
ရန္္ကုန္ျမိဳ႔ကို ေစာင္႔ေရွာက္္ေတာ္မူေသာ နတ္္မင္းၾကီးေလးပါး
ရန္ကုုန္ၿမိဳ႕ရဲ့သက္ေတာ္ရွည္္နတ္မင္းႀကီး(၄)ပါးဗဟုသုတပါ
ေမွာ္ဘီီွ ဘိုးဘိုးႀကီး ၊ဆူးေလဘိုးဘိုးႀကီး ၊ဗိုလ္တစ္ေထာင္ဘိုးဘိုးႀကီး ၊သကၤန္းကၽြန္းဘိုးဘိုးႀကီး … ထိုိဘိုးဘိုးႀကီးေလးပါး မွာ ျမတ္စြာဘုရား ပြင့္ေတာ္ မူခ်ိန္မွ ယခု႔တိုင္ သာသနာေစာင့္သက္ေတာ္ရွည္ နတ္မင္းႀကီးမ်ား ျဖစ္ေၾကာင္း ဘုရား သမိုင္းတခ်ိဳ႕တြင္ဖတ္ရွု႔မွတ္သားရပါသည္။
ဥကၠလာပ မင္းႀကီးႏွင့္္ ကုန္သည္ ညီေနာင္တို႔ ဘုရားဗ်ာဒိတ္ေတာ္အရ ေရႊတိဂုံေစတီ တည္ထားရန္ ေနရာျဖစ္ေသာသိဂုတၤၱရ ကုန္းေတာ္ကို စူးစမ္းရွာေဖြၾကရာ မေတြ႕မရရွိျဖစ္ေန၍ တိုင္းသူျပည္သားမ်ား အကူအညီ ျဖင့္ ရွာေဖြၾကျပန္ပါသည္ ။
ထိုိအခါ တြင္လည္း မည္သူမၽွ ရွာမေတြ႕ၾကေပ။ လူ႔ေလာကတြင္ ထိုကုန္းေတာ္ကို သိသူမရွိ သျဖင့္ ဥကၠလာပမင္းႀကီးသည္ ခမည္းေတာ္သိၾကားမင္း အားအကူညီေတာင္း ရေလသည္။
သိၾကားမင္းသည္္ လည္း အသက္ငယ္ေသာ ေၾကာင့္ယခင္ေရွးဘုရား သုံးဆူတို႔ ၏ ေတာင္ေဝွးေတာ္၊ ေရစစ္ေတာ္၊ေရသႏုပ္ေတာ္ တို႔ကိန္းဝပ္ရာ သိဂုတၤၱရ ကုန္းေတာ္ကို မသိျဖစ္ေလ သည္ ။ ထို႔ေနာက္ အသက္ရွည္ေသာ ကမၻာနတ္ႀကီး ငါးပါး တို႔ ကို ပင့္ဖိတ္၍ ေမးျမန္းရေလသည္။
၎ကမၻာဦးနတ္ႀကီး(၅)ပါးတို႔သည္သာမန္နတ္မ်ိဳး နတ္ႏြယ္ မဟုတ္၊ ဘဒၵကမၻာတြင္ ပြင့္ေတာ္မူသည့္ ဘုရားရွင္မ်ားအား မွီလိုက္ေသာ နတ္မ်ားသက္ေတာ္ရွည္နတ္မ်ားျဖစ္ၾကသည္။
ကမၻာသက္ေတာ္ရွည္နတ္မင္းႀကီးငါးပါးတို႔တြင္္
ေဝဠဳသုမနအမည္ရွိဆူးေလနတ္၊
ေရာဟဏီအမည္ရွိ ဗိုလ္တစ္ေထာင္နတ္
ဒကၡိဏ အမည္ရွိ သကၤန္းကၽြန္းနတ္
-အၿမိႆနတ္အမည္ရွိ ေမွာ္ဘီနတ္ႀကီး စုုစုေပါင္းေလးပါးတို႔ေရာက္ရွိလာသည္ဟု ဘုရားသမိုင္းတခ်ိဳ႕တြင္ဖတ္မွတ္ခဲ့ရပါသည္ ။
ေဝဠဳသုမနနတ္မင္းႀကီး(ဆူးေလဘိုိဘိုးႀကီး)
ထိုိနတ္ႀကီးမ်ား ေရာက္လာ၍ သိၾကားမင္းသည္ သိဂုတၤၱရကုန္းေတာ္ကို သိျမင္ၾကဘူးလား ဟုနတ္မင္းႀကီးမ်ားကို ေမးေတာ္မူရာ ေဝဠဳသုမန႐ုကၡစိုး နတ္ႀကီး ေျပာဆိုသည္မွာ …
” ကၽြန္ုပ္္ က ေရွးအထက္က ဘီလူး ျဖစ္သည္။ ကကုသန္ျမတ္စြာဘုရား ႂကြလာသည္ ကိုိ ျမင္ ၍ ဖမ္းစားမည္ဟု႔လိုက္လၽွင္ဘုရားသခင္ကလည္း ကၽြႏုပ္ကို တရားေဟာ၍ သရဏဂုံ ပဥၥသီလ တို႔ကို ခ်ီးေျမာက္ ၿပီးလၽွင္ လက္ေတာ္၌ ပါေသာ ေတာင္ေဝွးေတာ္ကိုခ်ီးျမႇင့္ေပးသြားေတာ္မူခဲ့သည္ ။
ထိုေတာင္ေဝွး ေတာ္ကို သိဂုတၤၱရကုန္းေတာ္ ရွိကညင္ပင္ႀကီးေအာက္ တြင္ ျမဳပ္ထားပါသည္ ” ဟု႔ ဆို ေလသည္။
ပြင့္္ ေတာ္မူ ၿပီးေသာ ဘုရားေလးဆူ ( သံ ဂုံ ပ မ )ဟုပူေဇာ္ ထား ၾကေသာေၾကာင့္ ကကုသန္ ျမတ္စြာဘုရား ကို ေတြ႕ျမင္ဖူးေျမႇာ္ခဲ့ ဖူးေသာ ေဝဠဳသုမန နတ္မင္းႀကီး(ယခုအေခၚဆူးေလဘိုးဘိုးႀကီး) သည္ သက္ေတာ္အရွည္ဆုံး ျဖစ္ပါသည္ဟု ဆိုၾက ပါသည္။
(တခ်ိဳ႕ေသာသမိုင္းစာအုပ္တို႔ တြင္က ကုသန္ျမတ္စြာ ဘုရားကိုိ ဖူးေမၽွာ္ေတြ႕ရၿပီးျမတ္စြ ဘုရား၏ ေတာင္ေဝွးေတာ္ေပးေသာ နတ္မွာ ေမွာ္ဘီနတ္ႀကီးဟု႔ ေဖာ္ျပ ထားသည္။)
ေရာဟဏီနတ္မင္းႀကီိ( ဗိုိလ္တစ္ေထာင္ဘိုးဘိုးႀကီး)
ဘိုးဘိုးႀကီး ၏ အတိိတ္ သမိုင္း မွာ ဘီလူး ဘဝ ျဖစ္ခဲ့ပါသည္။ ဘီလူးဘဝတြင္ ပြင့္ေတာ္မူေသာ ျမတ္စြာဘုရား ႏွင့္ေတြ႕ၿပီး အကၽြတ္တရားရမွ ႐ုကၡေဒဝ နတ္မင္းျဖစ္လာ ပါသည္။
