
ဇန္န၀ါရီလ ၂၄ ရက္ေန႕ဆိုတာ
၁၈၇၁ ခုႏွစ္ ဇန္န၀ါရီလ၂၄ ရက္ေန႕ မွာ ခ်ားလ္ဂြတ္ရီးယား ဂ်ဳနီယာက သူ႔အေဖထြင္ခဲ့တဲ့ ဖိနပ္ေအာက္ခံဆိုးျပား နဲ႕ ဖိနပ္ခ်ဳပ္စက္ကို လက္ခံ ရရွိခဲ့တဲ့ေန႔ပါ။
ကမာၻႀကီးေပၚမွာ မဟာတီထြင္သူေတြ ရွိၾကပါတယ္။ သူတို႔ေတြက တီထြင္ျခင္းနဲ႕ ဘ၀ကိုတည္ေဆာက္ေနတယ္။ တီထြင္ျခင္းနဲ႕ပဲ လြတ္ေျမာက္ ကုန္ၾကပါတယ္။
ကမာ႕ၻ မဟာတီထြင္သူ ၇ ဦးထဲမွာ ပါတဲ့ ခ်ားလ္ဂြတ္ရီးယားကေတာ့ တီထြင္းရင္နဲ႕ အေၾကြးေတြ၀ိုင္း ေထာင္က်ရတဲ့အျဖစ္ကို ၾကံဳခဲ့ရလို႕ ကံအဆိုးဆံုး မဟာ တီထြင္ သူလို႕ေခၚရ မလို ပါပဲ။
ဒီကေန႕ က်ေနာ္တို႔သံုးေနတဲ့ ရာဘာ ပစၥည္း ေတာ္ေတာ္မ်ားမ်ားက ၾကက္ေပါင္ေစးလို႔ေခၚတဲ့ ၾကက္ေပါင္ေစးအပင္က ထြက္တဲ့အေစး ကို ဓာတုနည္းနဲ႕ ျပဳျပင္ ထားတာပါ။
ရာဘာ အမ်ိဳးအစားေပါင္းမ်ားစြာကို ဂြတ္ရီးယားက စမ္းသက္ တီထြင္ ခဲ့ပါတယ္။ ၾကက္ေပါင္ေစးကို ဘယ္ဓာတုပစၥည္းနဲ႕ အပူခ်ိန္ဘယ္ ေလာက္မွာ ဖိအားဘယ္ေလာက္ေပးရင္ ဘယ္လိုအမ်ိဳးအစားရာဘာ ထြက္လာမယ္ဆိုတာကို အမ်ားႀကီးစမ္းသက္ခဲ့ပါတယ္။
ရာဘာအသင္းက သူစမ္းခဲ့တဲ့ ရာဘာအမ်ိဳးအစားက ၃၀၀၀ေက်ာ္တယ္လို႔ မွတ္တမ္းတင္ခဲ့တယ္။ ဖီလာဒယ္ဖီးယားက သူျခံထဲမွာ အိႏၵိယကလာတဲ့ ၾကက္ေပါင္ေစး ေတြအျပည့္ပါပဲ။ တစ္မ်ိဳးၿပီးတစ္မ်ိဳးစမ္းတယ္၊ ရလဒ္ေတြကိုမွတ္တမ္း တင္ထားတယ္။ အဲ့ဒါေတြရဲ႕ အဆံုးသတ္ကေတာ့ သူ႔မွာအေၾကြးေတြ ၀ိုင္းသြားတာပါပဲ။
အေၾကြးမဆပ္ႏိုင္ေတာ့လို႔ ေထာင္က်ခံလိုက္ရ တယ္။ ကံေကာင္းခ်င္ေတာ့ သူဘ၀ေနာက္ပိုင္းမွာ ခ်ာေဖးလို႔ေခၚတဲ့ သူေဌးတစ္ေယာက္က သူ႕ကိုသနားလို႔ ေငြေၾကးေထာက္ပံ့ေပးလို႔ အသက္ရႈေခ်ာင္ခဲ့ရတယ္။
လူသားေတြရဲ႕ အက်ိဳးအတြက္ ရာဘာနဲ႕ဆက္စပ္ပစၥည္းေတြကို တီထြင္ေပမဲ့ တီထြင္ျခင္းနဲ႔ အခ်ိန္နဲ႕က သိပ္မကိုက္ေသးလို႔ အေဟာသိကံ ျဖစ္ေနရတာကို ခ်ာေဖးက သနားသြားၿပီး သူ႔ကို ေငြေၾကးေထာက္ပ့့ံ ေပးခဲ့တာပါ။
အမွန္ေတာ့သူက တီထြင္သူ တစ္ဦးျဖစ္တာက အမွန္ပါ။ သူငယ္ငယ္တုန္းက ဆို သူမ်ားေတြဆီမွာ အလုပ္၅ႏွစ္ေလာက္လုပ္ၿပီး ေနာက္မွာေတာ့ သူ႔အေဖဆီကို ျပန္လာၿပီး သူ႔အေဖ ကုန္မာဆိုင္မွာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းသံုး ကုန္ပစၥည္းေတြကို တီထြင္ေရာင္းခ်ေ နတာပါ။
သူ႔အေဖက သားရဲ႕လက္ရာေၾကာင့္ ေန႔ခ်င္းညခ်င္း ပိုက္ဆံေတြေတာ္ေတာ္ရခဲ့တယ္။ ဂြတ္ရီးယားက သူကိုယ္တိုင္ ကုန္မာဆိုင္တစ္ခုေထာင္ၿပီး လယ္ယာ လုပ္ငန္ခြင္သံုး ပစၥည္းေတြကို ထုတ္လုပ္ေရာင္းခ်တာ ေတာ္ေတာ္အဆင္ ေျပပါတယ္။ ေရႊနဲ႕ ေငြနဲ႕ အိမ္ေထာင္ေတာင္က် သြားေသးတယ္။
သူငယ္ခ်င္းတစ္ေယာက္က အိႏၵိယက ၾကက္ေပါင္းေစး အေၾကာင္းလာေျပာတဲ့အခ်ိန္မွာ သူဘ၀က တီထြင္မႈနဲ႕ ဆင္းရဲမြဲေတမႈကို လက္ခံလိုက္ရေတာ့တာပါပဲ။
၅၉ႏွစ္အရြယ္ ေသဆံုးၿပီးေနာက္မွသူကို႕ ကမာၻ ႕မဟာတီထြင္သူၾကီးဆိုတဲ့ စာရင္ထဲကို ထည့္လိုက္တာပါ။ သူ႔မ်ိဳးဆက္ေတြကေတာ့ ဂြတ္ရီးယား တာယာလုပ္ငန္းဆိုၿပီး ဆက္လက္လုပ္ကိုင္ခဲ့ပါတယ္။
ေမာင္ယႆ REF; on the day
Unicode
ဇန်နဝါရီလ ၂၄ ရက်နေ့ဆိုတာ
၁၈၇၁ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့ မှာ ချားလ်ဂွတ်ရီးယား ဂျုနီယာက သူ့အဖေထွင်ခဲ့တဲ့ ဖိနပ်အောက်ခံဆိုးပြား နဲ့ ဖိနပ်ချုပ်စက်ကို လက်ခံ ရရှိခဲ့တဲ့နေ့ပါ။
ကမ္ဘာကြီးပေါ်မှာ မဟာတီထွင်သူတွေ ရှိကြပါတယ်။ သူတို့တွေက တီထွင်ခြင်းနဲ့ ဘဝကိုတည်ဆောက်နေတယ်။ တီထွင်ခြင်းနဲ့ပဲ လွတ်မြောက် ကုန်ကြပါတယ်။
ကမာ့္ဘ မဟာတီထွင်သူ ၇ ဦးထဲမှာ ပါတဲ့ ချားလ်ဂွတ်ရီးယားကတော့ တီထွင်းရင်နဲ့ အကြွေးတွေဝိုင်း ထောင်ကျရတဲ့အဖြစ်ကို ကြုံခဲ့ရလို့ ကံအဆိုးဆုံး မဟာ တီထွင် သူလို့ခေါ်ရ မလို ပါပဲ။
ဒီကနေ့ ကျနော်တို့သုံးနေတဲ့ ရာဘာ ပစ္စည်း တော်တော်များများက ကြက်ပေါင်စေးလို့ခေါ်တဲ့ ကြက်ပေါင်စေးအပင်က ထွက်တဲ့အစေး ကို ဓာတုနည်းနဲ့ ပြုပြင် ထားတာပါ။
ရာဘာ အမျိုးအစားပေါင်းများစွာကို ဂွတ်ရီးယားက စမ်းသက် တီထွင် ခဲ့ပါတယ်။ ကြက်ပေါင်စေးကို ဘယ်ဓာတုပစ္စည်းနဲ့ အပူချိန်ဘယ် လောက်မှာ ဖိအားဘယ်လောက်ပေးရင် ဘယ်လိုအမျိုးအစားရာဘာ ထွက်လာမယ်ဆိုတာကို အများကြီးစမ်းသက်ခဲ့ပါတယ်။
ရာဘာအသင်းက သူစမ်းခဲ့တဲ့ ရာဘာအမျိုးအစားက ၃၀၀၀ကျော်တယ်လို့ မှတ်တမ်းတင်ခဲ့တယ်။ ဖီလာဒယ်ဖီးယားက သူခြံထဲမှာ အိန္ဒိယကလာတဲ့ ကြက်ပေါင်စေး တွေအပြည့်ပါပဲ။ တစ်မျိုးပြီးတစ်မျိုးစမ်းတယ်၊ ရလဒ်တွေကိုမှတ်တမ်း တင်ထားတယ်။ အဲ့ဒါတွေရဲ့ အဆုံးသတ်ကတော့ သူ့မှာအကြွေးတွေ ဝိုင်းသွားတာပါပဲ။
အကြွေးမဆပ်နိုင်တော့လို့ ထောင်ကျခံလိုက်ရ တယ်။ ကံကောင်းချင်တော့ သူဘဝနောက်ပိုင်းမှာ ချာဖေးလို့ခေါ်တဲ့ သူဌေးတစ်ယောက်က သူ့ကိုသနားလို့ ငွေကြေးထောက်ပံ့ပေးလို့ အသက်ရှုချောင်ခဲ့ရတယ်။
လူသားတွေရဲ့ အကျိုးအတွက် ရာဘာနဲ့ဆက်စပ်ပစ္စည်းတွေကို တီထွင်ပေမဲ့ တီထွင်ခြင်းနဲ့ အချိန်နဲ့က သိပ်မကိုက်သေးလို့ အဟောသိကံ ဖြစ်နေရတာကို ချာဖေးက သနားသွားပြီး သူ့ကို ငွေကြေးထောက်ပံ့ ပေးခဲ့တာပါ။
အမှန်တော့သူက တီထွင်သူ တစ်ဦးဖြစ်တာက အမှန်ပါ။ သူငယ်ငယ်တုန်းက ဆို သူများတွေဆီမှာ အလုပ်၅နှစ်လောက်လုပ်ပြီး နောက်မှာတော့ သူ့အဖေဆီကို ပြန်လာပြီး သူ့အဖေ ကုန်မာဆိုင်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ပစ္စည်းတွေကို တီထွင်ရောင်းချေ နတာပါ။
သူ့အဖေက သားရဲ့လက်ရာကြောင့် နေ့ချင်းညချင်း ပိုက်ဆံတွေတော်တော်ရခဲ့တယ်။ ဂွတ်ရီးယားက သူကိုယ်တိုင် ကုန်မာဆိုင်တစ်ခုထောင်ပြီး လယ်ယာ လုပ်ငန်ခွင်သုံး ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတာ တော်တော်အဆင် ပြေပါတယ်။ ရွှေနဲ့ ငွေနဲ့ အိမ်ထောင်တောင်ကျ သွားသေးတယ်။
သူငယ်ချင်းတစ်ယောက်က အိန္ဒိယက ကြက်ပေါင်းစေး အကြောင်းလာပြောတဲ့အချိန်မှာ သူဘဝက တီထွင်မှုနဲ့ ဆင်းရဲမွဲတေမှုကို လက်ခံလိုက်ရတော့တာပါပဲ။
၅၉နှစ်အရွယ် သေဆုံးပြီးနောက်မှသူကို့ ကမ္ဘာ့မဟာတီထွင်သူကြီးဆိုတဲ့ စာရင်ထဲကို ထည့်လိုက်တာပါ။ သူ့မျိုးဆက်တွေကတော့ ဂွတ်ရီးယား တာယာလုပ်ငန်းဆိုပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
မောင်ယဿ REF; on the day
No Comments