မိန္းကေလး တေယာက္အတြက္ အေရးႀကီးေသာ အရာ - Amawpyay

မိန္းကေလး တေယာက္အတြက္ အေရးႀကီးေသာ အရာ

မိန္းကေလး တေယာက္အတြက္ အေရးႀကီးေသာ အရာ
Life Style

မိန္းကေလး တေယာက္အတြက္ အေရးႀကီးေသာ အရာ

ခိုးေျပးလို႔ လက္ထပ္ရတဲ့ မိန္းကေလး တေယာက္ တန္ဖိုးနဲ႔ တင့္ေတာင္း တင့္တယ္ လူႀကီး စုံရာနဲ႔ တင္ေတာင္းခံရတဲ့ မိန္းကေလး တေယာက္တန္ဖိုး ဘယ္လိုမွ မတူႏိုင္ဘူး။

ပစၥည္းေတာင္မွ သူ႔တန္ဖိုး အေလ်ာက္ ေစ်းႀကီးေပးဝယ္ တာနဲ႔ ခိုးၿပီး အလကား ရတဲ့ ခိုးရာပစၥည္း တန္ဖိုး အသီးသီး ရွိတာပဲ ။

ေနာက္တခ်က္ ကိုယ့္ကို လာေတာင္းလို႔ ကိုယ့္ဘက္က သူနဲ႔ စည္းမေက်ာ္ထားဘူးဆို မိန္းကေလးဘက္က ကိုယ့္မိဘ မ်က္ႏွာ မငယ္ရဘူး ။

ခိုးေျပးၿပီးမွ ျပန္လာအပ္ရင္ ေယာက်ာ္းေလး ဘက္က ဘာေျပာေျပာ ကိုယ့္မိဘေတြ မ်က္ႏွာငယ္စြာ လက္ခံရေတာ့မယ္ ။ ကိုယ့္သမီးက စည္းေက်ာ္ၿပီးၿပီကိုး ။ သူ႔သားက ေလွကား သုံးထစ္ဆင္း လူပ်ိဳျပန္ျဖစ္ ႏိုင္ေပမယ့္ ကိုယ့္သမီးက အပ်ိဳ ျပန္မျဖစ္ႏိုင္ေတာ့ သလို ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္ထဲ ကိုယ့္သမီးကို မေမ်ာေစခ်င္ေတာ့ ကိုယ္ပဲ ေခါင္းငုံ႔ ခံရတာေပါ့ ။

ၿပီးေတာ့ ေနာက္တခ်က္ တသက္လုံး ေကြၽးေမြးလာတဲ့ မိဘေတြကို ပတ္ဝန္းက်င္က လက္ညႇိဳးထိုး ခံရမယ့္ အလုပ္မ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး ။

အဲ့ဒါေၾကာင့္ ဘယ္ေလာက္ပဲ ခ်စ္ပါေစ မိဘကို ဆန႔္က်င္ၿပီး ခိုးေျပးမယ့္ အလုပ္မ်ိဳး မလုပ္ဘဲ မိဘ သေဘာတူေအာင္ ႀကိဳးစားသင့္တယ္ ။

ေနာက္တခု ေျပာရရင္ အခုေခတ္မွာ living together ေတြ မ်ားလာတယ္ ။ ရည္းစား ဆိုတာနဲ႔ အဆင့္ေက်ာ္ၾကတယ္ ။ တကယ္ေတာ့ အဲ့ဒါေတြက အေနာက္တိုင္း ယဥ္ေက်းမႈေတြ ကိုယ္ေနတာက ျမန္မာျပည္ ။ ျမန္မာမိန္းကေလး တေယာက္ အေနနဲ႔ အရွက္သိကၡာကို ထိန္းသိမ္း သင့္တယ္ ။

Living together ေနၿပီး RS goals လို႔ ထင္ေနတဲ့ သူေတြေရာ ေနလိုက္ပါၿပီရဲ႕ ။ အာ့ တေယာက္နဲ႔ လက္မထပ္ျဖစ္ရင္ေရာ ေနာက္တေယာက္နဲ႔လား ။

