
ယခုခ်က္ခ်င္း လုပ္သင့္ေသာ ဘဝ အတြက္ (၂၇ ) ခ်က္
ေနာင္တ ဆိုတာ ေနာင္မွ တရ တယ္လို႔ ဆိုစကား ကို လူၾကီးေတြ ဆိုတာ ၾကားဖူးပါတယ္။ဒီစကား အတုိင္းမၿဖစ္ခ်င္ ရင္ေတာ့ ယခု ခ်က္ခ်င္း လုပ္သင့္ေသာ ၂၇ခ်က္ ကို လုပ္သင့္တယ္ လို႔ထင္ ပါတယ္။
၁. ထမင္းစားေနခ်ိန္ မွာ ဖုန္းကို ခဏေမ့ထားပါ။
သူငယ္ခ်င္းေတြနဲ႔ ပဲၿဖစ္ၿဖစ္ အိမ္မွာ ပဲၿဖစ္ၿဖစ္ အၿမဲတမ္း ဖုန္းတစ္လံုး နဲ႔ အခ်ိန္ကုန္ မေနဘူးလား။ မိသားစု အတြက္ တန္ဖိုးရွိတဲ့ အခ်ိန္ေတြ အတြက္ ဖုန္းကို ေဘးခ် ထားလိုက္ပါ။
၂. ကီး မကိုက္တဲ့ သူငယ္ခ်င္းေတြ နဲ႔ အဆက္ အသြယ္ၿဖတ္ပါ။
သူတို႔ နဲ႔ အတူတူ သြားလာခ်ိန္မွာ မေပ်ာ္ ရင္ေတာ့ သူတို႔ကို အဆက္ၿဖတ္ပါ။ သင့္မွာ အခ်ိန္ ဆိုတာက အကန္႔အသတ္ မရွိသလို အားနာေနဖို႔ လည္း မလိုပါဘူး။ ကိုယ့္ အတြက္ အေရးၾကီး တဲ့သူေတြ အတြက္ အခ်ိန္ ကို အေလးေပးပါ။
၃. မနက္ေစာေစာ ထၿပီး တခုခု လုပ္ပါ။
ေန႔တိုင္း အလုပ္ေတြ မ်ားၿပီး ကိုယ့္ရဲ႕အခ်ိန္ေကာ ရွိရဲ႕လား။ မနက္ေစာေစာ ထၿပီး တိတ္ဆိတ္ေန တဲ့ ပတ္ဝန္းက်င္ ကို အသံုးခ်ၿပီး ကိုယ္လုပ္ခ်င္တာ ကို လုပ္ပါ။
၄. ၿငင္းသင့္ရင္ ၿငင္းပါ။
မလုပ္ခ်င္တဲ့ အလုပ္(သို႔) ကိစၥကို မလုပ္ခ်င္တဲ့ အခါ သတိၱ ရွိရွိ ၿငင္းလုိက္ပါ။ မလုပ္ခ်င္တဲ့ အလုပ္ကို လုပ္ရင္ အေၿဖ ကေတာ့ ေၿပာစရာ မလိုပါ။
၅. ေန႔တိုင္း စိတ္သစ္ ကိုယ္သစ္ နဲ႔ေနပါ။
အတိတ္ မွာ ၿဖစ္ခဲ့တဲ့ ကိစၥကို အတိတ္ မွာသာ ထားခဲ့ပါ။ အတိတ္ က အေၾကာင္းေတြ ကို အေတြး လြန္ရင္ မ်က္စိေရွ႕မွာ ရွိတဲ့ အခြင့္အေရး ကို လက္လြတ္ သြားႏုိင္ပါတယ္။
၆. မိသားစု ကို ေက်းဇူးတင္ေၾကာင္း ေၿပာပါ။
မိသားစု ကို ေက်းဇူးတင္ စကား ေၿပာခဲ့တာ ဘယ္တုန္း ကလဲ။ ေၿပာရ မွာ ရွက္ေပမယ့္ တတ္ႏုိင္ သေလာက္ ေၿပာႏုိင္ေအာင္ ၾကိဳးစားပါ။
၇. ဓါတ္ပံု ကို ကူးပါ။
ဖုန္း ထဲမွာ ရွိတဲ့ ဓါတ္ပံုေတြ ကို ဖုန္းထဲ မွာပဲ မသိမ္းထား ပဲနဲ႕ ဓါတ္ပံု ကူးၿပီး ဓါတ္ပံု စာအုပ္ထဲမွာ ထည့္ၿပီး သိမ္းထားပါ။ အသက္ၾကီး လာတဲ့အခါ မွာ သင့္အတြက္ အေရးၾကီး တဲ့ အရာ တခုၿဖစ္လာ ပါလိမ့္မယ္။
၈. ဆံုးၿဖတ္တဲ့ အခါ စိတ္ရွင္းရွင္း နဲ႔ လိုခ်င္တာ ကို ေရြးပါ။
ဘဝမွာ ဆံုးၿဖတ္ရ ခက္မဲ့ ကိစၥေတြ ကို အမ်ားၾကီး ၾကံဳရမွာပါ။ အဲဒီ အခါမွာ ကိုယ္က လုပ္ခ်င္တဲ့ အရာကို
စိတ္ရွင္းရွင္း နဲ႔ ေရြးခ်ယ္ပါ။ စဥ္းစားသင့္တာ ထက္ ပိုၿပီး စဥ္းစား ဆံုးၿဖတ္ရင္ ေနာင္တ ရတတ္ပါတယ္။
၉. ေက်ာင္း က မိတ္ဆံုပဲြေတြ ကို မသြားပါနဲ႔။
အဲဒီေလာက္ လဲ မခင္ခဲ့တဲ့ သူေတြနဲ႕ေတြ႕လည္း အခ်ိန္ ကုန္တာပဲ အဖတ္တင္ ပါတယ္။ ကိုယ့္အတြက္
တန္ဖိုး ထားရမယ့္ သူေတြက ဘယ္သူလဲ ဆိုတာ ေတြးပါ။
၁၀. မိသားစု ဓါတ္ပံု ရုိက္ပါ။
မိသားစုဝင္ေတြ စုၿဖစ္ရင္ ဓါတ္ပံုရုိက္ဖို ႔မေမ့ပါနဲ႔။ သင့္ အတြက္ အဖိုးမၿဖတ္ႏုိင္တဲ့ အရာ တစ္ခု အေနၿဖင့္ က်န္ခဲ့မွာပါ။
၁၁. လုပ္မယ္ ဆိုရင္ ဆံုးသည့္ တိုင္ေအာင္လုပ္ပါ။ ဒီ အလုပ္ ကို လုပ္မယ္ လို႔ ဆံုးၿဖတ္လိုက္ရင္ လက္ေတြ႕လုပ္မယ္ဆိုတဲ့ စိတ္နဲ႔ လုပ္ပါ။ ဘယ္ေလာက္ ပဲ အခက္ အခဲေတြေ တြ႕ေတြ႕ေအာင္ၿမင္ပါ လိမ့္မယ္။
၁၂. ပိတ္ရက္ မွာ ေကာင္းေကာင္း နားပါ။
ပိတ္ရက္ မွာ အခ်ိန္က ဘယ္လုိ ကုန္သြားမွန္း ကိုသိမွာ မဟုတ္ပါ။ မလိုအပ္တဲ့ သတင္းေတြ၊ ဖုန္းေတြ ကို ပိတ္ၿပီး နားေအး ပါးေအး နားလိုက္ပါ။
၁၃. အသံုးအေဆာင္ ပစၥည္းေတြ ကို တန္ဖိုးထားပါ။
ကိုယ္ၾကိဳက္လို႔ ဝယ္ထားၿပီး သံုးေနတဲ့ ပစၥည္းေလးေတြ ကိုသပ္သပ္ ရပ္ရပ္ သံုးပါ။ မလုိအပ္တဲ့ ပစၥည္းေတြ ကိုေတာ့ ဘာမွ မထားပါနဲ႕။
၁၄. က်န္းမာေရး ကို ဂရုစိုက္ပါ။
က်န္းမာမွ သာလွ်င္ လုပ္ခ်င္တာ ကို လုပ္လို ႔ရ ပါလိမ့္မယ္။
၁၅. ရာထူး တိုးေအာင္လည္း ေၿပာပါ။
ၾကိဳးစားထား တဲ့ အလုပ္တခု အတြက္ ကိုယ့္မွာ ခံစားခြင့္ ရွိတယ္လို႕ထင္တယ္ ဆိုရင္ သတိၱရွိရွိ အထက္ ကို ေတာင္းဆို သင့္ပါတယ္။
၁၆. ပတ္ဝန္းက်င္ နဲ႔ ထိေတြ႕ႏုိင္မဲ့ေနရာ ကို ထားပါ။
