ငရုတ္သီးစားသူမ်ားက အျခားသူမ်ားထက္ အသက္ပုိရွည္ေၾကာင္း ေလ့လာေတြ႕ရွိ - Amawpyay

ငရုတ္သီးစားသူမ်ားက အျခားသူမ်ားထက္ အသက္ပုိရွည္ေၾကာင္း ေလ့လာေတြ႕ရွိ

ငရုတ္သီးစားသူမ်ားက အျခားသူမ်ားထက္ အသက္ပုိရွည္ေၾကာင္း ေလ့လာေတြ႕ရွိ
Knowledge

ငရုတ္သီးစားသူမ်ားက အျခားသူမ်ားထက္ အသက္ပုိရွည္ေၾကာင္း ေလ့လာေတြ႕ရွိ

႐ိုး႐ိုး င႐ုတ္သီးထက္ အစပ္ကဲတဲ့ င႐ုတ္သီးက အ႐ြယ္ မတိုင္ခင္ ေသဆုံးမႈကို ေလ်ာ့ခ် ႏိုင္တယ္လို႔ ဆိုပါတယ္။ အစပ္ႀကိဳက္တဲ့ သူေတြ အတြက္ေတာ့ သတင္းေကာင္း ပါပဲ။

အစပ္ အရမ္းစားတဲ့ သူေတြဆို “ဗိုက္နာမယ္၊ အစာအိမ္ ျဖစ္မယ္၊ ဝက္ၿခံထြက္ လိမ့္မယ္” ဆိုၿပီး ေလ်ွာ႕စားခိုင္းေလ့ ရွိပါတယ္။ လူတိုင္း မသိေသးတဲ့အခ်က္ကေတာ့ အစပ္ႀကိဳက္တဲ့သူေတြဟာ အသက္ပိုရွည္တယ္ဆိုတဲ့ အခ်က္ပါပဲ။

အထူးသျဖင့္ အရမ္းစပ္တဲ့ င႐ုတ္သီးေတြကို ခံတြင္းေတြ႕သူေတြဟာ တျခားသူေတြထက္ ေနထိုင္ရမယ့္ သက္တမ္း ပိုရွည္ တယ္ဆိုတာ သက္ေသျပလိုက္ႏိုင္ပါၿပီ။

င႐ုတ္သီးကို စူပါတန္းဝင္ အစားအစာအျဖစ္ တရားဝင္ အသိမွတ္ျပဳထားတာမ်ိဳး မရွိေပမယ့္ င႐ုတ္သီးရဲ႕ စြမ္းအားၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်တာ၊ ကိုယ္ခံစြမ္းအား ေကာင္းတာ၊ အန္ေထာ္ဖင္းဓာတ္ ကို လႈံ႕ေဆာ္ေပးႏိုင္တာကိုေတာ့ လက္ခံၾကပါတယ္။

အခုေနာက္ဆုံး ထြက္ရွိလာတဲ့ ေလ့လာခ်က္ မွာေတာ့ အသက္ ပိုရွည္ေစတယ္ ဆိုတဲ့ အခ်က္ကို ထည့္သြင္းလိုက္ပါၿပီ။ ဗားမြန႔္တကၠသိုလ္၊ ေဆးပညာဌာနက သုေတသီေတြဟာ အစပ္ကဲတဲ့ င႐ုတ္သီးကို ပုံမွန္စားတဲ့သူေတြဟာ အ႐ြယ္မတိုင္ ခင္ ေသဆုံးမႈ ၁၃ ရာခိုင္ႏႈန္းထိ ေလ်ာ႕က်တယ္လို႔ ဆိုပါတယ္။

သုေတသန ျပဳလုပ္ခဲ့တာဟာ ႐ိုး႐ိုး င႐ုတ္သီးထက္ အစပ္ကဲတဲ့ င႐ုတ္သီးမွာပါတဲ့ ဓာတ္က ေလ်ာ့ခ်ႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုတ္တရက္ ႏွလုံးခုန္ ရပ္ျခင္းနဲ႔ ေလျဖတ္ျခင္းကိုပါ ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။

ထြက္ရွိလာတဲ့ ရလဒ္ဟာ အေမရိကန္လူမ်ိဳး ၁ ေသာင္း ၆ ေထာင္ေက်ာ္ကို ၂၃ ႏွစ္ၾကာ သုေတသနလုပ္ရာက ထြက္လာတဲ့ ရလဒ္တခုလည္း ျဖစ္ပါတယ္။ ပါဝင္ခဲ့ၾကတဲ့သူေတြကို င႐ုတ္သီးေတာင့္ ေန႔စဥ္ ပုံမွန္ စားခိုင္းခဲ့ၿပီး အခုလိုရလဒ္ ထြက္ရွိလာတာပါ။

၂၃ ႏွစ္အၾကာ ပုံမွန္စားလာတဲ့သူေတြဟာ မစားတဲ့သူေတြထက္ ေသဆုံးမႈႏႈန္း ၂၁ ဒႆမ ၆ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့က်သြားတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့လည္း ထြက္လာတဲ့ ရလဒ္ေတြကို အေသးစိတ္ ျပန္ၾကည့္တဲ့အခါ ဘယ္အခ်က္ေတြေၾကာင့္ အသက္ပိုရွည္ေစတယ္ ဆိုတဲ့အခ်က္ကို အတိအက် မေထာက္ျပႏိုင္ေပမယ့္ င႐ုတ္သီးမွာပါတဲ့ မူလဓာတ္ပစၥည္း Capsaicin ေၾကာင့္လို႔ သုံးသပ္ၾကပါတယ္။

Capsaicin ဟာ အစာေျခစနစ္ကို အေထာက္အကူျပဳတာေၾကာင့္ အစာေၾကလြယ္ၿပီး ပါဝင္တဲ့ ဓာတ္တိုး ဆန႔္က်င္ပစၥည္းေတြက ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစပါတယ္။

ႏွလုံးေသြးေၾကာနဲ႔သက္ဆိုင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတဲ့အျပင္ အဝလြန္ေရာဂါ မျဖစ္ေအာင္ တားဆီးေပးႏိုင္ ပါတယ္။ ဒါေၾကာင့္ ေနာက္တခါ င႐ုတ္သီးအစပ္ေတြ စားမယ္ဆိုရင္ စိုးရိမ္စရာ မလိုဘဲ ကိုယ္စိတ္ႀကိဳက္စားႏိုင္ၿပီေပါ့။

င႐ုတ္သီးအစပ္လို႔ ဆိုတဲ့အခါ မႈိအႏၲရာယ္မ်ားတဲ့ င႐ုတ္ေျခာက္ေတြထက္ လတ္လတ္ဆတ္ဆတ္ င႐ုတ္သီးအစိမ္းပဲ စားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

င႐ုတ္သီး အစားမ်ားတဲ့အခါ ဗိုက္နာတာမ်ိဳး မျဖစ္ေအာင္ မစားခင္ မီးအပူေပးတာျဖစ္ျဖစ္၊ ေရေႏြးပြက္ပြက္ ဆူတဲ့ထဲ ထည့္ျပဳတ္တာျဖစ္ျဖစ္ လုပ္ၿပီးမွ စားတာ ပိုသင့္ေတာ္ပါတယ္။

ခရက္ဒစ္

ယူနီကုတ္

ငရုတ်သီးစားသူများက အခြားသူများထက် အသက်ပိုရှည်ကြောင်း လေ့လာတွေ့ရှိ

ရိုးရိုး ငရုတ်သီးထက် အစပ်ကဲတဲ့ ငရုတ်သီးက အရွယ် မတိုင်ခင် သေဆုံးမှုကို လျော့ချ နိုင်တယ်လို့ ဆိုပါတယ်။ အစပ်ကြိုက်တဲ့ သူတွေ အတွက်တော့ သတင်းကောင်း ပါပဲ။

အစပ် အရမ်းစားတဲ့ သူတွေဆို “ဗိုက်နာမယ်၊ အစာအိမ် ဖြစ်မယ်၊ ဝက်ခြံထွက် လိမ့်မယ်” ဆိုပြီး လျှော့စားခိုင်းလေ့ ရှိပါတယ်။ လူတိုင်း မသိသေးတဲ့အချက်ကတော့ အစပ်ကြိုက်တဲ့သူတွေဟာ အသက်ပိုရှည်တယ်ဆိုတဲ့ အချက်ပါပဲ။

အထူးသဖြင့် အရမ်းစပ်တဲ့ ငရုတ်သီးတွေကို ခံတွင်းတွေ့သူတွေဟာ တခြားသူတွေထက် နေထိုင်ရမယ့် သက်တမ်း ပိုရှည် တယ်ဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။

