မဂၤလာ ဓာတ္ကူးနည္း (ေရႊလက္တြဲဖို႕ အခက္အခဲရွိေနသူမ်ား အတြက္) - Amawpyay

မဂၤလာ ဓာတ္ကူးနည္း (ေရႊလက္တြဲဖို႕ အခက္အခဲရွိေနသူမ်ား အတြက္)

မဂၤလာ ဓာတ္ကူးနည္း (ေရႊလက္တြဲဖို႕ အခက္အခဲရွိေနသူမ်ား အတြက္)
အခ်စ္ေရး

မဂၤလာ ဓာတ္ကူးနည္း (ေရႊလက္တြဲဖို႕ အခက္အခဲရွိေနသူမ်ား အတြက္)

မဂၤလာဓာတ္ကူးနည္း

အခု႕တင္ျပခ်င္တဲ့ အရာေလး ကေတာ့ အေဖာ္စံုျပီးသား ၊ လက္တြဲေဖာ္ ရွိေနျပီးသား ျဖစ္ေပမဲ့ အေျကာင္းဆက္ ေပါင္းဖတ္ဖို႕ ေနွာင့္ေနွးေနတဲ့ သူေတြ အတြက္ ရိုးရာမဂၤလာ ဓာတ္ကူးနည္းေလး ပဲျဖစ္ပါတယ္။

ဒီနည္းဟာ ေရွးေဟာင္း ေလာကီ ပညာရပ္ တခု႕ျဖစ္သလို တဆယ့္နွစ္လ အတြင္းမွာ ဘဝေဖာ္နဲ႕အတူ ေသခ်ာေပါက္ အေၾကာင္းဆက္ ေပါင္းဖတ္ နိုင္ဖို႕နည္းေလး လဲျဖစ္ပါတယ္။

၁။ ဒီနည္းလမ္းေလးမွာ အဓိက လိုအပ္တာ ကေတာ့ ပန္းကန္လံုး သို့မဟုတ္ ခြက္ငယ္ ေလး တလံုးသာ လိုအပ္ပါတယ္။

ဒါေပမဲ့ ဒီပန္းကန္လံုးေလးကို ခပ္လြယ္လြယ္ ဝယ္ျပီး သံုးလို႕မရပါဘူး။ မိမိရဲ့သူငယ္ခ်င္း ဇနီးေမာင္နွံ ဒါမွမဟုတ္ ခင္မင္ ရင္းနွီးရေသာ မိတ္ေဆြ လင္မယား ထံမွ ေတာင္းယူ ရပါမယ္။ ဒါမွ မဂၤလာ ဓာတ္ကူးျခင္းျဖစ္ပါတယ္။

ေငြနဲ႕ဝယ္ယူလိုက္ရင္ေတာ့ ဒီမဂၤလာ ဓာတ္ကူးနည္းမွာ ရွိရမဲ့ အဓိက အာနိသင္က ပ်က္ျပယ္သြား ပါလိမ့္မယ္။ ဒါေၾကာင့္ ဘာပဲျဖစ္ျဖစ္ ေတာင္းယူ လိုက္ပါ။

ေတာင္းယူတဲ့ ေနရာမွာ အဓိက သတိထားစရာအခ်က္ ကေတာ့ မိမိေတာင္းယူတဲ့ ဇနီးေမာင္နွံဟာ လက္ထပ္ျပီးစ ဒါမွမဟုတ္ ညားကားစ လင္မယား ဒါမွမဟုတ္ သားသမီး ရတနာေတြ ထြန္းကားေနျပီး ေပ်ာ္ေပ်ာ္ပါးပါး သိုက္သိုက္ ဝန္းဝန္း ရွိတဲ့ လင္မယား ဆိုရင္ ပိုေကာင္းပါတယ္။

ရန္ တက်က္က်က္ျဖစ္ျပီး အျမဲ ဆူပူေနတက္ တဲ့ ကြဲမလို ကြာမလို ျဖစ္ေနတဲ့ ဇနီးေမာင္နွံမ်ိဴး ကိုေတာ့ လံုးဝ သတိထားျပီး ေရွာင္ဖို႕ လိုပါတယ္။

ကိုယ္ေတာင္းယူတဲ့ ပစၥည္းဟာ မခြဲနိုင္ မခြါရက္ ခ်စ္ၾကတဲ့ ဇနီးေမာင္ႏွံဆီက ဆိုရင္ေတာ့ အေကာင္းဆံုးေပါ့ ။ မဂၤလာလက္ဖြဲ႕ အျဖစ္ရထား တဲ့ ခြက္ငယ္ ဆိုရင္ေတာ့ တန္ဖိုးမျဖတ္နိုင္တဲ့ မဂၤလာဓာတ္ကူးနည္းေလး ပါပဲေနာ္။

၂။ ဒုတိယ အေနနဲ႕လိုအပ္တဲ့ ပစၥည္းကေတာ့ ေရႊေရာင္ လက္စြပ္ေလး တကြင္းသာျဖစ္ပါတယ္။ ေရႊအစစ္ျဖစ္စရာ မလို တန္ဖိုးၾကီးစရာ မလိုပါ။ ေရႊေရာင္ျဖစ္ဖို႕သာ အေရးၾကီးပါတယ္။ မိမိဘာသာ ဝယ္ယူရမဲ့ ပစၥည္းေလးတခု႕ျဖစ္ပါတယ္။

လက္ထပ္ လက္စြပ္ ရွိေနျပီးသား သူေတြ အဖို႕လက္ထပ္လက္စြပ္ကို အသံုးျပဳ႕နိုင္ပါတယ္။ ပိုျပီးလဲ ထိေရာက္မႈ႕ရွိပါတယ္။

၃။ တတိယအေနနဲ႕ဝယ္ရမဲ့ အရာေလးကေတာ့ ဖဲႀကိဳးအနီေရာင္ေလး တစျဖစ္ပါတယ္။ ေစ်းေပါျပီး ဝယ္ယူရ လြယ္သလို အနီေရာင္ စစ္စစ္ျဖစ္ဖို႕သာ အေရးၾကီးပါတယ္။ တကိုက္ေလာက္ ဝယ္ယူျပီး အလ်ားဆယ့္ရွစ္ စင္တီမီတာ တိတိ တိုင္းျဖတ္ေပး ရပါမယ္။

အဲ့ဒီသံုးမ်ိဴးလံုးရျပီ ဆိုရင္ေတာ့ မဂၤလာဓာတ္ကူးနည္း ကို စတင္လုပ္ေဆာင္ နိုင္ပါျပီ။ ေတာင္းယူထားတဲ့ ခြက္ငယ္ေလးကို အနီေရာင္ ဖဲၾကိဳးေလးနဲ႕ရစ္ပတ္ ခ်ည္ေနွာင္ ရပါ့မယ္။

ျပီးတဲ့အခါ အဲ့ခြက္ငယ္ေလး ထဲကို ေဖြးေဖြးျဖဴေနတဲ့ ဆန္ေစ့ ကိုးေစ့ကို ထည့္လိုက္ပါ။ ဒါဟာ အေရးၾကီးဆံုးျဖစ္တဲ့ ဘဂဝါ အပ္နွံျခင္း ျဖစ္ပါတယ္။

ျပီးတဲ့အခါ အဲ့ဆန္ေစ့ကိုးေစ့ ထည့္ထားတဲ့ ခြက္ေလးထဲကို ဝယ္ထားတဲ့ ေရႊေရာင္ လက္စြပ္ေလး ထည့္ျပီး ခြက္ကေလးကို ကိုင္ လို႕ “မိမိနဲ႕မိမိခ်စ္သူ အျမန္ဆံုး အဆင္ေျပ အေၾကာင္းဆက္ ေပါင္းဖက္နိုင္ဖို႕ရည္ရြယ္ျပီး ေလးနက္စြာ ဆု႕ေတာင္းပါ”။

ျပီးရင္ အိပ္ရာေဘး ေခါင္းရင္းဖက္ စားပြဲေပၚမွာ ခြက္ကေလး ကို တေန႕တာလံုး တင္ထားေပးပါ။ ညအိပ္ရာဝင္တဲ့ အခါက်မွ လက္စြပ္ေလးကို ယူလက္မွာ စြပ္ျပီးအိပ္ပါ။

အိပ္ရာဝင္တဲ့ ေနရာမွာ အိပ္မေပ်ာ္မခ်င္း “မိမိနဲ႕ မိမိခ်စ္သူ အေၾကာင္းဆက္ ေပါင္းဖက္ေနရျပီ” လို႕စိတ္ထဲ မွတ္ယူျပီး စိတ္ကူးယဥ္ေန လို႕ရပါတယ္။

တညလံုးလက္စြပ္ကို စြပ္ျပီး မနက္အိပ္ရာ နိုးတာနဲ႕ျပန္ခြ်တ္ျပီး ခြက္ေလးထဲ ျပန္ထည့္ထား ေပးပါ။ ေန႕ဘက္မွာ တေန႕လံုးခြက္ငယ္ေလးထဲ ကို လက္စြပ္ထည့္ ညေရာက္တဲ့ အခါ ညစဥ္ဝတ္အိပ္ဖို႕ပါပဲ။

မေအာင္ျမင္ မခ်င္း ညစဥ္ဝတ္အိပ္ရမယ္ ဆိုေပမဲ့ တရက္တေလ ပ်က္သြား လို႕လဲျပသနာ မရွိပါဘူး။ အစကေန ျပန္စ ဖို႕လဲ မလိုပါဘူး။သတိယတိုင္း ဝတ္အိပ္ဖို႕ပဲ လိုပါ တယ္ေနာ္။ ယံုၾကည္စြာနဲ႕ လုပ္ေဆာင္ဖို႕ပဲလိုအပ္ ပါတယ္။

ခ်စ္သူေတြ ၾကင္ၾကင္နာနာနဲ႕ ရာသက္ပန္ ေပါင္းသင္းႏိုင္ၾကပါေစဗ်ာ

Source – ဆရာဒဂုန္

Unicode

မင်္ဂလာ ဓာတ်ကူးနည်း (ရွှေလက်တွဲဖို့ အခက်အခဲရှိနေသူများ အတွက်)

မင်္ဂလာဓာတ်ကူးနည်း

အခု့တင်ပြချင်တဲ့ အရာလေး ကတော့ အဖော်စုံပြီးသား ၊ လက်တွဲဖော် ရှိနေပြီးသား ဖြစ်ပေမဲ့ အကြောင်းဆက် ပေါင်းဖတ်ဖို့ နှောင့်နှေးနေတဲ့ သူတွေ အတွက် ရိုးရာမင်္ဂလာ ဓာတ်ကူးနည်းလေး ပဲဖြစ်ပါတယ်။

ဒီနည်းဟာ ရှေးဟောင်း လောကီ ပညာရပ် တခု့ဖြစ်သလို တဆယ့်နှစ်လ အတွင်းမှာ ဘဝဖော်နဲ့အတူ သေချာပေါက် အကြောင်းဆက် ပေါင်းဖတ် နိုင်ဖို့နည်းလေး လဲဖြစ်ပါတယ်။

၁။ ဒီနည်းလမ်းလေးမှာ အဓိက လိုအပ်တာ ကတော့ ပန်းကန်လုံး သို့မဟုတ် ခွက်ငယ် လေး တလုံးသာ လိုအပ်ပါတယ်။

ဒါပေမဲ့ ဒီပန်းကန်လုံးလေးကို ခပ်လွယ်လွယ် ဝယ်ပြီး သုံးလို့မရပါဘူး။ မိမိရဲ့သူငယ်ချင်း ဇနီးမောင်နှံ ဒါမှမဟုတ် ခင်မင် ရင်းနှီးရသော မိတ်ဆွေ လင်မယား ထံမှ တောင်းယူ ရပါမယ်။ ဒါမှ မင်္ဂလာ ဓာတ်ကူးခြင်းဖြစ်ပါတယ်။

ငွေနဲ့ဝယ်ယူလိုက်ရင်တော့ ဒီမင်္ဂလာ ဓာတ်ကူးနည်းမှာ ရှိရမဲ့ အဓိက အာနိသင်က ပျက်ပြယ်သွား ပါလိမ့်မယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် တောင်းယူ လိုက်ပါ။

တောင်းယူတဲ့ နေရာမှာ အဓိက သတိထားစရာအချက် ကတော့ မိမိတောင်းယူတဲ့ ဇနီးမောင်နှံဟာ လက်ထပ်ပြီးစ ဒါမှမဟုတ် ညားကားစ လင်မယား ဒါမှမဟုတ် သားသမီး ရတနာတွေ ထွန်းကားနေပြီး ပျော်ပျော်ပါးပါး သိုက်သိုက် ဝန်းဝန်း ရှိတဲ့ လင်မယား ဆိုရင် ပိုကောင်းပါတယ်။

ရန် တကျက်ကျက်ဖြစ်ပြီး အမြဲ ဆူပူနေတက် တဲ့ ကွဲမလို ကွာမလို ဖြစ်နေတဲ့ ဇနီးမောင်နှံမျိူး ကိုတော့ လုံးဝ သတိထားပြီး ရှောင်ဖို့ လိုပါတယ်။

ကိုယ်တောင်းယူတဲ့ ပစ္စည်းဟာ မခွဲနိုင် မခွါရက် ချစ်ကြတဲ့ ဇနီးမောင်နှံဆီက ဆိုရင်တော့ အကောင်းဆုံးပေါ့ ။ မင်္ဂလာလက်ဖွဲ့ အဖြစ်ရထား တဲ့ ခွက်ငယ် ဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ မင်္ဂလာဓာတ်ကူးနည်းလေး ပါပဲနော်။

