
ခရက်ဒစ်
ယူနီကုတ်
အိမ်မှုကိစ္စတွေ လုပ်ဆောင်ခြင်းဟာ ပိုမိုကောင်းမွန် ထူးချွန်သူတစ်ယောက် ဖြစ်လာစေနိုင်
အိမ်မှုကိစ္စတွေဆိုတာ လူတွေကြားမကြာ ခဏငြင်းခုံ ရတဲ့ အကြောင်းရင်း တစ်ခုဖြစ်လာ ခဲ့ပါတယ်။ သင့်ရဲ့အခန်းကိုသန့် ရှင်းစေချင်တဲ့ သင့်ရဲ့မိဘတွေလား၊ ဒါမှမဟုတ် ညစ်ပတ်တဲ့ ဟင်းလျာတွေကို အမြဲတမ်းထား ခဲ့တဲ့ သင့်ရဲ့အခန်းဖော် ကြောင့်လား၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ဒီအိမ်မှု ကိစ္စတွေဟာ မပြီးဆုံးတဲ့လုပ်ဆောင်မှု တစ်ခုပဲ ဖြစ်ပါတယ်။
သင့်ရဲ့အိမ် ကိုသန့်ရှင်းသပ် ရပ်စွာဖြစ်စေချင် ပေမယ့် တစ်ခါတစ်ရံကျွန်တော် တို့ဟာ အပျင်းကြီးနေတာပဲဖြစ်ဖြစ် အလုပ်မအားလို့ပဲ ဖြစ်ဖြစ်အိမ်ကို မရှင်းလင်းဖြစ် ကြပါဘူး။
ဒါ့ကြောင် သင့်ရဲ့အချိန် အနည်းငယ်ကို ဖဲ့ပြီး အိမ်မှု ကိစ္စကို လုပ်ဆောင်တာဟာ ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ် ကြောင်းကို Bright Side မှာဖော်ပြချက် အရ သိရ ပါတယ်။
အိမ်မှုကိစ္စလုပ်ခြင်းဟာ သင့်ကို ပိုမိုသန်မာ စေပါတယ်။
အိမ်မှုကိစ္စလုပ်ဆောင်တဲ့ ဘယ်လှုပ်ရှားမှုကို မဆို လေ့ကျင့်ခန်း လုပ်ဆောင်နေတယ်လို့မှတ်ယူ နိုင်ပါတယ်။
ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ခြင်း၊ ကြမ်းတိုက်ခြင်း၊ ပြတင်းပေါက်မှန်တွေကိုသန့်ရှင်းအောင်လုပ်ဆောင်ခြင်းတွေမှာ သွက်လက်မှုနဲ့ အားအင်တွေကိုအသုံးချရတာကြောင့် ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးသလိုတောင် ဖြစ်စေပါတယ်။
သဘောထားပြီးလုပ်မယ် ဆိုရင် သင်လည်းလေ့ကျင့်ခန်း လုပ်ဆောင်ပြီးဖြစ်သလို သင့်အိမ်လည်းသန့်ရှင်းပြီးသာဖြစ်သွားမှာ အမှန်ပါပဲ
ကျန်းမာရေးကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ ကူညီနိုင်ပါတယ်။
သင်ဟာ သင့်ရဲ့တိုက်ခန်းမှာ ဖုန်မှုန့်တွေ၊ ပိုးဟတ်တွေကိုမရှိစေချင်ပါဘူး။ ဒါ့အပြင် ရေချိုးခန်းထဲမှာ မှိုတွေရှိနေစေခြင်း ဟာလည်း အိမ်မက်ဆိုးမက်သလိုဖြစ်နေပြီး ဒီလိုတွေမြင်ရတာဟာလည်း ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလို အညစ်အကြေးတွေရှိတဲ့ နေရာမှာ ရောဂါပိုးတွေလည်း ရှိနေနိုင် ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အိမ် သန့်ရှင်းမှုမရှိရင် ညစ်ညမ်းနေရင် သင့်ရဲ့ကျန်းမာရေးကိုလည် းထိခိုက်စေနိုင်သလို စိတ်ကျန်းမာရေးလည်း ထိခိုက်စေနိုင်ပါတယ်။
သင့်ရဲ့အခန်းရှုတ်ထွေးနေပါက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေလည်း ရှုတ်ထွေးနေမှာ အမှန်ပါပဲ။
