ဆရာတော် အရှင်ဆန္ဒာဓိက ၏ အလွန်ထူးခြားတဲ့ သေတမ်းစာ… - Amawpyay


Knowledge











အရှင်ဆန္ဒာဓိက (အသေလှတဲ့သူ) တရားစာအုပ်မှ ကူးယူေ ဖ်ာပြ ပါသည်။


Credit: သက်လွင်ဦး

Unicodeဖြင့်ဖတ်ရန်

ဆရာတော် အရှင်ဆန္ဒာဓိက ၏ အလွန်ထူးခြားတဲ့ သေတမ်းစာ…

ဦးဇင်း သေရင် တော့…မျက်ကြည်လွှာ တို့ နှလုံး ၊ အသည်း ၊ကျောက်ကပ် စတဲ့အတွင်း ကလီစာတို့ ၊.တခြား အစားထိုးကုသလို့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတို့ ၊ သုံးလို့ရတာတွေကို လိုအပ်တဲ့ လူနာတွေ အတွက် ခွဲဝေပြီး အသုံးပြုလိုက်ပါ။

လက်ဆစ်တစ်ဆစ် လိုလည်း လက်ဆစ်တစ်ဆစ် ၊ အကြောတစ်မျှင် လိုလည်း အကြောတစ်မျှင် လိုရာဖြတ်တောက်ယူုပြီး သုံးကြပေါ့။

လူနာတွေ အတွက် သုံးလို့ရသမျှ အကုန်လုံး ဖြတ်တောက်ယူပြီးပြီ ဆိုရင်တော့ ကျန်နေတဲ့ ရုပ်အလောင်းကို ဂုန်နီအိတ်ထဲထည့် ၊ ကျောက်တုံးတွေပါ ထည့်ပြီး ပင်လယ်ထဲ သင်္ဘောနဲ့ သယ်သွား ၊ ခပ်ဝေးဝေး ရောက်တာနဲ့ ရေထဲပစ်ချပြီး ငါးစာကျွေးလိုက် ပါလို့ ဒကာရင်းတွေ ၊ တပည့်ရင်းကလေးတွေကို သေချာမှာ ထားပါတယ်။

ဘဝ တစ်သက်တာမှာ ကိုယ်စားခဲ့တဲ့ ငါးတွေတော်တော် များခဲ့ပြီ။ ကိုယ့်ကိုလည်း ငါးတွေ တစ်လှည့်ပြန်စား ပါစေဦး။

မီးရှို့၊ ပြာချပြီး အလကာ းပျောက်သွားမယ့် အတူတူ ပင်လယ်ထဲက ငါးတွေစားရတော့ ငါးတွေအတွက် အကျိုးရှိ တာပေါ့။ ကိုယ်ကုသိုလ်ရဖို့ ရည်ရွယ်လုပ်တာ မဟုတ်ပေမယ့် ကိုယ်လည်း ကုသိုလ်ရ သွားတာပဲ ဒါနကုသိုလ်။

ကိုယ်သေသွားရင် ကိုယ်မှာ ထားတဲ့ အတိုင်း ကျန်ရစ် သူတွေ လုပ်မလုပ် မသေချာပေမယ့် ကိုယ့်စေတနာ၊ကိုယ့်မေတ္တာကတော့ ဒီအတိုင်းပဲ တစ်သက် မတ်တည်း ရှိတဲ့ အတွက် ဒီကိစ္စကို သတိရ လိုက်တိုင်း ကိုယ်ကတော့ မသေခင် ကတည်းက ပုဗ္ဗစေတနာနဲ့ (ရှေ့ဦးစေတနာ၊တင်ကြိုစေတနာနဲ့) ကုသိုလ် ရနေတော့တာပါပဲ။

ဂုန်နီအိတ်က အပေါက်ပါတဲ့ ဂုန်နီအိတ်တော့ ဖြစ်ရမယ်။

ကြက်သွန် ထည့်တဲ့ ဂုန်နီအိတ် မျိုးပေါ့။ ဒါမှ ငါးတွေ စားလို့ အဆင်ပြေမှာလေ။ ဆာလာအိတ်တို့ ၊ ပလက်စတစ်အိတ်တို့ ဆို ငါးတွေစား မရဘဲ ဖြစ်နေ လိမ့်မယ်။ အနံ့ရလို့ ထိုးရင်လည်း ပါးစပ်တွေ နာနေမယ်။

ဒါ ဦးဇင်းရဲ့ သေတမ်းစာ ထဲက အချက်အလက် တစ် ခုပေါ့နော်……….

အရှင်ဆန္ဒာဓိက (အသေလှတဲ့သူ) တရားစာအုပ်မှ ကူးယူေ ဖာ်ပြ ပါသည်။

အားလုံးသော မိတ်ဆွေများ ကျန်းမာလို့ချမ်းသာ ကြပ ါစေ။

Credit: သက်လွင်ဦး

Unicodeဖြင့်ဖတ်ရန်

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ
Knowledge
ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ

ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ ကိုယ်ချင်းစာ တရားဆိုတာ ဦးနှောက်က လာတာ မဟုတ်ဘူး နှလုံးသားက လာတာ ကိုယ်ချင်းစာ စိတ်လေးမွေးမြူ တတ် ပါစေ အကောင်းမြင် စိတ်ဆိုတာ တော်ရုံလူမှာ မရှိနိုင်ဘူး စာနာ တတ်တဲ့ လူမှာပဲ ရှိတယ် အကောင်းမြင်စိတ်လေးမွေးမြူ နိုင်ပါစေ အချစ်ဆိုတာ ဦးနှောက်ကနေ ဖြစ်တည် တာ မဟုတ်ဘူး နှလုံးသား ကနေ ပေါက်ဖွား လာတာ ဘဝအတွက် ဆိုရင်တော့ နှလုံးသားနဲ့ ဦးနှောက် ဆတူ စဉ်းစားဆုံးဖြတ် တတ်ပါစေ မနာလိုစိတ် ဆိုတာ ကိုယ့်ထက်သူ သာနေလို့ ဖြစ် တာ ကိုယ့်ထက်သူ တော်နေလို …

"ပိုက်ဆံစုမယ်ဆို ဒီဗျူဟာတွေသိထားဖို့လိုတယ်''
Knowledge
“ပိုက်ဆံစုမယ်ဆို ဒီဗျူဟာတွေသိထားဖို့လိုတယ်”

“ပိုက်ဆံစုမယ်ဆို ဒီဗျူဟာတွေသိထားဖို့လိုတယ်” ဒီဗျူဟာလေးက အရမ်းကောင်းလို့ မျှဝေ ပါတယ် ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ် ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီး ပါတယ်။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူ တတ်ကြ တယ်။ ဒါက အ ဓိ က မှားယွင်းနေတဲ့အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေ တဲ့ အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲ ဆိုတာအချက်ကျကျတင်ပြချင်ပါတယ်။ (1)သုံးပြီးမှ မစုလေနဲ့။ …

ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတဲ့ “စိတ်ဆိုးရင် စကား မပြောနဲ့”
Knowledge
ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတဲ့ “စိတ်ဆိုးရင် စကား မပြောနဲ့”

ပါမောက္ခချုပ် ဆရာတော်ကြီး ဟောကြားတဲ့ “စိတ်ဆိုးရင် စကား မပြောနဲ့” ဘာဖြစ်လို့လဲ? စကားကောင်း မထွက် ဘူး ဒါဆို ဘယ်လိုပြော ရမလဲ? စကား အပြော အဆိုနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာ ဘုရားက ဟောကြားပေး ထားတာ ရှိတယ် စကားပြောတဲ့ အခါမှာ ၁။ ပြောသင့်တဲ့ အချိန်မှာ ပြောမယ် မပြောသင့်တဲ့ အချိန်မှာ မပြောဘူး.. ၂။ မှန်တာကိုပဲ ပြောမယ်.. မမှန်တာ ကို မပြောဘူး ၃။ ပြောမယ် ဆိုရင် လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ ပြောမယ် ၄။ ပြောတဲ့အခါမှာ အကျိုး ရှိတဲ့ စကားကို …