
သင့္ကိုအျမဲ ဒုကၡေပးေနမဲ႕ အက်င့္ဆိုး (၃) ခု
အမွားဆိုတာကေတာ့ လူတုိင္းနဲ႔ မကင္းတဲ့ အရာပါ။ ကိုယ့္ရဲ႕ ခံယူခ်က္ အမွားေတြ၊ အျပဳအမူ အမွားေတြ၊ အက်င့္စ႐ိုက္အမွားေတြနဲ႔ စိတ္ခံစားခ်က္ အမွားေတြ ဒီလိုအမွားေတြဟာ လူတုိင္းဆီမွာ အနည္းနဲ႔အမ်ားဆိုသလုိ ႐ွိေနတတ္ ပါတယ္။
တစ္ခါတစ္ေလမွာ မွားမွန္းသိရက္နဲ႔ ျပင္ရခက္ေနတဲ့ အမွားေတြ ႐ွိေနတတ္ၿပီးေတာ့ ျပင္ရမွာကို ေၾကာက္ေနတတ္ၾကလည္း ျဖစ္ႏုိင္ ပါတယ္။ အဲေတာ့ လက္႐ွိ အခ်ိန္အထိ မွားေနတဲ့ အမွားေတြထဲက ဒီလုိအခ်က္ေတြကို ခုပဲ ရပ္တန္႔ လုိက္သင့္ ပါၿပီေနာ္။
(1) လူေတြရဲ႕ အျမင္ကို ဂ႐ုစိုက္လြန္းတာ
လူေတြကို အရမ္းဂ႐ုစိုက္ရင္ လမ္းက်ဥ္းတယ္ဆိုတဲ့ စကား ႐ွိပါတယ္။ ကိုယ္သြားရမယ္လမ္းမွာ တစ္ျခားလူေတြရဲ႕ အျမင္ကို ဂ႐ုစိုက္ေနမိ တဲ့အခါ အဲဒီ႔လမ္းဟာ ကိုယ့္အတြက္ေနရာမ႐ွိပဲ လမ္းက်ဥ္းက်ဥ္း ေလးထဲမွာ ေလွ်ာက္ေနရသလုိ စိတ္က်ဥ္းက်ပ္တတ္္ ပါတယ္။ ဒါေၾကာင့္ လူတုိင္း ကိုယ့္အေပၚ အေကာင္းမျမင္မွာကို စိတ္မပူပါနဲ႔။
ကိုယ့္ကိုယ္ ေဝဖန္ခ်င္တဲ့သူေတြကေတာ့ ကိုယ္ဘာလုပ္လုပ္ ေဝဖန္ေနအံုးမွာ ျဖစ္သလုိ ကိုယ့္ကိုယ္ အေကာင္းျမင္တဲ့သူေတြ ကလည္း ႐ွိေနအံုး မွာပါပဲ။ ဒါေၾကာင့္ လူေတြရဲ႕အျမင္ကို အရမ္းႀကီး ဂ႐ုမစိုက္ပါနဲ႔ ကိုယ့္ကိုယ္ကိုသာ အေကာင္းဆံုးျဖစ္ေအာင္ ေနထုိင္ပါ။
(2) ေျပာင္းလဲဖို႔ ေၾကာက္ေနတာ
လူေတြဟာ ေျပာင္းလဲျခင္းဆိုတာကို ပါးစပ္ကသာ တဖြဖြေျပာၿပီး ငါ့ကိုငါ ေျပာင္းလဲရေတာ့မယ္၊ ဟိုအက်င့္ေလးေတာ့ ျပင္မယ္၊ ဒီအက်င့္ ေလးေတာ့ ေျပာင္းလဲမယ္လုိ႔ ေျပာတတ္ၾကေပမယ့္ တကယ္တမ္းလည္း ေျပာင္းလဲရေတာ့မယ္ ဆုိေတာ့ ေၾကာက္တတ္ ႀကပါတယ္ ။
ဥပမာ- အလုပ္အသစ္ေျပာင္းရမွာကို ေၾကာက္လုိ႔ ကိုယ့္အတြက္ အဆင္မေျပတဲ့ အလုပ္မွာပဲ ႀကိတ္မွိတ္ဆက္လုပ္ေနတာ၊ ကိုယ့္ေဘး နားမွာ လူေတြနည္းသြားမွာ ေၾကာက္လုိ႔ ကိုယ့္အေပၚ မေကာင္းတဲ့ သူကို သည္းခံေပါင္းသင္းေနတာ၊ အခက္အခဲေတြနဲ႔ ရင္ဆုိင္ရမွာ ေၾကာက္္လုိ႔ ေခါက္႐ိုးက်ိဳး ဘဝေလးထဲမွာပဲ ႐ွင္သန္ေနတာ စသျဖင့္ ေပါ့။
ေျပာင္းလဲရမွာကို ေၾကာက္တဲ စိတ္ေၾကာင့္ ေနျမဲတိုင္းဘဝကေန ႐ုန္းမထြက္ ႏိုင္ၾကေသးပါဘူး။ဒီလုိမ်ိဳး ေျပာင္းလဲရမွာ ေၾကာက္တဲ့စိတ္ ကို ခုခ်ိန္မွာ ျပဳျပင္ဖို႔ လုိအပ္ေန ပါၿပီေနာ္။
(3) ကိုယ့္ကိုယ္ကို စိတ္အားငယ္ေနတတ္တာ
ကိုယ့္ရဲ႕ ဘဝကို ေရာင့္ရဲမတင္းတိမ္ႏုိင္တဲ့အခါမွာ ကိုယ့္ကုိယ္ကို တစ္စံုတစ္ေယာက္နဲ႔ အျမဲတမ္းႏိႈင္းယွဥ္မိၿပီးေတာ့ စိတ္အားငယ္ ေနတတ္တာပါ။ ဒါဟာ အရမ္းကို ဆိုးဝါးလြန္းတဲ့ ကိုယ့္ကုိယ္ကို ထိခိုက္ေစႏုိင္တဲ့ အခ်က္ျဖစ္ ပါတယ္။ စိတ္အားငယ္ေနတတ္တဲ့ သူဟာ ဘာလုပ္လုပ္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈမ႐ွိတဲ့အတြက္ အဆင္မေျပႏုိင္ပါဘူး … ။
ဒီေတာ့ တစ္စံု တစ္ေယာက္နဲ႔ ႏိႈင္းယွဥ္ၿပီး စိတ္အားငယ္ေနတာကို ခ်က္ခ်င္းရပ္ပါ။ လူတုိ္င္းမွာ အားသာခ်က္ကိုယ္စီ႐ွိေနတာမို႔ ကိုယ့္ရဲ႕ အားသာခ်က္ကို ႐ွာေဖြၿပီး ဘဝကို အေကာင္းဆံုးျဖတ္သန္းပါ။ ခရက္ဒစ္
ယူနီကုတ္
သင့်ကိုအမြဲ ဒုက္ခပေးနေမဲ့ အကျင့်ဆိုး (၃) ခု
အမှားဆိုတာကတော့ လူတိုင်းနဲ့ မကင်းတဲ့ အရာပါ။ ကိုယ့်ရဲ့ ခံယူချက် အမှားတွေ၊ အပြုအမူ အမှားတွေ၊ အကျင့်စရိုက်အမှားတွေနဲ့ စိတ်ခံစားချက် အမှားတွေ ဒီလိုအမှားတွေဟာ လူတိုင်းဆီမှာ အနည်းနဲ့အများဆိုသလို ရှိနေတတ် ပါတယ်။
တစ်ခါတစ်လေမှာ မှားမှန်းသိရက်နဲ့ ပြင်ရခက်နေတဲ့ အမှားတွေ ရှိနေတတ်ပြီးတော့ ပြင်ရမှာကို ကြောက်နေတတ်ကြလည်း ဖြစ်နိုင် ပါတယ်။ အဲတော့ လက်ရှိ အချိန်အထိ မှားနေတဲ့ အမှားတွေထဲက ဒီလိုအချက်တွေကို ခုပဲ ရပ်တန့် လိုက်သင့် ပါပြီနော်။
(1) လူတွေရဲ့ အမြင်ကို ဂရုစိုက်လွန်းတာ
လူတွေကို အရမ်းဂရုစိုက်ရင် လမ်းကျဉ်းတယ်ဆိုတဲ့ စကား ရှိပါတယ်။ ကိုယ်သွားရမယ်လမ်းမှာ တစ်ခြားလူတွေရဲ့ အမြင်ကို ဂရုစိုက်နေမိ တဲ့အခါ အဲဒီ့လမ်းဟာ ကိုယ့်အတွက်နေရာမရှိပဲ လမ်းကျဉ်းကျဉ်း လေးထဲမှာ လျှောက်နေရသလို စိတ်ကျဉ်းကျပ်တတ် ပါတယ်။ ဒါကြောင့် လူတိုင်း ကိုယ့်အပေါ် အကောင်းမမြင်မှာကို စိတ်မပူပါနဲ့။
ကိုယ့်ကိုယ် ဝေဖန်ချင်တဲ့သူတွေကတော့ ကိုယ်ဘာလုပ်လုပ် ဝေဖန်နေအုံးမှာ ဖြစ်သလို ကိုယ့်ကိုယ် အကောင်းမြင်တဲ့သူတွေ ကလည်း ရှိနေအုံး မှာပါပဲ။ ဒါကြောင့် လူတွေရဲ့အမြင်ကို အရမ်းကြီး ဂရုမစိုက်ပါနဲ့ ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် နေထိုင်ပါ။
(2) ပြောင်းလဲဖို့ ကြောက်နေတာ
လူတွေဟာ ပြောင်းလဲခြင်းဆိုတာကို ပါးစပ်ကသာ တဖွဖွပြောပြီး ငါ့ကိုငါ ပြောင်းလဲရတော့မယ်၊ ဟိုအကျင့်လေးတော့ ပြင်မယ်၊ ဒီအကျင့် လေးတော့ ပြောင်းလဲမယ်လို့ ပြောတတ်ကြပေမယ့် တကယ်တမ်းလည်း ပြောင်းလဲရတော့မယ် ဆိုတော့ ကြောက်တတ် ကြပါတယ် ။
ဥပမာ- အလုပ်အသစ်ပြောင်းရမှာကို ကြောက်လို့ ကိုယ့်အတွက် အဆင်မပြေတဲ့ အလုပ်မှာပဲ ကြိတ်မှိတ်ဆက်လုပ်နေတာ၊ ကိုယ့်ဘေး နားမှာ လူတွေနည်းသွားမှာ ကြောက်လို့ ကိုယ့်အပေါ် မကောင်းတဲ့ သူကို သည်းခံပေါင်းသင်းနေတာ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ကြောက်လို့ ခေါက်ရိုးကျိုး ဘဝလေးထဲမှာပဲ ရှင်သန်နေတာ စသဖြင့် ပေါ့။
ပြောင်းလဲရမှာကို ကြောက်တဲ စိတ်ကြောင့် နေမြဲတိုင်းဘဝကနေ ရုန်းမထွက် နိုင်ကြသေးပါဘူး။ဒီလိုမျိုး ပြောင်းလဲရမှာ ကြောက်တဲ့စိတ် ကို ခုချိန်မှာ ပြုပြင်ဖို့ လိုအပ်နေ ပါပြီနော်။
(3) ကိုယ့်ကိုယ်ကို စိတ်အားငယ်နေတတ်တာ
ကိုယ့်ရဲ့ ဘဝကို ရောင့်ရဲမတင်းတိမ်နိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကို တစ်စုံတစ်ယောက်နဲ့ အမြဲတမ်းနှိုင်းယှဉ်မိပြီးတော့ စိတ်အားငယ် နေတတ်တာပါ။ ဒါဟာ အရမ်းကို ဆိုးဝါးလွန်းတဲ့ ကိုယ့်ကိုယ်ကို ထိခိုက်စေနိုင်တဲ့ အချက်ဖြစ် ပါတယ်။ စိတ်အားငယ်နေတတ်တဲ့ သူဟာ ဘာလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အတွက် အဆင်မပြေနိုင်ပါဘူး … ။
ဒီတော့ တစ်စုံ တစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး စိတ်အားငယ်နေတာကို ချက်ချင်းရပ်ပါ။ လူတိုင်းမှာ အားသာချက်ကိုယ်စီရှိနေတာမို့ ကိုယ့်ရဲ့ အားသာချက်ကို ရှာဖွေပြီး ဘဝကို အကောင်းဆုံးဖြတ်သန်းပါ။
No Comments