အိမ္မွာ ပဲၿဖစ္ၿဖစ္ ရပ္ကြက္ထဲမွာ ပဲၿဖစ္ၿဖစ္ ပတ္ဝန္းက်င္နဲ ႔အၿမဲ ထိေတြ႔ေနႏုိင္မဲ့ေနရာ ကို ရွိေအာင္လုပ္ပါ။
၁၇. ခရီးသြား ရင္ ကပ္စီး မနဲပါနဲ႔။
ကိုယ္က အရမ္းသြားခ်င္တဲ့ ခရီးမွာ ပိုက္ဆံ ကို ေခၽြတာေနတဲ့ အလုပ္ကို မလုပ္ပါနဲ႕။ပိုက္ဆံ ထက္ တန္ဖိုးရွိမယ့္ အရာကို သင္ပိုင္ဆိုင္ႏုိင္ ပါလိမ့္မယ္။
၁၈. ကိုယ့္ရဲ႕ ထင္ၿမင္ခ်က္ ကို ရဲရဲ တင္းတင္းေၿပာပါ။
အားနာလို႔ မေၿပာခဲ့တဲ့ စကားေတြေၾကာင့္ ခံခဲ့ရေပါင္းလဲ မနည္းေတာ့ပါ။ တခါ တေလေတာ့ စိတ္ထဲမွာ ရွိတဲ့
အတိုင္း ရဲရဲတင္းတင္း သာ ေၿပာလိုက္ပါ။
၁၉. ပံုလည္း ဆဲြၾကည့္ပါ။
ကိုယ္နဲ႔ ဆႏၵေတြ၊ ရင္ထဲမွာ ခံစားေနရတာေတြ ကို စာမဟုတ္ ပဲ ပံုဆဲြၿပီး သရုပ္ေဖာ္ၾကည့္ပါ။ အေတြးအေခၚ အသစ္ေတြ လည္း ရလာႏုိင္ပါတယ္။
၂၀. ယံုၾကည္ခ်က္ေတြ ဆံုးရွုံး သြားမဲ့ေနရာ ကို
ပစ္ထားလိုက္ပါ။
ကိုယ့္ရဲ႕ ယံုၾကည္ခ်က္ေတြ ဆံုးရွုံးသြားေစမဲ့ေနရာ ကေန ၿမန္ၿမန္ ထြက္ခြာ သြားႏုိင္ေအာင္ ၾကိဳးစားပါ။ မေကာင္းတဲ့ေနရာမွာ ရွိေနလို႕လဲ ဘာမွ ထူးလာမွာ မဟုတ္ပါ။
၂၁. စြန္႔စားၾကည့္ပါ။
မ်ားတယ္။ နည္းတယ္ ။ၾကီးတယ္ ။ေသးတယ္ မဆိုင္ပါ။ကိုယ္က လုပ္ခ်င္တယ္ လို႔ေတြးထားတဲ့ အရာကို
စြန္းစားၿပီး လုပ္ၾကည့္ပါ။ ေအာင္ၿမင္တာ မေအာင္ၿမင္တာ ထက္ အေတြ႔ အၾကံဳေကာင္းေတြ
အမ်ားၾကီး ရပါ လိမ့္မယ္။
၂၂. ပိုက္ဆံ နည္းနည္း စုပါ။
ဘဝမွာ ဘာၿဖစ္လာမလဲ ဆိုတာကို ဘုရားမွ လဲြ၍ ဘယ္သူမွ မသိႏုိင္ပါ။ တခုခုၿဖစ္ရင္ သံုးဖို႔ အတြက္ ပိုက္ဆံ ကို ေဆာင္ထားပါ။
၂၃. သူငယ္ခ်င္း ကို တန္ဖိုး ထားပါ။
အသက္ေတြ ရလာရင္ သူငယ္ခ်င္းရဲ႕တန္ဖိုး ကို သိလာ ပါလိမ့္မယ္။ သူငယ္ခ်င္းေတြ ကလည္း ကူညီေပး ပါလိမ့္မယ္။
.၂၄. Facebook သံုးေနတဲ့ အခ်ိန္ကို ေလွ်ာ့ပါ။
ဘာရယ္လို႔ မဟုတ္ Facebook ဖြင့္ၾကည့္ၿပီး အခ်ိန္ေတြၿဖဳန္းေနတဲ့ သူေတြ အမ်ားၾကီးပါ။ သတိထားပါ။
၂၅. သူတပါး ရဲ႕ ေအာင္ၿမင္မူ ကို အားေပးပါ။
သူငယ္ခ်င္း ပဲၿဖစ္ၿဖစ္ လုပ္ေဖာ္ကိုင္ဖက္ ပဲၿဖစ္ၿဖစ္ သူ႕ရဲ႕ေအာင္ၿမင္မူ အတြက္ ဂုဏ္ယူပါ။ အားေပးပါ။ မနာလို မၿဖစ္ပါနဲ႔။ သူေတာ္ လို႔ ေအာင္ၿမင္ တာပါ။ သူေအာင္ၿမင္တာ ကို အားမေပးႏုိင္တဲ့ စိတ္ဓာတ္ရွိရင္
ကိုယ္႔ အတြက္ ဆိုရင္လည္း အားေပးမယ့္သူ ရွိမည္မဟုတ္ပါ။
၂၆. ကိုယ္႔ အတြက္ အေရးၾကီးေသာ သူအတြက္အခ်ိန္ေပးပါ။
ကိုယ္႔ရဲ႕အေရးၾကီးေသာ သူအတြက္ အခ်ိန္ေလး ကို တေန႔ နည္းနည္းေပးပါ။
၂၇. အခ်စ္ဆံုး သူငယ္ခ်င္း နဲ႕ ဟက္ဟက္ ပက္ပက္ ရယ္လိုက္ပါ။
အခ်စ္ဆံုး သူငယ္ခ်င္း နဲ႔ေတြ႔ၿပီး ေက်ာင္းတုန္းက အေၾကာင္းပဲၿဖစ္ၿဖစ္ ေၿပာခ်င္ တာေတြကို ေၿပာၿပီး ေပ်ာ္ေပ်ာ္ ရႊင္ရႊင္ လြတ္လြတ္ လပ္လပ္ေနလိုက္ပါ။
ခရက္ဒစ္
ယူနီကုတ္
ယခုချက်ချင်း လုပ်သင့်သော ဘဝ အတွက် (၂၇ ) ချက်
နောင်တ ဆိုတာ နောင်မှ တရ တယ်လို့ ဆိုစကား ကို လူကြီးတွေ ဆိုတာ ကြားဖူးပါတယ်။ဒီစကား အတိုင်းမဖြစ်ချင် ရင်တော့ ယခု ချက်ချင်း လုပ်သင့်သော ၂၇ချက် ကို လုပ်သင့်တယ် လို့ထင် ပါတယ်။
၁. ထမင်းစားနေချိန် မှာ ဖုန်းကို ခဏမေ့ထားပါ။
သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ် အိမ်မှာ ပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံး နဲ့ အချိန်ကုန် မနေဘူးလား။ မိသားစု အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ အတွက် ဖုန်းကို ဘေးချ ထားလိုက်ပါ။
၂. ကီး မကိုက်တဲ့ သူငယ်ချင်းတွေ နဲ့ အဆက် အသွယ်ဖြတ်ပါ။
သူတို့ နဲ့ အတူတူ သွားလာချိန်မှာ မပျော် ရင်တော့ သူတို့ကို အဆက်ဖြတ်ပါ။ သင့်မှာ အချိန် ဆိုတာက အကန့်အသတ် မရှိသလို အားနာနေဖို့ လည်း မလိုပါဘူး။ ကိုယ့် အတွက် အရေးကြီး တဲ့သူတွေ အတွက် အချိန် ကို အလေးပေးပါ။
၃. မနက်စောစော ထပြီး တခုခု လုပ်ပါ။
နေ့တိုင်း အလုပ်တွေ များပြီး ကိုယ့်ရဲ့အချိန်ကော ရှိရဲ့လား။ မနက်စောစော ထပြီး တိတ်ဆိတ်နေ တဲ့ ပတ်ဝန်းကျင် ကို အသုံးချပြီး ကိုယ်လုပ်ချင်တာ ကို လုပ်ပါ။
၄. ငြင်းသင့်ရင် ငြင်းပါ။
မလုပ်ချင်တဲ့ အလုပ်(သို့) ကိစ္စကို မလုပ်ချင်တဲ့ အခါ သတ္တိ ရှိရှိ ငြင်းလိုက်ပါ။ မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရင် အဖြေ ကတော့ ပြောစရာ မလိုပါ။
၅. နေ့တိုင်း စိတ်သစ် ကိုယ်သစ် နဲ့နေပါ။
အတိတ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို အတိတ် မှာသာ ထားခဲ့ပါ။ အတိတ် က အကြောင်းတွေ ကို အတွေး လွန်ရင် မျက်စိရှေ့မှာ ရှိတဲ့ အခွင့်အရေး ကို လက်လွတ် သွားနိုင်ပါတယ်။
၆. မိသားစု ကို ကျေးဇူးတင်ကြောင်း ပြောပါ။
မိသားစု ကို ကျေးဇူးတင် စကား ပြောခဲ့တာ ဘယ်တုန်း ကလဲ။ ပြောရ မှာ ရှက်ပေမယ့် တတ်နိုင် သလောက် ပြောနိုင်အောင် ကြိုးစားပါ။
၇. ဓါတ်ပုံ ကို ကူးပါ။
ဖုန်း ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေ ကို ဖုန်းထဲ မှာပဲ မသိမ်းထား ပဲနဲ့ ဓါတ်ပုံ ကူးပြီး ဓါတ်ပုံ စာအုပ်ထဲမှာ ထည့်ပြီး သိမ်းထားပါ။ အသက်ကြီး လာတဲ့အခါ မှာ သင့်အတွက် အရေးကြီး တဲ့ အရာ တခုဖြစ်လာ ပါလိမ့်မယ်။
၈. ဆုံးဖြတ်တဲ့ အခါ စိတ်ရှင်းရှင်း နဲ့ လိုချင်တာ ကို ရွေးပါ။
ဘဝမှာ ဆုံးဖြတ်ရ ခက်မဲ့ ကိစ္စတွေ ကို အများကြီး ကြုံရမှာပါ။ အဲဒီ အခါမှာ ကိုယ်က လုပ်ချင်တဲ့ အရာကို
စိတ်ရှင်းရှင်း နဲ့ ရွေးချယ်ပါ။ စဉ်းစားသင့်တာ ထက် ပိုပြီး စဉ်းစား ဆုံးဖြတ်ရင် နောင်တ ရတတ်ပါတယ်။
၉. ကျောင်း က မိတ်ဆုံပွဲတွေ ကို မသွားပါနဲ့။
အဲဒီလောက် လဲ မခင်ခဲ့တဲ့ သူတွေနဲ့တွေ့လည်း အချိန် ကုန်တာပဲ အဖတ်တင် ပါတယ်။ ကိုယ့်အတွက်
တန်ဖိုး ထားရမယ့် သူတွေက ဘယ်သူလဲ ဆိုတာ တွေးပါ။
၁၀. မိသားစု ဓါတ်ပုံ ရိုက်ပါ။
မိသားစုဝင်တွေ စုဖြစ်ရင် ဓါတ်ပုံရိုက်ဖို့မမေ့ပါနဲ့။ သင့် အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာ တစ်ခု အနေဖြင့် ကျန်ခဲ့မှာပါ။
၁၁. လုပ်မယ် ဆိုရင် ဆုံးသည့် တိုင်အောင်လုပ်ပါ။ ဒီ အလုပ် ကို လုပ်မယ် လို့ ဆုံးဖြတ်လိုက်ရင် လက်တွေ့လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ပါ။ ဘယ်လောက် ပဲ အခက် အခဲတွေေ တွ့တွေ့အောင်မြင်ပါ လိမ့်မယ်။
၁၂. ပိတ်ရက် မှာ ကောင်းကောင်း နားပါ။
ပိတ်ရက် မှာ အချိန်က ဘယ်လို ကုန်သွားမှန်း ကိုသိမှာ မဟုတ်ပါ။ မလိုအပ်တဲ့ သတင်းတွေ၊ ဖုန်းတွေ ကို ပိတ်ပြီး နားအေး ပါးအေး နားလိုက်ပါ။
၁၃. အသုံးအဆောင် ပစ္စည်းတွေ ကို တန်ဖိုးထားပါ။
ကိုယ်ကြိုက်လို့ ဝယ်ထားပြီး သုံးနေတဲ့ ပစ္စည်းလေးတွေ ကိုသပ်သပ် ရပ်ရပ် သုံးပါ။ မလိုအပ်တဲ့ ပစ္စည်းတွေ ကိုတော့ ဘာမှ မထားပါနဲ့။
၁၄. ကျန်းမာရေး ကို ဂရုစိုက်ပါ။
ကျန်းမာမှ သာလျှင် လုပ်ချင်တာ ကို လုပ်လို့ရ ပါလိမ့်မယ်။
၁၅. ရာထူး တိုးအောင်လည်း ပြောပါ။
ကြိုးစားထား တဲ့ အလုပ်တခု အတွက် ကိုယ့်မှာ ခံစားခွင့် ရှိတယ်လို့ထင်တယ် ဆိုရင် သတ္တိရှိရှိ အထက် ကို တောင်းဆို သင့်ပါတယ်။
၁၆. ပတ်ဝန်းကျင် နဲ့ ထိတွေ့နိုင်မဲ့နေရာ ကို ထားပါ။
အိမ်မှာ ပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာ ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့အမြဲ ထိတွေ့နေနိုင်မဲ့နေရာ ကို ရှိအောင်လုပ်ပါ။
၁၇. ခရီးသွား ရင် ကပ်စီး မနဲပါနဲ့။
ကိုယ်က အရမ်းသွားချင်တဲ့ ခရီးမှာ ပိုက်ဆံ ကို ချွေတာနေတဲ့ အလုပ်ကို မလုပ်ပါနဲ့။ပိုက်ဆံ ထက် တန်ဖိုးရှိမယ့် အရာကို သင်ပိုင်ဆိုင်နိုင် ပါလိမ့်မယ်။
၁၈. ကိုယ့်ရဲ့ ထင်မြင်ချက် ကို ရဲရဲ တင်းတင်းပြောပါ။
အားနာလို့ မပြောခဲ့တဲ့ စကားတွေကြောင့် ခံခဲ့ရပေါင်းလဲ မနည်းတော့ပါ။ တခါ တလေတော့ စိတ်ထဲမှာ ရှိတဲ့
အတိုင်း ရဲရဲတင်းတင်း သာ ပြောလိုက်ပါ။
၁၉. ပုံလည်း ဆွဲကြည့်ပါ။
ကိုယ်နဲ့ ဆန္ဒတွေ၊ ရင်ထဲမှာ ခံစားနေရတာတွေ ကို စာမဟုတ် ပဲ ပုံဆွဲပြီး သရုပ်ဖော်ကြည့်ပါ။ အတွေးအခေါ် အသစ်တွေ လည်း ရလာနိုင်ပါတယ်။
၂၀. ယုံကြည်ချက်တွေ ဆုံးရှုံး သွားမဲ့နေရာ ကို
ပစ်ထားလိုက်ပါ။
ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ဆုံးရှုံးသွားစေမဲ့နေရာ ကနေ မြန်မြန် ထွက်ခွာ သွားနိုင်အောင် ကြိုးစားပါ။ မကောင်းတဲ့နေရာမှာ ရှိနေလို့လဲ ဘာမှ ထူးလာမှာ မဟုတ်ပါ။
၂၁. စွန့်စားကြည့်ပါ။
များတယ်။ နည်းတယ် ။ကြီးတယ် ။သေးတယ် မဆိုင်ပါ။ကိုယ်က လုပ်ချင်တယ် လို့တွေးထားတဲ့ အရာကို
စွန်းစားပြီး လုပ်ကြည့်ပါ။ အောင်မြင်တာ မအောင်မြင်တာ ထက် အတွေ့ အကြုံကောင်းတွေ
အများကြီး ရပါ လိမ့်မယ်။
၂၂. ပိုက်ဆံ နည်းနည်း စုပါ။
ဘဝမှာ ဘာဖြစ်လာမလဲ ဆိုတာကို ဘုရားမှ လွဲ၍ ဘယ်သူမှ မသိနိုင်ပါ။ တခုခုဖြစ်ရင် သုံးဖို့ အတွက် ပိုက်ဆံ ကို ဆောင်ထားပါ။
၂၃. သူငယ်ချင်း ကို တန်ဖိုး ထားပါ။
အသက်တွေ ရလာရင် သူငယ်ချင်းရဲ့တန်ဖိုး ကို သိလာ ပါလိမ့်မယ်။ သူငယ်ချင်းတွေ ကလည်း ကူညီပေး ပါလိမ့်မယ်။
၂၄. Facebook သုံးနေတဲ့ အချိန်ကို လျှော့ပါ။
ဘာရယ်လို့ မဟုတ် Facebook ဖွင့်ကြည့်ပြီး အချိန်တွေဖြုန်းနေတဲ့ သူတွေ အများကြီးပါ။ သတိထားပါ။
၂၅. သူတပါး ရဲ့ အောင်မြင်မူ ကို အားပေးပါ။
သူငယ်ချင်း ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် ပဲဖြစ်ဖြစ် သူ့ရဲ့အောင်မြင်မူ အတွက် ဂုဏ်ယူပါ။ အားပေးပါ။ မနာလို မဖြစ်ပါနဲ့။ သူတော် လို့ အောင်မြင် တာပါ။ သူအောင်မြင်တာ ကို အားမပေးနိုင်တဲ့ စိတ်ဓာတ်ရှိရင်
ကိုယ့် အတွက် ဆိုရင်လည်း အားပေးမယ့်သူ ရှိမည်မဟုတ်ပါ။
၂၆. ကိုယ့် အတွက် အရေးကြီးသော သူအတွက်အချိန်ပေးပါ။
ကိုယ့်ရဲ့အရေးကြီးသော သူအတွက် အချိန်လေး ကို တနေ့ နည်းနည်းပေးပါ။
၂၇. အချစ်ဆုံး သူငယ်ချင်း နဲ့ ဟက်ဟက် ပက်ပက် ရယ်လိုက်ပါ။
အချစ်ဆုံး သူငယ်ချင်း နဲ့တွေ့ပြီး ကျောင်းတုန်းက အကြောင်းပဲဖြစ်ဖြစ် ပြောချင် တာတွေကို ပြောပြီး ပျော်ပျော် ရွှင်ရွှင် လွတ်လွတ် လပ်လပ်နေလိုက်ပါ။
No Comments