စိတ္ဓာတ္ၾကံ့ခိုင္ျပီး ဉာဏ္ပညာၾကီးမားသူေတြမွာေတြ႕ရတဲ့ လကၡဏာ (၈) မ်ိဳး - Amawpyay

စိတ္ဓာတ္ၾကံ့ခိုင္ျပီး ဉာဏ္ပညာၾကီးမားသူေတြမွာေတြ႕ရတဲ့ လကၡဏာ (၈) မ်ိဳး

စိတ္ဓာတ္ၾကံ့ခိုင္ျပီး ဉာဏ္ပညာၾကီးမားသူေတြမွာေတြ႕ရတဲ့ လကၡဏာ (၈) မ်ိဳး
Knowledge

စိတ္ဓာတ္ၾကံ့ခိုင္ျပီး ဉာဏ္ပညာၾကီးမားသူေတြမွာေတြ႕ရတဲ့ လကၡဏာ (၈) မ်ိဳး

စိတ္ပိုင္း ဆိုင္ရာ သန္မာတယ္ ဆိုတာ အခက္အခဲေတြကို ေကာင္းေကာင္းေက်ာ္လႊား ခဲ့ျပီး ကိုယ္ေရာက္ခ်င္တဲ့ပန္းတိုင္ကို ေရာက္ေအာင္ သြားနိုင္ တာမ်ိဳးကို ေျပာတာပါ။ စိတ္ပိုင္း ဆိုင္ရာၾကံ့ခိုင္တဲ့့ သူဆိုတာ ဉာဏ္ပညာၾကီးမားတဲ့ သူေတြျဖစ္ျပီး ဒီအခ်က္ေတြကို လံုးဝ မလုပ္တတ္ ၾကပါဘူး။

(၁) ကိုယ့္္လုပ္ရပ္အတြက္ေနာင္တမရဘူး

အလုပ္တစ္ခု လုပ္တဲ့ အခါ ေသခ်ာ စဥ္းစားျပီးမွ လုပ္တတ္တဲ့ အတြက္ မွားသြားခဲ့ရင္ေတာင္မွ ဒီအတြက္ေနာင္တမရဘူး၊ သင္ခန္းစာယူတယ္။ ကိုယ့္လုပ္ရပ္ တစ္ခုအတြက္ ေနာင္တရျပီး ေရွ႕မဆက္ နိုင္တာမ်ိဳး မျဖစ္ဘူး။ သင္ခန္းစာ ယူျပီး ေရွ႕ဆက္ သြားနိုင္ တယ္။

(၂) ေျပာင္းလဲဖို႕အတြက္မရွက္ဘူူး

ကိုယ့္ကိုယ္ကို ေျပာင္းလဲ ပစ္ဖို႕၊ အသစ္အသစ္ေတြ သင္ယူဖို႕အတြက္ မရွက္ဘူး။ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို ျပဳျပင္ဖို႕လည္း ဝန္မေလးဘူး။

(၃) အမွားတစ္ခုကို ထပ္ခါထပ္ခါ မလုပ္ဘူး

အမွားလုပ္မိရင္ ဒီအမွား အတြက္ တာဝန္ယူတယ္၊ ဒီအမွားကေ နသင္ခန္းစာ ယူတယ္၊ ထပ္မမွားရေအာင္ ဂရုစိုက္တယ္၊ အမွတ္မရွိဘဲ အမွားတစ္ခုကို ေနာက္တစ္ခါ ထပ္မလုပ္ မိေအာင္ ၾကိဳးစားတယ္။

(၄) က်ရံႈးမွာကိုမေၾကာက္ဘူး

က်ရံႈးမွာကို ေၾကာက္လို႕ ဘာမွ မလုပ္ဘဲေနရင္ ဘာမွျဖစ္လာမွာ မဟုတ္ဘူးေလ။ သူတို႕ကဒါကို ေကာင္းေကာင္းသိတယ္။ အလုပ္တစ္ခု အတြက္ အေကာင္းဆံုး ၾကိဳးစားတယ္၊ က်ရံႈးမႈေတြကို ခံနိုင္ရည္ ရွိေအာင္ ျပင္ဆင္ထားတယ္။ တစ္ၾကိမ္ က်ရံႈးရင္ ေနာက္တစ္ၾကိမ္ ထပ္ျပီး အေကာင္ အထည္ေဖာ္တဲ့သူေတြျဖစ္တယ္။

(၅) အတိတ္မွာနစ္ျမဳပ္မေနဘူး
တိတ္ကအမွားေတြကိုဖက္တြယ္ျပီး ေရွ႕ဆက္ဖို႕ေၾကာက္ေနတာမ်ိဳး၊ အလုပ္တစ္ခုအတြက္ အားမစိုက္ခ်င္လို႕ အေၾကာင္းျပခ်က္ေတြေပးေနတာမ်ိဳးေတြမလုပ္တတ္ဘူး။ အတိတ္ထဲကေနရုန္းထြက္ျပီး အလုပ္ေကာင္းေကာင္းလုပ္ဖို႕ပဲအာရံုစိုက္တယ္။

(၆) တစ္ေယာက္တည္းျဖစ္မွာကိုမေၾကာက္ဘူး

စိတ္ဓာတ္ၾကံ့ခိုင္တဲ့ သူေတြက အသင္းအဖြဲ႕နဲ႕လည္း အလုပ္လုပ္ နိုင္သလို တစ္ေယာက္တည္း ျဖစ္မွာကိုလည္းမေၾကာက္ဘူး။ ကိုယ့္အေနာက္မွာ ေထာက္ခံမယ့္ သူတစ္ေယာက္မွ မရွိရင္လည္း တစ္ေယာက္တည္းအားနဲ႕ ေရွ႕ဆက္သြြားေနတဲ့ သူေတြျဖစ္တယ္။

(၇) တျခားသူရဲ႕ေအာင္ျမင္မႈကိုမနာလိုမျဖစ္ဘူး

သူမ်ားေအာင္ျမင္တာကို မနာလိုျဖစ္တယ္ ဆိုတာ စိတ္ဓာတ္ေပ်ာ့ညံ့တဲ့ သူေတြရဲ႕ လကၡဏာျဖစ္ပါတယ္။ စိတ္ ဓာတ္ၾကံ့ခိုင္ တဲ့သူ၊ သေဘာထားၾကီးတဲ့ သူေတြက သူမ်ားေအာင္ျမင္တာ အတြက္ ကိုယ္ေအာင္ျမင္တာလိုပဲ ဝမ္းသာပ ါတယ္။

(၈) ခ်က္ခ်င္းေအာင္ျမင္ဖို႕မေမွ်ာ္လင့္ဘူး

ကိုယ္လုပ္လိုက္တဲ့အလုပ္တစ္ခုရဲ႕ အက်ိဳးရလဒ္ကိုခံစားဖို႕ အခ်ိန္တစ္ခုေတာ့ ေစာင့္ရမယ္္ဆိုတာကို ေကာင္းေကာင္းနားလည္တယ္။ အခုေရတြင္းတူး၊ အခုေရၾကည္ေသာက္ခ်င္တဲ့စိတ္္မ်ိဳးမရွိဘူး၊ ေအာင္ျမင္မႈကိုခံစားဖို႕အတြက္ စိတ္္ရွည္လက္ရွည္နဲ႔ အားမယုတ္ဘဲ ဇြဲေကာင္းေကာင္းနဲ႔ႀကိဳစားသူေတြျဖစ္ၾကပါတယ္။

Credit – RAY

Unicode

စိတ်ဓာတ်ကြံ့ခိုင်ပြီး ဉာဏ်ပညာကြီးမားသူတွေမှာတွေ့ရတဲ့ လက္ခဏာ (၈) မျိုး

စိတ်ပိုင်း ဆိုင်ရာ သန်မာတယ် ဆိုတာ အခက်အခဲတွေကို ကောင်းကောင်းကျော်လွှား ခဲ့ပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားနိုင် တာမျိုးကို ပြောတာပါ။ စိတ်ပိုင်း ဆိုင်ရာကြံ့ခိုင်တဲ့ သူဆိုတာ ဉာဏ်ပညာကြီးမားတဲ့ သူတွေဖြစ်ပြီး ဒီအချက်တွေကို လုံးဝ မလုပ်တတ် ကြပါဘူး။

(၁) ကိုယ့်လုပ်ရပ်အတွက်နောင်တမရဘူး

အလုပ်တစ်ခု လုပ်တဲ့ အခါ သေချာ စဉ်းစားပြီးမှ လုပ်တတ်တဲ့ အတွက် မှားသွားခဲ့ရင်တောင်မှ ဒီအတွက်နောင်တမရဘူး၊ သင်ခန်းစာယူတယ်။ ကိုယ့်လုပ်ရပ် တစ်ခုအတွက် နောင်တရပြီး ရှေ့မဆက် နိုင်တာမျိုး မဖြစ်ဘူး။ သင်ခန်းစာ ယူပြီး ရှေ့ဆက် သွားနိုင် တယ်။

(၂) ပြောင်းလဲဖို့အတွက်မရှက်ဘူူး

ကိုယ့်ကိုယ်ကို ပြောင်းလဲ ပစ်ဖို့၊ အသစ်အသစ်တွေ သင်ယူဖို့အတွက် မရှက်ဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေကို ပြုပြင်ဖို့လည်း ဝန်မလေးဘူး။

(၃) အမှားတစ်ခုကို ထပ်ခါထပ်ခါ မလုပ်ဘူး

အမှားလုပ်မိရင် ဒီအမှား အတွက် တာဝန်ယူတယ်၊ ဒီအမှားကေ နသင်ခန်းစာ ယူတယ်၊ ထပ်မမှားရအောင် ဂရုစိုက်တယ်၊ အမှတ်မရှိဘဲ အမှားတစ်ခုကို နောက်တစ်ခါ ထပ်မလုပ် မိအောင် ကြိုးစားတယ်။

(၄) ကျရှုံးမှာကိုမကြောက်ဘူး

ကျရှုံးမှာကို ကြောက်လို့ ဘာမှ မလုပ်ဘဲနေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလေ။ သူတို့ကဒါကို ကောင်းကောင်းသိတယ်။ အလုပ်တစ်ခု အတွက် အကောင်းဆုံး ကြိုးစားတယ်၊ ကျရှုံးမှုတွေကို ခံနိုင်ရည် ရှိအောင် ပြင်ဆင်ထားတယ်။ တစ်ကြိမ် ကျရှုံးရင် နောက်တစ်ကြိမ် ထပ်ပြီး အကောင် အထည်ဖော်တဲ့သူတွေဖြစ်တယ်။

(၅) အတိတ်မှာနစ်မြုပ်မနေဘူး
တိတ်ကအမှားတွေကိုဖက်တွယ်ပြီး ရှေ့ဆက်ဖို့ကြောက်နေတာမျိုး၊ အလုပ်တစ်ခုအတွက် အားမစိုက်ချင်လို့ အကြောင်းပြချက်တွေပေးနေတာမျိုးတွေမလုပ်တတ်ဘူး။ အတိတ်ထဲကနေရုန်းထွက်ပြီး အလုပ်ကောင်းကောင်းလုပ်ဖို့ပဲအာရုံစိုက်တယ်။

(၆) တစ်ယောက်တည်းဖြစ်မှာကိုမကြောက်ဘူး

စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေက အသင်းအဖွဲ့နဲ့လည်း အလုပ်လုပ် နိုင်သလို တစ်ယောက်တည်း ဖြစ်မှာကိုလည်းမကြောက်ဘူး။ ကိုယ့်အနောက်မှာ ထောက်ခံမယ့် သူတစ်ယောက်မှ မရှိရင်လည်း တစ်ယောက်တည်းအားနဲ့ ရှေ့ဆက်သွားနေတဲ့ သူတွေဖြစ်တယ်။

(၇) တခြားသူရဲ့အောင်မြင်မှုကိုမနာလိုမဖြစ်ဘူး

သူများအောင်မြင်တာကို မနာလိုဖြစ်တယ် ဆိုတာ စိတ်ဓာတ်ပျော့ညံ့တဲ့ သူတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ စိတ် ဓာတ်ကြံ့ခိုင် တဲ့သူ၊ သဘောထားကြီးတဲ့ သူတွေက သူများအောင်မြင်တာ အတွက် ကိုယ်အောင်မြင်တာလိုပဲ ဝမ်းသာပ ါတယ်။

(၈) ချက်ချင်းအောင်မြင်ဖို့မမျှော်လင့်ဘူး

ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့ အကျိုးရလဒ်ကိုခံစားဖို့ အချိန်တစ်ခုတော့ စောင့်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တဲ့စိတ်မျိုးမရှိဘူး၊ အောင်မြင်မှုကိုခံစားဖို့အတွက် စိတ်ရှည်လက်ရှည်နဲ့ အားမယုတ်ဘဲ ဇွဲကောင်းကောင်းနဲ့ကြိုစားသူတွေဖြစ်ကြပါတယ်။

RAY

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …