လက္ထပ္လိုက္တာနဲ႔ပိုေပ်ာ္ရႊင္ရမွာလား? ဒီအခ်က္ ၅ ခ်က္နဲ႔ ဆန္းစစ္ၾကည့္ရေအာင္။ - Amawpyay

လက္ထပ္လိုက္တာနဲ႔ပိုေပ်ာ္ရႊင္ရမွာလား? ဒီအခ်က္ ၅ ခ်က္နဲ႔ ဆန္းစစ္ၾကည့္ရေအာင္။

လက္ထပ္လိုက္တာနဲ႔ပိုေပ်ာ္ရႊင္ရမွာလား? ဒီအခ်က္ ၅ ခ်က္နဲ႔ ဆန္းစစ္ၾကည့္ရေအာင္။
အခ်စ္ေရး

လက္ထပ္လိုက္တာနဲ႔ပိုေပ်ာ္ရႊင္ရမွာလား? ဒီအခ်က္ ၅ ခ်က္နဲ႔ ဆန္းစစ္ၾကည့္ရေအာင္။

လက္ထပ္လိုက္တဲ့ လူေတာ္ေတာ္ မ်ားမ်ားဟာ လူပ်ိဳအပ်ိဳေတြကို သူတုိ႔လို လက္မထပ္ဖို႔ တစ္ေယာက္တည္းေနတာ ကသာ ပိုေကာင္းတာ ျဖစ္တယ္လို႔ ေျပာၾက ပါတယ္။ တျခားတစ္ဖက္မွာ လဲ ေပ်ာ္ရႊင္ေနတဲ့ အိမ္ေထာင္ေရး ခ်စ္စရာေကာင္းတဲ့ သားသားမီးမီေတြနဲ႕ သာယာတဲ့ အိမ္ေထာင္ေရးကို တည္ေထာင္ျပီး တျခားသူေတြကိုလဲ လက္ထပ္ဖို႔ တုိက္တြန္း တတ္တဲ့ အိမ္ေထာင္ရွင္ေတြလဲ ရွိေနပါတယ္။

ဒါ့အျပင္ ယေန႔ေခတ္မွာ ကြာရွင္းျပတ္ဆဲ ၾကတဲ့ အိမ္ေထာင္ေရးေတြ ဟာလဲ အလြန္မ်ားျပား လာပါတယ္။ အဲ့ဒါေၾကာင့္ လက္မထပ္ခင္မွာ စဥ္းစားဆံုးျဖတ္ဖို႔ ခက္ေနတယ္ ဆိုရင္ ေအာက္ပါ အခ်က္ေတြ ကိုဖတ္ျပီး လက္ထပ္ျခင္းဟာ ပိုေကာင္းတဲ့ ဘဝကို ရရွိနုိင္ မရရွိနုိင္ ဆိုတာကို အေျဖထုတ္ ၾကည့္လိုက္ပါေနာ္။

(၁) ဘာေၾကာင့္ လက္ထပ္မွာ လဲ

လက္ထပ္ေတာ့မယ္ ဆိုရင္ေတာ့ ပထမဆံုး ေသခ်ာ စဥ္းစားရမွာက ဘာအတြက္ ဘာေၾကာင့္ လက္ထပ္ၾကမွာလဲ ဆုိတာပါပဲ။ တကယ္လုိ႔ သင္က သင့္အိမ္ေထာင္ ဘက္ကို ခ်စ္လို ႔လက္ထပ္တာ သာျဖစ္တယ္ သင့္တု႔ိ နွစ္ေယာက္ၾကားမွာ ပံုမွန္ မဟုတ္တဲ့ ျပသနာမ်ိဳးလဲ မရွိဘူးဆို ရင္ေတာ့ အားလံုး အဆင္ေျပပါတယ္။

အဲ့လိုမဟုတ္ပဲ ေငြေၾကးခိုင္မာဖို ႔အတြက္ အသက္ၾကီးတဲ့ အခါ အေဖာ္မဲ့ေၾကာက္တဲ့ အတြက္ ေနာက္ထပ္အျဖစ္မ်ားတဲ့ အခ်က္ကေတာ့ လက္မထပ္ဘဲ ေနတဲ့အခါ ပက္ဝန္းက်င္က ကိုယ့္ကို ခ်ိဳ႕ယြင္းခ်က္ရွိတယ္လို႔အထင္ခံ ရမွာေၾကာက္တာေၾကာင့္ ဆုိရင္ေတာ့ ျပန္စဥ္းစားဖို ႔လုိပါတယ္။

ဘာေၾကာင့္လဲ ဆိုေတာ့အဆင္မေျပတဲ့ အိမ္ေထာင္ေရးေတြဟာ ဒီလို အခ်က္ေတြနဲ႕လက္ထပ္ခဲ့တဲ့ သူေတြ ျဖစ္လုိ႔ပါ။

(၂) အိမ္ေထာင္ရွင္အားလံုးဟာတူညီတဲ့ေပ်ာ္ရႊင္မႈကိုရၾကသလား

Single ဘဝမွာလဲတစ္ေယာက္နဲ႕တစ္ေယာက္ေနထုိင္ ေပ်ာ္ရႊင္ပံုမ်ိဳး မတူညီသလို ခ်စ္သူ စံုတြဲတုိင္း အိမ္ေထာင္ရွင္ တုိင္းဟာလဲ တူညီတဲ့ ေနထုိင္မႈ ပံုစံမ်ိဳး မရရွိၾက ပါဘူး။

ဒါကို အထင္မွားျပီး တစ္ေယာက္တည္းေနတဲ့အခ်ိန္မွာ အထီးက်န္ေနေပမယ့္ လက္ထပ္ လိုက္တဲ့ အခါေႏြးေထြးေပ်ာ္ရႊင္ ရမယ္ သာယာတဲ့အိမ္ေထာင္ေရးကို တည္ေထာင္ နုိင္မယ္လို႔ တစ္ထစ္ခ် ေတြးလုိက္လုိ ႔မရသလို ကိုယ့္ပတ္ဝန္းက်င္က အိမ္ေထာင္ရွင္ေတြကိုၾကည့္ျပီး သူတို႔ဟာ လက္ထပ္ လိုက္လို ႔ေပ်ာ္ရႊင္ရတယ္ ဒါမွမဟုတ္ လက္ထပ္လုိက္လို ႔စိတ္ဆင္းရဲ ရတယ္လို႔ ပံုေသေတြးလို ႔လဲ မရပါဘူး။

ကုိယ္တစ္ေယာက္တည္းေနတဲ့အခ်ိန္မွာ ေပ်ာ္ရႊင္မႈ လြတ္လပ္မႈေတြဟာ ကုိယ့္တစ္ေယာက္တည္းအေပၚမွာ မူတည္ေနေပမယ့္ အိမ္ေထာင္ျပဳ လုိက္ရင္ေတာ့ ကိုယ့္အိမ္ေထာက္ဘက္ရဲ႕ စိတ္ေနစိတ္ထားေတြအျပဳအမူေတြ အေပၚဟာလည္း တစ္ဝက္နီးပါး မူတည္ သြားမွာပါ။

အဲ့ဒါေၾကာင့္ လက္မထပ္ခင္မွာ ဒါေတြကို ၾကိဳတင္စဥ္းစားထားဖုိ ႔လိုပါ မယ္။

(၃) ဘယ္လိုကိစၥရပ္ေတြက အိမ္ေထာင္ေရးမွာ အေႏွာက္အယွက္ျဖစ္ေစသလဲ

ေနာက္တစ္ခ်က္ အေနနဲ႕မေျပလည္တဲ့ အိမ္ေထာင္ေရးေတြရဲ႕ အဓိကျပႆနာေတြကို ေလ့လာၾကည့္ရမယ္။

သူတုိ႕ရဲ႕အဓိကမေျပလည္မႈက ဘယ္ကေန အစျပဳလဲ ဆုိေတာ့ နံပတ္ (၁) မွာေျပာခဲ့သလိုပါပဲ တကယ္ခုိင္မာတဲ့ အခ်စ္ေၾကာင့္ လက္ထပ္ခဲ့တာ မဟုတ္ဘဲ ေငြေၾကးေၾကာင့္ ပတ္ဝန္းက်င္ေၾကာင့္ ဒါမွမဟုတ္ လက္ထပ္တာကို ေယဘူယ်မျဖစ္မေနလုပ္ရမယ့္ အလုပ္တစ္ခုလို လုပ္ခဲ့တ ာေတြေၾကာင့္ပဲ အဆင္မေျပမႈေတြျဖစ္ေပၚ လာတာ ပါ။

တျခားအရာေမွ်ာ္လင့္ထားတဲ့အရာေတြေမွ်ာ္လင့္သလိုျဖစ္မလာတဲ့အခါ ခုိင္မာတဲ့အခ်စ္မပါတဲ့အိမ္ေထာင္ေရးဟာ အလြယ္တကူျပိဳကြဲသြားနုိင္ပါတယ္။

(၄) စစ္မွန္တဲ့ေပ်ာ္ရႊင္မႈကိုဘာနဲ႔တုိင္းတာၾကသလဲ

အိမ္ေထာင္တစ္ခုမွာ ဘယ္ေလာက္ အတိုင္းအတာအထိ ေပ်ာ္ရႊင္ေနၾကသလဲဆိုတာကုိ ဘယ္လိုေပတံေတြနဲ႕တုိင္းတာျပီး ဆံုးျဖတ္ၾကမွာလဲ။ သူတုိ႕ပိုင္ဆိုင္ရတဲ့ေငြေၾကးဥစၥာေတြလား ဒါမွမဟုတ္ Social Media ေတြေပၚမွာျမင္ေတြ႔ေနရတဲ့ ဓာတ္ပံုေတြ နဲ႕လား။

အိမ္ေထာင္တစ္ခုရဲ႕တကယ့္ျဖစ္ပ်က္ေနတဲ့ အရာေတြ တကယ္ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြ ရရွိခံစားရတဲ့ ေပ်ာ္ရႊင္မႈေတြဟာ ကာယကံရွင္ေတြက သာလွ်င္ အသိဆံုးပါ။ ေဘးလူတစ္ေယာက္အေနနဲ႕သိရွိရတာဟာ ၅၀ ရာခိုင္နႈန္းေလာက္သာ ရွိတာမို႔ ကိုယ္ကိုယ္တုိင္ အိမ္ေထာင္ျပဳ လိုက္တဲ့ အခါ ကိုယ့္ထင္ျမင္ ယူဆခ်က္နဲ႕တကယ္ၾကံဳရတဲ့ အျဖစ္အပ်က္ေတြဟာ ကြားျခားေနနုိင္တယ္ ဆိုတာ ကိုလဲ သတိျပဳရပါမယ္။

(၅) လက္မထပ္ခင္မွာကိုယ္ရရွိေနတဲ့ေကာင္းက်ိဳးေတြကိုေရာသင္သတိထားမိရဲ႕လား

လူေတာေတာ္မ်ားမ်ားရဲ႕မွားယြင္းတဲ့ ေနာက္တစ္ခ်က္ကကိုယ့္မွာရွိေနတဲ့အရာကိုတန္ဖိုးထားဖုိ႔ေမ့ေနျပီး မရွိတဲ့ဟာေတြကိုပဲ ေတာင့္တတ္ၾကတဲ့ စိတ္ပါ။ တစ္ေယာက္တည္း ရွိေနခ်ိန္မွာ ရရွိတဲ့ လြတ္လပ္ျခင္းေတြ ကိုယ့္စိတ္နဲ႕ကိုယ္ေနထုိင္ နုိင္ခြင့္ေတြကို ေက်နပ္နွစ္ျခိဳက္ဖို႔ေမ့ေန တတ္တယ္။

တျခားအိမ္ေထာင္ရွင္ေတြကို ေဘးကအျမင္နဲ႕တင္ အားက်စိတ္ေတြျဖစ္ျပီး အလြယ္တကူ လက္ထပ္လိုက္ျပီးမွ တစ္ေယာက္တည္းေနရတဲ့ ဘဝကိုျပန္လည္ေတာင့္ တတ္ၾက တယ္။

