
ခရက်ဒစ်
ယူနီကုတ်
မျက်မှန်တပ်သူတိုင်း သိထားသင့်တဲ့ မျက်မှန်ကိုအစင်းမထင် ၊အရောင်မလွင့် အောင် သန့်ရှင်းနည်း
မျက်မှန်တပ်တဲ့ သူတွေက တော့ အစင်းကြောင်း ထင်နေတဲ့ မျက်မှန်ဟာ ဘယ်လောက်တောင် စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလဲ ဆိုတာ နားလည်မှာပါ ။
တွေ့ကရာ ဆပ်ပြာနဲ့ဆေးကြော လိုက်တာ မျိုးဟာ ကိုင်းက အရောင်တွေ ပျက်သွား စေနိုင်သလို ၊ အဝတ်ကြမ်း တစ်ခုနဲ့ မှန်ကို ပွတ်တာ မျိုးဟာလည်း မျက်မှန်မှာ အစင်းကြောင်းတွေ ထင်သွား စေ နိုင် ပါ တယ် ။
မျက်မှန်ကို အသစ်အတိုင်း ကြည်လင် နေစေပြီး အစင်းလည်း မထင်ရ အောင် ဘယ် လို သန့်ရှင်းရ မလဲ ။ အ လွယ် ကူ ဆုံး နည်းလမ်း ကတော့ ပန်းကန်ဆေး ဆပ်ပြာရည်နဲ့ဆေးကြော ခြင်းပါ ။
ပန်းကန် ဆေးဆပ်ပြာရည် အနုစား နဲ့ ရေအနည်းငယ် ရောပြီးတော့ မျက်မှန်ကို ဆေးကြောပြီး မိုက်ခရိုဖိုက်ဘာ စ တစ် ခု နဲ့ မှန်တွေကို ပွတ်ပြီး သန့်ရှင်း ပေးပါ ။
စက္ကူတစ်ရှူးတွေက အစင်း ကြောင်း ထင်ရခြင်းရဲ့ တရားခံ တွေ ဖြစ် တဲ့ အ တွက် လုံး ဝ မသုံးပါနဲ့ ။ နှာခေါင်းထောက် တဲ့ ရာဘာပြားလေးတွေ က လည်း
ဘတ်တီးရီးယားပေါက် ပွား တဲ့ နေ ရာ တွေ ဖြစ်တဲ့ အ တွက် သန့်ရှင်း ဆေးကြော ပေး သင့် ပါ တယ် ။
ဒီ ရာ ဘာပြားလေးတွေ ကို တော့ စက္ကူတစ်ရှူး တစ် ခု ခု နဲ့ ပွတ်တိုက်ပြီး သန့်ရှင်းပေး နိုင် ပါ တယ် ။
No Comments