ငရုတ်သီးကို စူပါတန်းဝင် အစားအစာအဖြစ် တရားဝင် အသိမှတ်ပြုထားတာမျိုး မရှိပေမယ့် ငရုတ်သီးရဲ့ စွမ်းအားကြာင့် ကိုယ်အလေးချိန် လျော့ကျတာ၊ ကိုယ်ခံစွမ်းအား ကောင်းတာ၊ အန်ထော်ဖင်းဓာတ် ကို လှုံ့ဆော်ပေးနိုင်တာကိုတော့ လက်ခံကြပါတယ်။

အခုနောက်ဆုံး ထွက်ရှိလာတဲ့ လေ့လာချက် မှာတော့ အသက် ပိုရှည်စေတယ် ဆိုတဲ့ အချက်ကို ထည့်သွင်းလိုက်ပါပြီ။ ဗားမွန့်တက္ကသိုလ်၊ ဆေးပညာဌာနက သုတေသီတွေဟာ အစပ်ကဲတဲ့ ငရုတ်သီးကို ပုံမှန်စားတဲ့သူတွေဟာ အရွယ်မတိုင် ခင် သေဆုံးမှု ၁၃ ရာခိုင်နှုန်းထိ လျော့ကျတယ်လို့ ဆိုပါတယ်။

သုတေသန ပြုလုပ်ခဲ့တာဟာ ရိုးရိုး ငရုတ်သီးထက် အစပ်ကဲတဲ့ ငရုတ်သီးမှာပါတဲ့ ဓာတ်က လျော့ချနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုတ်တရက် နှလုံးခုန် ရပ်ခြင်းနဲ့ လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ထွက်ရှိလာတဲ့ ရလဒ်ဟာ အမေရိကန်လူမျိုး ၁ သောင်း ၆ ထောင်ကျော်ကို ၂၃ နှစ်ကြာ သုတေသနလုပ်ရာက ထွက်လာတဲ့ ရလဒ်တခုလည်း ဖြစ်ပါတယ်။ ပါဝင်ခဲ့ကြတဲ့သူတွေကို ငရုတ်သီးတောင့် နေ့စဉ် ပုံမှန် စားခိုင်းခဲ့ပြီး အခုလိုရလဒ် ထွက်ရှိလာတာပါ။

၂၃ နှစ်အကြာ ပုံမှန်စားလာတဲ့သူတွေဟာ မစားတဲ့သူတွေထက် သေဆုံးမှုနှုန်း ၂၁ ဒဿမ ၆ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ထွက်လာတဲ့ ရလဒ်တွေကို အသေးစိတ် ပြန်ကြည့်တဲ့အခါ ဘယ်အချက်တွေကြောင့် အသက်ပိုရှည်စေတယ် ဆိုတဲ့အချက်ကို အတိအကျ မထောက်ပြနိုင်ပေမယ့် ငရုတ်သီးမှာပါတဲ့ မူလဓာတ်ပစ္စည်း Capsaicin ကြောင့်လို့ သုံးသပ်ကြပါတယ်။

Capsaicin ဟာ အစာခြေစနစ်ကို အထောက်အကူပြုတာကြောင့် အစာကြေလွယ်ပြီး ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် အဝလွန်ရောဂါ မဖြစ်အောင် တားဆီးပေးနိုင် ပါတယ်။ ဒါကြောင့် နောက်တခါ ငရုတ်သီးအစပ်တွေ စားမယ်ဆိုရင် စိုးရိမ်စရာ မလိုဘဲ ကိုယ်စိတ်ကြိုက်စားနိုင်ပြီပေါ့။

ငရုတ်သီးအစပ်လို့ ဆိုတဲ့အခါ မှိုအန္တရာယ်များတဲ့ ငရုတ်ခြောက်တွေထက် လတ်လတ်ဆတ်ဆတ် ငရုတ်သီးအစိမ်းပဲ စားကြဖို့ တိုက်တွန်းချင်ပါတယ်။

ငရုတ်သီး အစားများတဲ့အခါ ဗိုက်နာတာမျိုး မဖြစ်အောင် မစားခင် မီးအပူပေးတာဖြစ်ဖြစ်၊ ရေနွေးပွက်ပွက် ဆူတဲ့ထဲ ထည့်ပြုတ်တာဖြစ်ဖြစ် လုပ်ပြီးမှ စားတာ ပိုသင့်တော်ပါတယ်။

Unicode

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …