
အိပ္ေရးပ်က္တဲ့ဒဏ္ကို ဘယ္လို ကုစားၾကမလဲ
ညဘက္ အိပ္ေရး ပ်က္ေပမယ့္ ေနာက္တစ္ေန႔ လုပ္စရာေတြ လန္းလန္းဆန္းဆန္း၊ တက္တက္ၾကြၾကြအလုပ္လုပ္ႏိုင္ေစတဲ့ နည္းလမ္းေတြကို Trend ပရိသတ္ႀကီး အတြက္ စုစည္း ေဖာ္ျပ လိုက္ ပါတယ္။
၁။ ေရမ်ားမ်ားေသာက္ပါ
ေရမ်ားမ်ား ေသာက္ေလ လန္းဆန္း တက္ၾကြေ လပါပဲ။ ဒါ့အျပင္ ေရေသာက္ မ်ားရင္ အေပါ့သြားတာလည္း မ်ားတဲ့အတြက္ လႈပ္ရွား တက္ၾကြေ နေစၿပီး အိပ္ငိုက္ေတာ့မွာ မဟုတ္ ပါဘူး။
၂။ ေသြးလည္ပတ္မႈ ေကာင္းပါေစ
ေလ့က်င့္ခန္းေတြက ခႏၶာကိုယ္စြမ္းအင္ကို ျမွင့္တင္ေပးၿပီး ေသြးလည္ပတ္မႈအတြင္း အန္ဒရီလိုင္းပမာဏကိုလည္း တိုးပြားေစတာေၾကာင့္ ဇီ၀ကမၼျဖစ္စဥ္ကို အရွိန္ျမွင့္တင္ေပးႏိုင္ပါတယ္။
၃။ အစားမၾကဴးပါနဲ႕
အစားအစာေတြ အမ်ားႀကီးစားတာ၊ အစားမ်ားတာကို ေရွာင္က်ဥ္ပါ။ ႏွံစားသီးႏွံေတြ၊ သစ္သီးေတြ၊ ဟင္းသီးဟင္းရြက္၊ ဒိန္ခ်ဥ္၊ ၾကက္သား၊ ငါးစတာေတြ စားသံုးတာကေတာ့ သင့္ကို လန္းဆန္းေစႏိုင္ပါတယ္။
၄။ အျပင္ထြက္ပါ
ေနေရာင္ျခည္မွာပါ၀င္တဲ့ ဗီတာမင္ ဒီ နဲ႔ ဘီ တို႔က ေန႔လည္ေန႔ခင္း အိပ္ငိုက္ တာကို ဆန္႔က်င္ေပး ပါတယ္။ ကိုယ္ခံအား စနစ္ကိုလည္း အားျဖစ္ေစတဲ့ အတြက္ အိပ္ေရးမ၀လို႔ ကိုယ္ခံအား စနစ္အားနည္းတဲ့ ျပႆနာကိုလည္း ေျဖရွင္းၿပီးသား ျဖစ္သြ ားေစပါတယ္။
ဒါ့အျပင္ ေလေကာင္းေလသန္႔နဲ႔ ပတ္၀န္းက်င္ျမင္ ကြင္းေျပာင္းလဲမႈက သင့္စိတ္ကို လန္းဆန္းေစမွာျဖစ္ပါတယ္။
၅။ ေရခ်ိဳးလိုက္ပါ
ေရေအးနဲ႔ ေရခ်ိဳးတာက ခႏၶာကိုယ္ကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ အလုပ္ထဲမွာဆိုရင္ ေရခဲေရနဲ႔ မ်က္ႏွာသစ္တာမ်ိဳး၊ လက္ေကာက္၀တ္နဲ႔ နားထင္ေတြမွာ ေရခဲတံုးေလးေတြ ကပ္ေပးတာမ်ိဳးလုပ္ႏိုင္ပါတယ္။
၆။ အေျပာင္းအလဲလုပ္ပါ
ပံုမွန္လုပ္႐ုိး လုပ္စဥ္ေတြ အတိုင္း လုပ္ေဆာင္ ေနမယ္ဆိုရင္ လန္းဆန္းေနႏိုင္မွာ မဟုတ္ပါဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဟာသေတြေ ျပာတာပဲျဖစ္ျဖစ္၊ ဂိမ္းကစားတာပဲျဖစ္ျဖစ္၊ အေျပာင္းအလဲ တစ္ခုခု လုပ္ေဆာင္မယ္ဆိုရင္ ပင္ပန္းေနခ်ိန္မွာ ေတာင္မွ အလုပ္ေကာင္းေကာင္း လုပ္ေနႏိုင္မွာ ျဖစ္ပါတယ္။
၇။ ပီေက၀ါးပါ
ပီေက၀ါးတာက အိပ္ခ်င္စိတ္ကို ေလ်ာ့ပါးေစတယ္လို႔ သုေတသီေတြက ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ အိပ္ငိုက္လာၿပီဆိုရင္ ပီေကတစ္ခု ေကာက္၀ါးၿပီး လုပ္စရာေတြကို ဆက္လက္ လုပ္ေဆာင္ လုိက္ပါ။
Credit
Unicode
အိပ်ရေးပျက်တဲ့ဒဏ်ကို ဘယ်လို ကုစားကြမလဲ
ညဘက် အိပ်ရေး ပျက်ပေမယ့် နောက်တစ်နေ့ လုပ်စရာတွေ လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွအလုပ်လုပ်နိုင်စေတဲ့ နည်းလမ်းတွေကို Trend ပရိသတ်ကြီး အတွက် စုစည်း ဖော်ပြ လိုက် ပါတယ်။
၁။ ရေများများသောက်ပါ
ရေများများ သောက်လေ လန်းဆန်း တက်ကြွေ လပါပဲ။ ဒါ့အပြင် ရေသောက် များရင် အပေါ့သွားတာလည်း များတဲ့အတွက် လှုပ်ရှား တက်ကြွေ နစေပြီး အိပ်ငိုက်တော့မှာ မဟုတ် ပါဘူး။
၂။ သွေးလည်ပတ်မှု ကောင်းပါစေ
လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုအတွင်း အန်ဒရီလိုင်းပမာဏကိုလည်း တိုးပွားစေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။
၃။ အစားမကြူးပါနဲ့
အစားအစာတွေ အများကြီးစားတာ၊ အစားများတာကို ရှောင်ကျဉ်ပါ။ နှံစားသီးနှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်၊ ဒိန်ချဉ်၊ ကြက်သား၊ ငါးစတာတွေ စားသုံးတာကတော့ သင့်ကို လန်းဆန်းစေနိုင်ပါတယ်။
၄။ အပြင်ထွက်ပါ
နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင် ဒီ နဲ့ ဘီ တို့က နေ့လည်နေ့ခင်း အိပ်ငိုက် တာကို ဆန့်ကျင်ပေး ပါတယ်။ ကိုယ်ခံအား စနစ်ကိုလည်း အားဖြစ်စေတဲ့ အတွက် အိပ်ရေးမဝလို့ ကိုယ်ခံအား စနစ်အားနည်းတဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွ ားစေပါတယ်။
ဒါ့အပြင် လေကောင်းလေသန့်နဲ့ ပတ်ဝန်းကျင်မြင် ကွင်းပြောင်းလဲမှုက သင့်စိတ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။
၅။ ရေချိုးလိုက်ပါ
ရေအေးနဲ့ ရေချိုးတာက ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အလုပ်ထဲမှာဆိုရင် ရေခဲရေနဲ့ မျက်နှာသစ်တာမျိုး၊ လက်ကောက်ဝတ်နဲ့ နားထင်တွေမှာ ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလုပ်နိုင်ပါတယ်။
၆။ အပြောင်းအလဲလုပ်ပါ
ပုံမှန်လုပ်ရိုး လုပ်စဉ်တွေ အတိုင်း လုပ်ဆောင် နေမယ်ဆိုရင် လန်းဆန်းနေနိုင်မှာ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဟာသတွေေ ပြာတာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ အပြောင်းအလဲ တစ်ခုခု လုပ်ဆောင်မယ်ဆိုရင် ပင်ပန်းနေချိန်မှာ တောင်မှ အလုပ်ကောင်းကောင်း လုပ်နေနိုင်မှာ ဖြစ်ပါတယ်။
၇။ ပီကေဝါးပါ
ပီကေဝါးတာက အိပ်ချင်စိတ်ကို လျော့ပါးစေတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အိပ်ငိုက်လာပြီဆိုရင် ပီကေတစ်ခု ကောက်ဝါးပြီး လုပ်စရာတွေကို ဆက်လက် လုပ်ဆောင် လိုက်ပါ။
Unicode
No Comments