(၂) စိတ်ထားတတ်နေပြီ
(၅) ပိုရင့်ကျက်သွားပြီ
Crd
Unicode
အချစ်ဦးနဲ့လွဲပြီးမှ ဖြစ်ပေါ်လာတဲ့အချစ်က ပိုကောင်းကြောင်း သက်သေ (၅) ခု
လူတော်တော်များများက အသည်းကွဲပြီးတဲ့နောက်မှာ နောက်တစ်ခါ ထပ်ချစ်ဖို့ကြောက်သွားတတ်ပြီး အတည်မချစ်မိအောင်ကိုယ့်ကိုယ်ကို ကန့်သတ်ထားလေ့ရှိကြပါတယ်။
တကယ်တော့ ဒီလိုစိတ်မျိုးနဲ့ ကန့်သတ်ထားတာ မကောင်းပါဘူး။ဘာလို့လဲဆိုတော့အသည်းကွဲပြီး တဲ့နောက်မှာ ဖြစ်လာတဲ့အချစ်က ပိုပြီးကောင်းမွန်တယ်ဆိုတာ ယခုပြောပြပေးမဲ့ အချက်တွေက သက်သေပါပဲ။
(၁) အသည်းအသန်မခံစားတော့ဘူး
အသည်းကွဲပြီး နောက်တစ်ခေါက်ထပ်ချစ်မိတဲ့အခါ ဒီလူအပေါ် လုံးဝစိတ်နှစ်ပြီး မခံစားတော့ဘဲ ပျော်စရာတွေကိုအတူတူဖန်တီးမယ်၊ စိတ်ညစ်စရာတွေကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ပဲ ကျော်ဖြတ်နိုင်လာပါ လိမ့်မယ်။
(၂) စိတ်ထားတတ်နေပြီ
ကိုယ့်ကိုဂရုမစိုက်လို့ဆိုပြီး အသေးစိတ်ကအစ feel မနေတော့ဘူး။ အလွန်အမင်း တွယ်ကပ်မနေတော့ဘူး။ အရာအားလုံး သူမှသူ ဖြစ်မနေတော့ဘူး။လွတ်လပ်တဲ့စိတ်ထားမျိုး ထားတတ်သွားပြီး တစ်ဖက်လူကိုလည်း ဖိအားတွေမပေးတော့ဘူး။
(၃) ကိုယ့်ကိုယ်ကိုဦးစားပေးတတ်ပြီ
သူကကိုယ့်ရဲ့ဘဝ၊ သူကကိုယ့်ရဲ့အရာရာ၊ သူမရှိရင်မဖြစ်လို့ သူ့ကို ကိုယ့်ရဲ့အရာအားလုံးထက်ဦးစားပေးတာမျိုးတွေ အရင်က လုပ်ခဲ့ သလောက် အခုတော့ မလုပ်တော့ဘူး။ သူ့ထက်ကိုယ့်ကိုယ်ကို ပိုပြီး ဦးစားပေးတတ်ပြီ။
(၄) ဆိုးကျိုးတွေကိုကြိုမြင်ပြီးရှောင်တတ်ပြီ
အရမ်းချစ်ရင် အရမ်းခံစားရတယ်၊ ချစ်ပြလွန်းရင် ပစ်ချခံရတတ်တယ် ဆိုတာတွေကို ကောင်းကောင်းနားလည်နေပြီ။ ကိုယ်ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာသိနေပြီမို့ ဆိုးကျိုးတွေကို ကြိုမြင်ပြီး ရှောင်တတ် နေပြီ။
(၅) ပိုရင့်ကျက်သွားပြီ
ကိုယ့်ချစ်သူက ကိုယ့်အတွက်အရာအားလုံးကို ပေးဆပ်မှာပဲ၊ ကိုယ့်ကိုအရာအားလုံးထက် ဦးစားပေးမှာပဲ၊ ကိုယ်ပြောရင်တော့ နားထောင်မှာပဲဆိုတဲ့ ကလေးဆန်တဲ့ အတွေးတွေမရှိတော့ဘူး။ သူ့ဘက်ကိုယ့်ဘက် မြင်အောင်ကြည့်တတ်ပြီး လက်တွေ့ကျကျ တွေးတောတတ်ပြီ။ပထမအချစ်ထက် ဒုတိယအကြိမ်ဖြစ်လာတဲ့ အချစ်မှာ ပိုရင့်ကျက်သွားပြီ။လေးစားစွာဖြင့်Credit: Aunty may
No Comments