
တစ္သက္ မွာတစ္ ခါ ဖူးေျမာ္ဖို႔ကို ခဲယဥ္းလွသည္႔ ဗုဒၶျမတ္စြာဘုရားရဲ႕ အံေတာ္
တစ္သက္မွာတစ္ခါ ဖူးေျမွာ္ဖို႕ ခဲယဥ္းလွတ့ဲ ဗုဒၶျမတ္စြာဘုရားရဲ႕ အံေတာ္ကိုဖူးလိုက္ပါကံထူးလို့ဖ်ာပုံသူဖ်ာပုံသား မ်ား ႏွင့္ ျမန္မာ တစ္ျပည္လုံးမွာ႐ွိတဲ့ ဖူးခ်ိန္တန္ ဖူးထုိက္လုိ႔.ဖူးေမ်ွာ္ခြင့္ရလုိ႔ ထင္ပါၿပီ။
ကြၽန္ေတာ္ကေလးဘဝတည္း က ဘုိးဘုိး ၊ဘြားဘြား၊ဘုိေဘး အစဥ္အဆက္ကတည္း က ဖ်ာပုံမွာ ဗုဒၶျမတ္စြာဘုရား အံ့ေတာ္ ႏွင့္ ဆံေတာ္တစ္ ဆူ ကိမ္းဝပ္ေနတယ္ လုိ႔ သိခဲ့ရပါတယ္။
ဗုဒၶျမတ္စြာဘုရားရဲ႕ အံေတာ္
ေရွးေဟာင္းသမုိင္းအစဥ္ အလား အရ ေ႐ွးက်တဲ့ ျမဳိ့ေတြက အမည္ႏွစ္လုံးတည္း နဲ႔ အမည္ေပးခဲ့တဲ့ တခ်ိန္ကမြန္ေဒသေတြေပါ့။ ပုဂံ၊ရန္ကုန္၊တြံေတး၊ဒလ၊သထုံ၊ဖ်ာပုံ၊ပုသိမ္၊စတဲ့ ေ႐ွးက်တဲ့ ျမဳိ့ေတြ 1အမ်ားႀကီးေပါ့။
အဲအထဲမွာ မြန္ဘုရင္မ်ား အဆက္ဆက္ အုပ္စုိးခဲ့တဲ့ ဖ်ာ ပုင္း ဆုိတဲ့ ထမင္းေစ်းျမဳိ့ကေလး တစ္ခုလည္း ပါဝင္ခဲ့တာေပါ့။က်ဳိက္ပတုိင္း ေစတီေတာ္ျမတ္ႀကီးကုိ ျမန္မာ သကၠရာဇ္(၆၀၀)ခုႏွစ္မွာ တည္ထားကုိး ကြယ္ခဲ့တယ္။
လုပ္ဥကုန္က်ဳိက္ခမြမ္ ေစတီေတာ္ကုိ ျမန္မာ သကၠရာဇ္ ၉၀၀)ခုႏွစ္ မွာ တည္ထားကုိးကြယ္ခဲ့ပါတယ္။ျမန္မာတစ္ႏုိင္ငံ လုံးမွာ ႐ွိတဲ့ ျမဳိ့ေပါင္းမ်ားစြာမွာခေရပင္ေဇာက္ထုိးပါက္တဲ့ ျမဳိ့ဆုိလုိ႔ ဖ်ာပုံျမဳိ့ တစ္ျမဳိ့ပါဘဲ။
ဖ်ာပုံက ေ႐ွးဘုရင္ေတြ အဆက္ဆက္ အုပ္စုိးခဲ့စဥ္ က ရန္ကုန္၊ဒလ အပုိင္းေပါ့။ဖ်ာပုံကုိ မြန္ဘုရင္အဆက္ဆက္ က ေအာင္ေျမလုိ႔ သက္မွတ္ခဲ့ၾကတယ္၊ယုံၾကည္ခဲ့ၾကတယ္။
ဖ်ာပုံကုိ မင္းေဘးေရေဘးအစ႐ွိတဲ့ ေဘးအနၱရာယ္အေပါင္းမွ ကင္းလြတ္ေစရန္ ကင္းေဝးေစရန္အတြက္ ေ႐ွ႕ထုံးနန္းစဥ္လာအရ။ဖ်ာပုံကုိ အလယ္တည့္တည့္ထား ၍ ကုိးနဝင္း႐ုိက္ၿပီး တည္ခဲ့ပါတယ္ေလ။
ဖ်ာပုံကုိ ဗဟုိျပဳၿပီး ဖ်ာပုံပတ္ပတ္လည္မွာ ႀကီးနဲ႔ဆုံးတဲ့ ရြာႀကီး (၉)ရြာ၊ ေလးနဲ႔ ဆုံးတဲ့ ရြာႀကီး(၉)ရြာ ပတ္ကာဝုိင္းလုိ႔တည္ခဲ့တာပါ။
ဥပမါအေနနဲ႔ေျပာျပရင္…..သလိတ္ႀကီး၊သလိတ္ကေလး။အျခားႀကီး အျခာေလး၊မေငးႀကီး၊မေငးေလး၊စေသာ အဲဒိလုိလုိိ ႀကီး နဲ႔ဆုံး ေလးနဲ႔ ဆုံးတဲ့ ရြာေတြ ေပါ့။
ေ႐ွ႕အဆက္ဆက္ မြန္ အေခၚအေခါေတြက ယေန႔အခ်ိန္က်န္ရစ္ေနဆဲပါ။ေ႐ွ႕ဘက္ကမ္း၊အေနာက္ဘက္ကမ္းေပါ့။အခုအေ႐ွ႕ဘက္ကမ္းဆုိတာက မြန္ျပည္နယ္ ေရး စတဲ့ေနရာကုိေခၚေဝၚသမုတ္ခဲ့တာေပါ့၊
အေနာက္ဘက္ကမ္း ဆုိတာက ယခု ဖ်ာပုံျမဳိ့ကုိ အေနာက္ဘက္ကမ္းလုိ႔ ေခၚေဝါ သမုတ္ခဲ့တာပါ။ သမုိင္းကုိ ခဏေလး ထားလုိက္ပါေတာ့ ႐ွည္သြားမွာဆုိးလုိပါ။ အဲဒီ အခ်ိန္မ္တုိင္ကတည္း က ဖ်ာပုံ မွာ ျမတ္စြာဘုရားအံေတာ္ႏွင့္ ဆံေတာ္ တစ္ဆူ ကိမ္းဝပ္ခဲ့တယ္ သမုိင္း႐ွိ ခဲ့တယ္၊၊ အဲဒီသမုိင္း က ျဖစ္ႏုိင္ေျခ႐ွိတယ္ ။
ဘယ္ေၾကာင့္လည္းဆုိေတာ့့ ျဖစ္ႏုိင္ေျခ ႐ွိတယ္ ။ပင္လယ္ လမ္းေၾကာင္းက ေနၿပီး ျမတ္စြာဘုရား ဆံေတာ္ ပင့္ခဲ့တာေလ။ ခုုဖ်ာပုံ ေကာ့မႉး-တြံေတး -ဒလ လမ္းတေလ်ာက္မွာေ႐ွ႕ေဟာင္းေစတီေတြ အေျမာက္အမ်ား၊အဲဒိလမ္းအတုိင္း မွာ ႐ွိတဲ့ ဆံေတာ္ၾကဳိေစတီေတာ္ ႐ွိတယ္တယ္ေ လတြံေတး မွာေပါ့။
ထားလုိက္ပါေတာ့ အခုဖ်ာပုံမွာ ႐ွိတဲ့ အံေတာ္က ျမတတ္စြာဘုရား အံေတာ္လုိ သိရတယ္။ဖ်ာပုံမွာ ကိမ္းဝပ္ေနတာ ႏွစ္ေပါင္း ရာေပါင္းမက ကိမ္းဝပ္ေနတာ ပါ။
အံေတာ္ ဘယ္ကႂကြလာလည္း ဆုိေတာ့ ရေသႀကီးတစ္ပါး က ယခု သရက္္ျမဳိ့နယ္ေပါ့့။အဲဒိအခ်ိန္တုန္းကေတာ့ ေတာႀကီးျဖစ္္ေနရင္ ျဖစ္ေနမွာပါ။
အဲဒိျမဳိ့အပုိင္ ရြာကေလးတစ္ရြာွ ေတာထဲ တရားထုိင္အားထုတ္ေနစဥ္ ေတာ္နက္ထဲမွာ ႐ွိတဲ့ ထုံးျဖဳေစတီ အပ်က္ႀကီးထဲကေန ေရာင္ေတာ္ေတြ ကြန္႔ျမဴးေနလုိ႔ရေသႀကီးတစ္ပါးကပင့္ေဆာင္ပူေဇာ္ခဲ့ရာ ဖ်ာပုံ ယခုမင္းေက်ာင္း၊ သုိသုိိသိပ္သိပ္
ကိမ္းဝတ္ေတာ္မူခဲ့ပါတယ္။ေခတ္္အဆက္ဆက္္ မသမားသူေတြရဲ႕ ခုိးယူလုယက္မႈေတြ ခံခဲ့ရမည္စုိးးရိမ္္ေသာေၾကာင ့္္ ေ႐ွးဘုရင္မ်ားနဲ႔ ရေသ့ ဆရာေတာ္ႀကီးမ်ားအဆက္္ ဆက္ လုံျခဳုံစိတ္ခ်ေသာ ေနရာေတြေျပာင္္းေရြ႔ကိမ္္းဝပ္ ပူေဇာ္္ခဲ့ၾကပါတယ္္။
ယခုဖ်ာပုံျမဳိ့့ ေခ်ာင္္းတြင္းေက်းရြာ ျမတ္ဘုန္းပြင့္ျမတ္စြာဘုရား ႀကီး ပရဝန္း၌ သမုိင္းအရ ဖ်ာပုုံမင္းေက်ာင္း မွ ေျပာင္းေရြ႔ ကိမ္းဝပ္ေတာ္မူေနသည္မွာ နစ္ေပါင္းရာခ်ီေနပါၿပီ။ ယေန႔ ဘုန္းဘုန္္းေလ်ာက္ထားၿပီး ဓာတ္ပုံ႐ုိက္ခြင့္ ပူေဇာ္ခြင့္ ေတာင္းခဲ့ပါတယ္။
သမုိင္းသုေသန ဦးစီးဌာန မွလည္္း အံေတာ္အစစ္ မဟုတ္မဟုတ္သုေတသနလုပ္္ေပးေစခ်င္ပါတယ အံေတာ္အစစ္ျဖစ္္ပါကလည္း နစ္ရာေထာင္ခ်ီကိန္းဝပ္ေနေသာ ဖ်ာပုံျမဳိ့ကေလးမွာေနာင္လာေနာင္သားမ်ားသာသနာျပဳႏုိင္ေရးအတြက္ စဥ္းစားေပးပါရန္။
ဓာတ္ပုံမွတ္တမ္္းနင့္တကြ ပူေဇာ္ဖူးေမ်ွာ္ခြင့္ရႏုိင္ရန္အတြက္ တင္ေပးလုိိက္ပါတယ္။ဆရာေတာ္ႀကီးရဲ႕ ခြင့္ျပဳခ်က္ အရ ကြၽန္ေတာ္ရဲ႕ ဖူးေမ်ွာ္ခြင့္ ရတဲ့ အခ်ိန္ ကံစပ္လုိ႔ သမုိင္းတစ္ခုကုိ ေဖာ္ထုတ္ခဲ့ႏုိင္ပါၿပီ။ အတည္ျပဳဖုိ႔ကသမုိိင္းသုေတသန ကပါ။
ဆက္လက္ၿပီး ေ႐ွ႕ေဟာင္း သမုိင္းဝင္ေတြ ဆက္လက္ေဖာ္ျပပါမည္
Credit
Unicode
တစ်သက် မှာတစ် ခါ ဖူးမြော်ဖို့ကို ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်
တစ်သက်မှာတစ်ခါ ဖူးမြှော်ဖို့ ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ကိုဖူးလိုက်ပါကံထူးလို့ဖျာပုံသူဖျာပုံသား များ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့.ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။
ကျွန်တော်ကလေးဘဝတည်း က ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်း က ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံ့တော် နှင့် ဆံတော်တစ် ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်
ရှေးဟောင်းသမိုင်းအစဉ် အလား အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်ကမွန်ဒေသတွေပေါ့။ ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ 1အများကြီးပေါ့။
အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာ ပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ကျိုက်ပတိုင်း စေတီတော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ်။
လုပ်ဥကုန်ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် ၉၀၀)ခုနှစ် မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။မြန်မာတစ်နိုင်ငံ လုံးမှာ ရှိတဲ့ မြို့ပေါင်းများစွာမှာခရေပင်ဇောက်ထိုးပါက်တဲ့ မြို့ဆိုလို့ ဖျာပုံမြို့ တစ်မြို့ပါဘဲ။
ဖျာပုံက ရှေးဘုရင်တွေ အဆက်ဆက် အုပ်စိုးခဲ့စဉ် က ရန်ကုန်၊ဒလ အပိုင်းပေါ့။ဖျာပုံကို မွန်ဘုရင်အဆက်ဆက် က အောင်မြေလို့ သက်မှတ်ခဲ့ကြတယ်၊ယုံကြည်ခဲ့ကြတယ်။
ဖျာပုံကို မင်းဘေးရေဘေးအစရှိတဲ့ ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် ကင်းဝေးစေရန်အတွက် ရှေ့ထုံးနန်းစဉ်လာအရ။ဖျာပုံကို အလယ်တည့်တည့်ထား ၍ ကိုးနဝင်းရိုက်ပြီး တည်ခဲ့ပါတယ်လေ။
ဖျာပုံကို ဗဟိုပြုပြီး ဖျာပုံပတ်ပတ်လည်မှာ ကြီးနဲ့ဆုံးတဲ့ ရွာကြီး (၉)ရွာ၊ လေးနဲ့ ဆုံးတဲ့ ရွာကြီး(၉)ရွာ ပတ်ကာဝိုင်းလို့တည်ခဲ့တာပါ။
ဥပမါအနေနဲ့ပြောပြရင်…..သလိတ်ကြီး၊သလိတ်ကလေး။အခြားကြီး အခြာလေး၊မငေးကြီး၊မငေးလေး၊စသော အဲဒိလိုလို ကြီး နဲ့ဆုံး လေးနဲ့ ဆုံးတဲ့ ရွာတွေ ပေါ့။
ရှေ့အဆက်ဆက် မွန် အခေါ်အခေါတွေက ယနေ့အချိန်ကျန်ရစ်နေဆဲပါ။ရှေ့ဘက်ကမ်း၊အနောက်ဘက်ကမ်းပေါ့။အခုအရှေ့ဘက်ကမ်းဆိုတာက မွန်ပြည်နယ် ရေး စတဲ့နေရာကိုခေါ်ဝေါ်သမုတ်ခဲ့တာပေါ့၊
အနောက်ဘက်ကမ်း ဆိုတာက ယခု ဖျာပုံမြို့ကို အနောက်ဘက်ကမ်းလို့ ခေါ်ဝေါ သမုတ်ခဲ့တာပါ။ သမိုင်းကို ခဏလေး ထားလိုက်ပါတော့ ရှည်သွားမှာဆိုးလိုပါ။ အဲဒီ အချိန်မ်တိုင်ကတည်း က ဖျာပုံ မှာ မြတ်စွာဘုရားအံတော်နှင့် ဆံတော် တစ်ဆူ ကိမ်းဝပ်ခဲ့တယ် သမိုင်းရှိ ခဲ့တယ်၊၊ အဲဒီသမိုင်း က ဖြစ်နိုင်ခြေရှိတယ် ။
ဘယ်ကြောင့်လည်းဆိုတော့ ဖြစ်နိုင်ခြေ ရှိတယ် ။ပင်လယ် လမ်းကြောင်းက နေပြီး မြတ်စွာဘုရား ဆံတော် ပင့်ခဲ့တာလေ။ ခုဖျာပုံ ကော့မှူး-တွံတေး -ဒလ လမ်းတလျောက်မှာရှေ့ဟောင်းစေတီတွေ အမြောက်အများ၊အဲဒိလမ်းအတိုင်း မှာ ရှိတဲ့ ဆံတော်ကြိုစေတီတော် ရှိတယ်တယ်ေ လတွံတေး မှာပေါ့။
ထားလိုက်ပါတော့ အခုဖျာပုံမှာ ရှိတဲ့ အံတော်က မြတတ်စွာဘုရား အံတော်လို သိရတယ်။ဖျာပုံမှာ ကိမ်းဝပ်နေတာ နှစ်ပေါင်း ရာပေါင်းမက ကိမ်းဝပ်နေတာ ပါ။
အံတော် ဘယ်ကကြွလာလည်း ဆိုတော့ ရသေကြီးတစ်ပါး က ယခု သရက်မြို့နယ်ပေါ့။အဲဒိအချိန်တုန်းကတော့ တောကြီးဖြစ်နေရင် ဖြစ်နေမှာပါ။
အဲဒိမြို့အပိုင် ရွာကလေးတစ်ရွာှ တောထဲ တရားထိုင်အားထုတ်နေစဉ် တော်နက်ထဲမှာ ရှိတဲ့ ထုံးဖြုစေတီ အပျက်ကြီးထဲကနေ ရောင်တော်တွေ ကွန့်မြူးနေလို့ရသေကြီးတစ်ပါးကပင့်ဆောင်ပူဇော်ခဲ့ရာ ဖျာပုံ ယခုမင်းကျောင်း၊ သိုသိုသိပ်သိပ်
ကိမ်းဝတ်တော်မူခဲ့ပါတယ်။ခေတ်အဆက်ဆက် မသမားသူတွေရဲ့ ခိုးယူလုယက်မှုတွေ ခံခဲ့ရမည်စိုးးရိမ်သောကြောင ့်် ရှေးဘုရင်များနဲ့ ရသေ့ ဆရာတော်ကြီးများအဆက် ဆက် လုံခြုုံစိတ်ချသော နေရာတွေပြောင်းရွေ့ကိမ်းဝပ် ပူဇော်ခဲ့ကြပါတယ်။
ယခုဖျာပုံမြို့ ချောင်းတွင်းကျေးရွာ မြတ်ဘုန်းပွင့်မြတ်စွာဘုရား ကြီး ပရဝန်း၌ သမိုင်းအရ ဖျာပုံမင်းကျောင်း မှ ပြောင်းရွေ့ ကိမ်းဝပ်တော်မူနေသည်မှာ နစ်ပေါင်းရာချီနေပါပြီ။ ယနေ့ ဘုန်းဘုန်းလျောက်ထားပြီး ဓာတ်ပုံရိုက်ခွင့် ပူဇော်ခွင့် တောင်းခဲ့ပါတယ်။
သမိုင်းသုသေန ဦးစီးဌာန မှလည်း အံတော်အစစ် မဟုတ်မဟုတ်သုတေသနလုပ်ပေးစေချင်ပါတယ အံတော်အစစ်ဖြစ်ပါကလည်း နစ်ရာထောင်ချီကိန်းဝပ်နေသော ဖျာပုံမြို့ကလေးမှာနောင်လာနောင်သားများသာသနာပြုနိုင်ရေးအတွက် စဉ်းစားပေးပါရန်။
ဓာတ်ပုံမှတ်တမ်းနင့်တကွ ပူဇော်ဖူးမျှော်ခွင့်ရနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်။ဆရာတော်ကြီးရဲ့ ခွင့်ပြုချက် အရ ကျွန်တော်ရဲ့ ဖူးမျှော်ခွင့် ရတဲ့ အချိန် ကံစပ်လို့ သမိုင်းတစ်ခုကို ဖော်ထုတ်ခဲ့နိုင်ပါပြီ။ အတည်ပြုဖို့ကသမိုင်းသုတေသန ကပါ။
ဆက်လက်ပြီး ရှေ့ဟောင်း သမိုင်းဝင်တွေ ဆက်လက်ဖော်ပြပါမည်
No Comments