၇ရက္သားသမီး ေစ်းေရာင္းေကာင္း၊ လာဘ္ရႊင္ေစဖို႕ - Amawpyay

၇ရက္သားသမီး ေစ်းေရာင္းေကာင္း၊ လာဘ္ရႊင္ေစဖို႕

၇ရက္သားသမီး ေစ်းေရာင္းေကာင္း၊ လာဘ္ရႊင္ေစဖို႕
Knowledge

၇ရက္သားသမီး ေစ်းေရာင္းေကာင္း၊ လာဘ္ရႊင္ေစဖို႕

ေဈးသည္တစ္ဦးအဖို႔ မိမိ၏ ကုန္ပစၥည္းမ်ားကို သတ္မွတ္ထားသည့္ ေဈးႏႈန္းျဖင့္ အေရာင္းသြက္ခ်င္၊ ေဈးေရာင္းေကာင္းခ်င္သည္မွာ ဓမၼတာ ျဖစ္ပါသည္။

ေဈးေရာင္းေကာင္းပါမွလည္း အက်ိဳးအျမတ္မ်ားရ၍ ႀကီးပြားတိုးတက္ပါလိမ့္မည္။ လာဘ္လာဘမ်ားလည္း ပြင့္လန္းလာပါလိမ့္မည္။

ေဈးေရာင္းခ်သူသည္ အေဆြစာရႈသူ ျဖစ္အံ့။ ေအာက္ပါ နည္းကေလး အတိုင္း လက္ေတြ႕ လုပ္ေဆာင္ၾကည့္ ေစခ်င္ပါသည္။

လုပ္ေဆာင္ရမည့္ အမႈမွာ ကုသိုလ္ေကာင္းမႈသာ ျဖစ္၍ နတ္လူတို႔ သာဓုေခၚၾကမည္မွာ ေသခ်ာလွပါ၏။ လုပ္ေဆာင္ရာတြင္ သူ႔ေန႔သားအလိုက္ အရပ္မ်က္ႏွာကို ေ႐ြးခ်ယ္၍ အၫြန႔္အ႐ြက္ တို႔ကို လႉဒါန္းၾကရပါမည္။

၁။ တနဂၤေႏြသားသမီးမ်ားအဖို႔

သေရာ၊ သက္ရင္း၊ သလဲ အစရွိေသာ အၫြန႔္အ႐ြက္ တို႔ကို ေညာင္ေရအိုးတြင္ထိုး၍ ေျမာက္ အရပ္တြင္ထားကာ လႉပါ။ ေဈးေရာင္းေကာင္းရန္ ဆုေတာင္းပါ။

၂။ တနလၤာသားသမီးမ်ားအဖို႔

တမာ၊ ႏွင္းပန္း၊ နံ႕သာျဖဴ၊ တတိုင္းေမႊး အစ ရွိေသာ အၫြန႔္အ႐ြက္တို႔ကို ေညာင္ေရအိုးတြင္ထိုး ၍ အေနာက္ေတာင္အရပ္တြင္ထားကာ လႉပါ၊ ေဈး ေရာင္းေကာင္းေအာင္ ဆုေတာင္းပါ။

၃။ အဂၤါသားသမီးမ်ားအဖို႔

အင္သား၊ ကသစ္အစရွိေသာ အၫြန႔္အ႐ြက္ တို႔ကို ေညာင္ေရအိုးတြင္ထိုး၍ အေရွ႕အရပ္တြင္ထားကာ လႉပါ။ ေဈးေရာင္းေကာင္းရန္ ဆုေတာင္းပါ။

၄။ ဗုဒၶဟူးသားသမီးမ်ားအဖို႔

ကဒတ္၊ ေခြးေတာက္ အစရွိေသာ အၫြန႔္ အ႐ြက္တို႔ကို ေညာင္ေရအိုးတြင္ထိုး၍ အေရွ႕အရပ္ တြင္ထားကာလႉပါ ေဈးေရာင္းေကာင္း ရန္ ဆုေတာင္းပါ။

၅။ ၾကာသပေတးသားသမီးမ်ားအဖို႔

ေညာင္အုပ္ သား အၫြန႔္အ႐ြက္ တို႔ကို ေညာင္ေရအိုး တြင္ထိုး၍ အေရွ႕ေတာင္ အရပ္တြင္ ထားကာ လႉပါ။ ေဈးေရာင္းေကာင္း ရန္ ဆုေတာင္းပါ။

