ဘဝေအာင္ျမင္ေရး နည္းလမ္း ၅၀ - Amawpyay

ဘဝေအာင္ျမင္ေရး နည္းလမ္း ၅၀

ဘဝေအာင္ျမင္ေရး နည္းလမ္း ၅၀
Knowledge

ဘဝေအာင္ျမင္ေရး နည္းလမ္း ၅၀

၁။ ရဲရဲ လက္ဆြဲ နႈတ္ဆက္ပါ။

၂။ လူကိုၾကည့္ရင္ မ်က္လံုးကိုၾကည့္ပါ။

၃။ ေရခ်ိဳးစဥ္ သီခ်င္းဆိုပါ။

၄။ စတီရီယိုစက္ ေကာင္းေကာင္း တစ္လံုး ပိုင္ႏိုင္ေအာင္ လုပ္ပါ။

၅။ ရန္မျဖစ္မေန ျဖစ္ရေတာ့မယ္ ဆိုရင္ ကိုယ္ကဦးေအာင္ အျပင္းဆံုး ထိုးႏွက္ပါ။

၆။ လွိဳ႕ဝွက္ခ်က္ေလးေတြ ထားပါ။

၇။ ဘယ္သူ႔အေပၚမွာမွ လက္မေလွ်ာ့ပါနဲ႔။
ဆန္းၾကယ္မႈဆိုတာ ေန႔စဥ္ ျဖစ္တာမ်ိဳးပါ။

၈။ ကမ္းလာတဲ့ လက္တိုင္းကို လက္ခံပါ။

၉။ သတၱိရွိပါ။ မရွိေနရင္ေတာင္ ဟန္ေဆာင္ပါ။ ဘယ္သူမွ ဒီသတၱိ အစစ္လားအတုလား မခြဲတတ္ပါ။

၁၀။ ေလခၽြန္ပါ။

၁၁။ အေလွာင္မခံရေအာင္ေနထိုင္ပါ။

၁၂။ ဘဝလက္တြဲေဖာ္ကို ေသေသခ်ာခ် ာေရြးပါ။ ဒီတစ္ခုထဲက သင့္အနာဂတ္ရဲ႕ ၉၀% ေသာ ေပ်ာ္ရႊင္မႈ/ စိတ္ပ်က္မႈတို႔ကို ဆံုးျဖတ္ေပးလိမ့္မွာ ျဖစ္တယ္။

၁၃။ လူမျမင္သာတဲ့ ေကာင္းမႈကုသိုလ္ေလးေတြ လုပ္တတ္ေအာင္ အေလ့အက်င့္ လုပ္ေပးပါ။

၁၄။ ကိုယ္ လံုးဝ ျပန္မျမင္ခ်င္ေတာ့တဲ့ စာအုပ္ေတြကိုပဲ ထုတ္ငွားပါ။

၁၅။ လူတစ္ဖက္သားရဲ႕ ေမွ်ာ္လင့္ခ်က္ကို မဆန္႔က်င္ပါနဲ႔။ သူတို႔ဘဝမွာ ခ်မ္းသာတာဆိုလို႔ ဒါပဲ ရွိခဲ့ရင္ သင္ စိတ္ေကာင္းမွာ မဟုတ္ဘူး။

၁၆။ ကေလးေတြနဲ႔ မ်ားမ်ားကစားေပးပါ။ ကစားတိုင္း အႏိုင္ေပးပါ။

၁၇။ လူတိုင္းကို ဒုတိယ အခြင့္အေရး ေပးပါ။ ဒါေပမယ့္ တတိယ အခြင့္အေရးကို ဘယ္ေတာ့မွ မေပးနဲ႔။

၁၈။ အႏုပညာဆန္ဆန္ ခ်စ္တတ္ပါ။

၁၉။ စိတ္ေကာင္းႏိုင္သမွ်/ စိတ္တက္ႂကြႏိုင္သမွ် ေကာင္းေန/ တက္ႂကြေနတဲ့ လူတစ္ေယာက္ ျဖစ္ေအာင္ ေနပါ။

၂၀။ လက္လႊတ္ပါ။ ေပါ့ေပါ့ပါးပါးေနပါ။ ေသေရးရွင္ေရးကလြဲလို႔ ဘယ္အရာမွ သင္ထင္သလို ေသေရးရွင္ေရးတမွ် အေရးမႀကီးပါဘူး။

၂၁။ ဘဝရဲ႕ အေရးႀကီးတဲ့ အခ်ိန္ေလးေတြမွာ ဖုန္းေခၚသံေတြက ေႏွာင့္ယွက္ေနရင္ ကိုင္မေနပါနဲ႔။ ပိတ္ထားလိုက္ပါ။ ကိုယ္အဆင္ေျပဖို႔ ဖုန္းဆိုတာ ကိုယ့္အနားထားတာ။ ေခၚသူကိုယ္တိုင္ ကိုယ့္အနားေရာက္လာတာမဟုတ္။

၂၂။ အေကာင္းဆံုးအ႐ႈံးသမားျဖစ္ေအာင္ေနပါ။

၂၃။ အေကာင္းဆံုးအႏိုင္သမားလဲ ျဖစ္ေအာင္ ေနပါ။

၂၄။ တစ္စံုတစ္ေယာက္ကို လွိဳ႕ဝွက္ခ်က္ မေျပာျပခင္ ႏွစ္ခါစဥ္းစားပါ။ ဝန္လႊဲသလို ျဖစ္တတ္တယ္။

၂၅။ တစ္ေယာက္ေယာက္က ဖက္ထားရင္ သူအရင္လက္လႊတ္ပါေစ။

၂၆။ ဂုဏ္မမက္ပါနဲ႔။ ကိုယ္ေကာင္းတဲ့ဆိုးတဲ့ အေပၚမွာပဲ ဂုဏ္တပ္ခ်င္တပ္ပါေစ။

၂၇။ ႐ိုး႐ိုးရွင္းရွင္းေလးေနပါ။

၂၈။ ဘာမွ႐ႈံးစရာမရွိေတာ့တဲ့ လူတစ္ေယာက္ကို သတိထား ဆက္ဆံပါ။

၂၉။ တံတားေတြကို မီးမ႐ႈိ႕ပါနဲ႔။ ဒီတံတားကေန သင္ အံ့ၾသဖို႔ေကာင္းေလာက္ေအာင္ အႀကိမ္မ်ားစြာ ထပ္ျဖတ္ရဦးမယ္ ဆိုတာ ေရွ႕ေလွ်ာက္ေတြ႕လာပါလိမ့္မယ္။

၃၀။ ေသရင္ အုတ္ဂူမွာ “ေနာင္တစိုးစဥ္းမွ် မရဖူးသူ” လို႔ ေရးျခစ္ႏိုင္ေအာင္ ေနထိုင္ပါ။

၃၁။ ႀကးီႀကီးၾကံ ျမင့္ျမင့္ေတြး ရဲရဲလွမ္းပါ။ အသက္ႀကီးလာခဲ့လို႔ ဘဝမွာ ဘာေတြ လုပ္ခဲ့သလဲ ျပန္ေတြးတိုင္း မ်ားမ်ားမလုပ္ခဲ့မိတာကိုပဲ ေနာင္တရေလ့ရွိတယ္။

၃၂။ အခြင့္အေရးရတိုင္း ခ်စ္တဲ့သူကို ခ်စ္ေၾကာင္း အသိေပးပါ။

၃၃။ ဘယ္ေအာင္ျမင္မႈမွာမွ တစ္ဦးတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈဆိုတာ မရွိ။ ဒါ့ေၾကာင့္ ပတ္ဝန္းက်င္မွာ ကူညီေပးေနသူမ်ားကို အသိအမွတ္ျပဳပါ။

၃၄။ ကိုယ့္ အက်င့္ကို ကိုယ္တာဝန္ယူပါ။ ဘယ္သူကမွ ဒီအက်င့္ကို သင့္ထံ လာေပးသြားတာ မခံပါနဲ႔။

၃၅။ ေဆြမ်ိဳးမိတ္ေဆြေတြ ေဆးရံုတက္ရတာပဲ ျဖစ္ျဖစ္ နာမက်န္းျဖစ္တာပဲ ျဖစ္ျဖစ္ မေရာက္ ေရာက္ေအာင္ သြားပါ။ ခဏေလးေနေပးရံုနဲ႔တင္ သူတို႔ကို ေပ်ာ္ရႊင္မႈ ျဖစ္ေစပါတယ္။

၃၆။ ကိုယ္အႏွစ္သက္ဆံုး သီခ်င္းေလးေတြကို ေန႔စဥ္ ေရြးဖြင့္ နားေထာင္ေပးပါ။

၃၇။ ေက်းလက္ေဒသ ေတာေတာင္ေတြဘက္ကို ရံဖန္ရံခါ အလည္အပတ္သြားပါ။

၃၈။ ခ်စ္သူမ်ားေန႔ ပို႔(စ္)ကဒ္ ေတြ အေျမာက္အမ်ားကို “သင့္အလွအပကို ျမင္တတ္သူ တစ္စံုတစ္ေယာက္” လို႔ ေရးၿပီး မသိတဲ့လူေတြဆီေရာ သိတဲ့လူေတြဆီပါ ပို႔ေပးပါ။

