-နှာရည်ယိုခြင်း
-လည်ချောင်းနာခြင်း
-ချောင်းဆိုးခြင်း
-နှာပိတ်ခြင်း
ချွဲသလိပ်များ များပြားစွာ ထွက်နေ ခြင်းကို အောက်ပါ အိမ်တွင်း နည်းလမ်း များဖြင့် ကုသနိုင်တာမို့ ဆက်လက်ဖတ်ရှုရအောင်နော်
(၄)နှာချေးညှစ်ပါ .
(၅)ပျားရည် .
Credit
Unicode
နှာစေးချောင်းဆိုးနေတယ်ဆိုရင် ဒီနည်းလမ်းတွေကို အမြန်ဆုံးပြုလုပ်သင့်ပါတယ်နော်….
အခုလို ရာသီဥတု အေးလာတဲ့ အခါမှာ အအေးမိခြင်းကြောင့် နှာစေးချောင်းဆိုး ခြင်းကို ခံစားရတတ်ပါတယ်။ နှာစေးတဲ့အခါနဲ့ ချောင်းဆိုးတဲ့ အခါမှာ ချွဲဟပ်တတ် တာလဲ ဓမ္မတာပါပဲ။
တကယ်တော့ ကျွန်တော်တို့ ကိုယ်ခန္ဒာကနေ အချိန်တိုင်းမှာ ချွဲသလိပ်များကို ထုတ်ပေး နေတာ ဖြစ်ပါတယ်။ ပုံမှန် အနေအထားမှာ မသိသာပဲ နေမကောင်းတဲ့ အခါမှ ချွဲများဟာ ပိုပြစ်ပြီး သင့်ကို ကသိကအောက်ဖြစ် စေလာတာ ဖြစ်ပါတယ်။
ထိုသို့ ချွဲသလိပ်ကပ်ခြင်းကို ဖြစ်စေသော အကြောင်းများမှာ ဓာတ်မတည့်ခြင်း၊ အအေးမိခြင်း၊ နှာခေါင်းသို့မဟုတ်လည် ချောင်းယားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အစာအိမ် ပြသနာတို့ ဖြစ်ပါတယ်။
သင့်မှာ ချွဲသလိပ်တွေ အလွန်များနေပြီ ဆိုတာ သိနိုင်မယ့် အချက်များ
သာမန် နှာစေးခြင်းက ပြသနာမရှိပေမယ့်လဲ သင့်ဦးခေါင်းခွံအတွင်းမှာ ရှိတဲ့ နှာရည်နဲ့ သလိပ်များဖြတ်သန်းရာ အပေါက်ငယ်များ ပိတ်ဆို့ပါက သင့်ကို နေထိုင်မကောင်းဖြစ်စေ ပါလိမ့် မယ်။ ထိုသို့ ဖြစ်ခြင်းကို ထိပ်ကပ်နာလို့ ခေါ်ဆို ပါတယ်။ အောက်ပါ လက္ခဏာများ ရှိမရှိ လေ့လာကြည့် ရအောင်။
-နှာရည်ယိုခြင်း
-လည်ချောင်းနာခြင်း
-ချောင်းဆိုးခြင်း
-ဦးခေါင်းခွံရှိ သလိပ်မျာ းစီးဆင် းသောအပေါက် နေရာမှ ကိုက်ခဲခြင်း(ခေါင်းကိုက်ခြင်း)
-နှာပိတ်ခြင်း
-နှာချေခြင်းတို့ပဲ ဖြစ်ပါတယ်။
ချွဲသလိပ်များ များပြားစွာ ထွက်နေ ခြင်းကို အောက်ပါ အိမ်တွင်း နည်းလမ်း များဖြင့် ကုသနိုင်တာမို့ ဆက်လက်ဖတ်ရှုုရအောင်နော်
(၁)အရည်များများသောက်ပါ ..
အရည်များများ သောက်လေ သင့်သလိပ်တွေ ပိုမိုပါး လာလေလေ ဖြစ်လို့ပါ။ ဓာတ်မတည့်မှု မကြာခဏ ဖြစ်ပေါ်သူများ အတွက်လဲ အရည်များများ သောက်ဖို့ အရေးကြီ းပါတယ်။
အရည်ဆို ရာမှာလဲ ဖျော်ရည်များထက် ရေသီးသန့်ကို သောက်ဖို့ လိုပါတယ်။ ရေဓာတ်ပြည့် ဝခြင်းဖြင့် သင့်ကိုယ်ကို သန့်ရှင်း စေတဲ့အပြင် ချွဲသလိပ် တွေကို အမြန်ဆုံး သက်သာစေမှာပါ။
(၂)သင့်ဝန်းကျင်ရှိလေထုကို စိုစွတ်အောင်ထားပါ
ခြောက်သွေ့ သောလေထုက သင့်နှာခေါင်းကို ယားယံစေပြီး နှာရည်ယို စေတာဖြ စ်ပါတယ်။ အလာ့ဂျစ်ဖြတ်တတ်သူများဟာ စိုစွတ်သော လေထုထက် ခြောက်သွေ့သေ ာလေထုကို ခံစားရ ချိန်မှ ာပိုဖြစ်တတ်တာကို သတိထားမိ ကြပါ လိမ့်မယ်။
ဒါကြောင့် အလာ့ဂျစ် ဖြစ်တတ် သူများအနေနဲ့ humidifier ခေါ် လေထု စိုစွတ်အောင် ပြုလုပ်ပေးသော စက်များကို တပ်ဆင် ထားသင့် ပါတယ်။ ထိုစက်ထဲကို အမွေးဆီများထည့် ပေးခြင်းဖြင့် ပိုမိုကောင်း မွန်စေပါတယ်။
(၃)ဆားရည်ဖြင့်ပလုတ်ကျင်းပါ. ..
ဆားရည်ဟာ လည်ချောင်းထဲရှိ ပိုးမွားများကို သေစေတဲ့ အပြင် သင့်လည် ချောင်းယားခြင်းကို လဲ သက်သာ စေပါတယ်။ ရေနွေးတစ် ဖန်ခွက်ထဲ တွင် ဆားစားပွဲ တင်ဇွန်း၁ဇွ န်းထည့်ပြီး ပလုတ်ကျင်းပေးပါ။တစ်နေ့ကို ၄ကြိမ်ခန့်ပ လုတ်ကျင်းဖို့ လိုပါတယ်။
(၄)နှာချေးညှစ်ပါ .
ဟာသပြောတာ မဟုတ်ပါဘူး။ သလိပ်တွေကို မျိူမချပါနဲ့။ နှာချေးညှစ်ခြ င်းဖြင့်သ င့်ခံတွင်းကိုလဲ သန့်ရှင်းစေပြီး ပိုးမွားများထပ်မံ ဝင်ရောက်ခြင်း ကို တားဆီးပေ းပါတယ်။
(၅)ပျားရည် .
ပျားရည်ကို ဂျူံမှုန့်အနည်းငယ် ရောပြီး ်အနှစ်ပြု လုပ်ပါ။ ဂျူံမှုန့်ဖြင့်ရေ ာခြင်းဖြင့် သင့်လက်ထဲ တွင်ကိုင်သောအခါ ကပ်နေခြင်း မဖြစ်တော့ ပါဘူး။ ထို့နောက် သံလွင်ဆီ အနည်းငယ်ကို ထိုဂျူံမှုန့်တွင် ထည့်ပါ။
အဝတ်သန့် တစ်ခုကို ယူပြီး ထို ဂျူံအရောကို တင်ပါ။ ထိုအဝတ်ကို ရင်ဘတ်ပေါ် တင်ပြီး ပလာစတာ ဖြင့်ကပ်ပေးထားဖို့ လိုပါတယ်။ ကလေးများကို ညမအိပ်ခင် နာရီ အလိုလောက် က ကပ်ပေးသင့်ပြီး တစ်ညလုံး ကပ်အိပ်ရမှာပါ။
(၆)မုန့်ဖုတ်ဆိုဒါ+ပျားရည် ..
တုတ်ကွေးနဲ့ အအေးမိ ခြင်းတို့ ကြောင့် ချွဲသလိပ်ထသူ များအတွက် ထိရောက်သော ကုထုံးတစ်ခု ဖြစ်ပါတယ်။ပျားရည် လက်ဖက်စားဇွန်း၁ဇွန်း၊မုန့်ဖုတ်ဆိုဒါ လက်ဖက် စားဇွန် းတစ်ဝက်၊ သံပုရာရည်၂စက် ကို ရေနွေးတစ်ခွက်တွင်ရော ထည့်ပါ။
မုန့်ဖုတ်ဆိုဒါ ပျော်ဝင်သည် အထိ စောင့်ပြီးတာနဲ့ သောက်သုံး နိုင်ပါပြီ။ ထိုမုန့်ဖုတ်ဆိုဒါ အရည်ဟာ သင့်အဆုတ်ကို သန့်ရှင်းစေပြီး ချောင်းဆိုးခြင်း ကိုလဲ သက်သာ စေပါ တယ်။
Unicode
No Comments