
စိတ္ဓာတ္ေတြ အရမ္းက်ေနၿပီဆိုရင္
လူတစ္ေယာက္ကို ၾကည့္လိုက္ အဲ့ဒီလူဟာ အရမ္းခ်မ္းသာတဲ့ သူပဲျဖစ္ျဖစ္၊ ေစ်းႀကီးတဲ့ အဝတ္အစားေတြ ဝတ္ထားတဲ့ သူပဲျဖစ္ျဖစ္၊ အရမ္းေခ်ာ အရမ္းခ်စ္စရာေကာင္းတဲ့ သူပဲျဖစ္ျဖစ္ အရမ္းေအာင္ျမင္ေနတဲ့ သူပဲျဖစ္ျဖစ္သူ ဘယ္လို ပုံစံပဲျဖစ္ျဖစ္ သူ႕မွာလည္း
စိတ္ဆင္းရဲစရာေတြ၊ အခက္အခဲေတြ၊ အားနည္းခ်က္ေတြ၊ လူေတြမသိေအာင္ ဖုံးကြယ္ထားရတဲ့ အမွားေတြ၊ ယုတ္ညံ့မႈေတြ ရွိေနတတ္ တယ္ဆိုတာ သိထားပါ။ အျမင္နဲ႕ပဲ ဆုံးျဖတ္လို႔ မရဘူး။
ဘယ္လိုလူပဲျဖစ္ျဖစ္ လူဟာ လူပါပဲ။ သူတို႔လည္း သင့္လိုပါပဲ။ သိပ္ၿပီး အထင္ႀကီးေနစရာ မလိုဘူး။ သင့္ကိုယ္သင္ သူတို႔နဲ႕ ႏွိုင္းယွဥ္ၿပီး အားငယ္ေနစရာ မလိုဘူး။
တစ္ျခားလူေတြကို အားက်လို႕ရတယ္။ ဒါေပမယ့္ စိတ္ဓာတ္ေတာ့ က်မသြားေစနဲ႕။
သင့္ဘဝကို သင္ပိုင္တယ္။ သင္ျဖစ္ခ်င္တဲ့ သူတစ္ေယာက္ျဖစ္ေအာင္ သင့္ကိုယ္သင္ ဖန္တီးယူ လို႔ ရတယ္။ နည္းနည္းေတာ့ ၾကာခ်င္ၾကာမယ္။
လူတစ္ေယာက္ ေျပာင္းလဲဖို႔ အခ်ိန္ေတြ အမ်ားႀကီး ယူရတယ္။ လူတစ္ေယာက္ ေအာင္ျမင္ဖို႔လည္း အခ်ိန္ေတြ ယူရပါတယ္။ ကိုယ့္ေရွ႕မွာ ေအာင္ျမင္ေနတဲ့ သူေတြကို ၾကည့္ၿပီး သိပ္ၿပီး အားငယ္မသြားနဲ႕။
သူတို႔လည္း တစ္ေနရာမွာ ေအာင္ျမင္ဖို႔ ေပးဆပ္ခဲ့ ရတာေတြ အမ်ားႀကီး။ ဘယ္သူမွ ေန႕ခ်င္းညခ်င္း မေအာင္ျမင္ခဲ့ဘူး။
အႏွစ္သာရ ရွိတဲ့ ေအာင္ျမင္မႈကိုရဖို႔ ဆိုတာ လြယ္ကူတဲ့ ကိစၥမဟုတ္ဘူး။ နည္းနည္းေတာ့ ၾကမ္းမယ္၊ ရမ္းမယ္။ ခံနိုင္ရည္ ရွိဖို႔ေတာ့ လိုမယ္။
အခုခ်ိန္မွာ ဘာမွ မလုပ္ခ်င္ေတာ့ ေလာက္ေအာင္ကို စိတ္ဓာတ္က်ေနၿပီ ဆိုရင္ တစ္ခုခုေတာ့ ဆုံးျဖတ္လိုက္။ ထိုင္ေနမွာလား ဒါမွမဟုတ္ ျပန္စဖို႔ ႀကိဳးစားမလား။
တစ္ခုခုေတာ့ စၿပီး လုပ္လိုက္။ ဒါဆိုရင္ ေနာက္ထပ္ လုပ္စရာေတြက အလိုလို ေပၚလာလိမ့္မယ္။
စာအုပ္ဖတ္မလား? စိတ္တည္ၿငိမ္ေအာင္ တရားထိုင္မလား? ကိုယ္ဝါသနာပါတဲ့ သင္တန္းတစ္ခုခု တတ္မလား? တစ္ျခားဝါသနာ ပါတဲ့အရာ တစ္ခုခု လုပ္မလား?
ကိုယ့္အတြက္ ေကာင္းက်ိဳး ျဖစ္ေစမယ့္ အရာတစ္ခုကို စၿပီးလုပ္လိုက္ပါ။
ေလးစားစြာျဖင့္
Credit:
စိတ်ဓာတ်တွေ အရမ်းကျနေပြီဆိုရင်
လူတစ်ယောက်ကို ကြည့်လိုက် အဲ့ဒီလူဟာ အရမ်းချမ်းသာတဲ့ သူပဲဖြစ်ဖြစ်၊ ဈေးကြီးတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ သူပဲဖြစ်ဖြစ်၊ အရမ်းချော အရမ်းချစ်စရာကောင်းတဲ့ သူပဲဖြစ်ဖြစ် အရမ်းအောင်မြင်နေတဲ့
သူပဲဖြစ်ဖြစ်သူ ဘယ်လို ပုံစံပဲဖြစ်ဖြစ် သူ့မှာလည်း
စိတ်ဆင်းရဲစရာတွေ၊ အခက်အခဲတွေ၊ အားနည်းချက်တွေ၊ လူတွေမသိအောင် ဖုံးကွယ်ထားရတဲ့ အမှားတွေ၊ ယုတ်ညံ့မှုတွေ ရှိနေတတ် တယ်ဆိုတာ သိထားပါ။ အမြင်နဲ့ပဲ ဆုံးဖြတ်လို့ မရဘူး။
ဘယ်လိုလူပဲဖြစ်ဖြစ် လူဟာ လူပါပဲ။ သူတို့လည်း သင့်လိုပါပဲ။ သိပ်ပြီး အထင်ကြီးနေစရာ မလိုဘူး။ သင့်ကိုယ်သင် သူတို့နဲ့ နှိုင်းယှဉ်ပြီး အားငယ်နေစရာ မလိုဘူး။
တစ်ခြားလူတွေကို အားကျလို့ရတယ်။ ဒါပေမယ့် စိတ်ဓာတ်တော့ ကျမသွားစေနဲ့။
သင့်ဘဝကို သင်ပိုင်တယ်။ သင်ဖြစ်ချင်တဲ့ သူတစ်ယောက်ဖြစ်အောင် သင့်ကိုယ်သင် ဖန်တီးယူ လို့ ရတယ်။ နည်းနည်းတော့ ကြာချင်ကြာမယ်။
လူတစ်ယောက် ပြောင်းလဲဖို့ အချိန်တွေ အများကြီး ယူရတယ်။ လူတစ်ယောက် အောင်မြင်ဖို့လည်း အချိန်တွေ ယူရပါတယ်။ ကိုယ့်ရှေ့မှာ အောင်မြင်နေတဲ့ သူတွေကို ကြည့်ပြီး သိပ်ပြီး အားငယ်မသွားနဲ့။
သူတို့လည်း တစ်နေရာမှာ အောင်မြင်ဖို့ ပေးဆပ်ခဲ့ ရတာတွေ အများကြီး။ ဘယ်သူမှ နေ့ချင်းညချင်း မအောင်မြင်ခဲ့ဘူး။
အနှစ်သာရ ရှိတဲ့ အောင်မြင်မှုကိုရဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ နည်းနည်းတော့ ကြမ်းမယ်၊ ရမ်းမယ်။ ခံနိုင်ရည် ရှိဖို့တော့ လိုမယ်။
အခုချိန်မှာ ဘာမှ မလုပ်ချင်တော့ လောက်အောင်ကို စိတ်ဓာတ်ကျနေပြီ ဆိုရင် တစ်ခုခုတော့ ဆုံးဖြတ်လိုက်။ ထိုင်နေမှာလား ဒါမှမဟုတ် ပြန်စဖို့ ကြိုးစားမလား။
တစ်ခုခုတော့ စပြီး လုပ်လိုက်။ ဒါဆိုရင် နောက်ထပ် လုပ်စရာတွေက အလိုလို ပေါ်လာလိမ့်မယ်။
စာအုပ်ဖတ်မလား? စိတ်တည်ငြိမ်အောင် တရားထိုင်မလား? ကိုယ်ဝါသနာပါတဲ့ သင်တန်းတစ်ခုခု တတ်မလား? တစ်ခြားဝါသနာ ပါတဲ့အရာ တစ်ခုခု လုပ်မလား?
ကိုယ့်အတွက် ကောင်းကျိုး ဖြစ်စေမယ့် အရာတစ်ခုကို စပြီးလုပ်လိုက်ပါ။
လေးစားစွာဖြင့်
No Comments