အဲ့ဒီလို အခ်ိန္မွ အိမ္ေထာင္ေရးရဲ႕ ဆိုးက်ိဳးေတြကို ျမင္ေနမယ္ ကိုယ့္အိမ္ေထာင္ဘက္ကို အပစ္တင္ေနမယ္ ဆိုရင္ သင္ေမွ်ာ္လင့္ထားတဲ့ ေပ်ာ္ရႊင္သာယာတဲ့ အိမ္ေထာင္ေရးဟာ ဘယ္လုိမွျဖစ္ မလာနုိင္ေတာ့ ပါဘူး။ အဲ့ဒါေၾကာင့္လက္မထပ္ခင္မွာ ေသခ်ာစဥ္းစားျပီးမွ ဆံုးျဖတ္ဖို႔ လိုပါ တယ္။

ဒီအခ်က္ ၅ ခ်က္နဲ႔ကိုက္ၿပီး ႏွစ္ဦးသား ဆန္းစစ္ၿပီးၿပီ ဆိုရင္ေတာ့ လက္ထပ္ၿပီးေပ်ာ္ရႊင္ရတဲ့ ဘဝကို တူစံုတြဲကာ ေလွ်ာက္လွမ္းဖို႔ အဆင္သင့္ ျဖစ္ေနၿပီလား?

ခရက္ဒစ္

ယူနီကုတ္

လက်ထပ်လိုက်တာနဲ့ပိုပျော်ရွှင်ရမှာလား? ဒီအချက် ၅ ချက်နဲ့ ဆန်းစစ်ကြည့်ရအောင်။

လက်ထပ်လိုက်တဲ့ လူတော်တော် များများဟာ လူပျိုအပျိုတွေကို သူတို့လို လက်မထပ်ဖို့ တစ်ယောက်တည်းနေတာ ကသာ ပိုကောင်းတာ ဖြစ်တယ်လို့ ပြောကြ ပါတယ်။ တခြားတစ်ဖက်မှာ လဲ ပျော်ရွှင်နေတဲ့ အိမ်ထောင်ရေး ချစ်စရာကောင်းတဲ့ သားသားမီးမီတွေနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို တည်ထောင်ပြီး တခြားသူတွေကိုလဲ လက်ထပ်ဖို့ တိုက်တွန်း တတ်တဲ့ အိမ်ထောင်ရှင်တွေလဲ ရှိနေပါတယ်။

ဒါ့အပြင် ယနေ့ခေတ်မှာ ကွာရှင်းပြတ်ဆဲ ကြတဲ့ အိမ်ထောင်ရေးတွေ ဟာလဲ အလွန်များပြား လာပါတယ်။ အဲ့ဒါကြောင့် လက်မထပ်ခင်မှာ စဉ်းစားဆုံးဖြတ်ဖို့ ခက်နေတယ် ဆိုရင် အောက်ပါ အချက်တွေ ကိုဖတ်ပြီး လက်ထပ်ခြင်းဟာ ပိုကောင်းတဲ့ ဘဝကို ရရှိနိုင် မရရှိနိုင် ဆိုတာကို အဖြေထုတ် ကြည့်လိုက်ပါနော်။

(၁) ဘာကြောင့် လက်ထပ်မှာ လဲ

လက်ထပ်တော့မယ် ဆိုရင်တော့ ပထမဆုံး သေချာ စဉ်းစားရမှာက ဘာအတွက် ဘာကြောင့် လက်ထပ်ကြမှာလဲ ဆိုတာပါပဲ။ တကယ်လို့ သင်က သင့်အိမ်ထောင် ဘက်ကို ချစ်လို့လက်ထပ်တာ သာဖြစ်တယ် သင့်တု့ိ နှစ်ယောက်ကြားမှာ ပုံမှန် မဟုတ်တဲ့ ပြသနာမျိုးလဲ မရှိဘူးဆို ရင်တော့ အားလုံး အဆင်ပြေပါတယ်။