၆။ ေသာၾကာသားသမီးမ်ားအဖို႔

ေရွာက္ခ်ိဳး၊ လက္ခုပ္၊ ဝက္သစ္ခ် စေသာ အၫြန႔္အ႐ြက္ တို႔ကို ေညာင္ေရအိုး တြင္ထိုး၍ ေတာင္အရပ္တြင္ထားကာ လႉပါ။ ေဈးေရာင္းေကာင္းရန္ ဆုေတာင္းပါ။

၇။ စေနသားသမီးမ်ားအဖို႔

ပင္စိမ္း၊ ပုန္းညက္၊ မုန္ညင္းစေသာ အၫြန႔္ အ႐ြက္တို႔ကို ေညာင္ေရအိုးတြင္ ထိုး၍ အေနာက္အရပ္တြင္ထားကာ လႉပါ။ ေဈးေရာင္းေကာင္းရန္ ဆုေတာင္းပါ။

Credit#Original Post

Unicode

၇ရက်သားသမီး ဈေးရောင်းကောင်း၊ လာဘ်ရွှင်စေဖို့

ဈေးသည်တစ်ဦးအဖို့ မိမိ၏ ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် အရောင်းသွက်ချင်၊ ဈေးရောင်းကောင်းချင်သည်မှာ ဓမ္မတာ ဖြစ်ပါသည်။

ဈေးရောင်းကောင်းပါမှလည်း အကျိုးအမြတ်များရ၍ ကြီးပွားတိုးတက်ပါလိမ့်မည်။ လာဘ်လာဘများလည်း ပွင့်လန်းလာပါလိမ့်မည်။

ဈေးရောင်းချသူသည် အဆွေစာရှုသူ ဖြစ်အံ့။ အောက်ပါ နည်းကလေး အတိုင်း လက်တွေ့ လုပ်ဆောင်ကြည့် စေချင်ပါသည်။

လုပ်ဆောင်ရမည့် အမှုမှာ ကုသိုလ်ကောင်းမှုသာ ဖြစ်၍ နတ်လူတို့ သာဓုခေါ်ကြမည်မှာ သေချာလှပါ၏။ လုပ်ဆောင်ရာတွင် သူ့နေ့သားအလိုက် အရပ်မျက်နှာကို ရွေးချယ်၍ အညွန့်အရွက် တို့ကို လှူဒါန်းကြရပါမည်။

၁။ တနင်္ဂနွေသားသမီးများအဖို့

သရော၊ သက်ရင်း၊ သလဲ အစရှိသော အညွန့်အရွက် တို့ကို ညောင်ရေအိုးတွင်ထိုး၍ မြောက် အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

၂။ တနင်္လာသားသမီးများအဖို့

တမာ၊ နှင်းပန်း၊ နံ့သာဖြူ၊ တတိုင်းမွှေး အစ ရှိသော အညွန့်အရွက်တို့ကို ညောင်ရေအိုးတွင်ထိုး ၍ အနောက်တောင်အရပ်တွင်ထားကာ လှူပါ၊ ဈေး ရောင်းကောင်းအောင် ဆုတောင်းပါ။

၃။ အင်္ဂါသားသမီးများအဖို့

အင်သား၊ ကသစ်အစရှိသော အညွန့်အရွက် တို့ကို ညောင်ရေအိုးတွင်ထိုး၍ အရှေ့အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

၄။ ဗုဒ္ဓဟူးသားသမီးများအဖို့

ကဒတ်၊ ခွေးတောက် အစရှိသော အညွန့် အရွက်တို့ကို ညောင်ရေအိုးတွင်ထိုး၍ အရှေ့အရပ် တွင်ထားကာလှူပါ ဈေးရောင်းကောင်း ရန် ဆုတောင်းပါ။

၅။ ကြာသပတေးသားသမီးများအဖို့

ညောင်အုပ် သား အညွန့်အရွက် တို့ကို ညောင်ရေအိုး တွင်ထိုး၍ အရှေ့တောင် အရပ်တွင် ထားကာ လှူပါ။ ဈေးရောင်းကောင်း ရန် ဆုတောင်းပါ။

၆။ သောကြာသားသမီးများအဖို့

ရှောက်ချိုး၊ လက်ခုပ်၊ ဝက်သစ်ချ စသော အညွန့်အရွက် တို့ကို ညောင်ရေအိုး တွင်ထိုး၍ တောင်အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

၇။ စနေသားသမီးများအဖို့

ပင်စိမ်း၊ ပုန်းညက်၊ မုန်ညင်းစသော အညွန့် အရွက်တို့ကို ညောင်ရေအိုးတွင် ထိုး၍ အနောက်အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

Credit#Original Post

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …