
မင္းကို အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲ ထည့္ထား ရတာ မပင္ပန္းဘူးလား
သူ႔စိတ္ထဲမွာ မင္းကို ႐ွိတယ္လို႔ေတာင္ သတ္မွတ္ မထားထားတဲ့ လူကိုမွ အေတြးထဲမွာ ထည့္ထားရတာ
မပင္ပန္းဘူးလား
အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲ ထည့္ထား ရတာ မြန္းၾကပ္ၿပီး
ပူေလာင္မေနဘူးလား
မင္းကိုယ္မင္း သနားညႇာတာ သင့္ပါၿပီ
သူ႔စိတ္နဲ႔ ကုန္လြန္ခဲ့တဲ့ ခ်ိန္ေတြကို လက္ခ်ိဳးေရတြက္ ၾကည့္ပါ အံုးလား
စားလည္း ဒီစိတ္ သြားလည္း ဒီစိတ္နဲ႔ မင္းဘဝရဲ႕ တန္ဖိုး႐ွိတဲ့ အခ်ိန္ေတြကို အဲ့ဒီ စိတ္ေအာက္မွာပဲ
ကုန္ဆံုးေစေတာ့ မွာလား
အဲ့ဒီ ခံစားခ်က္က
မင္းတစ္ေယာက္ထဲ ခံစားဖူးတာမွ မဟုတ္တာကြာ လူတိုင္းခံစားဖူးတာေပါ့
ဒါေပမယ့္
လူတိုင္းေတာ့ မင္းလို ျဖစ္မေနဘူး အရမ္းႀကီး စြဲလမ္းၿပီး ခံစားမေနပါဘူး
အလြန္ဆံုး ခံစားရ အခ်ိန္အတိုင္းအတာ တစ္ခုအထိေပါ့
ဒါ့ေၾကာင့္
မင္းရဲ႕ မရပ္ႏိုင္ေသးတဲ့ ႏွလံုးသားထဲက ႐ိႈက္သံေတြကို ျပည္ဖံုးကားခ် သင့္ပါၿပီ
မ်က္ရည္ေတြ သုတ္လိုက္ပါေတာ့
ငါတို႔တေတြရဲ႕ဘဝ
ေလ်ွာက္ရမယ့္လမ္း
ႏႊဲရမယ့္ ဘဝတိုက္ပြဲေတြ
အမ်ားႀကီး ႐ွိေသး တယ္ေလ သူငယ္ခ်င္း
ခုမွ အစ႐ွိ ပါေသးတယ္ကြာ
ဘဝကို လြယ္လြယ္နဲ႔ လက္ေျမႇာက္ အ႐ွံုးေပး ဖို႔အတြက္
အေမက ေမြးခဲ့တာမွ မဟုတ္ဘဲ
အသက္နဲ႔ရင္းၿပီး ေမြးခဲ့တဲ့ အေမနဲ႔ ေကြၽးခဲ့တဲ့ အေဖ့ကို
အားနာပါအံုး သူငယ္ခ်င္း
တန္ဖိုး႐ွိလွတဲ့ လူငယ္ဘဝရဲ႕ အခ်ိန္ေတြကို
အက်ိဳးမဲ့တဲ့ လုပ္ရက္ေတြေၾကာင့္ ကုန္ဆံုး မသြားေစ ခ်င္ဘူး
ေလ့လာသင္ယူစရာေတြ မ်ားလွတဲ့ လူ႔ဘဝမွာ
အစမ္းသပ္ခံ တခ်ိဳ႕ေၾကာင့္
နစ္မြန္းသြားတဲ့လူေတြ ႐ွိသလို
ျဖစ္ထြန္းသြားတဲ့လူေတြလည္း အမ်ားႀကီးပါ
မင္းကိုေတာ့ နစ္မြန္းသြား တဲ့ အ ထဲ မပါေစ ခ်င္ ဘူး သူငယ္ခ်င္း
Credit
Unicode
မင်းကို အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲ ထည့်ထား ရတာ မပင်ပန်းဘူးလား
သူ့စိတ်ထဲမှာ မင်းကို ရှိတယ်လို့တောင် သတ်မှတ် မထားထားတဲ့ လူကိုမှ အတွေးထဲမှာ ထည့်ထားရတာ
မပင်ပန်းဘူးလား
အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲ ထည့်ထား ရတာ မွန်းကြပ်ပြီး
ပူလောင်မနေဘူးလား
မင်းကိုယ်မင်း သနားညှာတာ သင့်ပါပြီ
သူ့စိတ်နဲ့ ကုန်လွန်ခဲ့တဲ့ ချိန်တွေကို လက်ချိုးရေတွက် ကြည့်ပါ အုံးလား
စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မင်းဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အဲ့ဒီ စိတ်အောက်မှာပဲ
ကုန်ဆုံးစေတော့ မှာလား
အဲ့ဒီ ခံစားချက်က
မင်းတစ်ယောက်ထဲ ခံစားဖူးတာမှ မဟုတ်တာကွာ လူတိုင်းခံစားဖူးတာပေါ့
ဒါပေမယ့်
လူတိုင်းတော့ မင်းလို ဖြစ်မနေဘူး အရမ်းကြီး စွဲလမ်းပြီး ခံစားမနေပါဘူး
အလွန်ဆုံး ခံစားရ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့
ဒါ့ကြောင့်
မင်းရဲ့ မရပ်နိုင်သေးတဲ့ နှလုံးသားထဲက ရှိုက်သံတွေကို ပြည်ဖုံးကားချ သင့်ပါပြီ
မျက်ရည်တွေ သုတ်လိုက်ပါတော့
ငါတို့တတွေရဲ့ဘဝ
လျှောက်ရမယ့်လမ်း
နွှဲရမယ့် ဘဝတိုက်ပွဲတွေ
အများကြီး ရှိသေး တယ်လေ သူငယ်ချင်း
ခုမှ အစရှိ ပါသေးတယ်ကွာ
ဘဝကို လွယ်လွယ်နဲ့ လက်မြှောက် အရှုံးပေး ဖို့အတွက်
အမေက မွေးခဲ့တာမှ မဟုတ်ဘဲ
အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ အမေနဲ့ ကျွေးခဲ့တဲ့ အဖေ့ကို
အားနာပါအုံး သူငယ်ချင်း
တန်ဖိုးရှိလှတဲ့ လူငယ်ဘဝရဲ့ အချိန်တွေကို
အကျိုးမဲ့တဲ့ လုပ်ရက်တွေကြောင့် ကုန်ဆုံး မသွားစေ ချင်ဘူး
လေ့လာသင်ယူစရာတွေ များလှ တဲ့ လူ့ ဘဝမှာ
အစမ်းသပ်ခံ တချို့ကြောင့်
နစ်မွန်းသွားတဲ့လူတွေ ရှိ သ လို
ဖြစ်ထွန်းသွားတဲ့လူတွေလည်း အများကြီး ပါ
မင်းကိုတော့ နစ်မွန်းသွား တဲ့ အ ထဲ မပါစေ ချင် ဘူး သူ ငယ်ချင်း
No Comments