ထိုမွတဖန္ သက္ေတာ္ရွည္ ကမၻာေစာင့္နတ္မင္းႀကီး ” ေရာဟဏီ “ဟု႔ အသိအမွတ္ျပဳ႕ထားၿပီး ေရာဟဏီနတ္မင္းႀကီး(ယခုအခါဗိုလ္တေထာင္ဘိုးဘိုးႀကီး)ဟု႔ ေခၚတြင္ခဲ့ပါသည္။
ေကာဏဂုံံ ဘုရားသခင္ ၾကြလာေတာ္မူသည္ ကိုဖမ္းစားမည္ဆိုၿပီး လိုက္သြား ရာ ရွင္ေတာ္ဘုရား တရားေဟာ၍သရဏဂုံ ပဥၥသီလ တို႔ကိုခ်ီးေျမႇာက္ခဲ့ ၿပီး ဓမၼကရိုက္ေရစစ္ေတာ္ ေပးသြားေတာ္မူ ခဲ့သည္။ ထိုဓမၼကရိုက္ေရစစ္ေတာ္ကိုသိဂုတၤၱရကုန္းေတာ္ရွိ ကညင္ပင္ေအာက္ တြင္ျမဳပ္ထားသည္ ဟု႔ဆို၏
ဒကိၡိဏ နတ္ႀကီး (သကၤန္းကၽြန္းဘိုးဘိုးႀကီး)
ဥဒုုမၺရ ေခၚ ဒကၡိိဏ နတ္ႀကီး မွာ ယခု႔အခါ သကၤန္းကၽြန္းဘိုးဘိုး ႀကီး ျဖစ္ပါသည္။ေရႊတိိဂုံေစတီသမိုငိးတြင္ကႆပဘုရားရွင္ေပးသနားေတာ္မူ သည့္ ေရသႏုပ္သကၤန္းေတာ္ တို႔၏ တည္ရွိရာေနရာျမတ္ ကို ညႊန္ျပသည္ဟု႔ ေဖာ္ၿပ ထားပါသည္။
ထိုိနတ္ႀကီး မွာ ေရွးဘဝက ဘီလူး ျဖစ္ခဲ့၍ ကႆပျမတ္စြာဘုရား ႂကြလာသည္ ကို ျမင္လၽွင္ ဖမ္းစားမည္ဟူ၍လိုက္ေလရာရွင္ေတာ္ဘုရား တရားေဟာၾကား၍ သရဏဂုံ ပဥၥသီလတို႔ကို ခ်ီးေျမႇာက္ ၿပီး ေရသႏုပ္ေတာ္ ကို ေပးသနားေတာ္မူသည္ဟု႔ သိရပါသည္။
အၿမိႆနတ္ႀကီး(ေမွာ္္ဘီဘိုးဘိုးႀကီး)
ေမွာ္ဘီီ ဘိုးဘိုးႀကီးသည္ယခင္ပြင့္ေတာ္မူၿပီးေသာဘုရား၃ ဆူ ၏ ပရိိေဘာဂ ဓာတ္ေတာ္မ်ားႏွင့္ ယခု႔ပြင့္ေတာ္မူေသာ ေဂါတမ ျမတ္စြာဘုရား၏ဆံေတာ္ကိုိ ေစာင့္ေရွာက္ရသည္ဟုဆိုပါသည္။
ေတာင္ေဝွးေတာ္သည္ ဆူးေလ နတ္၏ ဦးေခါင္းထက္၊ဓမၼကရိုိက္ ေရစစ္ေတာ္သည္ ေရာဟဏီ ဘိုးဘိုး ႀကီး၏ ဦးေခါင္းထက္၊ ေရသႏုပ္ေတာ္ သည္ ဥဒုမၺရ ႐ုကၡစိုး ေခၚဒကၡိိဏ နတ္ႀကီးေပၚက်၏ ။ ေမွာ္ဘီ နတ္ႀကီး သည္ ဆံေတာ္ ဓာတ္ေတာ္ကို ေစာင့္ေရွာက္ေပးသည္ဟုဆိုၾကပါသည္။
1. ဆူးေလနတ္မင္းႀကီးထံမွ ရရွိေသာ ကကုႆန္ျမတ္စြာဘုရားရွင္၏ ေတာင္ေဝွးေတာ္္
2. ေရာဟဏီမည္ေသာ ဗိုလ္တေထာင္နတ္မင္းႀကီးထံမွ ရရွိသည့္ ေကာဏဂုံျမတ္စြာဘုရားရွင္၏ ေရစစ္ေတာ္္
3. ဒကၡိိဏ မည္ေသာ သကၤန္းကၽြန္း က်ိဳကၠဆံ နတ္မင္းႀကီးထံမွ ရရွိသည့္ ကႆပျမတ္စြာဘုရားရွင္၏ ေရသႏုပ္သကၤန္းေတာ္ျမတ္္
4. တဖုႆႏွင့္ ဘလႅိက ညီေနာင္တို႔ထံမွ ရရွိေသာ ေဂါတမျမတ္စြာဘုရားရွင္၏ ဆံေတာ္ျမတ္(၈)ဆူအား မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္၊ တေပါင္း လျပည့္ေန႔၌ေရႊတိဂုံေစတီေတာ္ဌာပနာတိုက္ အတြင္းထည့္သြင္းေတာ္မူခဲ့ပါတယ္။
ထိုိဆံေတာ္ဓာတ္တို႔ကို ‘အၿမိႆရ’ မည္ေသာ ေမွာ္ဘီနတ္မင္းႀကီးက ေစာင့္ေရွာက္ရသည္ဟုအခ်ိဳ႕ေသာဘုရားသမိုင္းႏွင့္ ေရႊတိဂုံသမိုင္းတို႔ကေရးသားေဖၚျပၾကပါတယ္။
ယခုထက္တိုိင္ ၎နတ္မင္းႀကီးေလးပါးတို႔သည္ ရန္ကုန္ၿမိဳ႕ႏွင့္တကြ၊မေကာင္းသူပယ္၍ေကာင္းသူ တို႔၏ အက်ိဳးစီးပြားတို႔ကို ေစာင့္ေရွာက္ေပးလ်က္ ရွိေၾကာင္း၊ အခ်ိဳ႕ေသာ ယုံၾကည္သူတို႔မွ ကိုးကြယ္ အားထားလၽွက္ပူေဇၚပသေလ့ရွိေၾကာင္းေရးသား တင္ျပ လိုက္ရ ပါတယ္။
(ဖတ္မိေသာ ဘုရား သမိုင္း တခ်ိဳ႕မွေ ကာက္ႏွုတ္ တင္ျပျခင္း ျဖစ္ပါသည္။)
သမိုိင္းထဲကဆူးေလေစတီႏွင့္ ဆူးေလဘိုးဘိုးႀကီး
တခ်ိဳ႕ေသာသမိုိင္း အေထာက္ အထားမ်ားအရ ဆူးေလေစတီ ေတာ္အား အသုတ္အမတ္ ႀကီး တည္ထားသည္ဟုသိိရ၏။ သူရဲေကာင္း အသုတ္အမတ္ႀကီး တည္ထားသျဖင့္ သမိုင္းအခ်ိဳ႕တြင္ “က်ိဳက္အသုတ္” ဘုရားဟုေတြ႕ရ၏။
က်ိဳက္ – ဘုရား၊ အသုုတ္ – အမတ္ႀကီးဟု အဓိပၸါယ္ရ၏။ အသုတ္အမတ္ႀကီး ဘုရား ဟုဖြင့္ဆိုရမည္ျဖစ္၏။ သို႔ႏွယ္ပင္္ အခ်ိဳ႕ပညာရွင္တို႔က အသုတ္ဟူသည္မွာ ဆံေတာ္ဟု ဖြင့္ဆိုၾကသျဖင့္ “ဆံေတာ္ဘုရား” ဟု ေခၚဆိုနိုင္၏။
သို႔ႏွယ္ပင္ အခ်ိဳ႕သမိုင္းပညာရွင္တို႔က ဥကၠလာပမင္းႀကီး ေရႊတိဂုံံဆံေတာ္ရွင္တည္ထားရာ သိဂၤဳတၱရ ကုန္းေတာ္ အားရွာေဖြစဥ္ စုေဝးတိုင္ပင္ရာဌာနျဖစ္သျဖင့္ “စုေဝးေစတီ”ဘြဲ႕မည္ တြင္သည္ဟုလည္း ဆိုၾက၏။
ဤကဲ့သို႔ပင္ အခ်ိဳ႕က ဘဒၵကမၻာ၌ ပြင့္ေတာ္မူၿပီးသည့္ ဘုရားရွင္ေလးဆူ တို႔အား မီလိုက္သည့္ ေလးဆူနတ္ႀကီးတို႔၏ စုေဝးေနရာ၌ တည္ထား ေသာေၾကာင့္ “ေလးဆူေစတီ” ဟုေခၚတြင္ ၾကသလို ကာလေရြ႕လ်ားခဲ့ၿပီး ပဋိေလာမျပန္၍ “ဆူးေလေစတီ” ဟုေခၚတြင္သည္ဆိုၾက၏။
မည္သို႔ျဖစ္ေစ ဆူးေလေစတီသည္ ေရႊတိဂုံ ေစတီေတာ္ ႀကီး၏ ေတာင္ဘက္အေရွ႕သို႔ စဥ္းငယ္ယြန္း သည့္တာ (၉၀၀) ခန္႔အကြာ ေတာင္ကုန္းအျမင့္ တြင္တည္သည္ကမူအမွန္ပင္။
ဆူးေလေစတီေတာ္၏ ပရိဝွဏ္္ အက်ယ္အ၀န္းမွာ (၂.၁၈၁)ဧကရွိၿပီး အေရွ႕ႏွင့္ အေနာက္အလ်ားေပ (၃၂၂)ေပ ေတာင္ေျမာက္ အလ်ားေပ (၂၉၁)ေပ၊ ရင္ျပင္မွငွက္ျမတ္နား စိန္ဖူးေတာ္အထိ ဉာဏ္ေတာ္ေပ (၁၅၁)ေပအျမင့္ရွိသည္။
ဆူးေလေစတီီေတာ္သည္ ပန္းတင္ခုံဖိနပ္ေတာ္မွစ၍ ငွက္ေပ်ာဖူး အထိ ရွစ္ေျမႇာင္ကိုယ္ထည္ရွိသည္။ အရပ္ရွစ္မ်က္ႏွာ ပူေဇာ္ခံရာအျဖစ္ရည္မွန္းဟန္တူသည္ဟု ဖြင့္ဆိုၾက၏။
ဆူးေလေစတီေတာ္သည္ အေလာင္းမင္းတရားႀကီး ရာမညတိုင္းအား သိမ္းပိုက္စဥ္ ဒဂုံၿမိဳ႕သို႔ ၀င္ေရာက္နားေတာ္ မူသည့္အခါ ဒဂုံၿမိဳ႕သည္ ယာေတာေျမအျဖစ္ေရာက္ေနၿပီဆိုရမည္။
အေလာင္းမင္းတရားႀကီးသည္ ၁၇၅၅-ခုႏွစ္၌ ေရႊတိဂုံေစတီေတာ္အား ဖူးျမင္ၿပီး ရန္အေပါင္း ကုန္ေသာ နိမိတ္အျဖစ္ ဒဂုံၿမိဳ႕အား ““ရန္ကုန္ၿမိဳ႕””ဟု ဘြဲ႕မည္တပ္ၿပီး ၿမိဳ႕သစ္ တည္ခဲ့၏။
အေလာင္းမင္းတရားတည္သည့္ ရန္ကုန္ၿမိဳ႕သည္္ အက်ယ္ အ၀န္းအားျဖင့္ (၁၁၁၉)တာခန္႔ က်ယ္၀န္း၏။ ရန္ကုန္ၿမိဳ႕အား သစ္တပ္ၿမိဳ႕အျဖစ္ က်ဳံး၊ ေျမာင္၊ တံခါး၊ ျပအိုး စေသာ ၿမိဳ႕အဂၤါႏွင့္ တည္ခဲ့သည္။
နယ္နိိမိတ္အက်ယ္အ၀န္းမွာ ေျမာက္ ဘက္တြင္ ဆူးေလဘုရား ေတာင္ဘက္တြင္ ရန္ကုန္ျမစ္၊ အေရွ႕ဘက္၌ ကုန္သည္လမ္း၀န္းက်င္၊ (ဂ်ဴဒါအီစကယ္လမ္း) အေနာက္ဘက္တြင္ လမ္း(၃၀)သို႔မဟုတ္ စစ္ကဲေမာင္ေထာ္ေလးလမ္း ၀န္းက်င္ျဖစ္၏။
ထိုိစဥ္က ဆူးေလေစတီေတာ္သည္ သစ္တပ္ၿမိဳ႕ရိုး အျပင္တြင္ ရွိၿပီးေရပတ္လည္ဝိုင္းရံလၽွက္ ရွိသည္။ ကုန္းျမင့္ေပၚမွ ေစတီတစ္ဆူအျဖစ္ရွိေန၏။
အေလာင္းဘုရားၿမိဳ႕တည္စက လူဦးေရ တစ္ေသာင္းခန္႔သာရွိေသာ္လည္း ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ ခဲ့သည္အေလၽွာက္ လူဦးေရတိုးတက္လာသည့္ အေလၽွာက္ ကူးသန္းေရာင္း၀ယ္ေရး လုပ္ငန္းမ်ားႀကီးထြားလာၿပီး အခ်က္အျခာေဒသျဖစ္လာခဲ့၏။
ျမန္မာသကၠရာဇ္ (၁၂၀၃)ခုႏွစ္၊ ေရႊဘိုမင္း(ခ) ဟံသာ၀တီမင္း(ခ) ကုန္းေဘာင္မင္း၊ အမရပူရၿမိဳ႕ေတာ္မွ ဒဂုံ(ရန္ကုန္)သို႔ ၾကည္းေၾကာင္းေရေၾကာင္းႏွင့္ မဟာဗ်ဴဟာ နည္းဗ်ဴဟာ အျပည့္ႏွင့္ ႂကြခ်ီခဲ့၏။
ထိုစဥ္က ေရႊဘို(ေခၚ) သာယာ၀တီမင္းႏွင့္ အေလာင္းဘုရားတည္ထားခဲ့သည့္ ရန္ကုန္ၿမိဳ႕အား တိုးခ်ဲ႕လၽွက္ ေအာင္ေျမရန္ႏွင္းၿမိဳ႕သစ္ အျဖစ္ ကမၺည္းတင္ခဲ့သည္။ ထိုအခါ ဆူးေလေစတီသည္ ၿမိဳ႕သစ္နယ္နိမိတ္အတြင္းသို႔ ေရာက္ခဲ့၏ ။
ဆူးေလေစတီ၏ ၀န္းက်င္တြင္ ရြံ့ဗြက္၊ ေရအိုင္ ႏွင့္ေတာခ်ဳံမ်ား ထူထပ္စြာေပါက္ေရာက္ေန၏။ ဒီေရအတက္အက် ျဖစ္ေပၚ၍ ေစတီေတာ္၀န္းက်င္ကို ဒီေရလႊမ္းမိုးမွု ရွိခဲ့သည္။
ေစတီအနီး၀န္းက်င္ရွိ ဗြက္ေတာမ်ား အလယ္၌ပင္ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ားတည္ရွိခဲ့သည္ဟုဆို၏။ သစ္ပင္မ်ား အုပ္အုပ္ဆိုင္းဆိုင္းရွိသျဖင့္ ေရျပင္က်ယ္ႏွင့္ ၾကည္ႏူးဖြယ္ ေအးခ်မ္းေနသည္ဟုဆို၏။
ဆူးေလေစတီ၏ အေနာက္ဘက္ေစာင္းတန္းသည္ ယခုတည္ရွိသည့္ ဆက္သြယ္ေရး႐ုံးအထိရွိသည္ဟု ဆို၏။ ျမန္မာ သကၠရာဇ္ (၁၂၁၄)ခုႏွစ္ အဂၤလိပ္ျမန္မာ ပထမစစ္ပြဲၿပီးခ်ိန္အထိ ဗႏၶဳလပန္းၿခံ၏ ေတာင္ဘက္ကၽြန္းေနရာမ်ားသည္ ေရလယ္ကၽြန္း ျဖစ္ေနသည္။
ဆူးေလဘုရားသို႔ကူးရန္ ေက်ာက္တံတား တစ္ခုတည္ေဆာက္ထားသည္ဟု အဆိုရွိ၏။ ေရလယ္ေက်ာင္းမ်ား ယခင္က ဆူးေလလမ္းကိုေလၽွာတန္းလမ္းဟု ေခၚခဲ့ၿပီးေနာင္တြင္ ဆူးေလဘုရားလမ္းဟု တြင္ခဲ့၏။
ေက်ာက္တံတားလမ္း ဟု ေခၚလည္းရွိ၏။ ထိုစဥ္က ဆူးေလေစတီေတာ္၏ အေနာက္ေတာင္ဘက္ မနီးမေဝးတြင္ က်ိဳက္မဲ သံကေရာ(ေခၚ) က်ိဳက္ျမတ္သံခ်ိဳ ေစတီႏွင့္ ရဟႏၲာသိမ္ေတာ္ႀကီးလည္းရွိသျဖင့္ ဘုရားဖူးမ်ား စည္ကား ေနသည္ဟုဆို၏။
အဂၤလိပ္ျမန္မာဒုတိယစစ္ပြဲအၿပီး၌ အဂၤလိပ္တို႔သည္ ရန္ကုန္ၿမိဳ႕အား အစိုးရ႐ုံးစိုက္ရာဟု သတ္မွတ္ခဲ့၏။
ထို႔အတူ ေကာ္မရွင္နာမင္းႀကီး ဆာအာသာဖယ္ရာကာၿမိဳ႕သစ္တည္ရန္ အမိန္႔ႏွင့္ အတူေတာင္ကုန္းၿဖိဳျခင္း၊ အနိမ့္ပိုင္းေျမဖို႔ျခင္း၊ လမ္းေဖာက္ျခင္းမ်ားျပဳခဲ့သလို ေစတီပုထိုးမ်ား၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားအား ၿဖိဳဖ်က္ခဲ့သည္။
ၿမိဳ႕ကြက္ႏွင့္ မလြတ္ဟု အေၾကာင္း ျပကာ ဆူးေလ၀န္းက်င္ရွိ ဘုန္းေတာ္ႀကီးေက်ာင္း(၅၀)အား သရက္ဥယ်ာဥ္တည္ရွိရာသို႔ ဖယ္ရွားေျပာင္းေရႊ႕ခဲ့၏။ အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ က်ိဳက္ျမတ္သံခ်ိဳ ေစတီအား ၿဖိဳဖ်က္ခဲ့ၿပီးေနာက္ တဆင့္လွမ္းတက္ခါ ဆူးေလေစတီႀကီးအား ၿဖိဳဖ်က္ရန္ ႀကိဳးပန္းၾက၏။
အာဏာပိုင္တို႔အား ဆူးေလေစတီသည္ လမ္းဆုံလမ္းခြတြင္ရွိသည့္ ေစတီျဖစ္သျဖင့္ ၿဖိဳဖ်က္သင့္သည္ဟု တင္ျပၾက၏။
သို႔ေသာ္ အဂၤလန္တြင္ရွိသည့္ ဝိတိုရိယ ဘုရင္မႀကီးက `ဆူးေလေစတီသည္ ထူပါေစတီျဖစ္သျဖင့္ မတူးၿဖိဳ၊ မဖ်က္ဆီးရ ဆူးေလေစတီအားေကြ႕ပတ္သြားရမည္´ဟု အမိန္႔ျပန္ၾကားခဲ့၏။
ယင္းသို႔ ျပန္ၾကားေသာ္လည္း အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ လုပ္ပိုင္ခြင့္ အာဏာကို အသုံးျပဳ၍ ဆူးေလေစတီေတာ္ ၀တ္ၱကေျမျဖစ္သည့္ ကုန္းေတာ္ေအာက္ေျခမ်ားအား တူးၿဖိဳဖဲ့ခ်ၾက၏။ ေျမညႇိၿပီး ၀တၱကေျမကို ၿမိဳ႕သစ္အတြင္းထည့္ခဲ့၏။
ထို႔ေၾကာင့္ ဆူးေလေစတီသည္ မွန္ကူကြက္သ႑ာန္ ကုန္းေတာ္ငယ္ျဖစ္ေနျခင္းျဖစ္၏။ ဆူးေလေစတီေတာ္၏ ေျခေတာ္ရင္း ပတ္လည္တြင္ရွိသည့္ ဂႏၶကုဋိတိုက္ တန္ေဆာင္းႏွင့္ ေစာင္းတန္းစသည့္ သာသနိက အေဆာက္အအုံမ်ား ပ်က္စီးခဲ့ရ၏။
နယ္ခ်ဲ႕အာဏာပိုင္မ်ား၏ ေစ်းၿပိဳင္စနစ္ျဖင့္ ေရာင္းခ်မွု ေၾကာင့္ ဗႏၶဳလပန္းၿခံ(ယခင္ဖိုက္စကြဲယားပန္းၿခံ) ဗလီႀကီး၊ ၿမိဳ႕ေတာ္ခန္းမ စသည့္အေဆာက္အဦးမ်ား ေပၚေပါက္ခဲ့ရ ျခင္းျဖစ္သည္။
ဆူးေလဘိုးဘိုးႀကီး
ဤဘဒၵကမၻာတြြင္ ပြင့္ေတာ္မူခဲ့သည့္ ျမတ္စြာဘုရားရွင္ ေလးဆူအားမွီလိုက္သည့္ သက္ေတာ္ရွည္ ““ေလးဆူနတ္ႀကီး”” ဟု သမိုိင္းစဥ္မ်ားတြင္ ေတြ႕ရသည္။ ေလးဆူနတ္ႀကီးသည္ ေရႊတိဂုံေစတီေတာ္အား တည္ထားကိုးကြယ္ရန္ ေနရာျဖစ္သည့္ သိဂၤဳတၱရကုန္းေျမအား ညႊန္ျပေပးခဲ့သည့္ ဘိုးဘိုးႀကီးမ်ားအနက္ တစ္ပါးျဖစ္၏။
ယခင္က ေလးဆူနတ္ႀကီး ဟုလူသိမ်ားခဲ့ၿပီး ထိုေနရာတစ္ဝိုိက္တြင္ ေနထိုိင္သူမ်ား၏ ကိုးကြယ္ဆည္းကပ္မွုကို ခံခဲ့ရသည္။ ယုံၾကည္မွုလြန္ကဲသည့္ ျမန္မာလူမ်ိဳးမ်ား၏ယုံၾကည္မွုႏွင့္အတူ အားကိုးအားထား ျပဳခဲ့သည္လည္း ရွိသည္။
လုပ္ငန္းေဆာင္တာ လုပ္ကိုင္ရာတြင္ျဖစ္ေစ၊ အခက္အခဲ ၾကဳံခဲ့သည့္အခါတြင္ျဖစ္ေစ၊ ေလးဆူနတ္ႀကီးအား ပသပူေဇာ္ အဓိ႒ာန္ ျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္ႏွင့္အညီ ေအာင္ျမင္မွုမ်ားစြာ ရခဲ့သည့္ သာဓကမ်ားရွိခဲ့သည္ ဟု ဆို၏။
ထိုိ႔ေၾကာင့္ လူအမ်ားသည္ ဤေလးဆူနတ္ႀကီးအား ထိုေနရာတြင္ နတ္နန္းျပဳလုပ္၍ ပူေဇာ္ခဲ့သည့္ အစဥ္အလာ ရွိခဲ့သည္။ ေရွးသူေဟာင္းတို႔ စကားလည္းရွိ၏။အခ်ိဳ႕၏စကားအရ ေလးဆူနတ္ႀကီးသည္ ရန္ကုန္ၿမိဳ႕လယ္ အား ပိုင္သူဟု ဆို၏။
ေလးဆူနတ္ႀကီးသည္ နတ္သက္ရွည္သူျဖစ္ၿပီး ေကာင္းမွု ေကာင္းက်ိဳးျပဳသူဟုလည္း ဆို၏။ ေလးဆူနတ္ႀကီးသည္ လူအမ်ား၏ အပူေဇာ္ခံ ဘ၀သို႔ ေရာက္ခဲ့ၿပီး ေလးဆူနတ္ႀကီး ေနထိုင္သည့္နယ္တြင္ ေစတီဘုရား တည္ထား ကိုးကြယ္သည့္အခါ ထိုေစတီဘုရား၌ ေလးဆူနတ္ႀကီးအား သီးျခား နန္းျပဳလုပ္၍ ပူေဇာ္ၾက၏။
“ေလးဆူနတ္ႀကီး” အား ကိုးကြြယ္၍ ကာလရွည္ၾကာ ကိုးကြယ္မွုၾကာလာသည့္အခါ လူအမ်ား၏စိတ္ထဲ၌ ေလးဆူနတ္ႀကီးအား ဆူးေလ ေစတီေတာ္အား အစြဲျပဳ၍ ““ဆူးေလဘိုးဘိုး ႀကီး”” ဟု ေခၚတြင္လာခဲ့ၾကသည္။
စင္စစ္ ေလးဆူနတ္ႀကီးသည္ ေလးဆူနတ္ဟုေခၚခဲ့ေသာ္လည္း သာမန္နတ္မ်ိဳး နတ္ႏြယ္ မဟုတ္၊ ဘဒၵကမၻာတြင္ ပြင့္ေတာ္မူသည့္ ဘုရားရွင္မ်ားအား မွီလိုက္ေသာ နတ္ျဖစ္သည္။
ေရွးသူေဟာင္း အခ်ိဳ႕က သူေတာ္စင္နတ္ဟုေခၚ၏။ မေကာင္းသူပယ္၊ ေကာင္းသူကယ္၏။ သာသနာအတြက္ ဘ၀နာတရားကိုးစားသူဟုဆို၏။ ေကာင္းမွုေကာင္းက်ိဳးျပဳသူမ်ား၊ ဘာသာ သာသနာအက်ိဳးျပဳသူမ်ားအား ေဆာင္မမည္ဟု ဆို၏။
Credit
Unicode
ရန်ကုန်မြို့ကို စောင့်ရှောက်တော်မူသော နတ်မင်းကြီးလေးပါး
ရန်ကုန်မြို့ရဲ့သက်တော်ရှည်နတ်မင်းကြီး(၄)ပါးဗဟုသုတပါ
မှော်ဘှီ ဘိုးဘိုးကြီး ၊ဆူးလေဘိုးဘိုးကြီး ၊ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး ၊သင်္ကန်းကျွန်းဘိုးဘိုးကြီး … ထိုဘိုးဘိုးကြီးလေးပါး မှာ မြတ်စွာဘုရား ပွင့်တော် မူချိန်မှ ယခု့တိုင် သာသနာစောင့်သက်တော်ရှည် နတ်မင်းကြီးများ ဖြစ်ကြောင်း ဘုရား သမိုင်းတချို့တွင်ဖတ်ရှု့မှတ်သားရပါသည်။
ဥက္ကလာပ မင်းကြီးနှင့်် ကုန်သည် ညီနောင်တို့ ဘုရားဗျာဒိတ်တော်အရ ရွှေတိဂုံစေတီ တည်ထားရန် နေရာဖြစ်သောသိဂုင်္တ္တရ ကုန်းတော်ကို စူးစမ်းရှာဖွေကြရာ မတွေ့မရရှိဖြစ်နေ၍ တိုင်းသူပြည်သားများ အကူအညီ ဖြင့် ရှာဖွေကြပြန်ပါသည် ။
ထိုအခါ တွင်လည်း မည်သူမျှ ရှာမတွေ့ကြပေ။ လူ့လောကတွင် ထိုကုန်းတော်ကို သိသူမရှိ သဖြင့် ဥက္ကလာပမင်းကြီးသည် ခမည်းတော်သိကြားမင်း အားအကူညီတောင်း ရလေသည်။
သိကြားမင်းသည် လည်း အသက်ငယ်သော ကြောင့်ယခင်ရှေးဘုရား သုံးဆူတို့ ၏ တောင်ဝှေးတော်၊ ရေစစ်တော်၊ရေသနုပ်တော် တို့ကိန်းဝပ်ရာ သိဂုင်္တ္တရ ကုန်းတော်ကို မသိဖြစ်လေ သည် ။ ထို့နောက် အသက်ရှည်သော ကမ္ဘာနတ်ကြီး ငါးပါး တို့ ကို ပင့်ဖိတ်၍ မေးမြန်းရလေသည်။
၎င်းကမ္ဘာဦးနတ်ကြီး(၅)ပါးတို့သည်သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်များသက်တော်ရှည်နတ်များဖြစ်ကြသည်။
ကမ္ဘာသက်တော်ရှည်နတ်မင်းကြီးငါးပါးတို့တွင်
ဝေဠုသုမနအမည်ရှိဆူးလေနတ်၊
ရောဟဏီအမည်ရှိ ဗိုလ်တစ်ထောင်နတ်
ဒက္ခိဏ အမည်ရှိ သင်္ကန်းကျွန်းနတ်
-အမြိဿနတ်အမည်ရှိ မှော်ဘီနတ်ကြီး စုစုပေါင်းလေးပါးတို့ရောက်ရှိလာသည်ဟု ဘုရားသမိုင်းတချို့တွင်ဖတ်မှတ်ခဲ့ရပါသည် ။
ဝေဠုသုမနနတ်မင်းကြီး(ဆူးလေဘိုဘိုးကြီး)
ထိုနတ်ကြီးများ ရောက်လာ၍ သိကြားမင်းသည် သိဂုင်္တ္တရကုန်းတော်ကို သိမြင်ကြဘူးလား ဟုနတ်မင်းကြီးများကို မေးတော်မူရာ ဝေဠုသုမနရုက္ခစိုး နတ်ကြီး ပြောဆိုသည်မှာ …
” ကျွန်ုပ် က ရှေးအထက်က ဘီလူး ဖြစ်သည်။ ကကုသန်မြတ်စွာဘုရား ကြွလာသည် ကို မြင် ၍ ဖမ်းစားမည်ဟု့လိုက်လျှင်ဘုရားသခင်ကလည်း ကျွနုပ်ကို တရားဟော၍ သရဏဂုံ ပဉ္စသီလ တို့ကို ချီးမြောက် ပြီးလျှင် လက်တော်၌ ပါသော တောင်ဝှေးတော်ကိုချီးမြှင့်ပေးသွားတော်မူခဲ့သည် ။
ထိုတောင်ဝှေး တော်ကို သိဂုင်္တ္တရကုန်းတော် ရှိကညင်ပင်ကြီးအောက် တွင် မြုပ်ထားပါသည် ” ဟု့ ဆို လေသည်။
ပွင့်် တော်မူ ပြီးသော ဘုရားလေးဆူ ( သံ ဂုံ ပ မ )ဟုပူဇော် ထား ကြသောကြောင့် ကကုသန် မြတ်စွာဘုရား ကို တွေ့မြင်ဖူးမြှော်ခဲ့ ဖူးသော ဝေဠုသုမန နတ်မင်းကြီး(ယခုအခေါ်ဆူးလေဘိုးဘိုးကြီး) သည် သက်တော်အရှည်ဆုံး ဖြစ်ပါသည်ဟု ဆိုကြ ပါသည်။
(တချို့သောသမိုင်းစာအုပ်တို့ တွင်က ကုသန်မြတ်စွာ ဘုရားကို ဖူးမျှော်တွေ့ရပြီးမြတ်စွ ဘုရား၏ တောင်ဝှေးတော်ပေးသော နတ်မှာ မှော်ဘီနတ်ကြီးဟု့ ဖော်ပြ ထားသည်။)
ရောဟဏီနတ်မင်းကြီ( ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး)
ဘိုးဘိုးကြီး ၏ အတိတ် သမိုင်း မှာ ဘီလူး ဘဝ ဖြစ်ခဲ့ပါသည်။ ဘီလူးဘဝတွင် ပွင့်တော်မူသော မြတ်စွာဘုရား နှင့်တွေ့ပြီး အကျွတ်တရားရမှ ရုက္ခဒေဝ နတ်မင်းဖြစ်လာ ပါသည်။
ထိုမှတဖန် သက်တော်ရှည် ကမ္ဘာစောင့်နတ်မင်းကြီး ” ရောဟဏီ “ဟု့ အသိအမှတ်ပြု့ထားပြီး ရောဟဏီနတ်မင်းကြီး(ယခုအခါဗိုလ်တထောင်ဘိုးဘိုးကြီး)ဟု့ ခေါ်တွင်ခဲ့ပါသည်။
ကောဏဂုံံ ဘုရားသခင် ကြွလာတော်မူသည် ကိုဖမ်းစားမည်ဆိုပြီး လိုက်သွား ရာ ရှင်တော်ဘုရား တရားဟော၍သရဏဂုံ ပဉ္စသီလ တို့ကိုချီးမြှောက်ခဲ့ ပြီး ဓမ္မကရိုက်ရေစစ်တော် ပေးသွားတော်မူ ခဲ့သည်။ ထိုဓမ္မကရိုက်ရေစစ်တော်ကိုသိဂုင်္တ္တရကုန်းတော်ရှိ ကညင်ပင်အောက် တွင်မြုပ်ထားသည် ဟု့ဆို၏
ဒက္ခိိဏ နတ်ကြီး (သင်္ကန်းကျွန်းဘိုးဘိုးကြီး)
ဥဒုမ္ဗရ ခေါ် ဒက္ခိဏ နတ်ကြီး မှာ ယခု့အခါ သင်္ကန်းကျွန်းဘိုးဘိုး ကြီး ဖြစ်ပါသည်။ရွှေတိဂုံစေတီသမိုငိးတွင်ကဿပဘုရားရှင်ပေးသနားတော်မူ သည့် ရေသနုပ်သင်္ကန်းတော် တို့၏ တည်ရှိရာနေရာမြတ် ကို ညွှန်ပြသည်ဟု့ ဖော်ပြ ထားပါသည်။
ထိုနတ်ကြီး မှာ ရှေးဘဝက ဘီလူး ဖြစ်ခဲ့၍ ကဿပမြတ်စွာဘုရား ကြွလာသည် ကို မြင်လျှင် ဖမ်းစားမည်ဟူ၍လိုက်လေရာရှင်တော်ဘုရား တရားဟောကြား၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက် ပြီး ရေသနုပ်တော် ကို ပေးသနားတော်မူသည်ဟု့ သိရပါသည်။
အမြိဿနတ်ကြီး(မှော်ဘီဘိုးဘိုးကြီး)
မှော်ဘီ ဘိုးဘိုးကြီးသည်ယခင်ပွင့်တော်မူပြီးသောဘုရား၃ ဆူ ၏ ပရိဘောဂ ဓာတ်တော်များနှင့် ယခု့ပွင့်တော်မူသော ဂေါတမ မြတ်စွာဘုရား၏ဆံတော်ကို စောင့်ရှောက်ရသည်ဟုဆိုပါသည်။
တောင်ဝှေးတော်သည် ဆူးလေ နတ်၏ ဦးခေါင်းထက်၊ဓမ္မကရိုက် ရေစစ်တော်သည် ရောဟဏီ ဘိုးဘိုး ကြီး၏ ဦးခေါင်းထက်၊ ရေသနုပ်တော် သည် ဥဒုမ္ဗရ ရုက္ခစိုး ခေါ်ဒက္ခိဏ နတ်ကြီးပေါ်ကျ၏ ။ မှော်ဘီ နတ်ကြီး သည် ဆံတော် ဓာတ်တော်ကို စောင့်ရှောက်ပေးသည်ဟုဆိုကြပါသည်။
1. ဆူးလေနတ်မင်းကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
2. ရောဟဏီမည်သော ဗိုလ်တထောင်နတ်မင်းကြီးထံမှ ရရှိသည့် ကောဏဂုံမြတ်စွာဘုရားရှင်၏ ရေစစ်တော်
3. ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်မင်းကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
4. တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ရွှေတိဂုံစေတီတော်ဌာပနာတိုက် အတွင်းထည့်သွင်းတော်မူခဲ့ပါတယ်။
ထိုဆံတော်ဓာတ်တို့ကို ‘အမြိဿရ’ မည်သော မှော်ဘီနတ်မင်းကြီးက စောင့်ရှောက်ရသည်ဟုအချို့သောဘုရားသမိုင်းနှင့် ရွှေတိဂုံသမိုင်းတို့ကရေးသားဖေါ်ပြကြပါတယ်။
ယခုထက်တိုင် ၎င်းနတ်မင်းကြီးလေးပါးတို့သည် ရန်ကုန်မြို့နှင့်တကွ၊မကောင်းသူပယ်၍ကောင်းသူ တို့၏ အကျိုးစီးပွားတို့ကို စောင့်ရှောက်ပေးလျက် ရှိကြောင်း၊ အချို့သော ယုံကြည်သူတို့မှ ကိုးကွယ် အားထားလျှက်ပူဇေါ်ပသလေ့ရှိကြောင်းရေးသား တင်ပြ လိုက်ရ ပါတယ်။
(ဖတ်မိသော ဘုရား သမိုင်း တချို့မှေ ကာက်နှုတ် တင်ပြခြင်း ဖြစ်ပါသည်။)
သမိုင်းထဲကဆူးလေစေတီနှင့် ဆူးလေဘိုးဘိုးကြီး
တချို့သောသမိုင်း အထောက် အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။
ကျိုက် – ဘုရား၊ အသုတ် – အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။
သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။
ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသည့် ဘုရားရှင်လေးဆူ တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌ တည်ထား သောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြ၏။
မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။
ဆူးလေစေတီတော်၏ ပရိဝှဏ် အကျယ်အဝန်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။
ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။
ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ဝင်ရောက်နားတော် မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။
အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ““ရန်ကုန်မြို့””ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။
အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အဝန်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်ဝန်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။
နယ်နိမိတ်အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ဝန်းကျင်ဖြစ်၏။
ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။
အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။
မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာဝတီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။
ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ။
ဆူးလေစေတီ၏ ဝန်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။
စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။
ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။ ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။
ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကား နေသည်ဟုဆို၏။
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။
ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။
မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။
အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။
သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။
ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ဝတ်္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ဝတ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့၏။
ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။
နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။
ဆူးလေဘိုးဘိုးကြီး
ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး”” ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။
ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများ၏ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။
လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။
ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။
လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လေးဆူနတ်ကြီးသည် လူအများ၏ အပူဇော်ခံ ဘဝသို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။
“လေးဆူနတ်ကြီး” အား ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ““ဆူးလေဘိုးဘိုး ကြီး”” ဟု ခေါ်တွင်လာခဲ့ကြသည်။
စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။
ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘဝနာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။
HlaThanAung
No Comments