ဒါ့ကြောင့် ဒီလိုအခြေအနေတွေကို မဖြစ်စေဖို့ အတွက် သင့်အတွက်ကော သင့်ရဲ့ပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန် တဲ့အခြေအနေ၊သန့်ရှင်းတဲ့ အခြေအနေတွေ ရရှိဖို့ ကိုယ်နေထိုင်တဲ့ နေရာနဲ့ အနီးဝန်းကျင်ကို သန့်ရှင်းအောင် လုပ်ဆောင် ပြီး နေထိုင်သင့်ပါတယ်။
ဒါမှလည်း သင့်အိမ်ကိုလာလည်တဲ့ဧည့်သည်တွေကို သန့်ရှင်းတဲ့အိမ်ရှင်တစ်ယောက်အဖြစ် ဧည့်ခံကျွေးမွေးနိုင်မှာဖြစ်ပါတယ်။စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
သင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်ထက်ဆိုးတဲ့ “သကြားဓာတ်” များနေပြီဆိုတာ သိနိုင်မယ့်လက္ခဏာများ
လူအများစုက ဟင်းတွေပေနေတဲ့ ပန်းကန်တွေကို ဆေးကြောသန့်စင်ခြင်းနဲ့ အဝတ်လျှော်ခြင်းလုပ်ဆောင်ချက်တွေကို အနားယူ အပန်းဖြေသလို လုပ်ဆောင် ကြပါတယ်။
ဒီလိုလုပ်ဆောင်တဲ့ အတွက်လည်း သင့်ရဲ့စိတ်ဖိစီးမှုကို လျော့နည်း သက်သာစေပါတယ်။ အိမ်မှုကိစ္စကိုလုပ်ဆောင်တာဟာ ပြင်ပကိစ ္စစိတ်ရှုတ်ထွေးနေတဲ့ အရာအားလုံးကို မေ့လျော့စေ တဲ့အတွက် ဖိစီးနေတဲ့စိတ်ဒုက္ခတွေကို သက်သာလျော့နည်း စေတာကြောင့် လူလည်း ကျန်းမာစေ ပါတယ်။
စနစ်တစ်ကျရှိဖို့ အထောက်အကူပြု။
သင်ဟာ မိဘတွေနဲ့ အတူနေထိုင်ပါက အိမ်မှုကိစ္စကို တာဝန်ယူ လုပ်ဆောင်ပေး ရတာကြောင့် သင့်ဆီမှာတာဝန်ယူမှုနဲ့ လွတ်လပ်မှုကို သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ မိဘတွေနဲ့ အတူ နေထိုင်တာကြောင့် မိဘတွေစားသောက်ဖို့ အတွက် ချက်ပြုတ်ရေးတာဝန်၊ အိမ်သန့်ရှင်းရေးတာဝန်တွေအားလုံးဟာ သင့်အပေါ်ကို ကျရောက်လာမှာ အမှန်ပါပဲ။
တစ်ကယ်တန်းတော့ ဒါတွေဟာ သင့်ရဲ့ဘဝကိုပိုမိုစနစ်တစ်ကျ ရှိစေဖို့ အထောက်အကူပြုနိုင်ပါတယ်။
အချိန်ကိုအကျိုးရှိစွာအသုံးချသင့်။
သင်ဟာပျင်းရိစွာနေထိုင်မယ့်အစား သင့်အိမ်ရဲ့အခြေအနေကိုအမြဲစစ်ဆေးပြီး အိမ်မှုကိစ္စတွေကိုလုပ်ဆောင်နေသင့်ပါ တယ်။ ဒီအတိုင်း ထိုင်ပြီး အချိန်ဖြုန်းနေမယ့်အစား အချိန်ကိုအကျိုးရှိစွာအသုံးချပြီး အိမ်အလုပ်ကို လုပ်ဆောင်သင့်ပါ တယ်။
ပြဿနာတွေကို လွယ်ကူစွာဖြေရှင်းနိုင်။
အိမ်မှုကိစ္စတွေကိုလုပ်ဖို့ အရမ်းကို ခက်ခဲ့ပေမယ့်လည်း ဒီလိုခက်ခဲတဲ့ အရာတွေကိုလုပ်ဆောင်ရတာကြောင့်လည်း ထိရောက်တဲ့ နည်းလမ်း အသစ်တွေကို ပိုမိုရှာဖွေ နိုင်ပါတယ် ။ ဒါ့အပြင် ခက်ခဲ့တဲ့အရာတွေကို အလွယ်တကူဖြေရှင်း လာနိုင် ပါတယ်။
No Comments