ထန္းရည္ စစ္စစ္မွ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား - Amawpyay

ထန္းရည္ စစ္စစ္မွ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား

ထန္းရည္ စစ္စစ္မွ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား
Knowledge

ထန္းရည္ စစ္စစ္မွ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား

ထန္းရည္ ဆိုတာက ထန္းသီးကေနရတဲ့ အရည္ မဟုတ္ပါဘူး။ ထန္ဖူး ကေနရတဲ့ အရည္ပါ။ ထန္းရည္ ကို ေသာက္စရာ တစ္ခုအေနနဲ ႔ေသာက္လာခဲ့တာ ဟိုးအရင္ ကတည္းက ပါ။ ထန္းရည္မွာ အခ်ိဳနဲ႔ အခါးဆိုၿပီး ရွိပါတယ္။

ဒီထန္းရည္က သဘာဝေဆးတစ္ခု အေနနဲ႔ ခႏၶာကိုယ္ကို အက်ိဳးျပဳေပး နိုင္ ပါတယ္။ ထန္းရည္က pH ၈ ကေန ၉ ရွိပါတယ္။ ထန္းရည္က က်န္းမာေရး အက်ိဳးေက်းဇူးမ်ား တဲ့ ေသာက္စရာ တစ္ခုလို့ေျပာပါရေစေနာ္။

ထန္းရည္ကေန ဒီလိုအာဟာရဓာတ္ေတြ ရနိုင္ပါတယ္

ထန္းရည္မွာ အာဟာရဓာတ္ အေနနဲ႔

ဆူးခရို့စ္

ပရိုတင္း

Ascorbic acid

အမၽွင္ဓာတ္

အမိုင္နိုအက္ဆစ္

ဗီတာမင္ C နဲ႔

ဓာတ္တိုးဆန္႔က်င္ အာနိသင္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။

ထန္းရည္ စစ္စစ္မွ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား

ထန္းရည္က ခ်ိဳၿပီး အရသာရွိ သလို အာဟာရနဲ ႔ဗီတာမင္ေတြ လည္း ပါဝင္ေနတဲ့ သဘာဝရဲ့လက္ေဆာင္ ေသာက္စရာ တစ္မ်ိဳးေပါ့။

အျမင္အာ႐ုံေကာင္းေစတယ္

ထန္းရည္မွာ ဓာတ္တိုးဆန္႔က်င္ အာနိသင္ေတြနဲ႔ ဗီတာမင္ C ပါဝင္တာေၾကာင့္ အျမင္အာ႐ုံကို တိုးတက္ေကာင္းမြန္ေစနိုင္ ပါတယ္။ ဒါ့အျပင္ ထန္းရည္မွာ ဗီတာမင္ B1 (သီရာမင္း) ပါဝင္ေနတာေၾကာင့္ အျမင္အာ႐ုံ ကို က်န္းမာေစနိုင္ ပါတယ္။

အေရျပား၊ ဆံသားနဲ႔ ေျခသည္းလက္သည္းေတြကို က်န္းမာေစနိုင္တယ္

ထန္းရည္မွာ အေရျပား၊ ဆံသားနဲ ႔ေျခသည္းလက္သည္းေတြ က်န္းမာေစဖို့အတြက္ လိုအပ္တဲ့ သံဓာတ္ နဲ႔ ဗီတာမင္ B တို့ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ခႏၶာကိုယ္က ဆဲလ္ေတြကို ေကာင္းေကာင္းမြန္မြန္ လုပ္ေဆာင္နိုင္ေစဖို့ အေထာက္အကူျပဳေပး ပါတယ္။

ခႏၶာကိုယ္ကဆဲလ္ေတြ ေကာင္းမြန္စြာ လုပ္ေဆာင္နိုင္ဖို့ လုပ္ေဆာင္ေပးသလို တစ္ရွုးေတြကို ျပဳျပင္ေပးၿပီး အနာက်က္ေစနိုင္ စြမ္းလည္း ရွိပါတယ္။ လွပက်န္းမာတဲ့ ဆံသား၊ အေရျပား နဲ႔ ေျခသည္းလက္သည္းေတြ ပိုင္ဆိုင္ခ်င္တယ္ ဆိုရင္ေတာ့ ထန္းရည္ေလးက စဥ္းစားသင့္တဲ့ သဘာဝေဆး တစ္မ်ိဳးေပါ့။

ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါေတြ ခံစားရနိုင္ေျခကို ေလၽွာ့ခ်ေပးတယ္

ထန္းရည္ကို ေန႔တိုင္း တစ္ခြက္စီေလာက္ေသာက္ေပးမယ္ ဆိုရင္ ႏွလုံးက်န္းမာေစတာ အမွန္ပါ။ ထန္းရည္မွာ ပိုတက္ဆီယမ္ ပါဝင္ေနတာေၾကာင့္ ႏွလုံးက်န္းမာေစနိုင္ၿပီး ေသြးတိုးက် ေစနိုင္ပါ တယ္။ ဒါေပမယ့္ သတိထားရမယ့္ အခ်က္တစ္ခုက ထန္းရည္အမ်ားႀကီး ေသာက္တာက အသည္ းထိခိုက္ နိုင္တယ္ဆိုတာပါ။

နို့ထြက္မ်ားေစနိုင္တယ္

နိုပထြက္နည္းတဲ့ မိခင္ေတြ အတြက္ ေသာက္ေပးလိုပရတဲ့ သဘာဝနို့့ရႊင္ေဆး တစ္လက္ေပါ့။ ဒါေၾကာင့္ နို့တိုက္မိခင္ေတြ နို့ထြက္မ်ားေစဖို့ ေသာက္ေပးလို့ ရပါတယ္ေနာ္။

ဒါေတြတင္မကပါဘူး။ ထန္းရည္က ကိုယ္အေလးခ်ိန္ ခ်ခ်င္သူေတြ အတြက္လည္း စဥ္းစားသင့္တဲ့အခ်က္ တစ္ခုျဖစ္သလို မွတ္ဉာဏ္ေကာင္းလို သူေတြ အတြက္ လည္း သင့္ေတာ္ပါတယ္။ ဦးေႏွာက္ကို က်န္းမာေစ နိုင္ပါတယ္။

သြားဖုံးေရာဂါေတြ ကို သက္သာေစနိုင္သလို ပင္ပန္းမွုကိုေျပေလ်ာ့ေစ နိုင္ပါတယ္။ ေသြးတြင္း ကိုလက္စထေရာ ပမာဏကို က်ဆင္းေစနိုင္ၿပီး ဆီးလည္းရႊင္ေစ ပါတယ္။

ပင္က်ရည္ စစ္စစ္ေလးေသာက္ၿပီး အဖိုးမျဖတ္နိုင္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေလးေတြ ရယူလိုက္ပါေနာ္…….ခရက္ဒစ္

Unicode

ထန်းရည် စစ်စစ်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

ထန်းရည် ဆိုတာက ထန်းသီးကနေရတဲ့ အရည် မဟုတ်ပါဘူး။ ထန်ဖူး ကနေရတဲ့ အရည်ပါ။ ထန်းရည် ကို သောက်စရာ တစ်ခုအနေနဲ့သောက်လာခဲ့တာ ဟိုးအရင် ကတည်းက ပါ။ ထန်းရည်မှာ အချိုနဲ့ အခါးဆိုပြီး ရှိပါတယ်။

ဒီထန်းရည်က သဘာဝဆေးတစ်ခု အနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေး နိုင် ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေး အကျိုးကျေးဇူးများ တဲ့ သောက်စရာ တစ်ခုလို့ပြောပါရစေနော်။

ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေ ရနိုင်ပါတယ်

ထန်းရည်မှာ အာဟာရဓာတ် အနေနဲ့

ဆူးခရို့စ်

ပရိုတင်း

Ascorbic acid

အမျှင်ဓာတ်

အမိုင်နိုအက်ဆစ်

ဗီတာမင် C နဲ့

ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ထန်းရည်က ချိုပြီး အရသာရှိ သလို အာဟာရနဲ့ဗီတာမင်တွေ လည်း ပါဝင်နေတဲ့ သဘာဝရဲ့လက်ဆောင် သောက်စရာ တစ်မျိုးပေါ့။

အမြင်အာရုံကောင်းစေတယ်

ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင် ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံ ကို ကျန်းမာစေနိုင် ပါတယ်။

အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်

ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓာတ် နဲ့ ဗီတာမင် B တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေး ပါတယ်။

ခန္ဓာကိုယ်ကဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်ပေးသလို တစ်ရှုးတွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင် စွမ်းလည်း ရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြား နဲ့ ခြေသည်းလက်သည်းတွေ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေး တစ်မျိုးပေါ့။

နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးတယ်

ထန်းရည်ကို နေ့တိုင်း တစ်ခွက်စီလောက်သောက်ပေးမယ် ဆိုရင် နှလုံးကျန်းမာစေတာ အမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျ စေနိုင်ပါ တယ်။ ဒါပေမယ့် သတိထားရမယ့် အချက်တစ်ခုက ထန်းရည်အများကြီး သောက်တာက အသည် းထိခိုက် နိုင်တယ်ဆိုတာပါ။

နို့ထွက်များစေနိုင်တယ်

နိုပထွက်နည်းတဲ့ မိခင်တွေ အတွက် သောက်ပေးလိုပရတဲ့ သဘာဝနို့ရွှင်ဆေး တစ်လက်ပေါ့။ ဒါကြောင့် နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ သောက်ပေးလို့ ရပါတယ်နော်။

ဒါတွေတင်မကပါဘူး။ ထန်းရည်က ကိုယ်အလေးချိန် ချချင်သူတွေ အတွက်လည်း စဉ်းစားသင့်တဲ့အချက် တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလို သူတွေ အတွက် လည်း သင့်တော်ပါတယ်။ ဦးနှောက်ကို ကျန်းမာစေ နိုင်ပါတယ်။

သွားဖုံးရောဂါတွေ ကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုပြေလျော့စေ နိုင်ပါတယ်။ သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေ ပါတယ်။

ပင်ကျရည် စစ်စစ်လေးသောက်ပြီး အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်ပါနော်…….

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …