
(1) စိတ်ရှည်ပေးတယ်
(2) အလိုလိုက်ခံရတယ်
(3) ဂရုစိုက်ခံရတယ်
(4) ကြင်နာယုယခံရတယ်
(5) သစ္စာရှိတယ်
Credit Aunty May
Unicode
အချစ်ရေးမှာ သင်ဟာအလွန်ကံကောင်းတဲ့မိန်းကလေးဖြစ်ခဲ့ရင် ဒီလိုလေးတွေ အချစ်ခံရမှာပါ
မိန်းကလေးတိုင်းရဲ့ ရင်ထဲက ဆန္ဒလေး တစ်ခုကတော့ အချစ်ရေးမှာ ကံကောင်းချင် တာပါပဲ။ ချစ်သူက ရူးရူးမူးမူး စွဲစွဲလန်းလန်း ချစ်တာကိုပဲ ခံချင်ကြ သူတွေပါ။ ဒီလို ဆန္ဒလေးကို ဖြည့်ဆည်းပေးတဲ့ ချစ်သူနဲ့ ဆုံခွင့်ရတဲ့ မိန်းကလေးတွေဟာ အနည်းစုပဲ ဖြစ်ပြီး အချစ်ရေးမှာ အလွန်ကံကောင်းကြသူလေးတွေအဖြစ် သူများတွေရဲ့အားကျခြင်းကို ခံရသူတွေပါ။
အချစ်ရေးမှာ အလွန်ကံကောင်းတဲ့ မိန်းကလေးတွေဟာ ဘယ်လိုအချစ်ခံရလဲဆိုတာ ဖော်ပြပေးလိုက်တယ်။တကယ်လို့သင်ဟာ ဒီလိုအချစ်ခံရသူ တစ်ယောက်ဆိုရင် သင့်ကို ကံအကောင်းဆုံး မိန်းကလေးဖြစ်စေခဲ့တဲ့ သင့်ချစ်သူကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါအုံးနော် …
(1) စိတ်ရှည်ပေးတယ်
အချစ်ရေးမှာ ကံကောင်းတဲ့ မိန်းကလေးတွေဆိုတာ ကိုယ့်အပေါ်ကို စိတ်ရှည်တဲ့သူမျိုးကို ပိုင်ဆိုင်ထားသူပါ။တစ်ခါတလေ ကိုယ့်ဘာသာကိုယ် ဘာကိုဒေါသထွက်လို့ ထွက်မှန်းတောင်မသိပဲ သူ့ကိုသွားရစ်တဲ့ အခါမျိုးမှာတောင် စိတ်ရှည်ရှည်နဲ့ အရစ်ခံပေးတဲ့ သူမျိုးပါ။
ကိုယ်နဲ့ရန်ဖြစ်လို့ ဒေါသထွက်နေတာချင်း အတူတူတောင် သူ့ဖက်က အရင်ပြန်တောင်းပန်တတ်တဲ့သူပါ။ ကိုယ့်ကိုယ်တန်ဖိုးထားမှန်း စိတ်ဆိုးစိတ်ကောက်နေတဲ့ အချိန်တွေမှာတောင် သိသာနေတဲ့ သူမျိုးပါ ။
(2) အလိုလိုက်ခံရတယ်
အချစ်ရေးမှာ ကံကောင်းတဲ့မိန်းကလေးတွေဟာ ချစ်သူရဲ့အလိုလိုက် အကြိုက်ဆောင်မှုကို ခံရသူလေးတွေပါ။ ချစ်သူက ကိုယ့်မျက်နှာ တစ်ချက်မှ အပျက်မခံပဲ အရိပ်တကြည့်ကြည့်နဲ့ ကိုယ့်အကြိုက်ကို လိုက်ပေးသူမျိုးပါ။
ကိုယ်နည်းနည်း စိတ်ကောက် လိုက်တာနဲ့ မနေနိုင် မထိုင်နိုင် ပျာယာတွေခတ်ပြီး ချက်ချင်းပျော်အောင် ပြန်လုပ်ပေးတတ် တဲ့ သူပါ။ ဒီလို ချစ်သူမျိုးကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ကံကောင်းလွန်း သူလေးပါ။
(3) ဂရုစိုက်ခံရတယ်
အချစ်ရေးမှာ ကံကောင်းတဲ့ မိန်းကလေးတွေဆိုတာ ချစ်သူရဲ့ဂရုစိုက်မှုကို ခံရသူတွေပါ။ကိုယ်ဘယ်သွားသွား ဘာလုပ်လုပ် ကိုယ့်ကို စိတ်ပူပေးပြီး ကိုယ့်ရဲ့စိတ်ခံစားချက်တွေ တိုင်းကို ပေါ့ပေါ့ဆဆ သဘောမထားပဲ ဂရုစိုက်သူမျိုးပါ။
ကိုယ်ပြောထားတဲ့ အရာလေးတွေဆိုရင် သေးသေးလေးတွေကအစ သေသေချာချာမှတ်ထားပြီး အလေးအနက်ထားတဲ့ သူမျိုးပါ …။
(4) ကြင်နာယုယခံရတယ်
အချစ်ရေးမှာ ကံကောင်းတဲ့မိန်းကလေးတွေဆိုတာ ချစ်သူရဲ့ ကြင်နာယုယမှုကိုခံရတဲ့သူတွေပါ။ နေမကောင်းတဲ့အချိန် ဂရုစိုက်ပြုစုပေးတာ၊ကိုယ်စားချင်တဲ့ မုန့်တွေ ဝယ်လာပေးတာ ကိုယ့်အတွက် လက်ဆောင်လေးတွေ (တန်ဖိုးကြီးမှမဟုတ်ပါ) ကို တကူးတက ဝယ်လာပေးတာ၊ ကိုယ့်ကိုဘုရင်မတစ်ယောက်လို ခံစားသွား ရလောက်အောင်ကို ကြင်နာတတ်တဲ့ ချစ်သူကို ပိုင်ဆိုင် ထားရင်တော့ သင်ဟာ ကံကောင်းလွန်းသူလေး တစ်ယောက်ဖြစ်ပါတယ်။
(5) သစ္စာရှိတယ်
အချစ်ရေးမှာ ကံကောင်းတဲ့ မိန်းကလေးတွေ ဆိုတာ ချစ်သူရဲ့သစ္စာရှိမှုကို အပြည့်အဝ ခံစားရတဲ့သူတွေပါ။ကိုယ်နဲ့ဝေးနေတဲ့အချိန်တွေမှာ တခြားသူတွေ အပေါ် စိတ်နဲ့တောင် မပစ်မှားတတ်တဲ့ သူတွေပါ။ကိုယ့်တစ်ယောက်တည်း ကိုပဲ စိတ်ထဲမှာထားပြီး အမြဲတမ်း သစ္စာရှိတဲ့ သူတွေပါ။ သူတို့ရဲ့အချစ်ဟာ နှစ်တွေဘယ်လောက်ကြာကြာ အေးခဲမသွားပဲ နွေးထွေးနေမယ့် အချစ်မျိုးပဲ ဖြစ်ပါတယ်နော် ။
No Comments