အဲ့လိုမဟုတ်ပဲ ငွေကြေးခိုင်မာဖို့အတွက် အသက်ကြီးတဲ့ အခါ အဖော်မဲ့ကြောက်တဲ့ အတွက် နောက်ထပ်အဖြစ်များတဲ့ အချက်ကတော့ လက်မထပ်ဘဲ နေတဲ့အခါ ပက်ဝန်းကျင်က ကိုယ့်ကို ချို့ယွင်းချက်ရှိတယ်လို့အထင်ခံ ရမှာကြောက်တာကြောင့် ဆိုရင်တော့ ပြန်စဉ်းစားဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့အဆင်မပြေတဲ့ အိမ်ထောင်ရေးတွေဟာ ဒီလို အချက်တွေနဲ့လက်ထပ်ခဲ့တဲ့ သူတွေ ဖြစ်လို့ပါ။

(၂) အိမ်ထောင်ရှင်အားလုံးဟာတူညီတဲ့ပျော်ရွှင်မှုကိုရကြသလား

Single ဘဝမှာလဲတစ်ယောက်နဲ့တစ်ယောက်နေထိုင် ပျော်ရွှင်ပုံမျိုး မတူညီသလို ချစ်သူ စုံတွဲတိုင်း အိမ်ထောင်ရှင် တိုင်းဟာလဲ တူညီတဲ့ နေထိုင်မှု ပုံစံမျိုး မရရှိကြ ပါဘူး။

ဒါကို အထင်မှားပြီး တစ်ယောက်တည်းနေတဲ့အချိန်မှာ အထီးကျန်နေပေမယ့် လက်ထပ် လိုက်တဲ့ အခါနွေးထွေးပျော်ရွှင် ရမယ် သာယာတဲ့အိမ်ထောင်ရေးကို တည်ထောင် နိုင်မယ်လို့ တစ်ထစ်ချ တွေးလိုက်လို့မရသလို ကိုယ့်ပတ်ဝန်းကျင်က အိမ်ထောင်ရှင်တွေကိုကြည့်ပြီး သူတို့ဟာ လက်ထပ် လိုက်လို့ပျော်ရွှင်ရတယ် ဒါမှမဟုတ် လက်ထပ်လိုက်လို့စိတ်ဆင်းရဲ ရတယ်လို့ ပုံသေတွေးလို့လဲ မရပါဘူး။

ကိုယ်တစ်ယောက်တည်းနေတဲ့အချိန်မှာ ပျော်ရွှင်မှု လွတ်လပ်မှုတွေဟာ ကိုယ့်တစ်ယောက်တည်းအပေါ်မှာ မူတည်နေပေမယ့် အိမ်ထောင်ပြု လိုက်ရင်တော့ ကိုယ့်အိမ်ထောက်ဘက်ရဲ့ စိတ်နေစိတ်ထားတွေအပြုအမူတွေ အပေါ်ဟာလည်း တစ်ဝက်နီးပါး မူတည် သွားမှာပါ။ အဲ့ဒါကြောင့် လက်မထပ်ခင်မှာ ဒါတွေကို ကြိုတင်စဉ်းစားထားဖို့လိုပါ မယ်။

(၃) ဘယ်လိုကိစ္စရပ်တွေက အိမ်ထောင်ရေးမှာ အနှောက်အယှက်ဖြစ်စေသလဲ

နောက်တစ်ချက် အနေနဲ့မပြေလည်တဲ့ အိမ်ထောင်ရေးတွေရဲ့ အဓိကပြဿနာတွေကို လေ့လာကြည့်ရမယ်။

သူတို့ရဲ့အဓိကမပြေလည်မှုက ဘယ်ကနေ အစပြုလဲ ဆိုတော့ နံပတ် (၁) မှာပြောခဲ့သလိုပါပဲ တကယ်ခိုင်မာတဲ့ အချစ်ကြောင့် လက်ထပ်ခဲ့တာ မဟုတ်ဘဲ ငွေကြေးကြောင့် ပတ်ဝန်းကျင်ကြောင့် ဒါမှမဟုတ် လက်ထပ်တာကို ယေဘူယျမဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုလို လုပ်ခဲ့တ ာတွေကြောင့်ပဲ အဆင်မပြေမှုတွေဖြစ်ပေါ် လာတာ ပါ။

