အစ္ကိုရွိတဲ့ မိန္းကေလးေတြမွာသာေတြ႔ရမယ့္ အားသာခ်က္မ်ားအေၾကာင္း - Amawpyay

အစ္ကိုရွိတဲ့ မိန္းကေလးေတြမွာသာေတြ႔ရမယ့္ အားသာခ်က္မ်ားအေၾကာင္း

အစ္ကိုရွိတဲ့ မိန္းကေလးေတြမွာသာေတြ႔ရမယ့္ အားသာခ်က္မ်ားအေၾကာင္း
Knowledge

အစ္ကိုရွိတဲ့ မိန္းကေလးေတြမွာသာေတြ႔ရမယ့္ အားသာခ်က္မ်ားအေၾကာင္း

မိန္္းကေလးေတြမွာ အစ္ကို ရွိေနၿပီ ဆိုရင္ေတာ့ အဲ့မိန္းကေလ းေလာက္ ကံေကာင္းတဲ့ မိန္းကေလး ရွိေတာ့မွာ မဟုတ္ပါဘူး။

မိန္းကေလးဆိုတဲ့ သေဘာ သဘာဝအရ မိန္းကေလးေတြရဲ႕အေၾကာင္းကို သိၿပီးသား ျဖစ္ေနမွာ ျဖစ္သလို အစ္ကို ရွိေနတဲ့အတြက္ ေယာက်ၤားေလးေတြ အေၾကာင္းလည္း သိၿပီးသား ျဖစ္သြား တတ္ၾက ပါတယ္။ ဒါေတြအျပင္ အစ္ကိုွရွိတဲ့ သူေတြ ရတဲ့ အားသာခ်က္ေလးေတြ အမ်ားႀကီး ရွိေန ပါတယ္။

(၁) သတၱိရွိတယ္

မိန္းကေလး သဘာဝကေတာ့ ေပ်ာ့ညံ့တဲ့ သေဘာ ရွိတတ္ပါတယ္။ အားငယ္တ တ္ၾက ပါတယ္။ အစ္ကိုရွိတဲ့ ေကာင္မေလးေတြ ကေတာ့ တမူထူးျခား ပါတယ္။

အစ္ကိုေတြက အလိုလိုက္ အခ်စ္ပိုသလို အားကိုးရတဲ့ အတြက္ အားကိုးနဲ႔ မိုက္တတ္တဲ့ လူဆိုးမေလးေတြ ျဖစ္သြားတတ္ၾက ပါတယ္။ တစ္ခုခုျဖစ္လည္း အစ္ကိုေတြ ရွိတဲ့ အတြက္ ဘာကိုမွ ေၾကာက္တယ္ ဆိုတာ မရွိပါဘူး။ သတၱိရွယ္ ရွိေနတတ္တဲ့ ေကာင္မေလးေတြ ျဖစ္သြ ားတတ္ပါ တယ္။

(၂) ေယာက္်ားေလးေတြရဲ႕ အက်င့္ကို သိတယ္

မိန္းကေလးဆိုတာ ဆန္႔က်င္ဘက္ သူေတြနဲ႔ ေတြ႔ဆံု နီးစပ္မွာပါ။ သင္က လူေတြရဲ႕ အေၾကာင္းကုိ ေသခ်ာမသိပဲ လုပ္လိုက္မိတဲ့ အရာေတြေၾကာင့္ သင့္ရဲ႕ လူမႈဆက္ဆံေရးမွာ သမီးရည္းစား ဆက္ဆံေရးမွာ ထိခုိက္သြားေစမွာမ်ိဳးေတြ ရွိေနတတ္ ပါတယ္။

ဒါေပမဲ့ အစ္ကိုရွိတဲ့ ေကာင္မေလးေတြ ကေတာ့ ေယာက်ၤားေလးေတြက ဘယ္လို အက်င့္ေတြ ရွိတတ္ သလဲဆိုတာကို ေလ့လာ စရာမလိုပဲ အစ္ကိုေ တြေၾကာင့္ သိေန ပါတယ္။

ဒါေၾကာင့္ ေယာက်ၤားေလးေတြ ေပါင္းသင္းဆက္ဆံေရးမွာ တစ္ျခားသူေတြထက္ လြယ္ကူေခ်ာေမြ႔ေ နတတ္ၾကပါတယ္။ ဒါက လူမႈဆက္ဆံေရး အတြက္ ေကာင္းတဲ့ အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။

(၃) အားကိုးရတယ္

အစ္ကို ရွိတာရဲ႕ ေကာင္းျခင္းထဲမွာ တစ္ခုက အားကိုးရတာပါပဲ။ ကိုယ္ ပစၥည္းတစ္ခုခု သယ္လို႔ မရတာပဲ ျဖစ္ျဖစ္ အရပ္မမီတာျဖစ္ျဖစ္ အစ္ကိုေတြကို ေခၚၿပီး ခိုင္းလို႔ ရပါတယ္။ အစ္ကိုေတြက ခ်စ္ေတာ့ တစ္ခါတစ္ေလ ညာခိုင္းရင္ေတာင္ သိသိနဲ႔ လုပ္ေပးတတ္ၾကပါတယ္။

အျပင္သြားတဲ့အခါမွာလည္း အစ္ကိုေတြ ရွိတာေၾကာင့္ ေဘးဘီသိပ္စိုးရိမ္စရာ မရွိပါဘူး။ ဒါက အစ္ကိုရွိသူေတြပဲ ရတဲ့ သီးသန္႔ အခြင့္အေရးေတြပါေနာ္။

(၄) မုန္႔ဖိုးေတာင္းလို႔ ရတယ္

ဒါကေတာ့ အစ္မပဲ ရွိရွိ အစ္ကိုပဲ ရွိရွိ ရတဲ့အခြင့္အေရးလည္း ျဖစ္ပါတယ္ေနာ္။ ကိုယ့္ဆီမွာ မုန္႔ဖိုး ျပတ္သြားတဲ့အခါ အစ္ကိုေတြ အစ္မေတြကို ႏြဲ႕ဆိုးဆိုးၿပီး မုန္႔ဖိုးေလး ေတာင္းလို႔ ရပါတယ္။ သနားစရာေကာင္းရင္ေကာင္းသလို မုန္႔ဖိုး ပိုပိုသာသာ ရတာကို အငယ္ေတြပဲ ခံစားနားလည္ ၾကမွာပါ။

(၅) သင္ခန္းစာ ရတယ္

မိန္းကေလးေတြက မိန္းကေလးမို႔ ေယာက်္ားေတြအေၾကာင္း ေသခ်ာမသိၾက ပါဘူး။ ဒါေပမဲ့ အစ္ကို ရွိတဲ့သူေတြကေတာ့ သိတာမွ သိသိနဲ႔ ေနပါေတာ့ တယ္။ အစ္ကိုေတြရဲ႕ ဆိုးမႈအေျခအေနေတြကိုလည္း သိလို႔ တစ္ခါတစ္ခါ သူတို႔ရည္းစား ေကာင္မေလးေတြကို ၾကည့္ၿပီး ေတာ္ေတာ္ေလး သနားမိ တတ္ၾက ပါေသးတယ္။

ရည္းစားကို ပတ္တဲ့အကြက္ေတြ ကိုလည္း မ်က္စိ ေရွ႕ျမင္ရတာျဖစ္လို႔ ေတာ္ေတာ္ေလးကို သင္ခန္းစာရေစလို႔ ေယာက္်ားေတြအေၾကာင္း ေကာင္းေကာင္း သိသြားၾက တာေပါ့။

ဘာပဲျဖစ္ျဖစ္ အစ္ကိုေတြက ခ်စ္ဖို႔ေကာင္းပါတယ္ေနာ္…။

Credit # Kham

Unicode

အစ်ကိုရှိတဲ့ မိန်းကလေးတွေမှာသာတွေ့ရမယ့် အားသာချက်များအကြောင်း

မိန်းကလေးတွေမှာ အစ်ကို ရှိနေပြီ ဆိုရင်တော့ အဲ့မိန်းကလေ းလောက် ကံကောင်းတဲ့ မိန်းကလေး ရှိတော့မှာ မဟုတ်ပါဘူး။

မိန်းကလေးဆိုတဲ့ သဘော သဘာဝအရ မိန်းကလေးတွေရဲ့အကြောင်းကို သိပြီးသား ဖြစ်နေမှာ ဖြစ်သလို အစ်ကို ရှိနေတဲ့အတွက် ယောင်္ကျားလေးတွေ အကြောင်းလည်း သိပြီးသား ဖြစ်သွား တတ်ကြ ပါတယ်။ ဒါတွေအပြင် အစ်ကိုှရှိတဲ့ သူတွေ ရတဲ့ အားသာချက်လေးတွေ အများကြီး ရှိနေ ပါတယ်။

(၁) သတ္တိရှိတယ်

မိန်းကလေး သဘာဝကတော့ ပျော့ညံ့တဲ့ သဘော ရှိတတ်ပါတယ်။ အားငယ်တ တ်ကြ ပါတယ်။ အစ်ကိုရှိတဲ့ ကောင်မလေးတွေ ကတော့ တမူထူးခြား ပါတယ်။

အစ်ကိုတွေက အလိုလိုက် အချစ်ပိုသလို အားကိုးရတဲ့ အတွက် အားကိုးနဲ့ မိုက်တတ်တဲ့ လူဆိုးမလေးတွေ ဖြစ်သွားတတ်ကြ ပါတယ်။ တစ်ခုခုဖြစ်လည်း အစ်ကိုတွေ ရှိတဲ့ အတွက် ဘာကိုမှ ကြောက်တယ် ဆိုတာ မရှိပါဘူး။ သတ္တိရှယ် ရှိနေတတ်တဲ့ ကောင်မလေးတွေ ဖြစ်သွ ားတတ်ပါ တယ်။

(၂) ယောက်ျားလေးတွေရဲ့ အကျင့်ကို သိတယ်

မိန်းကလေးဆိုတာ ဆန့်ကျင်ဘက် သူတွေနဲ့ တွေ့ဆုံ နီးစပ်မှာပါ။ သင်က လူတွေရဲ့ အကြောင်းကို သေချာမသိပဲ လုပ်လိုက်မိတဲ့ အရာတွေကြောင့် သင့်ရဲ့ လူမှုဆက်ဆံရေးမှာ သမီးရည်းစား ဆက်ဆံရေးမှာ ထိခိုက်သွားစေမှာမျိုးတွေ ရှိနေတတ် ပါတယ်။

ဒါပေမဲ့ အစ်ကိုရှိတဲ့ ကောင်မလေးတွေ ကတော့ ယောင်္ကျားလေးတွေက ဘယ်လို အကျင့်တွေ ရှိတတ် သလဲဆိုတာကို လေ့လာ စရာမလိုပဲ အစ်ကိုေ တွကြောင့် သိနေ ပါတယ်။

ဒါကြောင့် ယောင်္ကျားလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ တစ်ခြားသူတွေထက် လွယ်ကူချောမွေ့ေ နတတ်ကြပါတယ်။ ဒါက လူမှုဆက်ဆံရေး အတွက် ကောင်းတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

(၃) အားကိုးရတယ်

အစ်ကို ရှိတာရဲ့ ကောင်းခြင်းထဲမှာ တစ်ခုက အားကိုးရတာပါပဲ။ ကိုယ် ပစ္စည်းတစ်ခုခု သယ်လို့ မရတာပဲ ဖြစ်ဖြစ် အရပ်မမီတာဖြစ်ဖြစ် အစ်ကိုတွေကို ခေါ်ပြီး ခိုင်းလို့ ရပါတယ်။ အစ်ကိုတွေက ချစ်တော့ တစ်ခါတစ်လေ ညာခိုင်းရင်တောင် သိသိနဲ့ လုပ်ပေးတတ်ကြပါတယ်။

အပြင်သွားတဲ့အခါမှာလည်း အစ်ကိုတွေ ရှိတာကြောင့် ဘေးဘီသိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒါက အစ်ကိုရှိသူတွေပဲ ရတဲ့ သီးသန့် အခွင့်အရေးတွေပါနော်။

(၄) မုန့်ဖိုးတောင်းလို့ ရတယ်

ဒါကတော့ အစ်မပဲ ရှိရှိ အစ်ကိုပဲ ရှိရှိ ရတဲ့အခွင့်အရေးလည်း ဖြစ်ပါတယ်နော်။ ကိုယ့်ဆီမှာ မုန့်ဖိုး ပြတ်သွားတဲ့အခါ အစ်ကိုတွေ အစ်မတွေကို နွဲ့ဆိုးဆိုးပြီး မုန့်ဖိုးလေး တောင်းလို့ ရပါတယ်။ သနားစရာကောင်းရင်ကောင်းသလို မုန့်ဖိုး ပိုပိုသာသာ ရတာကို အငယ်တွေပဲ ခံစားနားလည် ကြမှာပါ။

(၅) သင်ခန်းစာ ရတယ်

မိန်းကလေးတွေက မိန်းကလေးမို့ ယောကျ်ားတွေအကြောင်း သေချာမသိကြ ပါဘူး။ ဒါပေမဲ့ အစ်ကို ရှိတဲ့သူတွေကတော့ သိတာမှ သိသိနဲ့ နေပါတော့ တယ်။ အစ်ကိုတွေရဲ့ ဆိုးမှုအခြေအနေတွေကိုလည်း သိလို့ တစ်ခါတစ်ခါ သူတို့ရည်းစား ကောင်မလေးတွေကို ကြည့်ပြီး တော်တော်လေး သနားမိ တတ်ကြ ပါသေးတယ်။

ရည်းစားကို ပတ်တဲ့အကွက်တွေ ကိုလည်း မျက်စိ ရှေ့မြင်ရတာဖြစ်လို့ တော်တော်လေးကို သင်ခန်းစာရစေလို့ ယောက်ျားတွေအကြောင်း ကောင်းကောင်း သိသွားကြ တာပေါ့။

ဘာပဲဖြစ်ဖြစ် အစ်ကိုတွေက ချစ်ဖို့ကောင်းပါတယ်နော်…။

Credit # Kham

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …