ကုဋီ (အိမ်သာ) ဆေးကြော သန့်စင်ခြင်းရရှိ အကျိုး( ၁၁ )ပါး - Amawpyay
Knowledge
၈။ ပညာဉာဏ်ကြီးခြင်း။
၉။အသက်ရှည်ခြင်း။
၁၀။ မတွေမဝေသေရခြင်း။
Unicode
ကုဋီ (အိမ်သာ) ဆေးကြော သန့်စင်ခြင်းရရှိ အကျိုး( ၁၁ )ပါး
၁။ မိမိစိတ်လည်းကြည်လင်စေ၍ သူတစ်ပါးစိတ်ကိုလည်းကြည်လင်စေခြင်း။
၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုခံရခြင်း။
၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နုညံ့သောအသားရေနှင့်ပြည့်စုံခြင်း။
၄။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့မွှေးပျံ့သောအနံ့ရှိခြင်း။
၅။ မျက်နှာအဆင်းကြည်လင်ခြင်း။
၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့်မကြုံရခြင်း။
၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။
၈။ ပညာဉာဏ်ကြီးခြင်း။
၉။အသက်ရှည်ခြင်း။
၁၀။ မတွေမဝေသေရခြင်း။
၁၁။ သေပြီးနောက် သုဂတိသို့လားရခြင်း ။
ဟူသောအကျိုး( ၁၁ )ပါးသည် ကုဋီဆေးကြောသန့်စင်ရခြင်း၏ အကျိုးပေတည်း။
( အင်္ဂုတ္တိုရ်၊ဧကာဒသကနိပါတ် )
ကုဋီ(အိမ်သာ)အကျိုးကျေးဇူးများ
၁။ အရှက်အကြောက်ကို ကာကွယ်ခြင်း။
၂။ စက်ဆုပ်ဖွယ်ကို ကာကွယ်ခြင်း။
၃။ ကမ္ဘာ့ယဉ်ကျေးမှု ဓလေ့ကိုလိုက်နာ ကျင့်သုံးရခြင်း။
၄။ အောင့်အီးလို့ မရတဲ့ ကိစ္စကို အလျင်အမြန်ဆောင်ရွက်ရန် အသင့်ရှိခြင်း။
၅။ မိမိခန္ဓာကိုယ်ရဲ့ စက်ဆုပ်စရာ ရွံစရာကို ထင်ထင်ရှားရှား ရှုပွားရခြင်း။
( တတိယနံမော်ဆရာတော် နဲ့ နန်းချောင်းဆရာတော်တို့က ပြောတယ် – အမတ်စည်းစိမ်ဆိုတာ ငါ ကုဋီတခါတက်တဲ့ ကုသိုလ်တန်ဖိုးကို မမှီဘူး – တဲ့ )
၆။ ကုဋီမှာ ရေလောင်းခြင်း၊ သန့်ရှင်း ဆေးကြောရခြင်း၊ တံမြက်လှည်းခြင်းစတဲ့ ကျင့်ဝတ်တို့ကို ဖြည့်ကျင့်ရခြင်း။
၇။ စက်ဆုပ်ဖွယ်နေရာကို စိတ်ကြည်နူးလာအောင် သန့်ရှင်းမှုပြုရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝမှာ လူတိုင်းချစ်ခင် သန့်စင်လှပတဲ့ အကျိုးကို ရစေတဲ့ နေရာဌာနဖြစ်ခြင်း။
၈။ ယင်လုံတဲ့ ကုဋီ အိမ်သာဖြစ်တဲ့ အတွက် ဝမ်းရောဂါစတဲ့ ကူစက်ရောဂါမှာ ကာကွယ်ပေးခြင်းတို့ဖြစ်ပါတယ်။
အနာရောဂါကင်းရခြင်းရဲ့အကြောင်း
မြတ်စွာဘုရား၏ သာသနာတော်မှာ မထေရ်မြတ်တစ်ပါး ရှိခဲ့ဘူးပါတယ် ထိုမထေရ်ဟာ အနာရောဂါ ဘယ်လောက်များ ကင်းသလဲဆိုရင်
´´ဟက်ချီုး “ဆိုတဲ့ နှာတောင် မချေဘူးဘူးတဲ့ ရောဂါကင်းလိုက်ပုံများ
လောကမှာ ဘယ်ဟာမှ အကြောင်းလွတ်ပြိး အကျိုးဖြစ်ပေါ်လာတယ်ဆိုတာ မရှိပါဘူး
ထိုမထေရ် ရောဂါကင်းရခြင်းရဲ့ အကြောင်းကတော့ ဟိုး အရင်အတိတ်ဘဝတွေက မြတ်စွာဘုရားနဲ့ သံဃာတွေကို ဆေးလှူခဲ့ဘူးတယ်တဲ့
ကဿပ ဘုရားရှင် လက်ထက်ရောက်ပြန်တော့လည်း ကိုလုပ်ရမဲ့ အလုပ်တွေကို ခဏထားပြိး ရဟန်းသံဃာတွေရဲ့ အသုံးအဆောင်ဖြစ်တဲ့ ကျောင်းသန့်ရှင်းရေးတွေ ပြီးတော့လည်း ကုဋီ လို ခေါ်တဲ့ အိမ်သာ များကိုလဲ ဆေးကျောပြိး သန့်ရှင်းရေးလုပ်ခဲ့ ရတဲ့
ကုသိုလ်ကံတွေရဲ့ အကျိုးကြောင့်ဒီဘဝ အနာရောဂါ ကင်းရခြင်းဖြစ်ပါတယ် တဲ့
ဒါကြောင့် အနာရောဂါ ကင်းခြင်ပါတယ်ဆိုရင်ဘုရားဝန်း ကျောင်းဝန်း သန့်ရှင်းရေးလုပ်ခြင်းဆေး လှူ ဒါန်းခြင်း အိမ်သာများကို ဆေးကြော
ခြင်း စသည်ကုသိုလ်များကို ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်
စာအုပ်ကျမ်းညွန်း ဥပရိပံ ဋ္ဌ 139
Credit – ဖြေဆည်ရာ ဆရာတော်
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
Knowledge
မင်းဘဝကိုလက်လျော့အရှုံးပေးချင်နေပြီလား ?
မင်းဘဝကိုလက်လျော့အရှုံးပေးချင်နေပြီလား ? အားလုံးအတွက် စိတ်ခွန်အားတွေ ရရှိလိမ့်မယ် လို့ ယုံကြည်တဲ့ အတွက် အချိန်ပေးရေးသားထားခြင်းဖြစ်ပါတယ် ။ မင်းလမ်းဆုံး တစ်ခုကို ရောက်တဲ့အခါ မင်းမှာအောင်မြင်ချင် စိတ်နဲ့ အလွယ်တကူ အရှုံးပေးချင်တဲ့ စိတ်ဖြစ်လာပြီ ဆိုရင် အောင်မြင်ချင်တဲ့ စိတ်ပြောတာ ကိုနားထောင်ပေး လိုက်ပါ အလွယ်တကူ လက်လျော့ချင်တဲ့ စိတ်က မင်းသွားချင်နေတဲ့ လမ်းကို ဘယ်တော့မှ ပို့ဆောင်ပေးမှာ မဟုတ်ဘူး ကျွန်တော်ယုံကြည် ပါတယ် ကျွန်တော်တို့ အားလုံးမှာ အောင်မြင်ချင်တဲ့ စိတ် လိုအင် ဆန္ဒတွေ ရှိကြ ပါတယ် မင်းမှာလဲ အောင်မြင်ချင်တဲ့ စိတ်ရှိတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ရှုံးနိမ့်မှုတွေနဲ့ အချိန်အတော်ကြာအောင် ကြုံတွေ့ကြရပါတယ် အောင်မြင်ချင် …
Knowledge
စိတ်ထားကောင်းတဲ့ မိန်းကလေးများ ဖတ်ဖို့
စိတ်ထားကောင်းတဲ့ မိန်းကလေးများ ဖတ်ဖို့ စိတ်ထားကောင်းတဲ့ မိန်းကလေးတွေကအများသောအားဖြင့် အချစ်ကံ ခေကျတာများပါတယ် ။ သင်က စိတ်ထားကောင်းတော့သင် ချစ်တဲ့ သူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ် ။ ဒါပေမယ့် သူတို့ကကျတော့သင့်အပေါ် ဘာလို့ မကောင်းရတာလဲ ။ ဒါပေမယ့် ကမ္ဘာကြီးမှာ ဆိုးတဲ့ယောင်္ကျားတွေချည်းပဲ ရှိတာ မဟုတ်ပါဘူး ။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာဖို့အတွက်ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ် ။ သင့်မှာ ပြဿနာရှိနေတာ မဟုတဘူး…… အချစ်ကံခေတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှု မပျောက်ပါနဲ့ ။ ရွေးချယ်မှုမှားခဲ့တာက လွဲလို့ သင် ဘာများမှမလုပ်ခဲ့ပါဘူး ။ သူ သင့်ကို ထားမသွားခင်တုန်းကလိုပဲ သင်ဟာလှနေတုန်း ၊ ထက်မြက်နေတုန်းပါ ။ …
Knowledge
အဖေတွေရဲ့ ရင်ထဲမှာ ရှိနေပေမယ့် သားသမီး တွေကိုပြောမထွက်တဲ့ စကားများ
အဖေတွေရဲ့ ရင်ထဲမှာ ရှိနေပေမယ့် သားသမီး တွေကိုပြောမထွက်တဲ့ စကားများ ဘယ်သားသမီးကိုမှ မပြောချင်ခဲ့တဲ့ ဖခင်တို့ရဲ့ ရင်တွင်းစကားများ သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေ့ကိုသာချစ်တတ်ကြတာ။ စဥ့်အိုးထဲကို ရေအပြည့် ထမ်းထည့်ပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်းမသိကြဘူး ။ သူတို့အမေကလည်း သင်မပေးဘူး ။သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမင်းတွေခွံကျွေးတဲ့ အမေ ၊ထမင်းပန်းကန်ထဲကို ထမင်းခူးပေးတဲ့အမေ ၊ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့အမေ ။ သူတို့အမေကိုတော့ သူတို့ကချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့..သူတို့အမေအလုပ်လုပ်နေတာကို မြင်တွေ့နေရတာကိုးး။ အဲ့ဒိထမင်းတွေဖြစ်လာဖို့ ကျုပ်တို့ ဘယ်လောက်အထိ သူတို့ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့မတွေးမိဘူး.. သားသမီးဆိုတာ သူတို့အမေရဲ့ နို့ဖိုးကိုသာ မြင်လွယ်ကြတာပါဗျာ ။ ကျုပ်တို့လို ဖခင်တွေရဲ့ ချွေးဖိုးကိုတော့ …