တခြားအရာမျှော်လင့်ထားတဲ့အရာတွေမျှော်လင့်သလိုဖြစ်မလာတဲ့အခါ ခိုင်မာတဲ့အချစ်မပါတဲ့အိမ်ထောင်ရေးဟာ အလွယ်တကူပြိုကွဲသွားနိုင်ပါတယ်။

(၄) စစ်မှန်တဲ့ပျော်ရွှင်မှုကိုဘာနဲ့တိုင်းတာကြသလဲ

အိမ်ထောင်တစ်ခုမှာ ဘယ်လောက် အတိုင်းအတာအထိ ပျော်ရွှင်နေကြသလဲဆိုတာကို ဘယ်လိုပေတံတွေနဲ့တိုင်းတာပြီး ဆုံးဖြတ်ကြမှာလဲ။ သူတို့ပိုင်ဆိုင်ရတဲ့ငွေကြေးဥစ္စာတွေလား ဒါမှမဟုတ် Social Media တွေပေါ်မှာမြင်တွေ့နေရတဲ့ ဓာတ်ပုံတွေ နဲ့လား။

အိမ်ထောင်တစ်ခုရဲ့တကယ့်ဖြစ်ပျက်နေတဲ့ အရာတွေ တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရရှိခံစားရတဲ့ ပျော်ရွှင်မှုတွေဟာ ကာယကံရှင်တွေက သာလျှင် အသိဆုံးပါ။ ဘေးလူတစ်ယောက်အနေနဲ့သိရှိရတာဟာ

၅၀ ရာခိုင်နှုန်းလောက်သာ ရှိတာမို့ ကိုယ်ကိုယ်တိုင် အိမ်ထောင်ပြု လိုက်တဲ့ အခါ ကိုယ့်ထင်မြင် ယူဆချက်နဲ့တကယ်ကြုံရတဲ့ အဖြစ်အပျက်တွေဟာ ကွားခြားနေနိုင်တယ် ဆိုတာ ကိုလဲ သတိပြုရပါမယ်။

(၅) လက်မထပ်ခင်မှာကိုယ်ရရှိနေတဲ့ကောင်းကျိုးတွေကိုရောသင်သတိထားမိရဲ့လား

လူတောတော်များများရဲ့မှားယွင်းတဲ့ နောက်တစ်ချက်ကကိုယ့်မှာရှိနေတဲ့အရာကိုတန်ဖိုးထားဖို့မေ့နေပြီး မရှိတဲ့ဟာတွေကိုပဲ တောင့်တတ်ကြတဲ့ စိတ်ပါ။ တစ်ယောက်တည်း ရှိနေချိန်မှာ ရရှိတဲ့ လွတ်လပ်ခြင်းတွေ ကိုယ့်စိတ်နဲ့ကိုယ်နေထိုင် နိုင်ခွင့်တွေကို ကျေနပ်နှစ်ခြိုက်ဖို့မေ့နေ တတ်တယ်။

တခြားအိမ်ထောင်ရှင်တွေကို ဘေးကအမြင်နဲ့တင် အားကျစိတ်တွေဖြစ်ပြီး အလွယ်တကူ လက်ထပ်လိုက်ပြီးမှ တစ်ယောက်တည်းနေရတဲ့ ဘဝကိုပြန်လည်တောင့် တတ်ကြ တယ်။

အဲ့ဒီလို အချိန်မှ အိမ်ထောင်ရေးရဲ့ ဆိုးကျိုးတွေကို မြင်နေမယ် ကိုယ့်အိမ်ထောင်ဘက်ကို အပစ်တင်နေမယ် ဆိုရင် သင်မျှော်လင့်ထားတဲ့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုမှဖြစ် မလာနိုင်တော့ ပါဘူး။ အဲ့ဒါကြောင့်လက်မထပ်ခင်မှာ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ဖို့ လိုပါ တယ်။

ဒီအချက် ၅ ချက်နဲ့ကိုက်ပြီး နှစ်ဦးသား ဆန်းစစ်ပြီးပြီ ဆိုရင်တော့ လက်ထပ်ပြီးပျော်ရွှင်ရတဲ့ ဘဝကို တူစုံတွဲကာ လျှောက်လှမ်းဖို့ အဆင်သင့် ဖြစ်နေပြီလား?

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …