
ဧည့်သည်တွေပြန်သွားချိန်မှာတော့ ကျွန်တော်တို့ တွေသော ကတွေမေ့ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဝမ်းသာ အားရနဲ့ တစ်ယောက်ဖြစ်နေတာ တစ်ယောက် ပြန်ပြောပြီး
Crd
“ကိုးနဝင်းကျေးဇူးကြောင့် …အခက်ခဲကျော်လွှားနိုင်ကြသူများ”( ကိုးနဝင်း ကျေးဇူး တသက်မမေ့ဘူး)
ဒါပေမယ့် ဓမ္မမိတ်ဆွေအပေါင်းကိုဆုံးအောင်တော့ဖတ်ကြည့်စေချင်ပါတယ် ကျွန်တော်အာချောင်ပြီးရေးထားတာတစ်ခုမှမပါဘူးဆိုတာကတော့ တစ်ရာ% ထိသက်သေထူနိုင်ပါတယ်ခင်ဗျာ
2012 ခုနှစ်ကတော့ ကျွန်တော့်ဘဝ တစ်သက်တာမှာ အခက်ခဲဆုံး အပြင်းထန်ဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ် အတွေ့အကြုံ အသစ်နဲ့ တကယ် စိတ်လူပ်ရှားစရာ ကောင်းခဲ့ တာကတော့ ဒီလိုပါခင်ဗျာ
ခရီးသွားရတာကို နှစ်သက်တဲ့ ကျွန်နော်က ငွေသိန်းနှစ်ဆယ် ခန့်နဲ့ Local Travel Agent လေး တစ်ခုကို စတင် တည်ထောင် ခဲ့ပါတယ် တိုက်ခန်းဖိုးပေး ဟိုပေး ဒီပေး နဲ့ နောက်ဆုံးမှာ သောင်းဂဏန်းခန့် သာ ကျန်ပါတော့တယ်
ဒီလိုပဲ စလုပ်ခါစ အလုပ်ပါးတော့ လေးငါးယောက်ထိုင် စား လာကြတာ နောက်ဆုံး မှတ်မှတ်ရရ ငွေ ၈၀၀ ခန့်သာ ကျန်ပါတယ် အဲငွေလေးနဲ့ ဈေးသွာ းကန်စွန်းရွက်လေး ဝယ်ပြီး ပြန်လာကြ ပါတယ်
ကိုးနဝင်းမိုးလင်းမှ သိမယ် ဆိုတာ တကယ်ပါ ခင်ဗျာ ပြတ်တုန်းလတ်တုန်း ၂၃ ကျော်လို့ ၁၀၃ အပေါင်ဆုံးခါနီး မိုးလင်းတော့ ခရီးစဉ်တစ်ခုအတွက် စရံငွေသုံးသိန်း ရပါတယ် အဲတာလေးနဲ့စားသောက် ကြရင်း ခရီးစဉ်ပြီးဆုံးချိန်မှာ အသားတင် အမြတ်ငွေ ငါးသိန်း ဝန်းကျင် ခန့်ရ ခဲ့ပါတယ်
အဲဒီခေါက်ကစလို့ ခရီးစဉ်တွေ ဆက်တိုက် ရလာ ပါတယ် ကိုးနဝင်းလည်း တစ်ခေါက်ပြီး တစ်ခေါက် ဆက်တိုက် ဝင်ဖြစ် ပါတယ် အလုပ်ကလည်း လည်ပတ် လာပါတယ်..အဆင်ပြေ စပြု လာချိန်မှာ ခုလိုပဲ နောက်တစ်ကွေ့ထပ်ကြုံ လာပြန်ပါတယ်
ကျွန်တော်နဲ့ တရုတ်မှာ ဆိုးတူကောင်းဖက် ဖြတ်သန်း ခဲ့တဲ့ သူငယ်ချင်း တစ်ယောက် အခက်ခဲတွေနဲ့ခေတ္တရောက် လာချိန်မှာ နေစရာ စားစရာ ဝတ်စရာ ဖိနပ်က အစ ဝယ်ပေးပါတယ် အလုပ်ကလည်း အရင်လိုမနှေးပဲ သွက်လာ ပါတယ်
သူငယ်ချင်းက ဒီမှာအလုပ်လေးတ စ်ခု စပ်ထားတယ် အရောင်းအဝယ်ပေါ့ မူဆယ်နဲ့ရန်ကုန် ဝယ်ရောင်းလေးလုပ်ချင်တယ် တစ်ပြန်ရင်း တစ်ပြန် မြတ်တယ် သုံးခေါက်လောက် ဆို အရင်းပြန်ပေးမယ် တစ်လခွဲလောက်ဆိုလို့ ခရီးစဉ် တည်ထား တဲ့ငွေထဲက ငါးသိန်းထုတ်ပေး ပါတယ်
တစ်လခွဲလောက် တော့ ရတယ် နောက်လ ၂၇ ရက်နေ့တော့ မင်းပေး နိုင်မလား ဆိုတော့..အဲလောက် ဆိုရတယ် စိတ်ချပါ ဘာညာနဲ့ ယူ သွားတယ် မတိုင်ခင် တစ်ပတ်လောက် အလိုက လည်း ဖုန်းဆက်တော့ အဆင်ပြေတယ်တဲ့ ဘာမှ မပူပါနဲ့ လာပေးမယ်တဲ့ ကျွန်တော့် မှာတော့ လာနိုးနိုး လာနိုးနိုးနဲ့ ငွေရှင်းရမယ့် အချိန်သာရောက် လာတယ်
ဆရာကတော့ပေါ်မလာတော့ဘူး ကျေးဇူးဆပ် သွားခဲ့ ပါပြီ ကျွန်တော်တို့ တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်နိုင် ချွေးဒီးဒီးကျနေချိန်ငွေ မရှင်းခင် နာရီ ပိုင်းလေး အလို မှာပဲ နောက်ထပ် ခရီးစဉ် တစ်ခု အတွက် စရံငွေလာပေးတာ လိုနေတဲ့ေ ငွထက် တစ်သိန်းကျော်တောင် ပိုသွားခဲ့ ပါတယ်
Due Date ရောက်လို့ေ ငွမရှင်းရင် booking တွေကင်ဆာ လုပ်တာ ခံရရင် ဧည့်သည်နဲ့ ကိုယ် ယုံကြည်မူပျက်ပြီး လုပ်ငန်းပါblack list ပြပြီး လိမ်လည် မူမြောက်ပြီး အချုပ်ရောက်မယ့် ကိန်းပါပဲ ဗျာ
ဧည့်သည ်တေ ွပြန်သွားချိန်မှာတော့ ကျွန်တော်တို့တွေသော ကတွေမေ့ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဝမ်းသာ အားရနဲ့ တစ်ယောက်ဖြစ်နေတာ တစ်ယောက် ပြန်ပြောပြီး
တစ်သောသော ရယ်ကြပါတော့တယ် ကိုးနဝင်း အဓိဌာန်အပေါ်မှာလည်းယုံကြည်မူ ပိုတိုးခဲ့ ပါတယ် သူငယ်ချင်း အကြောင်း ဆက်ပါ ဦးမယ်
သူကတော့ရွာပြန်ပြီး အေးဆေးပဲဗျ အခြားသူငယ်ချင်း အကူညီနဲ့ဖုန်းပြောရတော့ မူဆယ်က ပစ္စည်းအချမှာ ရင်းထားတာတွေ အဖမ်းခံ ရတယ်တဲ့ ကျွန်တော့် မှာတော့ ဒေါသလေးတွေေ ပြခဲ့တယ် ငါ့မှာတော့ အချုပ်မကျရုံလေးပေါ့ အော် ဒါပေမယ့် ဒါလည်းဟုတ် မှာပါလေ တရုတ် ပစ္စည်းတွေ ကလည်း
တခါတစ်လေ ၁၀၅ မိုင်ဂိတ်မှာဖြစ်စေ အခန့်မသင့်တဲ့ အခါလည်း ဒီလိုပဲ ဖြစ်ပါတယ် လေလို့တွေးပ ါသေးတယ် ဒါပေမယ့် ကျွန်တော် သိပ်မယုံ ဘူးဗျ အဲတာနဲ့ ကွင်းဆက်
လိုက်စုံစမ်းတော့ သူ့သူငယ်ချင်းတစ်ယောက်ပြောပြသွားတာ KTV မှာ ငွေတွေ တရက်တည်း သိန်းချီဖြုန်းသွား တယ်တဲ့ သူဌေးပုံစံနဲ့အကုန် ဒကာခံသွားသတဲ့ တားမရဘူး တဲ့ဗျာ ကျွန်တော် အရက်တိုက်ပြီး မေးတော့ အကုန် ပေါ်တယ်ဗျ
အော်ကျွန်တော်တို့မှာ တတွေ မှာတော့ အလုပ် ကလေးအပေါ်မှာ အာရုံ စိုက်ပြီးဖြစ် သလို စားသောက်လို့ စိတ်နာ သွားတယ်ဗျ..ဒီလိုနဲ့ လဲရင်ပြန်ထ ဒါလူ့ဘဝပဲဗျ ရှေ့ဆက်လာ လိုက်ကြတာ ရာသီကုန် ခါနီးသင်္ကြန်အတွက် လမ်းကြောင်းတွေ ထပ်ဆွဲတယ် ခရီးသည်တွေ လည်းအပြည့် အားလုံးကွက်တိပဲ..သင်္ကြန်မှာကားတွေကရှားတော့
တစ်ယောက်ဆီမှာ ကားနှစ်စီး ကျန်တယ် ဆိုလို့ စရံငွေငါးသိန်းပေး လိုက်တယ် ဒီလိုပဲ အပြန်အလှန် ရှိနေကျဆိုတော့လည်း ကားထွက်မယ့် နေ့လည်း ကျရောရုံးခန်းပါ ပိတ်ပြီး ထွက်ပြေးသွား ကြပြီ အားလုံးစုစုပေါင်းသိန်း ၂၀ လောက်ပါ သွားကြတယ်
ပြောတယ်ဗျ ကျွန်တော့်မှ ာညတွင်းချင်း ငွေပေးရင် တောင်နောက်ကားရှာမရတဲ့ အချိန်မှာ တစ်ခြားအသိ ဆီကက ားတစ်စီး ရပါတယ် နှစ်ဆလောက်ပေး လိုက်ရတယ် ဘာပဲဖြစ်ဖြစ်ပါ ကျေးဇူးအရမ်း တင်မိပါတယ်
လောလောစယ် အပူကိုတော့ ဖြေရှင်း လိုက်နိုင်ပါတယ် နောက်နေ့ထွက်မယ့် ကားရဲ့ငွေမလောက်မငမူကိုလည်း အကိုလို အင်တာဗျူး တစ်ခုမှာ ဆုံရင်း ခင်မင်ခဲ့ ကြတဲ့ ဆရာကလိုငွေကို စိုက်ပေးပြီး
အချုပ် အနှောင်ကျမယ့်ကိန်းကနေ ကူညီပေးခဲ့ ပါတယ် သူကိုတော့ ကျွန်တော် ေ ကျးဇူးအကြွေးတင် သွားခဲ့ ပါတယ် တကယ်မေ့မ ရပါဘူး
ကျွန်တော်တို့သော ကတွေရောက် ခဲ့ကြတယ် အိပ်ရေးတွေ ပျက်ခဲ့ကြတယ် ဒုက္ခတွေေ ရာက်ခဲ့ပေမယ့် ကိုးနဝင်းတန်ခိုးကြောင့် ကျော်ဖြတ်နိုင် ခဲ့ကြ ပါတယ် အဆိုးထဲက အကောင်းပေါ့..
ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်တစ်နှစ်ပတ် လုံးနီးပါး ကိုးနဝင်း စိပ်ခဲ့ကြတဲ့ ကျေးဇူးတွေကေ တာ့အဆိုးဆုံ းနှစ်တစ်နှစ်ကို အတွေ့ကြုံသစ်တွေနဲ့ ဟန်မပျက်ရှေ့ဆက် နိုင်ခဲ့ ကြပါ တယ်
နှစ်ခေါက် အလိမ်ခံရတော့ ရာသီကုန် ချိန်မှ ာငွေမကျန်ခဲ့ပေမယ့် နောက်နှစ်ရာသီပေါ်ချိန်မှာပဲ အဖော်ကောင်းတစ်ယောက်တွေ့ပြီးအခန်းပြန်ငှါးပြီးဆက်လက်လုပ်ကြပါတယ်..နာမည်လေးလည်းရလာပါတယ် ရာသီကုန်စာရင်းချုပ်တော့ အမြတ်ငွေလေးတွေလည်းသီးခဲ့ကြပါတယ်
လေးရာသီမြောက်မှာတော့ ငွေကြေးရှင်တွေ က ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင် လာကြ တာကြောင့် ဈေးကွက်မယှဉ်ပြိုင် နိုင်တော့တာ ကြောင့် လေးနှစ်မြောက်မှာပဲ ရပ်နားခဲ့ ကြ ပါ တယ်
လိမ်သွားတဲ့ မိတ်ဆွေ ကတော့ ငတ်တလှည့် ပြတ်တလှည့်နဲ့ ဒုက္ခပင်လယ်ဝေပြီး လူတော မတိုးတော့တာကိုလည်း သူငယ်ချင်း တစ်ယောက်ဆီက တဆင့် ပြန်သိခဲ့ ရပါတယ် ကျွန်တော့်ကို တော်တော်ကြာတဲ့ အခါနောင်တရပြီ းဖုန်းဆက် ပါတယ်
ကျွန်တော်ကတော့ တစ်သက်စာ တတာပြ လိုက်ပါပြီ နောက်တစ်ယောက် ကလည်း ဝရမ်းပြေးနဲ့ထွက်ပြေးနေရပါတယ်..ကျွန်တော့်တို့ လည်း ဒုက္ခရောက် ခဲ့ကြပေမယ့် ဂုဏ်တော်ကျေးဇူးကြောင့် အချုပ်အနှောင်ကျမယ့်ကိန်းတွေကို လက်တလုံးခြား ဖြတ်ကျော် ခဲ့ကြတာ ခုထက်ထိ မေ့မရ ခဲ့ပါဘူး
ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော်ကတော့ ခုထက်ထိ အဆက်သွယ် ရှိနေ ပါတယ် သူကခုထက်ထိ လည်းကိုးနဝင်း ပုတီးစိပ် တယ်ပြော ပါတယ် သူ့မှာ လည်းခု ဆိုရင် ကိုယ်ပိုင်မြေကွက်လေးတွေ ဝယ်နိုင်ခဲ့ သလို ကျွန်တော့်မှာလည်း အငှါးယာဉ်လေး တစ်စီး ပိုင်ဆိုင် ခဲ့ပါပြီ
ကြွားဝါခြင်းမ ဟုတ်ပါဘူး ခင်ဗျာ ဆိုလိုချင်တာက ဂုဏ်တော်တွေရဲ့ကျေးဇူးကြောင့်ခုလို တဖြည်းဖြည်းအဆင်ပြေလာတာကို ယုံကြည်စေချင်လို့မျှဝေတာ ပါခင်ဗျာ..ကျွန်တော်တို့ပိုင်ဆိုင်မူ ဆိုတာ စာမဖွဲ့လောက်ပါဘူး ပစ္စည်းသင်္ခါရ လူသင်္ခါရ ဆိုတာ ဓမ္မမိတ်ဆွေတွေ သိပြီးသာ းဖြစ်သ လို မမြဲ ပါ ဘူး
ဒါပေမယ့် နောက်ဆုံးပေးချင် တဲ့ မက်စေ့ကတော့ မိဘကျေးဇူးကို နိုင်သလောက် ဆပ်ပါ ကျေးဇူး ရှိဖူးသူကို မဆပ်နိုင် ရင်တောင် ကျေးမစွပ် ပါနဲ့ ရိုးသားပါ စိတ်ကောင်းထားပါ..
ဘာသာတရားအပေါ်၌ သက်ဝင်ယုံကြည်ပြီးတကယ် အလုပ်လုပ်သော သူအတွက် ဓမ္မရဲ့စောင့်ရှောက်ခြင်းကို ခံရပြီး ဒုက္ခဆိုတာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လွတ်မြောက် နိုင်ကြ ပါလိမ့် မယ်
ကျွန်တော့်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မို့ ရဲရဲကြီး အာမခံ ပါတယ် တကယ် ယုံကြည်မူ ထားပြီး လုပ်ကြပါလို့ တိုက်တွန်းရင်း..ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ် နှစ်ဖြာကျ န်းမာချမ်းသာပြီး စီးပွားလာဒ်လာဘများဒီရေ အလားတိုးပွာ းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်း လိုက်ပါတယ်
Credit to Original Uploader
Crd
No Comments