၃၉။ ဖုန္းကိုင္တိုင္း တက္တက္ႂကြႂကြ အာဏာပါပါနဲ႔ ကိုင္ပါ။

၄၀။ မွတ္စုေလးတစ္အုပ္ ႏွင့္ ခဲတံေလးတစ္ေခ်ာင္းကို အိပ္ယာေဘးမွာ ထားအိပ္ပါ။ ေရႊခ်ထားဖို႔ ေကာင္းတဲ့ အၾကံေတြဟာ မနက္ ၃:၀၀ နာရီမွာ ေပၚလာတတ္တယ္။

၄၁။ ဘဝ႐ုန္းကန္ဖို႔ လႈပ္ရွားေနသူေတြကို ဘယ္ေလာက္ပဲ နိမ့္က်ေနပါေစ ေလးစားတတ္ပါ။

၄၂။ ခ်စ္သူဆီကို ပန္းပို႔ပါ။ ဘာေၾကာင့္ပို႔တယ္ဆိုတာ ေနာက္မွ စဥ္းစားပါ။

၄၃။ ဂိတ္ဝင္ေၾကးေတြေပးရင္ ကိုယ့္အေနာက္က ကားအတြက္ပါ ထုတ္ေပးျခင္းျဖင့္ သူတို႔ ေပ်ာ္ရႊင္ပါေစ။

၄၄။ တစ္စံုတစ္ေယာက္ရဲ႕ လူစြမ္းေကာင္းအျဖစ္ ေနပါ။

၄၅။ ခ်စ္မွ လက္ထပ္ပါ။ မခ်စ္ရင္ မထိပါနဲ႔။

၄၆။ ကိုယ့္နားမွာ ေပ်ာ္ရႊင္ေနတဲ့ သူတိုင္းကို အေလးထားပါ။ ေရတြက္ပါ။ စူးစမ္းပါ။

၄၇။ တစ္စံုတစ္ေယာက္အိမ္ကို ႐ုတ္တရက္ အလည္အပတ္သြားတိုင္း စားစရာ ေသာက္စရာ လက္ေဆာင္ ဝယ္သြားပါ။

၄၈။ ေက်ာင္းကားတစ္စီး ကိုယ့္ေဘးကျဖတ္တိုင္း ကေလးေတြကို လက္ျပနႈတ္ဆက္ပါ။

၄၉။ အလုပ္တစ္ခုမွာ ေအာင္ျမင္ရင္ ၂၀% က သက္ဆိုင္ရာ ကၽြမ္းက်င္မႈေၾကာင့္ ျဖစ္ၿပီး ၈၀% က လူမႈဆက္ဆံေရး ေၾကာင့္ ျဖစ္တယ္ဆိုတာ သတိရပါ။

၅၀။ ဘဝမွာ တရားမွ်တဖို႔ ဘယ္ေတာ့မွမေမၽွာ္လင့္ပါနဲ႔။

သင့္ဘဝအတြက္ အသံုးဝင္တဲ့အခ်က္၊
ခြန္အားျဖစ္ေစတဲ့ စာ၊ ပါခဲ့ရင္ သင့္သူငယ္ခ်င္းမ်ားအတြက္ မ်ွေဝလိုက္ပါ။

အစဥ္သင္ယူေလ့လာလ်ွက္…

Credit to Original writer

Unicode

ဘဝအောင်မြင်ရေး နည်းလမ်း ၅၀

၁။ ရဲရဲ လက်ဆွဲ နှုတ်ဆက်ပါ။

၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။

၃။ ရေချိုးစဉ် သီချင်းဆိုပါ။

၄။ စတီရီယိုစက် ကောင်းကောင်း တစ်လုံး ပိုင်နိုင်အောင် လုပ်ပါ။

၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ် ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။

၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။

၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။
ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။

၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။

၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။

၁၀။ လေချွန်ပါ။

၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။

၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချ ာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။

၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။

၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။

၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။

၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။

၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။

၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။

၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။

၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။

၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။

၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။

၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။

၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။

၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။

၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။

၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။

၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။

၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။

၃၀။ သေရင် အုတ်ဂူမှာ “နောင်တစိုးစဉ်းမျှ မရဖူးသူ” လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။

၃၁။ ကြးီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။

၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။

၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။

၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။

၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။

၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။

၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။

၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို “သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်” လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။

၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။

၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။

၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။

၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။

၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။

၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။

၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။

၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။

၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။

၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။

၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။

၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှမမျှော်လင့်ပါနဲ့။

သင့်ဘဝအတွက် အသုံးဝင်တဲ့အချက်၊
ခွန်အားဖြစ်စေတဲ့ စာ၊ ပါခဲ့ရင် သင့်သူငယ်ချင်းများအတွက် မျှဝေလိုက်ပါ။

အစဉ်သင်ယူလေ့လာလျှက်…

Credit to Original writer

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …