
အံဆုံးေပါက္ျခင္းေၾကာင့္နာက်င္ျခင္းကိုသက္သာေစမယ့္နည္းလမ္းမ်ား
လူတိုင္းဟာ အန္ဆုံးေပါက္ျခင္းေၾကာင့္ နာက်င္ျခင္းကို ခံစားဖူးၾက ပါတယ္။
အံဆုံးဆိုတာ တတိယေျမာက္ အံသြားကို ေခၚဆိုျခ င္းျဖစ္ၿပီး အသက္၁၈ကေန၂၅ႏွစ္အတြင္း ရင့္က်က္တည္ၿငိမ္ေသာအ႐ြယ္မွာ ေပါက္တဲ့ သြားမို႔ ပညာရွိသြား(wisdom tooth)လို႔လဲတင္ စားၾကပါေသး တယ္။
အံဆုံးေပါက္လို႔နာက်င္ျခင္းကိုေလာေလာ လတ္လတ္ ခံစားေနရ သူမ်ာ း အတြက္ ေအာက္ေဖာ္ျပပါ နည္းလမ္းေကာင္းေလးေတြက ကူညီေပးမွာ ျဖစ္လို႔ ဆက္လက္ ဖတ္ရႈုၾကည့္ ပါေနာ္။
(၁)ဆားျပဳတ္ရည္
ဆားဆိုတာ သဘာဝပိုးသတ္ အာနိသင္ ရွိေသာ ေဆးတစ္လက္ ျဖစ္ပါတယ္။ ဆားကို ေရၾကက္သီးေႏြးမွာခပ္ထည့္ၿပီး ထိုအရည္ျဖင့္ ပလုတ္က်င္း ေပးပါ။ သြားကိုက္ျခင္းနဲ ႔လည္ပင္းနာျခင္းမ်ားကို လ်င္ျမန္စြာ သက္သာေစပါ လိမ့္မယ္ ။
ပလုတ္က်င္း ရာမွာလဲ မိနစ္အနည္းငယ္ၾကာေအာင္ က်င္းဖို႔ လိုၿပီး တစ္ေန႔ကို ၄ႀကိမ္ခန႔္ျပဳလုပ္ ႏိုင္ပါ တယ္။လြယ္ကူၿပီး အက်ိဴးရွိေသာ နည္းတစ္လက္ ျဖစ္ပါတယ္။
(၂)မုန႔္ဖုတ္ဆိုဒါအႏွစ္
အံဆုံးေပါက္ျခင္းေၾကာင့္ ေရာင္ယမ္းျခင္းကို သက္သာေစပါတယ္။ မုန႔္ဖုတ္ဆိုဒါကို သင္သုံးေနက် သြားတိုက္ေဆးနဲ႔ေရာၿပီး ပုံမွန္အတိုင္း သြားတိုက္ ပါ။
အထူးသျဖင့္ အံဆုံးေနရာသို႔ ဖိတိုက္ေပးပါ။ နာက်င္ျခင္းကို မိနစ္အနည္းငယ္ အတြင္း သက္သာေစ ပါတယ္။
(၃)ေရခဲကပ္ျခင္း
ေရခဲက ေရာင္ယမ္းျခင္း အားလုံးကို သက္သာေစေၾကာင္း ကြၽန္ေတာ္တို ႔သိၾကၿပီး ျဖစ္ပါတယ္။ေရခဲကပ္ရာမွာ ၁၅မိနစ္ၾကာေအာင္ကပ္ၿပီး ၁၅မိိနစ္ၾကာေအာင္ အနားေပးပါ။ ထိုနည္းအတိုင္း အႀကိမ္မ်ားစြာျပဳလုပ္ေပးပါ။
(၄)ေလးညႇင္း
သြားကိုက္ျခင္းကို သက္သာဖို႔ ေရွးေခတ္ ကတည္းကပင္ အသုံးျပဳခဲ့ ၾကပါတယ္။ နာက်င္ေသာေနရာေပၚသို႔ အုံေပးျခင္းျဖင့္ နာက်ျခင္းကို သက္သာေစ ပါတယ္။ အခ်ိဴ႕ကလည္း ေလးညႇင္းဆီကို အသုံးျပဳၾက ပါတယ္။
(၅)နႏြင္း
နႏြင္းမွာ ပါေသာပိုးသတ္ အာနိသင္ေၾကာင့္ သြားနာျခင္းကို သက္သာေစ ပါတယ္။ ထိုမွ် မက သြားဖုံးေယာင္ျခင္းကို သက္သာေစတဲ့ အျပင္ ပိုးမႊားမ်ားကို လဲေသေစ ပါတယ္။
နႏြင္းမႈန႔္အနည္းငယ္ကို ေရေႏြးထဲေရာၿပီး ပလုတ္က်ငး္ရည္ အျဖစ္ အသုံးျပဳေပးပါ။
(၆)ပူစီနံ႐ြက္
သြားကိုက္ေသာေနရာသို႔ ပူစီနံ႐ြက္ အနည္းငယ္ကို ၁၅မိနစ္ခန ႔္အုံေပးပါ။ သြားကိုက္ျခင္း အျပင္ လည္ေခ်ာင္းနာျခင္းကိုပါသက္သာေစေသာ အစြမ္းရွိ ပါတယ္။
(၇)ၾကက္သြန္နီ
ၾကက္သြန္နီမွာ ပိုးသတ္ အာနိသင္အျပင္ ေရာင္ယမ္းျခင္းကိုေလ်ာ့ပါးေစေသာ အာနိသင္ပါရွိတာမို႔ သြားနာျခင္းကိုသက္သာေစပါတယ္။ နာက်င္ေနေသာ အံဆုံးေပၚသို႔ ။ ၾကက္သြန္နီအနည္းငယ္ကို ၁၅မိနစ္ခန႔္ အုံေပးပါ။
Writer- Dr Jue
Unicode
အံဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကိုသက်သာစေမယ့်နည်းလမ်းများ
လူတိုင်းဟာ အန်ဆုံးပေါက်ခြင်းကြောင့် နာကျင်ခြင်းကို ခံစားဖူးကြ ပါတယ်။
အံဆုံးဆိုတာ တတိယမြောက် အံသွားကို ခေါ်ဆိုခြ င်းဖြစ်ပြီး အသက်၁၈ကနေ၂၅နှစ်အတွင်း ရင့်ကျက်တည်ငြိမ်သောအရွယ်မှာ ပေါက်တဲ့ သွားမို့ ပညာရှိသွား(wisdom tooth)လို့လဲတင် စားကြပါသေး တယ်။
အံဆုံးပေါက်လို့နာကျင်ခြင်းကိုလောလော လတ်လတ် ခံစားနေရ သူမျာ း အတွက် အောက်ဖော်ပြပါ နည်းလမ်းကောင်းလေးတွေက ကူညီပေးမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှုုကြည့် ပါနော်။
(၁)ဆားပြုတ်ရည်
ဆားဆိုတာ သဘာဝပိုးသတ် အာနိသင် ရှိသော ဆေးတစ်လက် ဖြစ်ပါတယ်။ ဆားကို ရေကြက်သီးနွေးမှာခပ်ထည့်ပြီး ထိုအရည်ဖြင့် ပလုတ်ကျင်း ပေးပါ။ သွားကိုက်ခြင်းနဲ့လည်ပင်းနာခြင်းများကို လျင်မြန်စွာ သက်သာစေပါ လိမ့်မယ် ။
ပလုတ်ကျင်း ရာမှာလဲ မိနစ်အနည်းငယ်ကြာအောင် ကျင်းဖို့ လိုပြီး တစ်နေ့ကို ၄ကြိမ်ခန့်ပြုလုပ် နိုင်ပါ တယ်။လွယ်ကူပြီး အကျိူးရှိသော နည်းတစ်လက် ဖြစ်ပါတယ်။
(၂)မုန့်ဖုတ်ဆိုဒါအနှစ်
အံဆုံးပေါက်ခြင်းကြောင့် ရောင်ယမ်းခြင်းကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျ သွားတိုက်ဆေးနဲ့ရောပြီး ပုံမှန်အတိုင်း သွားတိုက် ပါ။
အထူးသဖြင့် အံဆုံးနေရာသို့ ဖိတိုက်ပေးပါ။ နာကျင်ခြင်းကို မိနစ်အနည်းငယ် အတွင်း သက်သာစေ ပါတယ်။
(၃)ရေခဲကပ်ခြင်း
ရေခဲက ရောင်ယမ်းခြင်း အားလုံးကို သက်သာစေကြောင်း ကျွန်တော်တို့သိကြပြီး ဖြစ်ပါတယ်။ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး ၁၅မိနစ်ကြာအောင် အနားပေးပါ။ ထိုနည်းအတိုင်း အကြိမ်များစွာပြုလုပ်ပေးပါ။
(၄)လေးညှင်း
သွားကိုက်ခြင်းကို သက်သာဖို့ ရှေးခေတ် ကတည်းကပင် အသုံးပြုခဲ့ ကြပါတယ်။ နာကျင်သောနေရာပေါ်သို့ အုံပေးခြင်းဖြင့် နာကျခြင်းကို သက်သာစေ ပါတယ်။ အချိူ့ကလည်း လေးညှင်းဆီကို အသုံးပြုကြ ပါတယ်။
(၅)နနွင်း
နနွင်းမှာ ပါသောပိုးသတ် အာနိသင်ကြောင့် သွားနာခြင်းကို သက်သာစေ ပါတယ်။ ထိုမျှ မက သွားဖုံးယောင်ခြင်းကို သက်သာစေတဲ့ အပြင် ပိုးမွှားများကို လဲသေစေ ပါတယ်။
နနွင်းမှုန့်အနည်းငယ်ကို ရေနွေးထဲရောပြီး ပလုတ်ကျင်းရည် အဖြစ် အသုံးပြုပေးပါ။
(၆)ပူစီနံရွက်
သွားကိုက်သောနေရာသို့ ပူစီနံရွက် အနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။ သွားကိုက်ခြင်း အပြင် လည်ချောင်းနာခြင်းကိုပါသက်သာစေသော အစွမ်းရှိ ပါတယ်။
(၇)ကြက်သွန်နီ
ကြက်သွန်နီမှာ ပိုးသတ် အာနိသင်အပြင် ရောင်ယမ်းခြင်းကိုလျော့ပါးစေသော အာနိသင်ပါရှိတာမို့ သွားနာခြင်းကိုသက်သာစေပါတယ်။ နာကျင်နေသော အံဆုံးပေါ်သို့ ။ ကြက်သွန်နီအနည်းငယ်ကို ၁၅မိနစ်ခန့် အုံပေးပါ။
Writer- Dr Jue
No Comments