အဲ့ဒါဆိုရင္ ဖာသည္မေတြနဲ႔ ဘာထူးေတာ့မလဲ ။ ဖာသည္မေတြေတာင္ ဘဝေပး အေျခအေန အရ လုပ္ေနရလို႔ ေျပာရရင္ သူတို႔ကေတာင္ ပိုသာပါတယ္ ။

မိန္းကေလးေတြ အေနနဲ႔ ဘယ္ေလာက္ ခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ ။ အရမ္းခ်စ္လို႔ ဘဝေပးၿပီး ခ်စ္တယ္ ဆိုတာ မလုပ္မိပါေစနဲ႔ ။

ကဲ ကိုယ္ ဘဝေပးခ်စ္ေတာ့ေရာ ကိုယ့္ကို တန္ဖိုးထားမယ္ ထင္သလား ။ No ပါ ။ ေယာက်ာ္း ဆိုတာမ်ိဳးက 10 မွာ 9 ေယာက္က မရခင္သာ လိုခ်င္တာ လက္တည့္ စမ္းခ်င္တာ ။ ရလို႔ ႐ိုးသြားရင္ ပစ္သြားတတ္တဲ့ လူေတြခ်ည္းပဲ ။ ေယာက်ာ္း အကုန္လုံးေတာ့ မဟုတ္ပါဘူး ။

ဒါေပမယ့္ ေကာင္းတဲ့ တေယာက္နဲ႔ ေတြ႕ႏိုင္မယ္ ထင္သလား ။ ကိုယ့္ကံ အာ့ေလာက္ေကာင္းမယ္လို႔ ယုံၾကည္ႏိုင္သလား ။ ကိုယ့္ စိတ္ေတာင္ အမ်ိဳးမ်ိဳးေျပာင္းေနတာ သူမ်ားစိတ္ကို ထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ပါဘူးေလ ။

ၿပီးေတာ့ ေယာက်ာ္းဆိုတာ ကိုယ္ကသာ လူပ်ိဳ စစ္ခ်င္မွ စစ္မယ္ ။ ကိုယ္ယူမယ့္ မိန္းကေလး ဆိုတာ အပ်ိဳစင္ ပဲ လိုခ်င္ၾကတာ ။ ငါ မပါဘူးလို႔ ေျပာမယ့္ ေယာက်ာ္းေတြ ရွိမွာပဲ ။ ဒါေပမယ့္ သူတို႔ေတြေတာင္ ကိုယ္ခ်စ္လို႔ ခြင့္လႊတ္တာ ျဖစ္ခ်င္ျဖစ္မယ္ ။ ျဖစ္ႏိုင္ရင္ ကိုယ္လက္ထပ္မယ့္သူ အပ်ိဳစင္ပဲ ျဖစ္ခ်င္ၾကတာပါ ။

ဟိုးအရင္ထဲက မိဘ ပုံစံခြက္ထဲ ႀကီးျပင္းလာတဲ့ ကြၽန္မ မိဘေတြကို ေက်းဇူးတင္တယ္ ။ တန္ဖိုးရွိတဲ့ အသိေတြ ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္ေအာင္ သင္ေပးခဲ့တဲ့ အတြက္ လက္မထပ္ခင္ ဘယ္ေတာ့မွ စည္းမေက်ာ္ရဘူး ဆိုတဲ့

အသိေတြ အရွက္ဆိုတာ အသက္ထက္ ပို တန္ဖိုးထား တတ္ေအာင္ သင္ေပးခဲ့တဲ့ အသိေတြ ကိုယ့္ကိုယ္ကိုေတာင္ တန္ဖိုးမထားရင္ ဘယ္သူမွ တန္ဖိုးထားမွ မဟုတ္ဘူးဆိုတာ ရင္ထဲစြဲေနေအာင္ ႐ိုက္သြင္းထားတယ္ ။

အပ်ိဳစင္ဘဝ ဆိုတာ ကိုယ့္ကို တန္ဖိုး ထားၿပီး တဘဝလုံး ေစာင့္ေရွာက္ေပးမယ့္ ကိုယ့္ကို လက္ထပ္ယူမယ့္ ေယာက်ာ္းတေယာက္အတြက္ ေပးရမယ့္ အရာတစ္ခုပါ ။ ပထမဆုံး အႀကိမ္ အတားအဆီးမရွိ ရလာမယ့္ ကေလးေလးကိုလဲ ႀကိဳဆိုေပးပါ ။

ေပ်ာ္႐ႊင္တဲ့ သိကၡာရွိတဲ့ မိသားစုေလး တခု ဖန္တီးေပးပါ ။

ေခတ္ေတြ ဘယ္လိုေျပာင္းေျပာင္း ကြၽန္မ အပါအဝင္ ကြၽန္မ ပတ္ဝန္းက်င္မွာ အာ့လို မိန္းကေလး အမ်ားႀကီး ရွိေနတာ ဂုဏ္ယူမိတယ္ ။

ကြၽန္မ post ေလးျမင္ၿပီး ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္တဲ့ မိန္းကေလးေတြ တေယာက္ေလာက္ ရွိမယ္ ဆိုရင္ေတာင္ ေက်နပ္မိတယ္ ။ စာအရွည္ႀကီး ဖတ္ေပးလို႔ ေက်းဇူးပါလို႔ ။

#Credit

Original Uploader

Unicode Version

မိန်းကလေး တယောက်အတွက် အရေးကြီးသော အရာ

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တယောက် တန်ဖိုးနဲ့ တင့်တောင်း တင့်တယ် လူကြီး စုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တယောက်တန်ဖိုး ဘယ်လိုမှ မတူနိုင်ဘူး ။

ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ် တာနဲ့ ခိုးပြီး အလကား ရတဲ့ ခိုးရာပစ္စည်း တန်ဖိုး အသီးသီး ရှိတာပဲ ။

နောက်တချက် ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး ။

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ် ။ ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး ။ သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ် နိုင်ပေမယ့် ကိုယ့်သမီးက အပျို ပြန်မဖြစ်နိုင်တော့ သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့ ။

ပြီးတော့ နောက်တချက် တသက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုး ခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့် အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ် ။

နောက်တခု ပြောရရင် အခုခေတ်မှာ living together တွေ များလာတယ် ။ ရည်းစား ဆိုတာနဲ့ အဆင့်ကျော်ကြတယ် ။ တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ ကိုယ်နေတာက မြန်မာပြည် ။ မြန်မာမိန်းကလေး တယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်း သင့်တယ် ။

Living together နေပြီး RS goals လို့ ထင်နေတဲ့ သူတွေရော နေလိုက်ပါပြီရဲ့ ။ အာ့ တယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တယောက်နဲ့လား ။

အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ ။ ဖာသည်မတွေတောင် ဘဝပေး အခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ် ။

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက် ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ ။ အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ် ဆိုတာ မလုပ်မိပါစေနဲ့ ။

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား ။ No ပါ ။ ယောကျာ်း ဆိုတာမျိုးက 10 မှာ 9 ယောက်က မရခင်သာ လိုချင်တာ လက်တည့် စမ်းချင်တာ ။ ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ ။ ယောကျာ်း အကုန်လုံးတော့ မဟုတ်ပါဘူး ။

ဒါပေမယ့် ကောင်းတဲ့ တယောက်နဲ့ တွေ့နိုင်မယ် ထင်သလား ။ ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား ။ ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ ။

ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ် ။ ကိုယ်ယူမယ့် မိန်းကလေး ဆိုတာ အပျိုစင် ပဲ လိုချင်ကြတာ ။ ငါ မပါဘူးလို့ ပြောမယ့် ယောကျာ်းတွေ ရှိမှာပဲ ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာ ဖြစ်ချင်ဖြစ်မယ် ။ ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ ။

ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို ကျေးဇူးတင်တယ် ။ တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက် လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့

အသိတွေ အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူးဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ် ။

အပျိုစင်ဘဝ ဆိုတာ ကိုယ့်ကို တန်ဖိုး ထားပြီး တဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့် ယောကျာ်းတယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ ။ ပထမဆုံး အကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ ။

ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တခု ဖန်တီးပေးပါ ။

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ကျွန်မ အပါအဝင် ကျွန်မ ပတ်ဝန်းကျင်မှာ အာ့လို မိန်းကလေး အများကြီး ရှိနေတာ ဂုဏ်ယူမိတယ် ။

ကျွန်မ post လေးမြင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တယောက်လောက် ရှိမယ် ဆိုရင်တောင် ကျေနပ်မိတယ် ။ စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါလို့ ။

No Comments

Leave a Reply

Your email address will not be published.

" သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား "
Life Style
” သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား “

” သင့်ဆီမှာ ရက်လွန် ပစ္စည်းတွေ ရှိနေလား “ ကျွန်မတို့ လူမျိုး အများစုရဲ့ အမူအကျင့် တစ်ခုကတော့ ပစ္စည်း တစ်ခုခုကို မပျက်ယွင်းမချင်း သုံးနေတတ်တာပါပဲ ရက်လွန်တာ မလွန်တာ မသိ မပျက်စီးသ၍ မလဲလှယ် တတ်ကြပါ။ ဒါဟာ မှားယွင်းတဲ့ အယူအဆ တစ်ခုပါ။ ။ အချို့ ပစ္စည်းတွေက မပျက်စီးသော်လည်း မကြာခဏ လဲလှယ် သင့်တာမျိုးပါ။ မလဲပဲ ပေတေ အသုံးပြုမိရင် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။ သင့် ခေါင်းအုံး သင် ညစဉ် အိပ်စက်နေသည့် သင့် အိပ်ယာမှ သင့် ခေါင်းအုံး တစ်လုံးကို …

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

Life Style
ဘယ္လိုမွမတတ္ႏိုင္ေပမယ့္ စိတ္ညစ္စိတ္ပ်က္ေနစရာမလိုတဲ့ အခ်က္ (၁၀)ခ်က္

ဘယ္လိုမွမတတ္ႏိုင္ေပမယ့္ စိတ္ညစ္စိတ္ပ်က္ေနစရာမလိုတဲ့ အခ်က္ (၁၀)ခ်က္ စိတ္မပ်က္ပါနဲ႔ ေဆြးစရာမရွိတဲ့….ဘဝမွာ ဘယ္လိုမွမတတ္ႏိုင္တဲ့ဲ အခ်က္၁၀ခ်က္ ဘဝထဲက ဘယ္လိုမွမတတ္ႏိုင္တဲ့ (၁၀)ခ်က္။ ၁။ သင့္ကိုခြဲသြားတဲ့သူ သင့္ကိုခြဲသြားတဲ့သူက သင့္ကိုဆုံးရႈံးသြားတာ… သင္က သူ႔ကိုဆုံးရႈံးသြားတာမဟုတ္ဘူး၊ သူခြဲခြာသြားတာက ေနာက္တစ္လမ္းက အခုေလွ်ာက္ေနတဲ့လမ္းထက္ေကာင္းလို႔ ေ႐ြးျခယ္လိုက္တာ။ “ ခြဲခြာျခင္းက အသက္ရွင္စဥ္တစ္ေလွ်ာက္လုံး အမ်ားႀကီးေတြ႕ ရဦးမွာ ” ၂။ တစ္ဟုန္ထိုးစီးဆင္းေနတဲ့ အခ်ိန္ အခ်ိန္က ေရထက္ေတာင္မွ စီးဆင္းတာျမန္ေသးတယ္၊ ဒါ့ေၾကာင့္ လုပ္စရာရွိတာကိုျမန္ျမန္လုပ္၊ ႀကိဳးစားစရာရွိတာ ျမန္ျမန္ႀကိဳးစား၊ ကိုယ့္ပခုံးထက္ကတာဝန္ ကိုယ္ေက်ေအာင္လုပ္။ “ အသက္ရွင္ေနၿပီး လႈပ္ႏိုင္ေသးခ်ိန္မွာ အခ်ိန္ကိုတန္ဖိုးထားပါ ” ၃။ သင့္ကိုေက်ာခိုင္းထားတဲ့နံရံ သင့္ကိုေက်ာခိုင္းထားတဲ့နံရံက သင့္ကိုဘယ္လိုမွ အသက္ရႈလို႔မရေအာင္လုပ္မယ္၊ သင့္မွာ …