မပိုင္ဆိုင္ရတဲ့အရာေတြထဲက
ကိုယ္ခ်စ္ရေသာ လူေတြကိုေပါ့ ။
“ခ်စ္ျခင္းတရား ကအားလုံးကို ေျပာင္းလဲေပး ႏိုင္သတဲ့” ဒါေပမဲ့ ဆုံးရႈံးရျခင္းကို အပိုင္းအျခားေလးတစ္ခုနဲ႔
ရႈၾကည့္ျမင္ၾကည့္ရင္ ဥေပကၡာျပဳ ႏိုင္ဖို႔ လမ္းစတစ္ခုပါပဲ။
ခ်စ္ျခင္းေၾကာင့္ လူေတြက အရင္နဲ႔မတူတဲ့ အသြင္ေတြကို အႏူးညံ့ဆုံးေျပာင္းလဲေပးႏိုင္သလို
ဆုံးရႈံးျခင္းနဲ႔ အဆုံးသတ္ၿပီးမပိုင္ဆိုင္ ရေတာ့တဲ့ အေျခအေနမွာ ေသြးအေအးဆုံးနဲ႔ ၿငိမ္သက္သြားတဲ့
လူေတြလည္းျဖစ္သြားႏိုင္တယ္ ။
နာက်င္ျခင္းေတြနဲ႔ မမွ်တေအာင္ ခံစားလိုက္ရတဲ့ အခိုက္အတန႔္မွာ
လူေတြဟာအစပိုင္းတုန္လႈပ္ ေျခာက္ျခားတတ္ၾကေပမဲ့ အခ်ိန္ရဲ႕တိုက္စားျခင္းဒဏ္ကို
အလိုက္အထိုက္ လက္သင့္ခံရင္း ကိုယ့္ဘာသာကို အေျဖထုတ္ တတ္သြား ၾကတယ္ ။
ေပ်ာ္လားဆိုေတာ့ မေပ်ာ္ၾကပါဘူး ဒါေပမဲ့ၿပဳံး လာႏိုင္ၾကတယ္
စိတ္ထဲမွာအဆင္မေျပဘူး
ဒါေပမဲ့ အဆင္ေျပႏိုင္ေအာင္ေနဖို႔ သူ႔အလိုလို ေနထိုင္တတ္သြားၾကတယ္ ။
အရာအားလုံးက လက္သင့္ခံ ႏိုင္ဖို႔ပဲလိုတာ မပိုင္ဆိုင္ရေတာ့လည္း ၿပဳံးၿပဳံးေလးၾကည့္ႏိုင္ဖို႔
အခ်ိန္တစ္ခုပဲလိုတာ အခ်ိန္ဆိုတာေျဖးေျဖးျခင္း စီးဆင္းေနတဲ့ စမ္းေခ်ာင္းေလးလို ပါပဲ
တေ႐ြ႕ေ႐ြ႕နဲ႔ စီးဆင္းေနတဲ့ ကာလေတြေနာက္ကို ေမွ်ာၿပီး မပိုင္ ဆိုင္ ရေတာ့ဘူး ဆိုရမဲ့
လူေတြကို ေငးရင္း ေနတတ္ေအာင္ က်င့္ႀကံ ရတာေပါ့ ။
အရာအားလုံးက ၾကာမယ္ထင္ရတာပါပဲ
ဒါေပမဲ့ အခ်ိန္တစ္ခုေရာက္ရင္
အဲ့ဒီ ခံစားမႈအျပင္းျပဆုံး အခ်ိန္ေလး ဟာ
အိပ္မက္ေလးတစ္ခုလိုေတာင္ ထင္ခဲ့ ရ တယ္ ။
ကြၽန္ေတာ္တို႔ မွာ အခ်ိန္ေလး တစ္ခုလို အပ္ ပါ တယ္
စိတ္ရွည္ရွည္နဲ႔ အခ်ိန္ရဲ႕စီးဆင္းမ ႈထဲမွာ
အျငင္သာဆုံး ေမွ်ာၿပီး စိတ္ထား တတ္ေအာင္ပဲ
သင္ယူႏိုင္ ဖို႔ပဲ အ ဓိ က ပါ ။
ေလးစားစြာျဖင့္ ခရက္ဒစ္ LuAh(AungKhinSitt)
Unicode
ပျော်တော့မပျော်ပါဘူး ဒါပေမဲ့ပြုံးပြုံးလေးနဲ့ ကြည့်ဖြစ်ပါတယ် ကိုယ်မပိုင်ဆိုင်ရတဲ့ အရာတွေထဲက ကိုယ်ချစ်ရသော လူတွေကိုပေါ့
ပျော်တော့မပျော်ပါဘူး ဒါပေမဲ့ပြုံးပြုံးလေးနဲ့
ကြည့်ဖြစ်ပါတယ် ကိုယ်မပိုင်ဆိုင်ရတဲ့အရာတွေထဲက
ကိုယ်ချစ်ရသော လူတွေကိုပေါ့ ။
“ချစ်ခြင်းတရား ကအားလုံးကို ပြောင်းလဲပေး နိုင်သတဲ့” ဒါပေမဲ့ ဆုံးရှုံးရခြင်းကို အပိုင်းအခြားလေးတစ်ခုနဲ့
ရှုကြည့်မြင်ကြည့်ရင် ဥပေက္ခာပြု နိုင်ဖို့ လမ်းစတစ်ခုပါပဲ။
ချစ်ခြင်းကြောင့် လူတွေက အရင်နဲ့မတူတဲ့ အသွင်တွေကို အနူးညံ့ဆုံးပြောင်းလဲပေးနိုင်သလို
ဆုံးရှုံးခြင်းနဲ့ အဆုံးသတ်ပြီးမပိုင်ဆိုင် ရတော့တဲ့ အခြေအနေမှာ သွေးအအေးဆုံးနဲ့ ငြိမ်သက်သွားတဲ့
လူတွေလည်းဖြစ်သွားနိုင်တယ် ။
နာကျင်ခြင်းတွေနဲ့ မမျှတအောင် ခံစားလိုက်ရတဲ့ အခိုက်အတန့်မှာ
လူတွေဟာအစပိုင်းတုန်လှုပ် ခြောက်ခြားတတ်ကြပေမဲ့ အချိန်ရဲ့တိုက်စားခြင်းဒဏ်ကို
အလိုက်အထိုက် လက်သင့်ခံရင်း ကိုယ့်ဘာသာကို အဖြေထုတ် တတ်သွား ကြတယ် ။
ပျော်လားဆိုတော့ မပျော်ကြပါဘူး ဒါပေမဲ့ပြုံး လာနိုင်ကြတယ်
စိတ်ထဲမှာအဆင်မပြေဘူး
ဒါပေမဲ့ အဆင်ပြေနိုင်အောင်နေဖို့ သူ့အလိုလို နေထိုင်တတ်သွားကြတယ် ။
အရာအားလုံးက လက်သင့်ခံ နိုင်ဖို့ပဲလိုတာ မပိုင်ဆိုင်ရတော့လည်း ပြုံးပြုံးလေးကြည့်နိုင်ဖို့
အချိန်တစ်ခုပဲလိုတာ အချိန်ဆိုတာဖြေးဖြေးခြင်း စီးဆင်းနေတဲ့ စမ်းချောင်းလေ းလို ပါပဲ
တရွေ့ရွေ့နဲ့ စီးဆင်းနေတဲ့ ကာလတွေနောက်ကို မျှောပြီး မပိုင် ဆိုင် ရ တော့ ဘူး ဆို ရမဲ့
လူတွေကို ငေးရင်း နေတတ်အောင် ကျင့် ကြံ ရတာပေါ့ ။
အရာအားလုံးက ကြာမယ်ထင်ရတာပါပဲ
ဒါပေမဲ့ အချိန်တစ်ခုရောက်ရင်
အဲ့ဒီ ခံစားမှုအပြင်းပြဆုံး အချိန်လေးဟာ
အိပ်မက်လေးတစ်ခုလိုတောင် ထင် ခဲ့ ရ တယ် ။
ကျွန်တော်တို့ မှာ အချိန်လေး တစ် ခု လို အပ် ပါ တယ်
စိတ်ရှည်ရှည်နဲ့ အချိန်ရဲ့စီးဆင်းမှု ထဲ မှာ
အငြင်သာဆုံး မျှောပြီး စိတ် ထား တတ် အောင် ပဲ
သင်ယူနိုင် ဖို့ပဲ အဓိက ပါ ။
လေးစားစွာဖြင့် ခရက်ဒစ် LuAh(AungKhinSitt)
No Comments