၂။ ဒုတိယ အနေနဲ့လိုအပ်တဲ့ ပစ္စည်းကတော့ ရွှေရောင် လက်စွပ်လေး တကွင်းသာဖြစ်ပါတယ်။ ရွှေအစစ်ဖြစ်စရာ မလို တန်ဖိုးကြီးစရာ မလိုပါ။ ရွှေရောင်ဖြစ်ဖို့သာ အရေးကြီးပါတယ်။ မိမိဘာသာ ဝယ်ယူရမဲ့ ပစ္စည်းလေးတခု့ဖြစ်ပါတယ်။

လက်ထပ် လက်စွပ် ရှိနေပြီးသား သူတွေ အဖို့လက်ထပ်လက်စွပ်ကို အသုံးပြု့နိုင်ပါတယ်။ ပိုပြီးလဲ ထိရောက်မှု့ရှိပါတယ်။

၃။ တတိယအနေနဲ့ဝယ်ရမဲ့ အရာလေးကတော့ ဖဲကြိုးအနီရောင်လေး တစဖြစ်ပါတယ်။ ဈေးပေါပြီး ဝယ်ယူရ လွယ်သလို အနီရောင် စစ်စစ်ဖြစ်ဖို့သာ အရေးကြီးပါတယ်။ တကိုက်လောက် ဝယ်ယူပြီး အလျားဆယ့်ရှစ် စင်တီမီတာ တိတိ တိုင်းဖြတ်ပေး ရပါမယ်။

အဲ့ဒီသုံးမျိူးလုံးရပြီ ဆိုရင်တော့ မင်္ဂလာဓာတ်ကူးနည်း ကို စတင်လုပ်ဆောင် နိုင်ပါပြီ။ တောင်းယူထားတဲ့ ခွက်ငယ်လေးကို အနီရောင် ဖဲကြိုးလေးနဲ့ရစ်ပတ် ချည်နှောင် ရပါ့မယ်။

ပြီးတဲ့အခါ အဲ့ခွက်ငယ်လေး ထဲကို ဖွေးဖွေးဖြူနေတဲ့ ဆန်စေ့ ကိုးစေ့ကို ထည့်လိုက်ပါ။ ဒါဟာ အရေးကြီးဆုံးဖြစ်တဲ့ ဘဂဝါ အပ်နှံခြင်း ဖြစ်ပါတယ်။

ပြီးတဲ့အခါ အဲ့ဆန်စေ့ကိုးစေ့ ထည့်ထားတဲ့ ခွက်လေးထဲကို ဝယ်ထားတဲ့ ရွှေရောင် လက်စွပ်လေး ထည့်ပြီး ခွက်ကလေးကို ကိုင် လို့ “မိမိနဲ့မိမိချစ်သူ အမြန်ဆုံး အဆင်ပြေ အကြောင်းဆက် ပေါင်းဖက်နိုင်ဖို့ရည်ရွယ်ပြီး လေးနက်စွာ ဆု့တောင်းပါ”။

ပြီးရင် အိပ်ရာဘေး ခေါင်းရင်းဖက် စားပွဲပေါ်မှာ ခွက်ကလေး ကို တနေ့တာလုံး တင်ထားပေးပါ။ ညအိပ်ရာဝင်တဲ့ အခါကျမှ လက်စွပ်လေးကို ယူလက်မှာ စွပ်ပြီးအိပ်ပါ။

အိပ်ရာဝင်တဲ့ နေရာမှာ အိပ်မပျော်မချင်း “မိမိနဲ့ မိမိချစ်သူ အကြောင်းဆက် ပေါင်းဖက်နေရပြီ” လို့စိတ်ထဲ မှတ်ယူပြီး စိတ်ကူးယဉ်နေ လို့ရပါတယ်။

တညလုံးလက်စွပ်ကို စွပ်ပြီး မနက်အိပ်ရာ နိုးတာနဲ့ပြန်ချွတ်ပြီး ခွက်လေးထဲ ပြန်ထည့်ထား ပေးပါ။ နေ့ဘက်မှာ တနေ့လုံးခွက်ငယ်လေးထဲ ကို လက်စွပ်ထည့် ညရောက်တဲ့ အခါ ညစဉ်ဝတ်အိပ်ဖို့ပါပဲ။

မအောင်မြင် မချင်း ညစဉ်ဝတ်အိပ်ရမယ် ဆိုပေမဲ့ တရက်တလေ ပျက်သွား လို့လဲပြသနာ မရှိပါဘူး။ အစကနေ ပြန်စ ဖို့လဲ မလိုပါဘူး။သတိယတိုင်း ဝတ်အိပ်ဖို့ပဲ လိုပါ တယ်နော်။ ယုံကြည်စွာနဲ့ လုပ်ဆောင်ဖို့ပဲလိုအပ် ပါတယ်။

ချစ်သူတွေ ကြင်ကြင်နာနာနဲ့ ရာသက်ပန် ပေါင်းသင်းနိုင်ကြပါစေဗျာ

Source – ဆရာဒဂုန်

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …